Pages

Friday, February 1, 2019

သင်ညအိပ်ရင် ဘယ်ဘတ်ကို စောင်းအိပ်တက်တဲ့ သူတစ်ယောက် ဆိုရင်တော့ ထီပေါက်တာထက် ပိုပြီးတန်ဖိုးရှိသွားပါပြီ…






သင်ညအိပ်ရာဝင်တဲ့အခါ ဘယ်လိုပုံစံမျိုးနဲ့ အိပ်စက်လေ့ရှိပါသလဲ။

ဘာကြောင့် ဒီလိုမေးရသလဲဆိုတော့ သင်ရဲ့အိပ်စက်ပုံဟာ သင်ရဲ့စိတ်နဲ့ကိုယ် ကျန်းမာရေးအတွက် အရမ်းကိုအရေးတကြီး ပတ်သတ်နေလို့ပါပဲ။

အကယ်၍ သင်အနေနဲ့ ဘယ်ဘက်ကိုစောင်းအိပ်လေ့မရှိရင်တော့ အခုဖော်ပြသွားမယ့် အကြောင်းအရာတွေကို အဆုံးထိဖတ်ကြည့်ရင်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ သင်ကြိုးစားလာပါလိမ့်မယ်။

ခန္ဓာကိုယ်ကို ဘယ်ဘက်သို့စောင်းအိပ်ခြင်းက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေနဲ့ မလိုလားအပ်တဲ့ အခြားသောအရာဝထ္တုတွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှားသွားအောင် ကူညီပေးနိုင်လို့ပါပဲ။

ဒီလို ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေသာမက ဦးနှောက်ထဲက ဓာတုအညစ်အကြေးတွေကိုလည်း ဘယ်ဘက်စောင်းအိပ်ခြင်းဖြင့် ဖယ်ရှားပေးနိုင်ပါတယ်။

သင့်ဆီမှာ နှလုံးပြသာနာရှိနေမယ်ဆိုရင် ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက သင့်ကိုကူညီပေးနိုင်ပါတယ်။

ဘာကြောင့်ဆိုတော့ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက နှလုံးသွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

ရင်ပူခြင်းဝေဒနာ ခံစားနေရသူတွေအနေနဲ့လည်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ လိုအပ်ပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ညာဘက်ကိုစောင်းအိပ်ခြင်းက ဒီဝေဒနာကို ပိုမိုဆိုးရွှားစေနိုင်ပြီး ဘယ်ဘက်ကို ဆယ်မိနစ်ခန့်လောက် စောင်းအိပ်လိုက်ရုံနဲ့တင် ရင်ပူခြင်းမှ သက်သာသွားစေနိုင်ပါတယ်။

ဒါ့အပြင် ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက အစာခြေစနစ်ကိုပါ ကောင်းမွန်စေနိုင်ပါတယ်။

ဒီလို ကောင်းကျိုးတွေ များစွာရရှိစေနိုင်တဲ့ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းကို ညတိုင်းပြုလုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

source သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

No comments:

Post a Comment