Pages
Monday, April 22, 2019
Cyber Law? ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဆိုတာ?
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဆိုတာ
ယနေ့လို Facebook အသုံးပြုပြီး ကိုယ့်စကားကိုယ်တာဝန်မယူ၊ သူတစ်ပါးကိုပြစ်တင်ဝေဖန်၊ ဆဲဆိုစော်ကား၊ အသရေဖျက်နေတဲ့ ကာလမှာ လူတိုင်းသိထားသင့်ပါတယ်။  
၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကိုကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။
(က) ဆက်သွယ်ရေးကွန်ယက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲခွင့်ရှိသူ၏ခွင့်ပြုချက်မရှိပဲဝင်ရောက်နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေအထားကိုဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း။  
()ဆက်သွယ်ရေးကွန်ယက်ကိုထိခိုက်စေရန်ဗိုင်းရပ်စ်သို့မဟုတ် အခြားနည်းနဲ့ဝင်ရောက်စေခြင်း။ 
()ဆက်သွယ်ရေးကွန်ယက်ကိုသုံး၍ငွေကြေးနဲ့ပစ္စည်းကိုခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် အကျိုးပျက်စေခြင်း။ 
()ဆက်သွယ်ရေးကွန်ယက်ကိုသုံးပြီးလူတစ်ယောက်ကိုခြောက်လှန့်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွတ်ခြင်း၊ အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ မလျှော်သြဇာသုံးခြင်း ခြိမ်းခြောက်ခြင်း၊ 
နားရှင်အောင်ပြောရရင်...
(က) Facebook/ Gmail ကို ခိုးယူခြင်းပါ။ Password ပြောင်းခြင်း၊ Gmail ပြောင်းခြင်းပါ။ 
() Link အတုတွေကတဆင့် အချက်အလတ် Password ခိုးယူခြင်းပါ။ 
() Online Shop ကတဆင့် ငွေလိမ်ယူခြင်းမျိုးပါ။ 
() Facebook ကတဆင့်လူတစ်ယောက်ကို ဆဲဆို ခြိမ်းခြောက်ခြင်း၊  Mention ခေါ်ဆဲခြင်း၊ ပုံတွေသုံး မဟုတ်သတင်းရေးခြင်း၊ ပျက်ဆီးစေမှုနဲ့ Tag တွဲခြင်း၊ Post ကို Share အပြစ်တင်ခြင်း စတဲ့ အပြုအမူတွေ ကျူးလွန်ရင် ကိုယ်တိုင်တရားဆွဲစရာမလိုပဲ ကြားလူတစ်ယောက်ကအမှု့ဖွင့်ပေးရုံနဲ့ အာမခံမရှိေ ထာင် () နှစ်ချလို့ရပါတယ်။ Screenshot သက်သေအထောက်အထားသာ စုထားပါ၊ ကျိန်းသေထောင်ကျအောင်ချလို့ရတယ်။ 
ပုဒ်မ ၆၆ () ကို ယနေ့ Facebook ပေါ်မှာ ကျူးလွန်နေသူတွေ အများကြီးပါ။
ဥပဒေ က အားလုံးကို အကာကွယ်ပေးပြီးသားပါ။  ပုဒ်မ ၆၆ သိပ်ကြောက်ဖို့ကောင်းတယ်နော်။ 
( စာတစ်ကြောင်းနဲ့ ထောင် () နှစ်ကျတယ် )
Myanmar Cyber Lawသို့တိုင်ကြားနိုင်သည်။
လူမှုကွန်ယက်ပေါ်တွင် ကာယကံရှင်ရဲ့ခွင့်ပြုချက်မရှိပဲ ဓာတ်ပုံဖြင့်အရှက်ခွဲခြင်း၊ပုဂ္ဂိုလ်ရေးဆိုင်ရာတိုက်ခိုက်ခြင်း (Personal Attack)၊ (sex ဓါတ်ပုံပြ)ခြိမ်းခြောက်၍ငွေညှစ်ခြင်း၊အစော်ကားခံရခြင်းများကြုံတွေ့လာပါက ကာယကံရှင်ကိုယ်တိုင် ခိုင်လုံသောသက်သေအထောက်အထား (Electronic Record) ဖြင့် တရားစွဲဆိုနိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ သတင်းနှင့်နည်းပညာဌာနမှ ထုတ်ပြန်ထားပါသည်။ 
ထိုသို့တိုင်ကြားမှုများ
အတွက် ဖုန်းနံပါတ် ၀၆၇-၄၀၇၁၅၈ 
(Cyber Crime Police) သို့လည်းကောင်း၊
သက်သေအထောက်အထား ခိုင်လုံပါက သက်ဆိုင်ရာမြို့နယ် တရားရုံးနှင့် နယ်မြေရဲစခန်းများတွင်ဆက်သွယ်ရေးဥပဒေဖြင့် ဦးတိုက်လျှောက်ထား တိုင်တန်းနိုင်ပါသည်။ 
အကောင့်တု (Fake Account)များဖြင့် လုပ်ဆောင်နေမှုများအားလည်း 
စုံစမ်းအရေးယူနိုင်ရန် ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း အသိပေးအပ်ပါသည်။
(Myanmar Cyber Law)
ဆက်သွယ်​​ရေးဥပဒေ(Cyber Law)နှင် ရာဇသတ်ကြီးဥပဒေပါခြိမ်ခြောက်မှုမှတ်စုများ
ဆက်သွယ်​​ရေးဥပဒေမပေါ်ပေါက်မှီ ကျနောတို့နိုင်ံတွင်ဆက်သွယ်​​ရေးအတွက်စာတိုက်မှာစာပို့စာယူစနစ်နှင်ကြေးနန်းစနစ်ကိုကျယ်ပြန့်စွာအသုံးပြုခဲ့ပါသည်
၎င်းကိုပြောပြရခြင်းမှာ၁၈၉၈ခုနှစ်စာတိုက်အက်ဥပဒေ၊၁၈၈၅ခုနစ်ကြးနန်းအက်ဒေ၊၁၉၉၃မြန်မာနိုင်ငံကြိုးမဲ့ကြေးနန်းအက်ဥပဒေတို့ရှိခဲ့သောကြောင့်ဖြစ်ပါသည်။သို့ရာတွင်၂၀၁၃ခုနှစ်မှစ၍ကြေးနန်းဥပဒေကိုဖျက်သိမ်းကာ ဆက်သွယ်​​ရေးဥပဒေကိုပြဌာန်းလိုက်ပါသည်
ဤအက်ဥပဒေထဲကပြစ်ဒဏ်ပုဒ် ဖြစ်တဲ့ နာမည်ကြီးနေတဲ့ဆက် သွယ်​​ရေးဥပေဲ့၆၆()လဲတခုအပါအဝင်ဖြစ်ပါသည်။ဤပုဒ်မသည်ရဲအရေးပိုင်​​သောပုဒ်မဖြစ်သည်။တရားစွဲဆိုရာတွင်ဆက်သွယ်​​ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရန်လိုသည်
ထို့ပြင်တဖန်နေ့ခေတ်တရားစွဲဆိုနေတဲ့အီလက်ရောနစ်ဆက်သွယ်​​ရေးဥပဒေကိုတော့၂၀၁၄ခုနစ်မှာပြဌာန်းခဲ့ပါသည်။ဤအက်ဥပဒေကတော့ အီလက်ရောနစ်ဆက်သွယ်​​ရေးဥပဒေပုဒ်မ၃၄()ဖြစ်ပါသည်
ငှင်းအီလက်ရောနစ်ဆက်သွယ်​​ရေးဥပဒေတွင်ပုဒ်မ၃၄ ​"မည်သူမဆို​ ​အောက်ပါပြုလုပ်မှုတရပ်ရပ်ကိုကျူးလွန်လျှင်ထိုသူအားငွေဒဏ်ကျပ်သိန်း၅၀မှသိန်း၁၀၀အထိပြစ်ဒဏ်ချမှတ်ခြင်းခံရနိုင်ပါသည်
ငွေဒဏ်ဆောင်ပါကထောင်ဒဏ်အနည်းဆုံး၁နှစ်မှအများဆုံး၂နှစ်ထိထောင်ဒဏ်ချမှတ်ခြင်းခံရနိုင်ပါသည်
၃၄(က)
အီလက်ရောနစ်မှတ်တမ်း၊အီလက်ရောနစ်အချက်အလက်သတင်းလွှာ သို့မဟုတ်အီလက်ရောနစ်ပရိုဂရမ်တခုလုံးကိုဖြစ်​​စေ၊အီလက်ရောနစ်ပရိုဂရမ်တခုလုံးကိုဖြစ်​​စေမရိုးမဖြောင်သောသ​​ဘောဖြင်ပေးပို့ခြင်း၊နှောက်ယှက်ခြင်း၊ပြုပြင်ခြင်း၊ပြောင်းလဲခြင်း၊ဖျက်သိမ်းခြင်း၊ခိုးယူခြင်း၊ထိခိုက်ဆုံးရှုံးစေခြင်း။
  • မရိုးမဖြာင့်​​သောသဘာဖြင့်​phoneမှ message​ပေးပို့ခြင်း၊email,g.mail,ကိုအသုံးပြု၍စာပေးပို့်ခြင်း၊Hackerဖြင့်ကောင့်ခိုးယူခြင်း၊အကောင့်ဖျက်ဆီးခြင်းဖြစ်ပါသည်
၃၄()
မူလဆောင်ရွက်​​ပေးပို့သူနဲ့လက်ခံသူတို့၏ခွင့်ပြုချက်မရှိပဲကွန်ပြူတာကွန်ယက်အတွင်းမှ ဆက်သွယ်မှုတခုကိုကြားဖြတ်ခြင်း၊ဆက်သွယ်မှုတခုခုကိုအသုံးပြုခြင်း၊အခြားသူတဦးဦးအားထုတ်​​ဖော်ခြင်း။
  • Hacker...မှခွင့်ပြုချက်မရှိပဲအကောင့်ကိုခိုးယူသုံးစွဲခြင် သုံးစွဲပြီးအခြားသူများအားထုတ်​​ဖော်ကြားခြင်း။
၃၄()
ပုဂ္ဂိုလ်တဦးဦး၏ခွင့်ြုပုချက်မရှိပဲ သို့မဟုတ်ဘောတူညီမှုမရှိပဲ လုံခြုံမှုအဆင့်ထားရှိသောအမှတ်၊စာကားဝှက်၊သိုမဟုတ်အီလက်ရောနစ်ထိုးမြဲလက်မှတ်ဖြင် အခြားပုဂ္ဂိုလ်တဦးဦးသို့ တိုက်ရိုက်​​ဖြစ်​​စေ၊သွယ်ဝိုက်၍ဖြစ်​​စေ၊ဆက်သွယ်အသုံးပြုခြင်း၊
၃၄()
ပုဂ္ဂိုလ်တဦးဦး၊ အဖွဲ့အစည်းတခုခုကို ထိခိုက်နစ်နာစေရန်ဖြစ်​​စေ၊ဂိုဏ်သိက္ခာကျဆင်းစေရန်ဖြစ်​​စေ၊သတင်းအချက်အလက်နှင် အီလက်ရောနစ်နည်းပညာဖြင့်ပြုလုပ်ခြင်း၊ပြုပြင်ခြင်း၊ပြောင်းလဲခြင်း၊ထိုသို့်ပြုလုပ်ခြင်း၊ပြုပြင်ခြင်​.၊ပြောင်းလဲခြင်းဖြင့်ပြုလုပ်ထားသောသတင်းအချက်အလက်တို့ကိုဖြန့်ချီခြင်း။
  • Messenger boxမှ မရိုးမဖြောင်သော စာများပေးပို့ခြင်း၊အကောင့်ပိုင်ရှင်၏ခွင့်ပြုချက်မရှိပဲအကောင့်များကို 
ခိုးယူသုံးစွဲခြင်း၊၊အီလက်ရောစနစ်ဖြင့်ပြုလုပ်ပြီး၊ပြောင်းလဲပြီး၊photocommentများကိုဖြန့်ချီခြင်း၊ဖြန့်​​ဝေခြင်းတြို့ဖစ်ပါသည်
ဆက်သွယ်​​ရေးဥဒေပုဒ်မ၆၆
~~~~~~~~~~~~~~~~~~
၆၆။ မည်သူမဆို ပုဒ်မခွဲ(က)()() ပာပြစ်မှုတရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်
       မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။
ပုဒ်မခွဲ()ပါပြစ်မှုတရပ်ရပ်ကိုကျူးလွန်ပါက.၂နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်​​စေ၊၁သိန်းထက်မပိုသောငွေဒဏ်ဖြစ်​​စေ၊ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်​​စေ ချမှတ်ခံရမည်
(က) ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ်စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိပဲ ဝင်ရောက်နှောင့်ယှက်
       ခြင်း၊စံချိန်စံညွှန်း သတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေ အထားကိုဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း
()ဆက်သွယ်ရေးကွန်ယက်ကိုထိခိုက်စေရန် ဗိုင်းရပ်စ်သို့မဟုတ် အခြားနည်းနဲ့ဝင်ရောက်စေခြင်း
()ဆက်သွယ်ရေးကွန်ယက်ကိုသုံး၍ ငွေကြေးနဲ့ပစ္စည်းကိုခိုးယူခြင်း၊လိမ်လည်ခြင်း၊အလွဲသုံးစားလုပ်ခြင်းသို့မဟုတ်အကျိုး
    ပျက်စေခြင်း
()ဆက်သွယ်ရေးကွန်ယက်ကိုသုံးပြီးလူတစ်ယောက်ကိုခြောက်လှန့်ခြင်း၊ အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊မလျှော်သြ
      ဇာသုံးခြင်း ၊ခြိမ်းခြောက်ခြင်း
  • ဆက်သွယ်​​ရေးကွန်ရက်ဖြစ်တဲ့ ဆက်သွယ်​​ရေးဝန်ကြီးဌာနကသတ်မှတ်ထားသောဆက်သွယ်​​ရေးပစ္စည်းမျာဖြစ်သည့်ကွန်ပြူတာ၊မိုဘိုင်းဖုန်း၊ဖေ့ဘုတ်၊မက်​​ဆေ့ဂျား .......စသည့်တို့ကိုအသုံးပြုပြီးငွေကြေးလိမ်လည်ခြင်း၊ငွေကြေး(online shopမှ)အလွဲသုံးစားပြုခြင်း၊ဆက်သွယ်​​ရေးကွန်ရက်​ online line, hot lineကနေ အသရေဖျက်ခြင်း၊ခြိမ်ခြောက်ခြင်း၊မလျော်သြဇာသုံးခြင်းတို့သည်ဤုပုဒ်မနှင့်သက်ဆိုင်သည်
ရာဇသတ်ကြီးဥပဒေပါပြစ်မှုမကင်သောခြိမ်ခြောက်မတွင်လည်
×××××××××××××××××××××××
#ခြိမ်ခြောက်ခြင်းနှင့်နစ်နာမှုအကြောင်
#ပြစ်မှုအတွက်ပြစ်ဒဏ်ပုဒ်မများ
#ပြစ်မှုမြောက်​​စေမည့်အင်္ဂါရပ်များနှင့်ပြစ်ဒဏ်များအကြောင်
#ရာဇသတ်ကြီးဥပပာခြောက်လှန်မှုအတွက်ပြစ်ဒဏ်ပုဒ်မများကတော့...
  • ပုဒ်-၅၀၄ နိုင်ငံတော်ငြိမ်ဝပ်​​ ရေးပျက်ပြားစေရန်​​စော်ကားခြင်း။
  • ပုဒ်-၅၀၅  ပြည်သူအကျိုးပျက်စီးမှုဖြစ်​​စေသောဖော်ပြချက်များ။
  • ပုဒ်-၅၀၆  ​ခြောက်လှန့်မှုအတွက်ပြစ်ဒဏ်
  • ပုဒ်-၅၀၇  ​မြောစာဖြင့်ခြိမ်းခြာက်ခြင်း။
အထက်ပါပုဒ်မများအနက်မှပထမဆုံးကျနော်​​လေ့လာမိတာက့၅၀၆ က
မည်သူမဆိုပြစ်မှုမကင်သောခြောက်လှန့်မှုကိုကျူးလွန်လျှင်ထိုသူကို ၂နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်​​စေ၊ငွေဒဏ်ဖြစ်​​စေ၊ဒဏ်​​ငွေခြင်းခံရမည်
အကယ်၍ခြိမ်ခြောက်ခြင်းသည်....
##သေစေမည်ဟုသော်ငှင်း၊ 
##အပြင်းအထန်နာကျင်​​စေမည်ဟုသော်လည်​​ကောင်
##ပစ္စည်းကိုမီးဖြင့်ပျက်စီးစေမည်
##​သေဒဏ်၊တစ်ကျွန်းဒဏ်၊ခုနစ်နှစ်ထိထိုက်သင်သောပြစ်မှုတို့ကို ကျုးလွန်မည်ဟုလည်​​ကောင်
   ထိုသို့ကျူးလွန်​​သောသူကို ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်​​စေ၊ငွေဒဏ်ဖြစ်​​စေဒဏ်နှစ်ရပ်လုံးဖြစ်​​စေချမှတ်ခြင်းခံရမည်ဖြစ်ပာသည်
###ဤပုဒ်မတွင်ပြစ်ဒဏ်​()မျိုးကိုတွေ့မြင​​နေရရုံသာမက...
   ဟုခြိမ်ခြောက်ခြင်းဖြစ်ရမည်။နစ်နာစေခြင်းဆိုရာမှာလည်းရာဇသတ်ကြီးဥပဒေပုဒ်၄၄အရကိုယ၊်စိတ်၊ဂုဏ်ရေ၊ပစ္စည်
    အား ဥပဒေနှင့်မညီသော၊ ထိခိုက်​​စေခြင်းဖြစ်ပါသည်
() ဒုတိယပိုင်းကတော့အထက်ပါပထမပိုင်းထက်ဆိုးသော ခြေအနေအတွက်ကြီးလေးသောပြစ်ဒဏ်သတ်မှတ်ထားပါသည်
##သေစေမည်ဟုသော်ငှင်း၊
##အပြင်းအထန်နာကျင်​​စေမည်ဟုသော်လည်​​ကောင်
##ပစ္စည်းကိုမီးဖြင့်ပျက်စီးစေမည်
##​သေဒဏ်၊တစ်ကျွန်းဒဏ်၊ခုနစ်နှစ်ထိထိုက်သင်သောပြစ်မှုတို့ကို ကျုးလွန်မည်ဟုလည်​​ကောင်
   ထိုသို့ကျူးလွန်​​သောသူကို ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်​​စေ၊ငွေဒဏ်ဖြစ်​​စေဒဏ်နှစ်ရပ်လုံးဖြစ်​​စေချမှတ်ခြင်းခံရမည်ဖြစ်ပာသည်
ပုဒ်မ၅၀၇မြောစာဖြင့်ခြိမ်ခြောက်ခြင်
မည်သူမဆိုပစ်စာဖြင်သော်လည်​​ကောင်း၊ခြိမ်း​​ခြောကိသူ၏အမည်နေရပ်ထိန်ချန်ပြီး ပြစ်မှုမကင်သောခြောက်လှန့်မှုကိုကျူးလွန်လျှင်ထိုသူကို အထက်ပါပုဒ်မ၅၀၆မှပြစ်ဒဏ်အပြင်၊၂နှစ်အထိထောင်ဒဏ်ချမှတ်ခံရမည်
ပုဒ်မ၅၀၄ .နိုင်ငံတော်ငြိမ်းဝပ်​​ရေးကိုစော်ကားခြင်
ဤပုဒ်မကတော့ မည်သူမဆိုတစုံတယောက်​​သောသူက အခြားသူတဦးဦးကို တမင်စော်ကာ၍ဒေါသထွက်​​အောင်ပြုသည်တွင်ထိုသူ၏ဒေါသထွက်၍ြုပုမူခြင်းက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကိုပျက်စီးစေရန်အကြံဖြင့်ပြုလုပ်ခြင်းဖြစ်ဖြစ်၊အခြားပြစ်မှုတခုကျူးလွန်​​စေရန်အကြံဖြင့်ဖြစ်​​စေ၊ထိုသို့ကျူးလွန်မည်ကိုသိလျက်နှင့်ပြုခြင်းဖြစ်လျှင်၂နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်​​စေ၊ငွေဒဏ်ဖြစ်​​စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်​​စေချမှတ်ခြင်းခံရမည်
######  ဤပုဒ်မကတော့မိဘပြည်သူများကြားဖူးကြပါလိမ့်မယ်
ပုဒ်..၅၀၅။ ။မည်သူမဆိုဖော်ပြချက်ကိုဖြစ်​​စေ၊ကောလဟာလကိုဖြစ်​​စေသတင်းကိုဖြစ်​​စေ ပြုရာတွင်​(သို့မဟုတ်​) ထုတ်ပြန်​​ကြေညာရာတွင်
၅၀၅(ကပြည်​​ထောင်စုတပ်တော်တခုခုမှ အရာရှိအား၊တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်ကောင်းသက်ဆိုငိရာမိမိတာဝန်ဝတ္တာရားများမလေးစားခြင်းကိုသော်လည်​​ကောင်း၊ပျက်ကွက်ခြင်သော်လည်​​ကောင်းပြုစေရန်အကြံရှိလျှင်ပြုစေတန်ရာသည်ကြောင်းရှိလျှင်
၅၀၅() နိုင်ငံတော်အစိုးရကိုဖြစ်​​စေ၊နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်​​စေ၊ထိခိုက်က်သည့်ပြစ်မှုကို တဦးတယောက်ကကျူးလွန်လာချင်​​အောင်၊အများပြည်သူကိုသော်လည်​​ကောင်း၊ အများပြည်သူတို့၏်သီးခြားလူတစုကိုသော်လည်​​ကောင်ကြောက်ခြင်း၊ထိတ်လန်စေခြင်း၊တခုခုဖြစ်​​စေတန်ရာသည့်အကြောင်းရှိလျှင်
၅၀၅() လူအမျိုးအစားအချင်းချင်းကိုဖြစ်​​စေ၊လူမျိုးစုအချင်းချင်းပိုဖြစ်​​စေ၊ တဖက်နဲ့တစ်ဖက်ပြစ်မှုကျူးလွန်​​အောင်လှုံ့ဆော်ရန်အကြံရှိလျှင်ထိုသူကိုနှစ်နှစ်ထိထောင်ဒဏ်ဖြစ်​​စေ ငွေဒဏ်ဖြစ်​​စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်​​စေချမှတ်ရမည်
သို့ရာတွင်ကင်းလွတ်ချက်နေနဲ့ကတော့ အဆိုပါထုတ်ပြန်သည့်သတင်းသည်ကောလဟာလမတ်ပဲအမှန်သတင်းဖြစ်ခြင်းဟုယုံကြည်သည့်အပြင်အထက်က (က)()(ဂက)ပါအချက်များ၏အကြံမရှိပဲပြုလျှင်၊သတင်းထုတ်ပြန်ကြေငြာလျှင်ဤပုဒ်မ၏အဓိပ္ပါယ်အရပြစ်မှုမမြောက်ဟုပြဌာန်းထားပါသည်
ဒီလိုဥပဒေတွေဖော်ပြထားသည့်အတွက်အီလက်ထရောနစ်နည်းပညာကိုသုံးပြီး မည်သူ့ကိုမဆိုဥပဒေနှင့်အညီအရေးယူကြလို့ရပါတယ်ဗျာ။
Ref:စိုင်းဇင်လင်းဦးFB: https://www.facebook.com/199037473461517/posts/2228408460524398?sfns=mo
No comments:
Post a Comment