Pages

Wednesday, June 25, 2014

အလှကြိုက်တဲ့ မိန်းကလေးတွေအတွက် ကိုယ်ပိုင်ရောင်စုံ မိတ်ကပ် ထုတ်နိုင်တဲ့ 3D Printer ထွက်ရှိ

အလှကြိုက်တဲ့ ပျိုပျိုမေတွေအတွက် မျက်လုံးချဲဖို့ ကိုယ်ပိုင်ရောင်စုံစိတ်ကြိုက် ထုတ်နိုင်တဲ့ Printer ထွက်ရှိ လာပါပြီး။

ဒါကတော့ မိတ်ကပ် 3D Printer ပဲဖြစ်ပါတယ်။ ဒီ Printer ဟာ မိတ်ကပ်ရောင်စုံသာမက နှုတ်ခမ်းနဲ့ ရောင်စုံ ရှဲဒိုးတွေပါ ဖန်တီနိုင်တယ်လို့ Printer တီထွင်ဖန်တီး ထားသူ အာရှ အမေရိကန်စပ် Harvard တက္ကသိုလ်က စီးပွားရေးဘွဲ့ ရရှိထားတဲ့ Grace Choi က ဆိုပါတယ်။

အခုလို ကိုယ်ပိုင်ဖန်တီးလို့ ရတဲ့ ရောင်စုံ ရှဲဒိုး မိတ်ကပ် 3D Printerစက် တစ်လုံးကို အမေရိကန် ဒေါ်လာ ၃၀၀နဲ့ သာ ရောင်းချပေးသွားမှာဖြစ်ပြီး ဒါဟာ အလှကြိုက်တဲ့ မိန်းခလေးတွေ အနေနဲ့ အဆင်ပြေနိုင်သလို အလှအပနဲ့ ပက်သက် လို့ စိတ်တိုင်းကျ မှာဖြစ်သလို ကုန်ကျစရိတ်လဲ သက်သာသွားမှာ ဖြစ်တယ်လို့ သူ့ရဲ့ ပွဲဦးထွက် စက်ဖွင့်ပွဲ နေမှာ တင် ပြ ပြောဆိုသွားတာ ဖြစ်ပါတယ်။


မူရင်း - The Huffington
လွင်ပြင်


Credit @ Ko Nge

No comments:

Post a Comment