ကိုသစ္စာ(မုံရွာ)
မုံရွာ၊ ဧပြီ ၁- မုံရွာခရိုင် ဘုတလင်မြို့နယ်တွင် စွန့်ပစ် ပလတ်စတစ်မှ စက်သုံးလောင်စာဆီဖြစ်သော ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဓာတ်ငွေ့လောင်စာ၊ မီးထိုးဆီထုတ်လုပ်နိုင် သောစက်ရုံကို စမ်းသပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း သိရ သည်။
အဆိုပါစက်ရုံ အောင်မြင်မှုရရှိရန်အတွက် တစ်နှစ်ကျော်အချိန်ယူခဲ့ရပြီး ဓာတ်ခွဲခန်းအဆင့်မှ စက်ရုံ အဆင့်သို့ တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်ခဲ့၍ ယခုအခါ အင်ဂျင်အသေးထဲ၌ ထည့်သွင်းမောင်းနှင်ခြင်းပြုလုပ်နိုင် ပြီဖြစ်သည်။
''စက်ရုံအတွက် ကုန်ကြမ်းတွေကို ပြည်တွင်း မှာပဲ အကုန်အကျသက်သာစွာ ၀ယ်ယူတပ်ဆင်နိုင်ပါ တယ်။ စက်ရုံတည်ဆောက်ဖို့အချိန်က ခြောက်လယူရ မှာပါ။ အဓိကကတော့ နေ့စဉ် လူတွေစွန့်ပစ်တဲ့ပလတ် စတစ်တွေကို တတ်နိုင်သမျှ လျော့ပါးသွားအောင်လို့ပါ။ ပလတ်စတစ်ကနေ အခြားသောပစ္စည်းတွေကို ပြုလုပ် ကြပေမယ့် အချိန်အတိုင်းအတာတစ်ခုပဲ ရနိုင်ပါတယ်။ ဥပမာ- စွန့်ပစ်ပလတ်စတစ်ကနေ ထိုင်ခုံပြုလုပ်တယ် ဆိုပါစို့။ အဲဒီဟာမပျက်မချင်း လူတွေသုံးစွဲကြဦးမှာပါ။ လူတွေစွန့်ပစ်တဲ့ပလတ်စတစ်အရေအတွက်နဲ့ ရီဆိုက် ကယ်ပြန်လုပ်တဲ့ပစ္စည်းက မမျှတပါဘူး။ ပလတ်စတစ်ကို အပျောက်ရှင်းနိုင်ဖို့ရာ လောင်စာဆီထုတ်လုပ်ခြင်းကပဲ အဓိကတာဝန်ယူနိုင်မှာမို့ ကြိုးစားပြီး စမ်းသပ်ထုတ် လုပ်ခဲ့တာပါ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ရော၊ လောင်စာဆီပြဿနာများပါဖြေရှင်းနိုင်ဖို့ ရည်ရွယ်တာ ပါ''ဟု ချင်းတွင်းဓာတုလုပ်ငန်းမှ ဓာတုအင်ဂျင်နီယာ ဦးသန့်ဇင်ထွန်း B.E (Chemical Engineering)က ဆိုသည်။
''စွန့်ပစ်ပလတ်စတစ်တွေကို ဘာမှဆေး ကြောစရာမလိုဘဲ စက်ထဲထည့်လို့ရပါတယ်။ တာယာ ကနေ လောင်စာဆီထုတ်လို့ရပေမယ့် အရည်အသွေး သိပ်မကောင်းပါဘူး။ ကျွန်တော်တို့က စွန့်ပစ်ပလတ်စတစ် ကနေ တန်ဖိုးရှိတဲ့လောင်စာဆီဖြစ်ဖို့ပါ။ စက်ရုံကို ဈေး ကွက်အဆင့်ထိချဲ့နိုင်ရင် ရင်းနှီးမြှုပ်နှံသူအတွက် သေ ချာပေါက် အကျိုးအမြတ်ရစေမှာပါ။ ကုန်ကြမ်းပလတ် စတစ်ကို စည်ပင်နဲ့ ပလတ်စတစ်ဒိုင်တွေဆီက ဆက် သွယ်စုဆောင်းရမှာပါ။ ပလတ်စတစ်တစ်တန် ပိဿာ ချိန် ၆၀၀ကို ဓာတ်ဆီ၊ ဒီဇယ် နှစ်မျိုးပေါင်း ပီပါလေးလုံး ထွက်ပါတယ်။
စက်ရုံကတော့ နှစ်မျိုးလုံးထွက်ပေမယ့် တစ်မျိုးပဲလိုချင်ရင် နည်းပညာပိုင်း အနည်း ငယ်ပြုပြင်ရမှာပါ။ စက်ရုံကနေ တစ်နေ့ကို ၁၀ပီပါကနေ ပီပါ ၂၀၊ ပီပါ ၂၀ကနေ ၅၀ အထိ၊ ပီပါ ၅၀ကနေ ပီပါ ၁၀၀ကျဆိုပြီး သုံးမျိုးခွဲထားပါတယ်။ လေထုညစ်ညမ်း မှုကိုလဲ နည်းနိုင်သမျှနည်းအောင် ကြိုးစား ထားပါတယ်။ နောက်ပြီး သဘာဝလောင်စာ ဖြစ်တဲ့ စပါးခွံ၊ လွှစာ၊ ကျောက်မီးသွေးတွေ နဲ့ ထင်းအစားထိုးသုံးနိုင်ဖို့ စီစဉ်ထားပါ တယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော်တတ် ထားတဲ့ ကျောင်းကပေးတဲ့ပညာရယ်၊ လေ့ လာမှုရယ်၊ နည်းပညာရယ်ပေါင်းပြီး ပလတ် စတစ်ကို လုံးဝပျောက်အောင် ရည်ရွယ် ထားပါတယ်''ဟု ယင်းက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး စမ်းသပ်မှုဖြစ်လာမည့် ပြည်တွင်းပညာရှင် ဦးသန့်ဇင်ထွန်း စမ်းသပ်တီထွင်သောအဆို ပါစက်ရုံငယ်ကို မုံရွာခရိုင် ဘုတလင် မြို့နယ် မြ၀တီရပ်ရှိ ငါးဧကကျယ်ဝန်းသော မြေနေ ရာတွင် တည်ဆောက်ထုတ်လုပ်လျက်ရှိပြီး အကြီးစားစက်ရုံတည်ဆောက်၍ ဈေး ကွက်အဆင့် ထုတ်လုပ်ချင်သူများ အနေ ဖြင့် ချင်းတွင်းဓာတုလုပ်ငန်း ဖုန်း ၀၉ ၇၃၀ ၅၉၄၄၃၊ ၀၉- ၂၁၇၃၉၆၅ တို့သို့ ဆက် သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
Ref:theyangontime
Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment