Pages

▼

Friday, February 16, 2018

အခွန်ရှောင်ထားသူတွေအတွက်၃% bonus ပေးချိန်တာဝန်ကျေ အခွန်ထမ်းတွေ အပေါ်ကောက်ခံမယ့် နှုန်းထားသိရအောင် အခွန်ဥပဒေကြမ်း တင်ပေး ပါတယ်

ကျွန်တော် ဆားသည် ယင်မမောင်းပေးတော့ပါ။
****
အခွန်ကိစ္စနဲ့ ပတ်သက်လာရင်၃၃ နှစ် အခွန်ဆောင်လာခဲ့တဲ့ အတွေ့အကြုံအရကျွန်တော့် မိတ်ဆွေများကိုသိသင့်တာ လုပ်သင့်တာ ရသင့်တာရဖို့နောင်စိတ်မပူပန်စေဖို့ နားလည်အောင် စာရှည်ရှည်စိတ်ရှည်ရှည်အပင်ပန်းခံ ရေးပေးပါတယ်။
မနှစ်က "အခွန်ထမ်းဘဝနှစ် ၃၀" ဆိုပြီးအပိုင်း ၆ပိုင်းထိရေးခဲ့ပါတယ်။
ဖတ်သူမရှိလို့ only me သိမ်းလိုက်ပါပြီ။
ဒါပေမယ့် လူအတော်များများကငါနဲ့မဆိုင်ထင်သလား မပြောတတ်။သေသေချာချာ ဖတ်သူ အင်မတန်နည်းပါတယ်။
ရှေ့ဘာတွေဖြစ်လာပြီးအခက်အခဲတွေ့မယ်ဆိုတာလည်း မသိလို့ ဖြစ်မယ် ထင်ပါတယ်။
ဒီတော့ ရှေ့ဘာတွေ ဖြစ်လာမလဲခပ်တိုတို ဆိုတာတောင် နည်းနည်းရှည်မှာမို့ စိတ်မဝင်စားရင် ဒီမှာ ရပ်ထားပါလို့ဆိုပါတယ်။

NLD အစိုးရဟာအဂတိလိုက်စားမှုတိုက်ဖျက်ရေးကိုလုပ်ပါမယ်၊ ဥပဒေတောင် ပြဌာန်းပြီးပါပြီ။

ဒီအပိုင်းမှာ အဂတိလိုက်စားတာကိုသက်သေအထောက်အထားနဲ့ ကိုင်မယ်ဆိုရင်လိုက်စားသူရဲ့ မြေ အိမ် ကား စတဲ့ ရွေ့ပြောင်းနိုင်သောမရွေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုတွေကို တရားဝင် ငွေဖြူနဲ့ ပိုင်ဆိုင်တာ ဟုတ်မဟုတ်စိစစ်ရပါတော့မယ်။
ပိုင်ဆိုင်မှုကို တရားဝင်မဝင်စစ်ဆေးတာနဲ့ ဒါဏ်ရိုက်တာဟာမ ဆ လ လက်ထက်ကတည်းကရှိပါတယ်။
ပိုင်ဆိုင်မှုစစ်ဆေးလို့ မပြနိုင်ရင် တန်ဖိုးရဲ့ ၄၀ % ကနေ ၁၅၀ % ( မှတ်မိသလောက်မို့ အနည်းငယ်လွဲနိုင်) ဒါဏ်ရိုက်ပါတယ်။
ဒါကို ပြန်အသက်သွင်းရင်ကျွဲကူးရေပါ နိုင်ငံသားတိုင်းအပေါ်သက်ရောက်မှာပါ။
ပြောချင်တာကိုယ်စီကိုယ်စီ ပိုင်ဆိုင်မှုကိုကိုယ့်မကျေနပ်သူက တိုင်တန်းတာနဲ့ တရားဝင်မှုရှိမရှိ စစ်ဆေးခံရပါလိမ့်မယ်။
ဒီလိုအခါ တရားဝင်ပိုင်ဆိုင်ဖို့အရေးဆောင်သင့်တဲ့ အခွန် ဆောင်ထားမှ ဖြစ်မှာပါ။

အစိုးရအနေနဲ့ ပိုင်ဆိုင်မှုတွေစစ်ရင်....
၁။ အခွန်ရှောင်တာကို ကာကွယ်
၂။အခွန်ဆောင်ယဉ်ကျေးမှုကို တွန်းအားပေး
၃။ အခွန်တိုးရတာမို့တချက်ခုတ် ၂ ချက် ၃ချက်လောက်ပြတ်တဲ့ကိစ္စပါ။

ဒါကြောင့် လူတိုင်းအနေနဲ့ မျက်ခြေမပြတ် သိထားဖို့လိုတယ်။
အခွန်နဲ့ ပတ်သက်ပြီးသိတာနည်းနည်း ထင်ရာရေးတာတွေနားမယောင်ဖို့လည်း လိုပါတယ်။

***
၂၀၁၈ အတွက် အခွန် ဥပဒေကြမ်းထွက်တယ်။

 ရှေ့နောက်မညီ လွဲနေတာတွေ ပါတယ်လို့ထင်တယ်။
ဒါကြောင့် အခွန်ဌာနက ပင်စင်ယူထားတဲ့မိတ်ဆွေနဲ့ မနေ့က စကားပြောဖြစ်ပါတယ်။

ဥပဒေ အပိုဒ်၂၅ မှာပြည်တွင်းနေ ဖြစ်ဖြစ် ပြည်ပနေ ဖြစ်ဖြစ်နိုင်ငံသားရဲ့ ပြည်ပဝင်ငွေမှာ အခွန်ရှောင်ထားတာလျှော့ဆောင်ထားတာရှိရင်ပြည်တွင်းမှာ ပိုင်ဆိုင်ထားတဲ့ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းအပေါ်မှာတန်ဖိုးသင့်ပြီး ၃% ဆောင်ခွင့်ပေးမယ်ဆိုတာပါပဲ။
နားလည်အောင်ပြောရရင်ပြည်ပဝင်ငွေနဲ့ ပြည်တွင်းမှာအိမ်ခြံမြေကား ဝယ်ထားတာကို၃% လာပေးပြီး တရားဝင် ပိုင်ဆိုင်မှု ဖြစ်အောင်လုပ်ပါပဲ။

သို့သော်နောက်ဆက်တွဲ ဒုဝန်ကြီးရှင်းလင်းချက်မှာဒါဟာ ပိုင်ဆိုင်မှုတရားဝင်ရေး နောက်ဆုံးပေးတဲ့ အခွင့်အရေးပါပဲ တဲ့။နောင်ဆို ပိုင်ဆိုင်မှုတွေ တရားဝင် မဝင်စစ်ဆေးပါမယ်။
တဆက်တည်း တရားမဝင်ပိုင်ဆိုင်မှုအတွက်ရ လ မ ဖ ရလမ်းမဖော်ပြနိုင်သောခေါင်းစဉ်နဲ့ ဒါဏ်ကြေး    သတ်မှတ်ထားတဲ့ ဇယားကိုဖြုတ်ပါမယ်။ ဆိုလိုတာ ရလမ်းမပြနိုင်လို့၃၀% ဆောင်ရင် ရပြီဆိုတာ လုပ်ဖို့ ခက်ပါမယ်။ ဒီလို ပြောသွားတယ်လို့ သိရပါတယ်။

ဒါ ကျွန်တော် နားလည်တဲ့ ဥပဒေ။
တချို့က ၃% ဆောင်ဆိုတာပြည်တွင်းပြည်ပ ဘယ်ကရရဆောင်ရင် ရမယ်လို့ ထင်လို့ ကားအမည်မပေါက်သူတွေအိမ်တရားဝင် မပြထားသူတွေကပိုင်ဆိုင်မှု ခိုင်မာအောင် လုပ်ဖို့ အခွင့်အရေးအခွန်မဆောင် ရှောင်ထားသူတွေအတွက်
tax discount
tax promotion
tax bonus လို့ ယူဆတယ်။

တကယ်ပဲ ပြည်တွင်းပြည်ပဝင်ငွေကိုရည်ရွယ်ရင်ဥပဒေ စကားအသုံးအနှုန်း မှားနေတယ်ထ င်ပါတယ်။
မှားတာမဟုတ်ဘဲပြည်ပဝင်ငွေသက်သက်ကိုသာရည်ရွယ်ရင်တော့ တရားမျှတမှု မရှိပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ပြည်တွင်းဝင်ငွေသာရှိသူက၃% သွားဆောင်လို့မရ လက်ရှိတည်ဆဲ ဥပဒေအရဆိုရင်အမြင့်ဆုံး ၃၀ % ပေးဆောင်ရပါမယ်။
တဆက်တည်း သိစေချင်တာက၂၀၁၈ အခွန်ဥပဒေကြမ်းမှာရလမဖ ဇယားမပါတော့တာ သတိထားမိတယ်။
ဒါကြောင့် ရလမဖ ဖြစ်တာတွေ့ရင်ဘယ်ဥပဒေက တည်ဆဲဖြစ်ပြီး ဘယ်လိုအရေးယူမယ်တော့ မသိပါ။
ဒါကြောင့် မုန့်ဝေတော့ bonus ပေးတော့ပြည်တွင်းဝင်ငွေသမားမပါ တုတ်ဝေတော့ ကိုယ်က ရှေ့ဆုံးကခံ    ဖြစ် ရတယ်လို့ မြင်မိတယ်။
(တကယ်တော့ မုန့်ဝေတဲ့အလုပ်ကိုဦးသိန်းစိန် အစိုးရမဆင်းခင် လုပ်သွားပါသေးတယ်၊အခွန်ကိစ္စ ငါတို့နဲ့  မဆိုင်မလေ့လာသူတွေဒီအကြောင်းမသိလိုက်တော့ရမှာမဟုတ်ဘူး)

ဒါတွေဆွေးနွေးတဲ့အခါ မိတ်ဆွေက"ဆရာက ငါ့စကားနွားရပြောတာမဟုတ်ဘဲ အချက်အလက်နဲ့ ထောက်  ပြတာမို့ ဥပဒေကြမ်းအဆင့်အတည်မပြုခင် ဥပဒေကြမ်းကော်မတီကို အချိန်မီစာရေးတင်ပြပါ" လို့ဆိုပါ တယ်။
တကယ်တော့၃၂နှစ်လုံး အခွန်ဆောင်လာတဲ့ကျွန်တော်ဟာအိမ် မြေ ကား အားလုံးတရားဝင် ငွေနဲ့ အမည်   ပေါက်ပိုင်ဆိုင်သလိုမသုံးရသေးတဲ့ ငွေဖြူလည်းပိုင်ဆိုင်ပါသေးတယ်။
နောက် stock share market ထွန်းကားလာလို့ဝယ်ရောင်းစီးပွားရေးလုပ်ချင်တောင် ငွေဖြူ ဖြစ်ရမှာမို့ လုပ်ခွင့်လည်း အဆင်သင့်ပါပဲ။ ကိုယ့်သားအတွက်တောင်သူ့ပိုင်ဆိုင်မှုကို တရားဝင်ဖြစ်အောင်စီမံထားပြီးမို့ အနေသာကြီးပါ။
စိတ်ပူသင့်သူကရေးပေးတဲ့စာတောင်မဖတ်မပူရမယ့်သူကနေပြည်တော်တက် ကြားနာတာခံရမယ်ဆိုတော့ ဆားသည် ယင်မောင်းတဲ့အလုပ် လုပ်မပေးနိုင်တော့ပါ။
အခွန်ရှောင်ထားသူတွေအတွက်၃% bonus ပေးချိန်တာဝန်ကျေ အခွန်ထမ်းတွေ အပေါ်ကောက်ခံမယ့်   နှုန်းထားသိရအောင် အခွန်ဥပဒေကြမ်း တင်ပေး ပါတယ်။


No comments:

Post a Comment