Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Sunday, May 12, 2019
UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို UB 103 MNA Embraer 190AR နဟမန္တလေးတံတားဦးလေဆိပ်ဆင်းစဉ် Nose Landing Gear ရှေ့ဘီးချမရ
Saturday, May 11, 2019
April 2019 မှာ IMF ကထုတ်ပြန် တဲ့မြန်မာ့ စီးပွားရေး သုံးသပ်ချက်-လက်ရှိမှာ စီးပွားရေးကျဆင်းနေကြောင်း
2018 ARTICLE IV CONSULTATION—MYANMAR by Let's Save Myanmar on Scribd
Thursday, May 9, 2019
ရာသီဥတုပူပြင်းတဲ့အချိန်မှာ သတိထားသင့်တဲ့ မျက်စိနာရောဂါ (သို့) မျက်မြှေးရောင်ရောဂါ
စစ်သားမလုပ်သင့်တော့တဲ့ တိုင်းပြည်
ဘဏ်မှာ ချေးငွေရဖို့လုပ်ငန်းရှင်တချို့ ပုံစံမျိုးစုံနဲ့ လိမ်လည်"
စင်ကာပူကုမ္ပဏီက နေပြည်တော်တွင် တစ်နှစ်တန် ငါးသောင်းကျ ဆန်စက်တည်
အန္တရာယ်ကင်းဝေး အလှကုန်ဆေး
Wednesday, May 8, 2019
EP လား၊ S pass လား? ရတဲ့ လခ မှန်ဖို့ အရေးကြီးတယ်
Biman ရန်ကုန်ကွင်းမှာ လေယာဉ် overruns ဖြစ်...
ဆောက်ပါလို့လည်းမပြောဘုး မဆောက်နဲ့လို့လည်းမပြောဘူး! သဘာဝပတ်ဝန်းကျင်မဟုတ်ရင် စဉ်းစားသင့်တဲ့အချက်တချက်!
Tuesday, May 7, 2019
ဘဏ္ဍာနှစ်သုံးနှစ်အတွင်း ကျပ် ၁၈ ဘီလျံကျော် အရှုံးပေါ်ခဲ့သည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်း၏ လုပ်ငန်းလည်ပတ်မှု ၂၀၁၈ ခြောက်လဘဏ္ဍာနှစ်တွင်လည်း ကျပ် ၃ ဒသမ ၇ ဘီလျံကျော် လိုငွေဖြစ်ပေါ်

ကုမ္ပဏီအသွင်ကူးပြောင်း၍ လုပ်ငန်းဆောင်ရွက်နေသည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်းအနေဖြင့် အရှုံးပေါ်နေဆဲဖြစ်ပြီး ဘဏ္ဍာနှစ်သုံးနှစ်အတွင်း ကျပ် ၁၈ ဘီလျံကျော် အရှုံးပေါ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ “ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်” အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၃-၂၀၁၄ ခုနှစ်မှစ၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေပြင်ပမှ လုပ်ငန်းဆောင်ရွက်ခဲ့သည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်း အနေဖြင့် မြန်မာ့လေကြောင်းက ပိုင်ဆိုင်ခဲ့သည့် ငွေကြေး၊ ရွှေ့ပြောင်း /မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများနှင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများ၏ ပင်စင်လစာများကိုလည်း တာဝန်ယူနေရပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၈ ဒသမ ၉၆၂ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၅ ဒသမ ၆၉၅ ဘီလျံနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၃ ဒသမ ၄၀၁ ဘီလျံ အရှုံးပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၁၈ ဘဏ္ဍာနှစ်တိုတွင်လည်း မြန်မာ့အမျိုးသားလေကြောင်းလိုင်းအနေဖြင့် မူလဝင်ငွေလျာထားချက်တွင် ကျပ် ၈၁၉၃၃ သန်းကျော် လျာထားပြီး အသုံးစရိတ်အဖြစ် ကျပ် ၇၈၅၁၁ သန်းကျော်လျာထားကာ ကျပ် သန်း ၃၄၀၀ ကျော် ပိုငွေပြရန် လျာထားခဲ့သော်လည်း ဝင်ငွေလျော့ကျမှုကြောင့် ယာယီစာရင်းတွင် ၂၀၁၈ ခြောက်လကာလအတွက် မြန်မာ့အမျိုးသားလေကြောင်းလိုင်း၏ ဝင်ငွေမှာ ကျပ် ၇၄၃၇၆ သန်းသာရှိခဲ့ပြီး အသုံးစရိတ်မှာ ကျပ် ၇၈၀၈၇ သန်းအထိရှိခဲ့သဖြင့် ကျပ်သန်း ၃၇၁၀ ကျော်လိုငွေပြကာ အရှုံးပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့အမျိုးသားလေကြောင်းလိုင်းအနေဖြင့် အရှုံးပေါ်နေဆဲဖြစ်သော်လည်း အရှုံးသက်သာမှုရှိလာနေပြီး လတ်တလောတွင် လေယာဉ် ၁၅ စင်းဖြင့် ပြည်တွင်းခရီးစဉ် မြို့ပေါင်း ၂၇ မြို့နှင့် ပြည်ပခရီးစဉ်များ ပြေးဆွဲမှုများ ပြုလုပ်နေသည်။ ထိုသို့ပြေးဆွဲနေမှုများကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ခရီးသည် ၅၈၇ç၂၇၂ ဦး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ခရီးသည် ၁ç၀၂၇ç ၉၀၄ ဦး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ခရီးသည် ၁ç၄၂၅ç၄၃၉ ဦးအထိ တိုးတက်စီးနင်းခဲ့သည်ဟု “ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်အစီရင် ခံစာအပေါ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်” အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုသို့ အရှုံးပေါ်နေမှုများအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်က အကြံပြုရာတွင် ဝယ်ယူပြီးနှစ်နှစ်အတွင်း လေယာဉ်များပျက်စီးမှုမှာ မြန်မာ့အမျိုးသားလေကြောင်းအနေဖြင့် ဝယ်ယူရေးတွင် အားနည်းချက်များ ရှိနေသဖြင့် ဝယ်ယူရေးဆိုင်ရာမူဝါဒ၊ လုပ်ထုံးလုပ်နည်းအားနည်းချက်များကို ပြန်လည်သုံးသပ် စိစစ်သင့်ကြောင်းနှင့် မြန်မာ့အမျိုးသားလေ ကြောင်းလိုင်း၏ ငွေစာရင်းဖွင့်လှစ်မှုများအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာနှင့်အညီ လိုက်နာရန် လိုအပ်နေကြောင်း အကြံပြုခဲ့သည်။ ထို့ပြင် အရှုံးဖြစ်ပေါ်မှုလျော့နည်း၍ အမြတ်များ ပိုမိုရရှိလာစေရန် ကုန်ကျစရိတ်လျှော့ချ၍ ဝင်ငွေများ ပိုမိုရရှိလာစေမည့် ပိုမိုကောင်းမွန်သည့် နည်းလမ်းကောင်းများ၊ စျေးကွက်စီးပွားရေးစနစ် နှင့် လိုက်လျောညီထွေဖြစ်ပြီး ပိုမိုယှဉ်ပြိုင်နိုင်စေမည့် ကောင်းမွန်သောဝန်ဆောင်မှုများ၊ ဘေးကင်းလုံခြုံ၍ အများပြည်သူယုံကြည်စိတ်ချရသည့် လေကြောင်းလိုင်းအဖြစ် နာမည်ကောင်းရစေမည့် အစီအမံများ ရေးဆွဲချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည်။

















