Pages

Tuesday, May 7, 2019

ဘ႑ာႏွစ္သုံးႏွစ္အတြင္း က်ပ္ ၁၈ ဘီလ်ံေက်ာ္ အရႈံးေပၚခဲ့သည့္ ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္း၏ လုပ္ငန္းလည္ပတ္မႈ ၂၀၁၈ ေျခာက္လဘ႑ာႏွစ္တြင္လည္း က်ပ္ ၃ ဒသမ ၇ ဘီလ်ံေက်ာ္ လိုေငြျဖစ္ေပၚ


PUBLISHED 6 MAY 2019 ၿဖိဳးေဝ
 
ဘ႑ာႏွစ္သုံးႏွစ္အတြင္း က်ပ္ ၁၈ ဘီလ်ံေက်ာ္အရႈံးေပၚခဲ့သည့္ ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္း၏ လုပ္ငန္းလည္ပတ္မႈမွာ၂၀၁၈ ေျခာက္လဘ႑ာႏွစ္တြင္လည္း က်ပ္ ၃ ဒသမ ၇ ဘီလ်ံေက်ာ္ လိုေငြျဖစ္ေပၚကာ အရႈံးျပခဲ့ေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္၊ ျပည္သူ႕ေငြစာရင္းပူးေပါင္းေကာ္မတီမွ သိရသည္။

ကုမၸဏီအသြင္ကူးေျပာင္း၍ လုပ္ငန္းေဆာင္႐ြက္ေနသည့္ ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္းအေနျဖင့္ အရႈံးေပၚေနဆဲျဖစ္ၿပီး ဘ႑ာႏွစ္သုံးႏွစ္အတြင္း က်ပ္ ၁၈ ဘီလ်ံေက်ာ္ အရႈံးေပၚခဲ့ေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ ျပည္သူ႕ေငြစာရင္းပူးေပါင္းေကာ္မတီ “ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္၏ ၂၀၁၆ -၂၀၁၇ ဘ႑ာေရးႏွစ္ စစ္ေဆးေတြ႕ရွိခ်က္ အစီရင္ခံစာအေပၚ ေလ့လာေတြ႕ရွိခ်က္ႏွင့္ သေဘာထားမွတ္ခ်က္” အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

၂၀၁၃-၂၀၁၄ ခုႏွစ္မွစ၍ ျပည္ေထာင္စုဘ႑ာရန္ပုံေငြျပင္ပမွ လုပ္ငန္းေဆာင္႐ြက္ခဲ့သည့္ ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္း အေနျဖင့္ ျမန္မာ့ေလေၾကာင္းက ပိုင္ဆိုင္ခဲ့သည့္ ေငြေၾကး၊ ေ႐ႊ႕ေျပာင္း /မေ႐ႊ႕ေျပာင္းနိုင္သည့္ ပစၥည္းမ်ားႏွင့္ ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္သည့္ ဝန္ထမ္းမ်ား၏ ပင္စင္လစာမ်ားကိုလည္း တာဝန္ယူေနရၿပီး ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ က်ပ္ ၈ ဒသမ ၉၆၂ ဘီလ်ံ၊ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ က်ပ္ ၅ ဒသမ ၆၉၅ ဘီလ်ံႏွင့္ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ က်ပ္ ၃ ဒသမ ၄၀၁ ဘီလ်ံ အရႈံးေပၚခဲ့ေၾကာင္း သိရသည္။


ထို႔ျပင္ ၂၀၁၈ ဘ႑ာႏွစ္တိုတြင္လည္း  ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္းအေနျဖင့္ မူလဝင္ေငြလ်ာထားခ်က္တြင္ က်ပ္ ၈၁၉၃၃ သန္းေက်ာ္ လ်ာထားၿပီး အသုံးစရိတ္အျဖစ္ က်ပ္ ၇၈၅၁၁ သန္းေက်ာ္လ်ာထားကာ က်ပ္ သန္း ၃၄၀၀ ေက်ာ္ ပိုေငြျပရန္ လ်ာထားခဲ့ေသာ္လည္း ဝင္ေငြေလ်ာ့က်မႈေၾကာင့္ ယာယီစာရင္းတြင္ ၂၀၁၈ ေျခာက္လကာလအတြက္ ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္း၏ ဝင္ေငြမွာ က်ပ္ ၇၄၃၇၆ သန္းသာရွိခဲ့ၿပီး အသုံးစရိတ္မွာ က်ပ္ ၇၈၀၈၇ သန္းအထိရွိခဲ့သျဖင့္ က်ပ္သန္း ၃၇၁၀ ေက်ာ္လိုေငြျပကာ အရႈံးေပၚခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္းအေနျဖင့္ အရႈံးေပၚေနဆဲျဖစ္ေသာ္လည္း အရႈံးသက္သာမႈရွိလာေနၿပီး လတ္တေလာတြင္ ေလယာဥ္ ၁၅ စင္းျဖင့္ ျပည္တြင္းခရီးစဥ္ ၿမိဳ႕ေပါင္း ၂၇ ၿမိဳ႕ႏွင့္ ျပည္ပခရီးစဥ္မ်ား ေျပးဆြဲမႈမ်ား ျပဳလုပ္ေနသည္။ ထိုသို႔ေျပးဆြဲေနမႈမ်ားေၾကာင့္  ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ ခရီးသည္ ၅၈၇ç၂၇၂ ဦး၊ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ ခရီးသည္ ၁ç၀၂၇ç ၉၀၄ ဦး၊ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ ခရီးသည္ ၁ç၄၂၅ç၄၃၉ ဦးအထိ တိုးတက္စီးနင္းခဲ့သည္ဟု “ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္၏ ၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္ စစ္ေဆးေတြ႕ရွိခ်က္အစီရင္ ခံစာအေပၚေလ့လာေတြ႕ရွိခ်က္ႏွင့္ သေဘာထားမွတ္ခ်က္” အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ထိုသို႔ အရႈံးေပၚေနမႈမ်ားအတြက္ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္က အႀကံျပဳရာတြင္ ဝယ္ယူၿပီးႏွစ္ႏွစ္အတြင္း ေလယာဥ္မ်ားပ်က္စီးမႈမွာ ျမန္မာ့အမ်ိဳးသားေလေၾကာင္းအေနျဖင့္ ဝယ္ယူေရးတြင္ အားနည္းခ်က္မ်ား ရွိေနသျဖင့္ ဝယ္ယူေရးဆိုင္ရာမူဝါဒ၊ လုပ္ထုံးလုပ္နည္းအားနည္းခ်က္မ်ားကို ျပန္လည္သုံးသပ္ စိစစ္သင့္ေၾကာင္းႏွင့္ ျမန္မာ့အမ်ိဳးသားေလ ေၾကာင္းလိုင္း၏ ေငြစာရင္းဖြင့္လွစ္မႈမ်ားအား စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၏ အမိန႔္ေၾကာ္ျငာစာႏွင့္အညီ လိုက္နာရန္ လိုအပ္ေနေၾကာင္း အႀကံျပဳခဲ့သည္။ ထို႔ျပင္ အရႈံးျဖစ္ေပၚမႈေလ်ာ့နည္း၍ အျမတ္မ်ား ပိုမိုရရွိလာေစရန္ ကုန္က်စရိတ္ေလွ်ာ့ခ်၍ ဝင္ေငြမ်ား ပိုမိုရရွိလာေစမည့္ ပိုမိုေကာင္းမြန္သည့္ နည္းလမ္းေကာင္းမ်ား၊ ေစ်းကြက္စီးပြားေရးစနစ္ ႏွင့္ လိုက္ေလ်ာညီေထြျဖစ္ၿပီး ပိုမိုယွဥ္ၿပိဳင္နိုင္ေစမည့္ ေကာင္းမြန္ေသာဝန္ေဆာင္မႈမ်ား၊ ေဘးကင္းလုံၿခဳံ၍ အမ်ားျပည္သူယုံၾကည္စိတ္ခ်ရသည့္ ေလေၾကာင္းလိုင္းအျဖစ္ နာမည္ေကာင္းရေစမည့္ အစီအမံမ်ား ေရးဆြဲခ်မွတ္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သင့္ေၾကာင္း အႀကံျပဳထားသည္။


  ဘဏ္ဍာနှစ်သုံးနှစ်အတွင်း ကျပ် ၁၈ ဘီလျံကျော် အရှုံးပေါ်ခဲ့သည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်း၏ လုပ်ငန်းလည်ပတ်မှု ၂၀၁၈ ခြောက်လဘဏ္ဍာနှစ်တွင်လည်း ကျပ် ၃ ဒသမ ၇ ဘီလျံကျော် လိုငွေဖြစ်ပေါ်


 
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆိုက်ကပ်ထားသည့် မြန်မာ့အမျိုးသားလေကြောင်းမှ လေယာဉ်ကိုတွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)


ဘဏ္ဍာနှစ်သုံးနှစ်အတွင်း ကျပ် ၁၈ ဘီလျံကျော်အရှုံးပေါ်ခဲ့သည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်း၏ လုပ်ငန်းလည်ပတ်မှုမှာ၂၀၁၈ ခြောက်လဘဏ္ဍာနှစ်တွင်လည်း ကျပ် ၃ ဒသမ ၇ ဘီလျံကျော် လိုငွေဖြစ်ပေါ်ကာ အရှုံးပြခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ သိရသည်။"

ကုမ္ပဏီအသွင်ကူးပြောင်း၍ လုပ်ငန်းဆောင်ရွက်နေသည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်းအနေဖြင့် အရှုံးပေါ်နေဆဲဖြစ်ပြီး ဘဏ္ဍာနှစ်သုံးနှစ်အတွင်း ကျပ် ၁၈ ဘီလျံကျော် အရှုံးပေါ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ “ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်” အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၃-၂၀၁၄ ခုနှစ်မှစ၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေပြင်ပမှ လုပ်ငန်းဆောင်ရွက်ခဲ့သည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်း အနေဖြင့် မြန်မာ့လေကြောင်းက ပိုင်ဆိုင်ခဲ့သည့် ငွေကြေး၊ ရွှေ့ပြောင်း /မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများနှင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများ၏ ပင်စင်လစာများကိုလည်း တာဝန်ယူနေရပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၈ ဒသမ ၉၆၂ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၅ ဒသမ ၆၉၅ ဘီလျံနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၃ ဒသမ ၄၀၁ ဘီလျံ အရှုံးပေါ်ခဲ့ကြောင်း သိရသည်။

 ထို့ပြင် ၂၀၁၈ ဘဏ္ဍာနှစ်တိုတွင်လည်း  မြန်မာ့အမျိုးသားလေကြောင်းလိုင်းအနေဖြင့် မူလဝင်ငွေလျာထားချက်တွင် ကျပ် ၈၁၉၃၃ သန်းကျော် လျာထားပြီး အသုံးစရိတ်အဖြစ် ကျပ် ၇၈၅၁၁ သန်းကျော်လျာထားကာ ကျပ် သန်း ၃၄၀၀ ကျော် ပိုငွေပြရန် လျာထားခဲ့သော်လည်း ဝင်ငွေလျော့ကျမှုကြောင့် ယာယီစာရင်းတွင် ၂၀၁၈ ခြောက်လကာလအတွက် မြန်မာ့အမျိုးသားလေကြောင်းလိုင်း၏ ဝင်ငွေမှာ ကျပ် ၇၄၃၇၆ သန်းသာရှိခဲ့ပြီး အသုံးစရိတ်မှာ ကျပ် ၇၈၀၈၇ သန်းအထိရှိခဲ့သဖြင့် ကျပ်သန်း ၃၇၁၀ ကျော်လိုငွေပြကာ အရှုံးပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့အမျိုးသားလေကြောင်းလိုင်းအနေဖြင့် အရှုံးပေါ်နေဆဲဖြစ်သော်လည်း အရှုံးသက်သာမှုရှိလာနေပြီး လတ်တလောတွင် လေယာဉ် ၁၅ စင်းဖြင့် ပြည်တွင်းခရီးစဉ် မြို့ပေါင်း ၂၇ မြို့နှင့် ပြည်ပခရီးစဉ်များ ပြေးဆွဲမှုများ ပြုလုပ်နေသည်။ ထိုသို့ပြေးဆွဲနေမှုများကြောင့်  ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ခရီးသည် ၅၈၇ç၂၇၂ ဦး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ခရီးသည် ၁ç၀၂၇ç ၉၀၄ ဦး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ခရီးသည် ၁ç၄၂၅ç၄၃၉ ဦးအထိ တိုးတက်စီးနင်းခဲ့သည်ဟု “ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်အစီရင် ခံစာအပေါ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်” အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုသို့ အရှုံးပေါ်နေမှုများအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်က အကြံပြုရာတွင် ဝယ်ယူပြီးနှစ်နှစ်အတွင်း လေယာဉ်များပျက်စီးမှုမှာ မြန်မာ့အမျိုးသားလေကြောင်းအနေဖြင့် ဝယ်ယူရေးတွင် အားနည်းချက်များ ရှိနေသဖြင့် ဝယ်ယူရေးဆိုင်ရာမူဝါဒ၊ လုပ်ထုံးလုပ်နည်းအားနည်းချက်များကို ပြန်လည်သုံးသပ် စိစစ်သင့်ကြောင်းနှင့် မြန်မာ့အမျိုးသားလေ ကြောင်းလိုင်း၏ ငွေစာရင်းဖွင့်လှစ်မှုများအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာနှင့်အညီ လိုက်နာရန် လိုအပ်နေကြောင်း အကြံပြုခဲ့သည်။ ထို့ပြင် အရှုံးဖြစ်ပေါ်မှုလျော့နည်း၍ အမြတ်များ ပိုမိုရရှိလာစေရန် ကုန်ကျစရိတ်လျှော့ချ၍ ဝင်ငွေများ ပိုမိုရရှိလာစေမည့် ပိုမိုကောင်းမွန်သည့် နည်းလမ်းကောင်းများ၊ စျေးကွက်စီးပွားရေးစနစ် နှင့် လိုက်လျောညီထွေဖြစ်ပြီး ပိုမိုယှဉ်ပြိုင်နိုင်စေမည့် ကောင်းမွန်သောဝန်ဆောင်မှုများ၊ ဘေးကင်းလုံခြုံ၍ အများပြည်သူယုံကြည်စိတ်ချရသည့် လေကြောင်းလိုင်းအဖြစ် နာမည်ကောင်းရစေမည့် အစီအမံများ ရေးဆွဲချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည်။

Ref:https://news-eleven.com/article/105671

No comments:

Post a Comment