Pages

Monday, March 12, 2018

What Should You Do If You Witness A Car Crash?

ပေးချင်တဲ့ messageက အဲ့ဒါ...

တစ်ခြားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။
ရုတ်တရက် ကလေးတစ်ယောက် ကားအောက်ကိုရောက်သွားတယ်။
ကားသမား ဖြစ်ဖြစ်ချင်းဆင်းကြည့်တယ်။
ပတ်ဝန်းကျင်ကလူတွေ ချက်ချင်းရောက်လာတယ်။
ကားအောက်ကိုငုံကြည့်တယ်။ ကလေးလေးကိုတွေ့တယ်။ လူတွေများလာတယ်။
ကားကိုဝိုင်းမတယ်။ တစ်မိနစ်အတွင်း ကလေးကို ကားအောက်က ဆွဲထုတ်နိုင်ခဲ့တယ်။ အသက်(၇)နှစ်အရွယ် ကျောင်းသားလေးရဲ့ အသက်ကိုကယ်တင်နိုင်ခဲ့ကြတယ်။
အဲ့ဒီမှာ ထူးဆန်းတဲ့ အချက်(၂)ချက်သွားတွေ့တယ်။
(၁) ကားသမား ဖြစ်ဖြစ်ချင်းဆင်းကြည့်တယ်။ ဒါပေမဲ့ သူထွက်ပြေးမသွားဘူး။
(၂) ပတ်ဝန်းကျင်ကလူတွေ ချက်ချင်းရောက်လာတယ်။သူတို့တွေ ဖုန်းတွေထုတ် ဓါတ်ပုံတွေရိုက်ပြီး ဆိုရှယ်မီဒီယာတွေပေါ် တင်ဘို့ အသဲအသန်ကြိုးစားနေတာ မတွေ့ရဘူး။

No comments:

Post a Comment