Pages
▼
Sunday, February 10, 2019
ကမ္ဘာ့စက်မှုလုပ်ငန်းကြီးများကို ဦးဆောင်နေသော တရုတ်ကုမ္ပဏီကြီးများ
၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ကွမ်တုံပြည်နယ်၌ တရုတ်လေယာဉ်ကုမ္ပဏီ COMAC ၏ C919 ခရီးသည်တင် လေယာဉ်ပုံစံငယ် တစ်ခုကို ပြသထားစဉ် (Photo: AFP)
[Zawgyi]
စားသောက်ကုန်
တရုတ်အစိုးရပိုင် စားသောက်ကုန်လုပ်ငန်းကြီး COFCO သည် စင်ကာပူကုန်စည်ဒိုင်လုပ်ငန်း Noble နှင့် ဒတ်ခ်ျလုပ်ငန်းကြီး Nidera ကို ဝယ်ယူခဲ့ပြီးနောက် ကမ္ဘာ့ကုန်စည်ဈေးကွက်တွင် လွှမ်းမိုးမှု ကြီးမားလာနေသည်။ အမေရိကန်၏ ဝက်သားနှင့် ဟော့ဒေါ့ထုတ် လုပ်ရေးလုပ်ငန်း Smithfield  Food ကို ၂၀၁၃ ခုနှစ်တွင် ဝယ်ယူခဲ့ပြီးနောက် တရုတ်၏ WH Group သည် ကမ္ဘာတွင် ဝက်သားအများဆုံး ထုတ်လုပ်သည့် ကုမ္ပဏီကြီးဖြစ်လာသည်။
ဒရုန်းများ
၂၀၀၆ ခုနှစ်တွင် တရုတ်တက္ကသိုလ်ကျောင်းသားတစ်ဦးက တည်ထောင်ခဲ့သော DJI သည် ကမ္ဘာ့မြို့ပြ ဒရုန်းဈေးကွက်၏ ရာခိုင်နှုန်း ၇၀ ကို ထိန်းချုပ်ထားပြီး ပြင်သစ် ပြိုင်ဘက် Parrot ကို အပြတ်အသတ် ကျော်လွန်ထားသည်။
စမတ်ဖုန်းများ
ဘက်ထရီများ
၂၀၁၄ ခုနှစ် ဇွန် ၁၃ ရက်တွင် ကွမ်ရှီးပြည်နယ်၌ ပေကျင်းသို့ ဦးတည်နေသော အမြန်ရထားတစ်စင်းအား တွေ့ရစဉ် (Photo: AFP)
[Unicode]
စားသောက်ကုန်
တရုတ်အစိုးရပိုင် စားသောက်ကုန်လုပ်ငန်းကြီး COFCO သည် စင်ကာပူကုန်စည်ဒိုင်လုပ်ငန်း Noble နှင့် ဒတ်ချ်လုပ်ငန်းကြီး Nidera ကို ဝယ်ယူခဲ့ပြီးနောက် ကမ္ဘာ့ကုန်စည်စျေးကွက်တွင် လွှမ်းမိုးမှု ကြီးမားလာနေသည်။ အမေရိကန်၏ ဝက်သားနှင့် ဟော့ဒေ့ါထုတ် လုပ်ရေးလုပ်ငန်း Smithfield  Food ကို ၂၀၁၃ ခုနှစ်တွင် ဝယ်ယူခဲ့ပြီးနောက် တရုတ်၏ WH Group သည် ကမ္ဘာတွင် ဝက်သားအများဆုံး ထုတ်လုပ်သည့် ကုမ္ပဏီကြီးဖြစ်လာသည်။
ဒရုန်းများ
၂၀၀၆ ခုနှစ်တွင် တရုတ်တက္ကသိုလ်ကျောင်းသားတစ်ဦးက တည်ထောင်ခဲ့သော DJI သည် ကမ္ဘာ့မြို့ပြ ဒရုန်းစျေးကွက်၏ ရာခိုင်နှုန်း ၇၀ ကို ထိန်းချုပ်ထားပြီး ပြင်သစ် ပြိုင်ဘက် Parrot ကို အပြတ်အသတ် ကျော်လွန်ထားသည်။
စမတ်ဖုန်းများ
တရုတ်စမတ်ဖုန်းကုမ္ပဏီများသည် ကမ္ဘာ့စျေးကွက်၏ ဝေစုကြီးကို ရရှိနေပြီး Huawei က ကမ္ဘာ့စျေးကွက်၏ ၁၅ ရာခိုင်နှုန်း၊ Xiaomi  က ၈.၇ ရာခိုင်နှုန်း၊ Oppo က ၈.၁ ရာ ခိုင်နှုန်းကို ရရှိထားသည်။ ပြိုင်ဘက် ဖြစ်သည့် Apple  နှင့် Samsung တို့ အကျရောက်နေချိန်တွင် Huawei  နှင့် Oppo က ပြီးခဲ့သည့်နှစ်တွင် ရောင်းအား ရာခိုင်နှုန်း ၃၀ ခုန်တက်ခဲ့သည်။
လူသုံးကုန် လျှပ်စစ်ပစ္စည်းများ
တရုတ်၏ Haier Group သည် ကမ္ဘာ့စျေးကွက်၏ ၁၀ ရာခိုင် နှုန်းခန့်ကို ရရှိထားသော လူသုံးကုန် ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အမေရိကန်လုပ်ငန်းကြီး General Electric ၏ လူသုံးကုန်ပစ္စည်း လုပ်ငန်းခွဲကို ဝယ်ယူခဲ့သော Haier သည် ပြိုင်ဘက် Whirlpool  နှင့် Electrolux တို့ထက် သာလွန်နေသည်။
ဘက်ထရီများ
ကားလုပ်ငန်းကြီးများဖြစ် သည့် Volkswagen ၊ Ford  နှင့် Daimler တို့အတွက် ဘက်ထရီများ ထုတ်လုပ်ပေးနေသော တရုတ်လုပ်ငန်းကြီး CATL သည် ကမ္ဘာ့လျှပ်စစ်ကား ဘက်ထရီလုပ်ငန်းအတွက် ဂျပန်၏ Panasonic  နှင့် ယှဉ်ပြိုင်နေသည်။ တရုတ်တွင် စက်ရုံသစ်ကြီး တည်ဆောက်နေမှုကြောင့် CATL ၏ ထုတ်လုပ်မှု စွမ်းအားသည် ၂၀၂၀ ပြည့်နှစ်တွင် ငါးဆမြင့်တက်လာမည်ဖြစ်သည်။  ဥရောပဖောက်သည်များကို ထောက်ပံ့ပေးနိုင်ရန်အတွက် ဂျာမနီ တွင် ဧရာမ စက်ရုံတစ်ခုလည်း တည်ဆောက်နေကြောင်း CATL က ကြေညာထားသည်။
ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း
တရုတ်နိုင်ငံပိုင် COSCO သည် ကမ္ဘာတစ်ဝန်း၌ ကွန်တိန်နာဆိပ်ကမ်း ၅၀ ခန့်ရှိထားပြီး ကမ္ဘာ့တတိယအကြီးဆုံး ရေကြောင်း ပို့ဆောင်ရေးကုမ္ပဏီဖြစ်သည်။
No comments:
Post a Comment