Pages

▼

Tuesday, January 29, 2019

"ဂျော့ဆိုးရော့စ်ရဲ့ ငွေကြေးဈေးကွက်အမြင်"

"ဂျော့ဆိုးရော့စ်ရဲ့ ငွေကြေးဈေးကွက်အမြင်"



ငွေကြေးဈေးကွက်အပေါ် ကျနော့်ရဲ့အဓိပါယ်ဖွင့်ဆိုချက်က Effeicent Market Hypothesis "ထိရောက်တဲ့ ဈေးကွက်"အယူအဆနဲ့ ဝိရောဓိဖြစ်ပါတယ်။

 ထိရောက်တဲ့ဈေးကွက် သီအိုရီအရ ဈေးကွက်တွေဟာ ရောင်းလိုအား ဝယ်လိုအားညီမျှနေတဲ့ ညီမျှခြေ (Equilibrium) ကိုဦးတည်နေတာ ဖြစ်ပြီး ဖောက်ပြန်သွေဖီမှုတွေပေါ်လာတာဟာ မလိုလားအပ်တဲ့ထိပ်လန့်မှုတွေကြောင့်သာ Random ပုံစံနဲ့ ပေါ်လာတာဖြစ်တယ်လို့ အခိုင်အမာဆိုထားပါတယ်။

အဲဒီသီအိုရီမှန်မယ်ဆို ကျနော့်ယူဆချက်ကမှားမှာပါပဲ ၊ အပြန်အလှန်ပါပဲ!

ကျနော့အယူအဆကတော့ မှားယွင်းနိုင်မှု အပြန်အလှန်ကျိုးကြောင်းဆက်နွယ်မှုနဲ့လူသားရဲ့မသေချာမရေရာမှုနိယာမကိုအခြေခံပါတယ်။

အဲဒီအခြေခံမူရဲ့ အဓိကဥပဒေသ၂ခုကိုဖွင့်ပြပါ့မယ်....

၁- ပထမတခုကဈေးကွက်ရဲ့ဈေးနှုန်းတွေဟာ ဖုံးကွယ်နေတဲ့ အခြေခံစည်းမျဉ်းတွေကိုအမြဲပုံစံဖျက်ပစ်နေတယ်ဆိုတာပါပဲ။
  •  အဲဒီပုံစံဖျက်မှုအတိုင်းအတာဟာ မပြောပလောက်တဲ့အရွယ်အစားကစပြီး အရေးကြီးတဲ့အရွယ်အစားထိရှိနိုင်ပါတယ်။ဒါဟာ ဈေးကွက်ဈေးနှုန်းတွေဟာ ရနိုင်တဲ့သတင်းအချက်အလက်အားလုံးကို အတိအကျရောင်ပြန်ဟပ်နေတယ် ဆိုတဲ့ "ထိရောက်တဲ့ဈေးကွက်သီအိုရီ" နဲ့ထိပ်တိုက်သွားပြီးဝိရောဓိဖြစ်နေပါတယ်။
၂- ဒုတိယတခုက ငွေကြေးဈေးကွက် တွေဟာ ဖုံးကွယ်နေတဲ့ လက်တွေ့ဘဝကို ရောင်ပြန်ဟပ်ပေးရုံသက်သက်မဟုတ်ဘဲ အဲဒီလိုရောင်ပြန်ဟပ်ပေးတဲ့အထဲမှာသူတို့ကိုယ်တိုင်ရဲ့ဆောင်ရွက်ချက်တွေလည်းပါဝင်နေတယ်ဆိုတာပါပဲ။ 
  • သူတို့ဟာသူတို့ရောင်ပြန်ဟပ်ရတဲ့ အခြေခံစည်းမျဉ်းလို့ခေါ်တဲ့ ဟာတွေအပေါ်မှာသက်ရောက်မှုပေးနိုင်ပါတယ်။အဲတာဟာ Behavioral Economics မှာလစ်ဟာနေတဲ့အချက်ပါပဲ။
  • အဲဒီပညာရပ်က တန်ဖိုးမှားသင့်မှုဆိုတဲ့အပြန်အလှန်ကြောင်းကျိုးဆက်နွယ်မှုဖြစ်စဉ်ရဲ့ တစ်ဝက်အပေါ်မှာပဲ အာရုံစိုက်ပါတယ်။ တန်ဖိုးမှားသင့်မှုက အခြေခံစည်းမျဉ်း အပေါ်မှာသက်ရောက်တဲ့ သက်ရောက်မှုကိုတော့ထည့်မစဉ်းစားထားပါဘူး။ အပြန်အလှန်ကျိုးကြောင်းဆက်နွယ်မှုအပေါ်မှာသက်ရောက်မှုဆိုတာ "ဆန့်ကျင်တုန့်ပြန်မှု" နဲ့ "ထောက်ခံတုန့်ပြန်မှု"ပါပဲ။

နည်းနည်းပိုရှင်းအောင်အနှစ်ချုံ့ပြောရရင်
  •  "လူတွေရဲ့ လောဘနဲ့ကြောက်ရွံ့မှုတွေကြောင့် ဈေးနှုန်းတွေပြောင်းလဲနိုင်သလို အဲဒီပြောင်းလဲသွားတဲ့ဈေးနှုန်းကပဲ လူတွေရဲ့ စိတ်ကို အပြန်အလှန်သက်ရောက်စေပါတယ်"
  •  ပြောင်းလဲသွားတဲ့ဈေးနှုန်းကို လူတွေက "လက်ခံတုန့်ပြန်မှု"ရှိသလို "ဆန့်ကျင်တုန့်ပြန်မှု"ရှိပါတယ်

George Soros

Maung Min Min FB

No comments:

Post a Comment