Pages

Thursday, October 2, 2014

နိုင်ငံခြားဘဏ် ၉ခု မြန်မာပြည်မှာ လုပ်ခွင့် ဗဟိုဘဏ် ခွင့်ပြုလိုက်ပြီ

.ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် ၀မ်းသာစွာသတင်းတခုပါဘဲ....

မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း လုပ်ကိုင်ဖို့အတွက် နိုင်ငံခြားဘဏ် ၉ခုကို လုပ်ငန်းလိုင်စင် ချပေးလိုက်ပြီလို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က အောက်တိုဘာ ၁ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ရက်နေ့မှာ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့် လျှောက်ထားတဲ့ ဘဏ်တွေထဲက အနည်းဆုံး ၅ခုကနေ အများဆုံး ၁ဝခုကို လုပ်ခွင့်ပေးမယ်လို့ ပြောဆိုပြီး လုပ်ခွင့်ရသွားတဲ့ ဘဏ် ၉ခုရဲ့နာမည်ကိုတွေ ကြေညာခဲ့တာဖြစ်ပါတယ်။

သြစတြေးလျနယူဇီးလန်ဘဏ်အုပ်စု (ANZ)၊ ဘန်ကောက်ဘဏ်၊ တိုကျို-မီဆူဘီရှိဘဏ် (BTMU)၊ တရုတ်စက်မှုနှင့်ကုန်သွယ်ရေးဘဏ် (ICBC)၊ May Bank၊ Muzuho Bank၊ တရုတ်ပြည်ပဘဏ်ကော်ပိုရေးရှင်း (OCBC)၊ ဆူမီတိုမို မစ်ဆူအိဘဏ်ကော်ပိုရေးရှင်း၊ United Oversea Bank (UOB) တို့ မြန်မာနိုင်ငံမှာ ကနဦးဘဏ်လုပ်ငန်း လုပ်ခွင့်ရသွားပြီလို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လိုအပ်တဲ့ အထောက်အထားနဲ့ စာရွက်စာတမ်းတွေကို ဖြည့်ဆီးပေးပြီးပါက လိုင်စင်အပြည့်အဝ ပေးအပ်သွားမှာဖြစ်ပြီး လုပ်ငန်းလည်ပတ်တဲ့အခါမှာ လက္ကားဘဏ်လုပ်ငန်းကို လုပ်ခွင့်မပြုဘဲ နိုင်ငံခြားငွေနဲ့ ငွေချေးတဲ့လုပ်ငန်းကို ခွင့်ပြုမှာဖြစ်တယ်လို့ ဗဟိုဘဏ်က ကနဦးဖော်ပြချက်တွေက ဆိုပါတယ်။

Ref:7dayjournal

Credit @ Ko Nge

No comments:

Post a Comment