Pages

Sunday, August 31, 2014

ဘဏ်ဆိုသည်မှာ!


ကျွန်တော်တို့စီးပွားရေး ကျောင်းမှာ/ ဟောပြောပွဲတွေမှာ လူတစ်ယောက်က ဘဏ်A မှာဒေါ်လာ၁၀၀၀ ငွေသွားစုရင် ထိုဘဏ်A ကနေ စုငွေ၏ 90% ကိုသ အပြင်သို့ထုတ်ချေးကြတာကိုသိပြီးဖြစ်မှာပါ။ ရေတိုအခြေအနေပေါ့။

၁၊ Mr.A ကနေဘဏ်Aမှာ ဒေါ်လာငွေ၁၀၀၀သွင်းတယ်
၂၊ ဘဏ်A ကနေ ဒေါ်လာ၉၀၀(၉၀%၏ စုငွေစုစုပေါင်း)ကို Mr.B ကိုချေးပါတယ်
၃၊ ထို Mr.Bကနေ ၄င်းချေးထားသော $၉၀၀ကို Mr.C ကိုလုပ်ငန်းတစ်ခုအတွက် အတိုးနှင့်ငွေပေးချေလိုက်သဖြင့် Mr.C က ထိုငွေကို ဘဏ်A မှာသွားသွင်းပါတယ်
၎၊ ထိုသွင်း လိုက်တဲ့ $ငွေ၉၀၀ထဲမှ ၈၁၀$(၉၀၀$ ရဲ့ ၉၀%) ကို ဘဏ်A မှMr.D ကို အတိုးနှင့် ချေးငှားပြန်ကာ Mr.D ကနေ Mr.E ဆီရောက်၊ ဘဏ်ထဲသွင်း၊
၅၊ ဘဏ်A က $၈၁၀လက်ခံရပြီးနောက် သွင်းငွေ၏ ၉၀%ဖြစ်သော ၇၂၉$ လောက်ကို Mr.F ဆီပြန်ချေးငှားပြန်၊
စသည့် ဖြင့် Mr.Z အထိ အခါအခါအလီလီ သွင်းလိုက်ချေးလိုက်လုပ်နေရင်း အစ ပထမ ငွေသား ဒေါ်လာ၁၀၀၀ ကနေ ဘဏ်A မှာ ဒေါ်လာငွေ ၁၀,၀၀၀ အထိဖြစ်သွားတာကို အပြင်လူတော်တော်များများမသိကြပါဖူး။

Mr.B ကနေ Mr.Z အထိစာရင်းပေါ်မှာ ကိန်းဂဏန်းတွေအရင်းဒေါ်လာ၁၀၀၀ မှ ငွေတွေ ကို လှည့်နိုင်လေ ငွေပမာဏ ၁၀ဆလောက် တက်လာတာကို သတိထားမိစေလိုပါတယ်။ ကြားထဲမှာ တစ်ယောက်ယောက် ပေးရန် ပျက်ကွက်သွားပါက အရှေ့က အရင်းအပြင် ဆတိုးနှူန်း ေ တြု ပြန်မဆက်နိုင်သလိုဖြစ်ပြီး Banking Crisis များပေါ်ပေါက်ခဲ့ဖူး တာသတိထားမိမှာပါ။

လက်ရှိဘဏ်တွေကတော့ ငွေသွင်းသူ၊ ငွေချေးသူတွေ ထက်ထက်ကာကာ လာနေ၊ သွားနေလို့ ကြွေဆုံးအနည်းအငယ်တွေကို အတိုးတွေ၊ အခြားအပ်ငွေ/ အပေါင်ပစ္စည်းတို့နှင့်အစားထိုး ပြန်ရင်းပြီး ဆက်လက်လုပ်ကိုင်နေနိုင်လို့ပါ။ အပေါင်ခံတွေရှိသော်လည်း လည်ပတ်ငွေလက်ကျန်မရှိရင် ဘဏ်လည်း ဘယ်လို့မှ တောင့်မခံနိုင်ပါ။

ဘယ်လိုလည်း ၊ ဘဏ်ဖွင့်ချင်စိတ်တောင် ပေါက်လာတယ်ဟုတ်.?

မောင်ရာဇာ
Ref:https://m.facebook.com/photo.php?fbid=511864045611362&id=298694253595010&set=a.299113840219718.1073741828.298694253595010&source=56&ref=bookmark


Credit @ Ko Nge

No comments:

Post a Comment