Popular Posts!
Showing posts with label ဥပဒေ. Show all posts
Showing posts with label ဥပဒေ. Show all posts
Monday, April 22, 2019
Cyber Law? ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဆိုတာ?
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဆိုတာ? 
ယနေ့လို Facebook အသုံးပြုပြီး ကိုယ့်စကားကိုယ်တာဝန်မယူ၊ သူတစ်ပါးကိုပြစ်တင်ဝေဖန်၊ ဆဲဆိုစော်ကား၊ အသရေဖျက်နေတဲ့ ကာလမှာ လူတိုင်းသိထားသင့်ပါတယ်။  
၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကိုကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။
(က) ဆက်သွယ်ရေးကွန်ယက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲခွင့်ရှိသူ၏ခွင့်ပြုချက်မရှိပဲဝင်ရောက်နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေအထားကိုဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း။  
(ခ)ဆက်သွယ်ရေးကွန်ယက်ကိုထိခိုက်စေရန်ဗိုင်းရပ်စ်သို့မဟုတ် အခြားနည်းနဲ့ဝင်ရောက်စေခြင်း။ 
(ဂ)ဆက်သွယ်ရေးကွန်ယက်ကိုသုံး၍ငွေကြေးနဲ့ပစ္စည်းကိုခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် အကျိုးပျက်စေခြင်း။ 
(ဃ)ဆက်သွယ်ရေးကွန်ယက်ကိုသုံးပြီးလူတစ်ယောက်ကိုခြောက်လှန့်ခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွတ်ခြင်း၊ အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ မလျှော်သြဇာသုံးခြင်း ခြိမ်းခြောက်ခြင်း၊ 
နားရှင်အောင်ပြောရရင်...
(က) Facebook/ Gmail ကို ခိုးယူခြင်းပါ။ Password ပြောင်းခြင်း၊ Gmail ပြောင်းခြင်းပါ။ 
(ခ) Link အတုတွေကတဆင့် အချက်အလတ် Password ခိုးယူခြင်းပါ။ 
(ဂ) Online Shop ကတဆင့် ငွေလိမ်ယူခြင်းမျိုးပါ။ 
(ဃ) Facebook ကတဆင့်လူတစ်ယောက်ကို ဆဲဆို ခြိမ်းခြောက်ခြင်း၊  Mention ခေါ်ဆဲခြင်း၊ ပုံတွေသုံး မဟုတ်သတင်းရေးခြင်း၊ ပျက်ဆီးစေမှုနဲ့ Tag တွဲခြင်း၊ Post ကို Share အပြစ်တင်ခြင်း စတဲ့ အပြုအမူတွေ ကျူးလွန်ရင် ကိုယ်တိုင်တရားဆွဲစရာမလိုပဲ ကြားလူတစ်ယောက်ကအမှု့ဖွင့်ပေးရုံနဲ့ အာမခံမရှိေ ထာင် (၃) နှစ်ချလို့ရပါတယ်။ Screenshot သက်သေအထောက်အထားသာ စုထားပါ၊ ကျိန်းသေထောင်ကျအောင်ချလို့ရတယ်။ 
ပုဒ်မ ၆၆ (ဃ) ကို ယနေ့ Facebook ပေါ်မှာ ကျူးလွန်နေသူတွေ အများကြီးပါ။
ဥပဒေ က အားလုံးကို အကာကွယ်ပေးပြီးသားပါ။  ပုဒ်မ ၆၆ သိပ်ကြောက်ဖို့ကောင်းတယ်နော်။ 
( စာတစ်ကြောင်းနဲ့ ထောင် (၃) နှစ်ကျတယ် )
Myanmar Cyber Lawသို့တိုင်ကြားနိုင်သည်။
လူမှုကွန်ယက်ပေါ်တွင် ကာယကံရှင်ရဲ့ခွင့်ပြုချက်မရှိပဲ ဓာတ်ပုံဖြင့်အရှက်ခွဲခြင်း၊ပုဂ္ဂိုလ်ရေးဆိုင်ရာတိုက်ခိုက်ခြင်း (Personal Attack)၊ (sex ဓါတ်ပုံပြ)ခြိမ်းခြောက်၍ငွေညှစ်ခြင်း၊အစော်ကားခံရခြင်းများကြုံတွေ့လာပါက ကာယကံရှင်ကိုယ်တိုင် ခိုင်လုံသောသက်သေအထောက်အထား (Electronic Record) ဖြင့် တရားစွဲဆိုနိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ သတင်းနှင့်နည်းပညာဌာနမှ ထုတ်ပြန်ထားပါသည်။ 
ထိုသို့တိုင်ကြားမှုများ
အတွက် ဖုန်းနံပါတ် ၀၆၇-၄၀၇၁၅၈ 
(Cyber Crime Police) သို့လည်းကောင်း၊
သက်သေအထောက်အထား ခိုင်လုံပါက သက်ဆိုင်ရာမြို့နယ် တရားရုံးနှင့် နယ်မြေရဲစခန်းများတွင်ဆက်သွယ်ရေးဥပဒေဖြင့် ဦးတိုက်လျှောက်ထား တိုင်တန်းနိုင်ပါသည်။ 
အကောင့်တု (Fake Account)များဖြင့် လုပ်ဆောင်နေမှုများအားလည်း 
စုံစမ်းအရေးယူနိုင်ရန် ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း အသိပေးအပ်ပါသည်။
(Myanmar Cyber Law)
ဆက်​သွယ်​​ရေးဥပ​ဒေ(Cyber Law)နှင့်​ ရာဇသတ်ကြီး​ဥပဒေပါခြိမ်း​ခြောက်​မှုမှတ်​စုများ
ဆက်​သွယ်​​ရေးဥပ​ဒေမ​ပေါ်​ပေါက်​မှီ ကျ​နော်​တို့နိုင်ံတွင်​ဆက်​သွယ်​​ရေးအတွက်​ စာတိုက်​မှာစာပို့စာယူစနစ်​နှင့်​​ကြေးနန်းစနစ်​ကိုကျယ်​ပြန့်​စွာအသုံးပြုခဲ့ပါသည်​။
၎င်းကို​ပြောပြရခြင်းမှာ၁၈၉၈ခုနှစ်​စာတိုက်​အက်​ဥပ​ဒေ၊၁၈၈၅ခုနစ်ေ​ကြးနန်းအက်​ဥ​ဒေ၊၁၉၉၃မြန်မာနိုင်​ငံကြိုးမဲ့​ကြေးနန်းအက်​ဥပ​ဒေတို့ရှိခဲ့​သော​ကြောင့်​ဖြစ်​ပါသည်​။သို့ရာတွင်​၂၀၁၃ခုနှစ်​မှစ၍ ​ကြေးနန်းဥပ​ဒေကိုဖျက်​သိမ်းကာ ဆက်​သွယ်​​ရေးဥပ​ဒေကိုပြဌာန်းလိုက်​ပါသည်​။
ဤအက်​ဥပ​ဒေထဲကပြစ်​ဒဏ်​ပုဒ်​မ ဖြစ်​တဲ့ နာမည်​ကြီး​နေတဲ့ဆက် သွယ်​​ရေးဥပေ​ဒဲ့၆၆(ဃ)လဲတခုအပါအဝင်​ဖြစ်​ပါသည်​။ဤပုဒ်​မသည်​ရဲအ​ရေးပိုင်​​သောပုဒ်​မဖြစ်​သည်​ ။တရားစွဲဆိုရာတွင်​ ဆက်​သွယ်​​ရေးဝန်​ကြီးဌာန၏ ခွင့်​ပြုချက်​ရရန်​လိုသည်​။
ထို့ပြင်​တဖန်​ယ​နေ့​ခေတ်​တရားစွဲဆို​နေတဲ့အီလက်​ထ​ရောနစ်​ဆက်​သွယ်​​ရေးဥပ​ဒေကို​တော့၂၀၁၄ခုနစ်​မှာပြဌာန်းခဲ့ပါသည်​။ဤအက်​ဥပ​ဒေက​တော့ အီလက်​ထ​ရောနစ်​ဆက်​သွယ်​​ရေးဥပ​ဒေပုဒ်​မ၃၄(ဃ)ဖြစ်​ပါသည်​။
ငှင်းအီလက်​ထ​ရောနစ်​ဆက်​သွယ်​​ရေးဥပ​ဒေတွင်​ ပုဒ်​မ၃၄ ​"မည်​သူမဆို​ ​အောက်​ပါပြုလုပ်​မှုတရပ်​ရပ်​ကိုကျူးလွန်​လျှင်​ထိုသူအား​ငွေဒဏ်​ကျပ်​သိန်း၅၀မှသိန်း၁၀၀အထိပြစ်​ဒဏ်​ချမှတ်​ခြင်းခံရနိုင်​ပါသည်​။
ငွေဒဏ်​မ​ဆောင်​ပါက​ထောင်​ဒဏ်​အနည်းဆုံး၁နှစ်​မှအများဆုံး၂နှစ်​ထိ ​ထောင်​ဒဏ်​ချမှတ်​ခြင်းခံရနိုင်​ပါသည်​။
၃၄(က)
အီလက်​ထ​ရောနစ်​မှတ်​တမ်း၊အီလက်​ထ​ရောနစ်​အချက်​အလက်​သတင်းလွှာ သို့မဟုတ်​အီလက်​ထ​ရောနစ်ပ​ရိုဂရမ်​တခုလုံးကိုဖြစ်​​စေ၊အီလက်​ထ​ရောနစ်​ပရိုဂရမ်​တခုလုံးကိုဖြစ်​​စေမရိုးမ​ဖြောင့်​​သောသ​​ဘောဖြင့်​ ​ပေးပို့ခြင်း၊​နှောက်​ယှက်​ခြင်း၊ပြုပြင်​ခြင်း၊​ပြောင်းလဲခြင်း၊ဖျက်​သိမ်းခြင်း၊ခိုးယူခြင်း၊ထိခိုက်​ဆုံးရှုံး​စေခြင်း။
  • မရိုးမ​ဖြာင့်​​သောသေ​ဘာဖြင့်​phoneမှ message​ပေးပို့ခြင်း၊email,g.mail,ကိုအသုံးပြု၍စာ​ပေးပို့်​ခြင်း၊Hackerဖြင့်​အ​ကောင့်​ခိုးယူခြင်း၊အ​ကောင့်​ဖျက်​ဆီးခြင်းဖြစ်​ပါသည်​။
၃၄(ခ)
မူလ​ဆောင်​ရွက်​​ပေးပို့သူနဲ့လက်​ခံသူတို့၏ခွင့်​ပြုချက်​မရှိပဲကွန်​ပြူတာကွန်ယက်​အတွင်းမှ ဆက်​သွယ်​မှုတခုကိုကြားဖြတ်​ခြင်း၊ဆက်​သွယ်​မှုတခုခုကိုအသုံးပြုခြင်း၊အခြားသူတဦးဦးအားထုတ်​​ဖော်​ခြင်း။
  • Hacker...မှခွင့်​ပြုချက်​မရှိပဲအ​ကောင့်​ကိုခိုးယူသုံးစွဲခြင်း သုံးစွဲပြီးအခြားသူများအားထုတ်​​ဖော်​ကြားခြင်း။
၃၄(ဂ)
ပုဂ္ဂိုလ်​တဦးဦး၏ခွင့်ြုပုချက်​မရှိပဲ သို့မဟုတ်​ သ​ဘောတူညီမှုမရှိပဲ လုံခြုံမှုအဆင့်​ထားရှိ​သောအမှတ်​၊စာကားဝှက်​၊သို​မဟုတ်​အီလက်​ထ​ရောနစ်​ထိုးမြဲလက်​မှတ်​ဖြင့်​ အခြားပုဂ္ဂိုလ်​တဦးဦးသို့ တိုက်ရိုက်​​ဖြစ်​​စေ၊သွယ်​ဝိုက်​၍ဖြစ်​​စေ၊ဆက်​သွယ်​အသုံးပြုခြင်း၊
၃၄(ဃ)
‌ပုဂ္ဂို​လ်​တဦးဦး၊ အဖွဲ့အစည်းတခုခုကို ထိခိုက်​နစ်​နာ​စေရန်​ဖြစ်​​စေ၊ဂိုဏ်​သိက္ခာကျဆင်း​စေရန်​ဖြစ်​​စေ၊သတင်းအချက်​အလက်​နှင့်​ အီလက်​ထ​ရောနစ်​နည်းပညာဖြင့်​ပြုလုပ်​ခြင်း၊ပြုပြင်​ခြင်း၊​ပြောင်းလဲခြင်း၊ထိုသို့်​ပြုလုပ်​ခြင်း၊ပြုပြင်​ခြင်း​.၊ပြောင်းလဲခြင်းဖြင့်​ပြုလုပ်​ထား​သောသတင်းအချက်​အလက်​တို့ကိုဖြန့်​ချီခြင်း။
  • Messenger boxမှ မရိုးမ​ဖြောင့်​​သော စာများ​ပေးပို့ခြင်း၊အ​ကောင့်​ပိုင်​ရှင်​၏ခွင့်​ပြုချက်​မရှိပဲအ​ကောင့်​များကို 
ခိုးယူသုံးစွဲခြင်း၊၊အီလက်​ထ​ရောစနစ်​ဖြင့်​ပြုလုပ်​ပြီး၊​ပြောင်းလဲပြီး၊photocommentများကိုဖြန့်​ချီခြင်း၊ဖြန့်​​ဝေခြင်း​တြို့ဖစ်​ပါသည်​။
ဆက်​သွယ်​​ရေးဥ​ဒေပုဒ်​မ၆၆
~~~~~~~~~~~~~~~~~~
၆၆။ မည်သူမဆို ပုဒ်​မခွဲ(က)(ခ)(ဂ) ပာပြစ်​မှုတရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်
       မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။
ပုဒ်​မခွဲ(ဃ)ပါပြစ်​မှုတရပ်​ရပ်​ကိုကျူးလွန်​ပါက.၂နှစ်​ထက်​မပို​သော​ထောင်​ဒဏ်​ဖြစ်​​စေ၊၁သိန်းထက်​မပို​သော​ငွေဒဏ်​ဖြစ်​​စေ၊ပြစ်​ဒဏ်​နှစ်​ရပ်​စလုံးဖြစ်​​စေ ချမှတ်​ခံရမည်​။
(က) ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ်စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိပဲ ဝင်ရောက်နှောင့်ယှက်
       ခြင်း၊စံချိန်စံညွှန်း သတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေ အထားကိုဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း
(ခ)ဆက်သွယ်ရေးကွန်ယက်ကိုထိခိုက်စေရန် ဗိုင်းရပ်စ်သို့မဟုတ် အခြားနည်းနဲ့ဝင်ရောက်စေခြင်း
(ဂ)ဆက်သွယ်ရေးကွန်ယက်ကိုသုံး၍ ငွေကြေးနဲ့ပစ္စည်းကိုခိုးယူခြင်း၊လိမ်လည်ခြင်း၊အလွဲသုံးစားလုပ်ခြင်းသို့မဟုတ်အကျိုး
    ပျက်စေခြင်း
(ဃ)ဆက်သွယ်ရေးကွန်ယက်ကိုသုံးပြီးလူတစ်ယောက်ကိုခြောက်လှန့်ခြင်း၊ အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊မလျှော်သြ
      ဇာသုံးခြင်း ၊ခြိမ်းခြောက်ခြင်း
  • ဆက်​သွယ်​​ရေးကွန်​ရက်​ဖြစ်​တဲ့ ဆက်​သွယ်​​ရေးဝန်​ကြီးဌာနကသတ်​မှတ်​ထား​သောဆက်​သွယ်​​ရေးပစ္စည်းမျာဖြစ်​သည့်​ကွန်​ပြူတာ၊မိုဘိုင်းဖုန်း၊​ဖေ့ဘုတ်​၊မက်​​ဆေ့ဂျား .......စသည့်​တို့ကိုအသုံးပြုပြီး​ငွေ​ကြေးလိမ်​လည်​ခြင်း၊​ငွေ​ကြေး(online shopမှ)အလွဲသုံးစားပြုခြင်း၊ဆက်​သွယ်​​ရေးကွန်​ရက်​ online line, hot lineက​နေ အသ​ရေဖျက်​ခြင်း၊ခြိမ်း​ခြောက်​ခြင်း၊မ​လျော်​သြဇာသုံးခြင်းတို့သည်​ဤုပုဒ်​မနှင့်​သက်​ဆိုင်​သည်​။
ရာဇသတ်​ကြီးဥပ​ဒေပါပြစ်​မှုမကင်း​သောခြိမ်း​ခြောက်​မတွင်​လည်း
×××××××××××××××××××××××
#ခြိမ်း​ခြောက်​ခြင်းနှင့်​နစ်​နာမှုအ​ကြောင်း
#ပြစ်​မှုအတွက်​ပြစ်​ဒဏ်​ပုဒ်​မများ
#ပြစ်​မှု​မြောက်​​စေမည့်​အင်္ဂါရပ်​များနှင့်​ပြစ်​ဒဏ်​များအ​ကြောင်း
#ရာဇသတ်ကြီးဥပေ​ဒ​ပာခြောက်​လှန်​မှုအတွက်​ပြစ်​ဒဏ်​ပုဒ်​မများက​တော့...
  • ပုဒ်​မ-၅၀၄ နိုင်​ငံ​တော်​ ငြိမ်​ဝပ်​​ ရေးပျက်​ပြားစေရန်​​စော်​ကားခြင်း။
  • ပုဒ်​မ-၅၀၅  ပြည်​သူအကျိုးပျက်​စီးမှုဖြစ်​​စေ​သော​ဖော်​ပြချက်​များ။
  • ပုဒ်​မ-၅၀၆  ​ခြောက်​လှန့်​မှုအတွက်​ပြစ်​ဒဏ်​။
  • ပုဒ်​မ-၅၀၇  ​မြောစာဖြင့်​ခြိမ်းေ​ခြာက်ခြင်း။
အထက်​ပါပုဒ်​မများအနက်​မှပထမဆုံးကျ​နော်​​လေ့လာမိတာက့၅၀၆ က
မည်​သူမဆိုပြစ်​မှုမကင်း​သော​ခြောက်​လှန့်​မှုကိုကျူးလွန်​လျှင်​ထိုသူကို ၂နှစ်​ထိ​ထောင်​ဒဏ်​တစ်​မျိုးမျိုးဖြစ်​​စေ၊​ငွေဒဏ်​ဖြစ်​​စေ၊ဒဏ်​​ငွေခြင်းခံရမည်​။
အကယ်​၍ခြိမ်း​ခြောက်​ခြင်းသည်....
##သေ​စေမည်​ဟု​သော်​ငှင်း၊ 
##အပြင်းအထန်​နာကျင်​​စေမည်​ဟု​သော်​လည်​​ကောင်း
##ပစ္စည်းကိုမီးဖြင့်​ပျက်​စီး​စေမည်​၊
##​သေဒဏ်​၊တစ်​ကျွန်းဒဏ်​၊ခုနစ်​နှစ်​ထိထိုက်​သင့်​​သောပြစ်​မှုတို့ကို ကျုးလွန်​မည်​ဟုလည်​​ကောင်း
   ထိုသို့ကျူးလွန်​​သောသူကို ခုနစ်​နှစ်​ထိ​ထောင်​ဒဏ်​ဖြစ်​​စေ၊​ငွေဒဏ်​ဖြစ်​​စေဒဏ်​နှစ်​ရပ်​လုံးဖြစ်​​စေချမှတ်​ခြင်းခံရမည်​ဖြစ်​ပာသည်​။
###ဤပုဒ်​မတွင်​ ပြစ်​ဒဏ်​(၂)မျိုးကို​တွေ့မြင်​​နေရရုံသာမက...
   ဟုခြိမ်း​ခြောက်​ခြင်းဖြစ်​ရမည်​။နစ်​နာ​စေခြင်းဆိုရာမှာလည်းရာဇသတ်​ကြီးဥပ​ဒေပုဒ်​၄၄အရကိုယ၊်စိတ်​၊ဂုဏ်​သ​ရေ၊ပစ္စည်း
    အား ဥပ​ဒေနှင့်​မညီ​သော၊ ထိခိုက်​​စေခြင်းဖြစ်​ပါသည်​။
(၂) ဒုတိယပိုင်းက​တော့အထက်​ပါပထမပိုင်းထက်​ဆိုး​သော အ​ခြေအ​နေအတွက်​ကြီး​လေး​သောပြစ်​ဒဏ်​သတ်​မှတ်​ထားပါသည်​။
##သေ​စေမည်​ဟု​သော်​ငှင်း၊
##အပြင်းအထန်​နာကျင်​​စေမည်​ဟု​သော်​လည်​​ကောင်း
##ပစ္စည်းကိုမီးဖြင့်​ပျက်​စီး​စေမည်​၊
##​သေဒဏ်​၊တစ်​ကျွန်းဒဏ်​၊ခုနစ်​နှစ်​ထိထိုက်​သင့်​​သောပြစ်​မှုတို့ကို ကျုးလွန်​မည်​ဟုလည်​​ကောင်း
   ထိုသို့ကျူးလွန်​​သောသူကို ခုနစ်​နှစ်​ထိ​ထောင်​ဒဏ်​ဖြစ်​​စေ၊​ငွေဒဏ်​ဖြစ်​​စေဒဏ်​နှစ်​ရပ်​လုံးဖြစ်​​စေချမှတ်​ခြင်းခံရမည်​ဖြစ်​ပာသည်​။
ပုဒ်​မ၅၀၇ ​မြောစာဖြင့်​ခြိမ်း​ခြောက်​ခြင်း
မည်​သူမဆို​ပစ်​စာဖြင့်​​သော်​လည်​​ကောင်း၊ခြိမ်း​​ခြောကိသူ၏အမည်​၊​နေရပ်​ထိန်​ချန်​ပြီး ပြစ်​မှုမကင်း​သော​ခြောက်​လှန့်​မှုကိုကျူးလွန်​လျှင်​ ထိုသူကို အထက်​ပါပုဒ်​မ၅၀၆မှပြစ်​ဒဏ်​အပြင်​၊၂နှစ်​အထိ​ထောင်​ဒဏ်​ချမှတ်​ခံရမည်​။
ပုဒ်​မ၅၀၄ .နိုင်​ငံ​တော်​ငြိမ်းဝပ်​​ရေးကို​စော်​ကားခြင်း
ဤပုဒ်​မက​တော့ မည်​သူမဆိုတစုံတ​ယောက်​​သောသူက အခြားသူတဦးဦးကို တမင်း​စော်​ကာ၍​ဒေါသထွက်​​အောင်​ပြုသည်​တွင်​ ထိုသူ၏ ​ဒေါသထွက်​၍ြုပုမူခြင်းက နိုင်​ငံ​တော်​ငြိမ်​ဝပ်​ပိပြားမှုကိုပျက်​စီး​စေရန်​အကြံဖြင့်​ပြုလုပ်​ခြင်းဖြစ်​ဖြစ်​၊အခြားပြစ်​မှုတခုကျူးလွန်​​စေရန်​အကြံဖြင့်​ဖြစ်​​စေ၊ထိုသို့ကျူးလွန်​မည်​ကိုသိလျက်​နှင့်​ပြုခြင်းဖြစ်​လျှင်​၂နှစ်​ထိ​ထောင်​ဒဏ်​တစ်​မျိုးမျိုးဖြစ်​​စေ၊ ​ငွေဒဏ်​ဖြစ်​​စေ၊ဒဏ်​နှစ်​ရပ်​လုံးဖြစ်​​စေချမှတ်​ခြင်းခံရမည်​။
######  ဤပုဒ်​မက​တော့မိဘပြည်​သူများကြားဖူးကြပါလိမ့်​မယ်​။
ပုဒ်​မ..၅၀၅။ ။မည်​သူမဆို​ဖော်​ပြချက်​ကိုဖြစ်​​စေ၊ ​ကောလဟာလကိုဖြစ်​​စေသတင်းကိုဖြစ်​​စေ ပြုရာတွင်​(သို့မဟုတ်​) ထုတ်​ပြန်​​ကြေညာရာတွင်
၅၀၅(က)  ပြည်​​ထောင်​စုတပ်​မ​တော်​တခုခုမှ အရာရှိအား၊တပ်​သားအား စစ်​ပုန်​ကန်​ခြင်းကို​သော်​လည်း​ကောင်းသက်​ဆိုငိရာမိမိတာဝန်​ဝတ္တာရားများမ​လေးစားခြင်းကို​သော်​လည်​​ကောင်း၊ပျက်​ကွက်​ခြင်း​သော်​လည်​​ကောင်းပြု​စေရန်​အကြံရှိလျှင်​ပြု​စေတန်​ရာသည့်​​ကြောင်းရှိလျှင်
၅၀၅(ခ) နိုင်​ငံ​တော်​အစိုးရကိုဖြစ်​​စေ၊နိုင်​ငံ​တော်​ငြိမ်​ဝပ်​ပိပြား​ရေးကိုဖြစ်​​စေ၊ထိခိုက်​က်​သည့်​ပြစ်​မှုကို တဦးတ​ယောက်​ကကျူးလွန်​လာချင်​​အောင်​၊အများပြည်​သူကို​သော်​လည်​​ကောင်း၊ အများပြည်​သူတို့၏်​သီးခြားလူတစုကို​သော်​လည်​​ကောင်း ​ကြောက်​ခြင်း၊ထိတ်​လန့်​​စေခြင်း၊တခုခုဖြစ်​​စေတန်​ရာသည့်​အ​ကြောင်းရှိလျှင်
၅၀၅(ဂ) လူအမျိုးအစားအချင်းချင်းကိုဖြစ်​​စေ၊လူမျိုးစုအချင်းချင်းပိုဖြစ်​​စေ၊ တဖက်​နဲ့တစ်​ဖက်​ပြစ်​မှုကျူးလွန်​​အောင်​လှုံ့​ဆော်​ရန်​အကြံရှိလျှင်​ ထိုသူကိုနှစ်​နှစ်​ထိ​ထောင်​ဒဏ်​ဖြစ်​​စေ ၊​ငွေဒဏ်​ဖြစ်​​စေ၊ဒဏ်​နှစ်​ရပ်​လုံးဖြစ်​​စေချမှတ်​ရမည်​။
သို့ရာတွင်​ကင်းလွတ်​ချက်​အ​နေနဲ့က​တော့ အဆိုပါထုတ်​ပြန်​သည့်​သတင်းသည်​ကောလဟာလမတ်​ပဲအမှန်​သတင်းဖြစ်​ခြင်းဟုယုံကြည်သည့်​အပြင်​ အထက်​က (က)(ခ)(ဂက)ပါအချက်​များ၏အကြံမရှိပဲပြုလျှင်​၊သတင်းထုတ်​ပြန်​ဟ​ကြေငြာလျှင်ဤပုဒ်​မ၏အဓိပ္ပါယ်​အရပြစ်​မှုမ​မြောက်​ဟုပြဌာန်းထားပါသည်​။
ဒီလိုဥပ​ဒေ​တွေ​ဖော်​ပြထားသည့်​အတွက်​ အီလက်ထရောနစ်နည်းပညာကိုသုံးပြီး မည်​သူ့ကိုမဆိုဥပ​ဒေနှင့်​အညီအ​ရေးယူကြလို့ရပါတယ်​ဗျာ။
Ref:စိုင်းဇင်လင်းဦးFB: https://www.facebook.com/199037473461517/posts/2228408460524398?sfns=mo
*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!