Pages

Thursday, February 1, 2018

ထူးအိမ်သင်ဂီတပွဲတော်မှ ဖြူ ဖြူကျော်သိန်း ၏ အခါလွန်မိုး သီချင်းဖြင့် ဖျော်ဖြေ မှု


အခါလွန်မိုး - ထူးအိမ်သင် 

အတူနေခဲ့စဉ် အရင်းနှီးဆုံးအချိန်များမှာ
နှလုံးသားချင်း နားလည်ပါသော်လဲ
 အချစ်မှာ မပွင့်လင်းခဲ့
ဘာ့ကြောင့်များ တိတ်တခိုးလေး စိတ်လှုပ်ရှား
ရင်ထဲကစကားများ ကြိတ်မှိတ်မျိုသိပ်ထား
 အော် လွန်ခဲ့ပြီ
 ဝေးသွားမှ ပြန်တွေးကာ နှမျောတသ
လွမ်းနေပါသော်လဲ မတတ်သာ
 ယောင်္ကျားတို့ရဲ့မာန သူ မိန်းကလေးတို့သဘာဝ
ရင်ထဲကပန်းတစ်ပွင့် သော့ခတ်လုံခြုံသွား
အခုတော့ ဝေးခဲ့ပြီလေ
အခုတော့ ဝေးခဲ့ပြီမေ အခုတော့ ဝေးကြပြီ
တို့နှစ်ဦးသား နှုတ်ဆက်မျက်ရည်လေးများ
အားလုံးမသိအောင် သိမ်းထား
အခါလွန်တဲ့မိုးမို့ အငြိုးနဲ့ရွာ
အကြင်နာစကားတွေ အမြဲတမ်းဘဲ
အိပ်မက်မှာ တစ်ရေးနိုးတဲ့ညတွေဆို ပြန်အိပ်မရပါ
သူရောဘဲ
ကိုယ့်လိုများ ယောင်ယမ်း တမ်းတနေမလား
ကိုယ်တွေးရင်း တွေးရင်း ဝမ်းနည်းနေသလိုပါ
အခုတော့ ဝေးခဲ့ပြီလေ အခုတော့ ဝေးခဲ့ပြီမေ 
အခုတော့ ဝေးကြပြီ တို့နှစ်ဦးသား နှုတ်ဆက်မျက်ရည်လေးများ အားလုံးမသိအောင် သိမ်းထား
အခါလွန်တဲ့မိုးမို့ အငြိုးနဲ့ရွာ
အကြင်နာစကားတွေ
အမြဲတမ်းဘဲ အိပ်မက်မှာ
တစ်ရေးနိုးတဲ့ညတွေဆို ပြန်အိပ်မရပါ သူရောဘဲ
ကိုယ့်လိုများ ယောင်ယမ်း တမ်းတနေမလား
ကိုယ်တွေးရင်း တွေးရင်း ဝမ်းနည်းနေသလိုပါ


ထူးအိမ်သင်ဂီတပွဲတော်မှ ဖြူ ဖြူကျော်သိန်း ၏ အခါလွန်မိုး သီချင်းဖြင့် ဖျော်ဖြေ မှု

No comments:

Post a Comment