Pages

Wednesday, May 7, 2014

မြန်မာလူမျိုးတွေ စေတနာကောင်းတယ်.. ဒါပေမယ့် ဘာလို့ အများစုဆင်းရဲနေကြလဲ.?

Q :မြန်မာလူမျိုးတွေ စေတနာကောင်းတယ်...ဒါပေမယ့် ဘာလို့ အများစုဆင်းရဲနေကြလဲ?

ကောင်းလိုက်တဲ့ မေးခွန်း..
ဒါကို လူတစ်ယောက်က ဒီလိုဖြေသွားပါတယ်..

A: "အစိုးရကို အပြစ်မပုံချဘဲ လူတွေရဲ့ စိတ်ဓာတ်ကိုပဲ ဝေဖန်ရမယ်ဆိုရင်ပေါ့....
မြန်မာအများစုက TEAM WORK အားနည်းတယ်..
မညီညွတ်ဘူး..ဘေးကနေ သွေးခွဲရလွယ်တယ်..

မနာလိုစိတ်များတယ်.. အချင်းချင်းထဲ ကိုယ့်ကိုသာသွားမှာ မလိုလားဘူး..
မုဒိတာ မပွားနိုင်ဘူး..
ကြိုးစားရမယ့်နေရာ အချောင်ခိုချင်တယ်..
ပိုက်ဆံရရင် အဖြုန်းများတယ်..

စီးပွားရေးလုပ်ရမှာ ကြောက်တယ်..သေချာပုံမှန်ရတဲ့ ငွေကို ပိုမက်တယ်..ဝန်ထမ်းပိုလုပ်ချင်တယ်..
အတွေးအခေါ်ပိုင်းမှာ တီထွင်ကြံဆမှုနည်းတယ်..
မိရိုးဖလာအတွေးအခေါ်ကို မပယ်နိုင်ဘူး..
ပြောင်းလဲနေတဲ့ ခေတ်ကို လိုက်နိုင်ဖို့ လိုအပ်တဲ့ ပညာရေးအားနည်းတယ်..

ဝေဖန်တာကောင်းပြီး ဆောင်ရွက်မှုအားနည်းတယ်..
အကြုံပြုတာကောင်းပြီး စီမံမှုညံ့တယ်..
ပုတ်ခတ်တာကို မတရားကြိုက်တယ်..

ကိုယ်ကျရှုံးတိုင်း သူများလည်းကျရှုံးမယ်ဆိုတဲ့ အမြင်ရှိတယ်..ရှုံးပြီး ပြန်ထဖို့ ပျင်းတယ်..
မအောင်မြင်ရင် ကံကို ပုံချတယ်..ကိုယ့်ကြုံဖူးတဲ့ အတွေ့အကြုံတစ်ခုထဲနဲ့ အရာတော်တော်များကို တစ်ဖက်သတ်သုံးသပ်တယ်..

ကိုယ်နဲ့ အမြင်မတူရင် အားမပေးဘဲ မတရားရှုံ့ချတယ်..
ဘုရားရှိခိုးတိုင်း ချမ်းသာရပါလို၏ ဆုတောင်းပြီး အခွင့်အလမ်းလာရင် အခွင့်အလမ်းမှန်းသိအောင် မလေ့လာဘဲ ကျော်သွားတယ်..ပြီးတော့ ပုံမှန်ဘဝထဲမှာ ခပ်ပျော်ပျော်နေတယ်..
ကိုယ့်အကြောင်းထက် သူများအကြောင်းကို ပိုစိတ်ဝင်စားတယ်.....

လေကန်ပြီး အချိန်ဖြုန်းတာများတယ်..
ပိုဆိုးတာက ပိုက်ဆံတော့ရှိပါရဲ့ တိုးပွားအောင်လုပ်ဖို့ စိတ်ကူးနည်းတယ်..
ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်..အကျိုးရှိအောင် မရင်းနှီးတတ်ဘူး.
ဘဝမှာ ပိုက်ဆံတစ်ခုပဲရှိအောင်လုပ်တယ်...ကိုယ်သိတာကို သိသလို အသုံးမချတတ်ဘူး....

ဒါတွေက ဆင်းရဲစေတာပါပဲ..."

Credit~https://www.facebook.com/sailynnn


Credit @ Ko Nge

No comments:

Post a Comment