Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Tuesday, May 3, 2011
လည်ချောင်းကင်ဆာ ဒုတိယအဖြစ်အများဆုံးဖြစ်နေ
သဲသဲထွေး
အတွဲ ၂၆ ၊ အမှတ် ၅၁၅ (၂၉၊၄ - ၅၊၅ ၊ ၂၀၁၁)
မြန်မာနိုင်ငံတွင် အဖြစ်များသည့်ရောဂါ များတွင် လည်ချောင်းကင်ဆာသည် နံပါတ်(၂)နေရာတွင် ရောက်ရှိနေပြီး လည်ချောင်း ကင်ဆာ အဖြစ်များလာရသည့် အဓိကအကြောင်းရင်းမှာ ဆေးလိပ်နှင့် အရက်များကို သုံးစွဲကြခြင်း ကြောင့်ဖြစ်သည်ဟု နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် ဒေါက်တာဝင်းထိုက်ကြည်က ပြောသည်။
အဆိုပါလည်ချောင်းကင်ဆာတွင် အသံအိုးကင်ဆာ၊ အစာမျိုပြွန်ကင်ဆာ နှင့် အစာမျိုပြွန်အ၀ကင်ဆာဆိုပြီး သုံးမျိုး ပါဝင်သည်။ "ဆေးလိပ်၊ အရက်တွေကြောင့် ရောဂါတွေဖြစ်တယ်လို့ သတိပေးနေ တာ ကြာနေပြီ။ ဒါပေမယ့် ဆေးလိပ်၊ အရက်တွေရဲ့ ဆွဲဆောင်မှုအားကလည်း များတယ်ဆိုတော့ သိတာ သိတယ်လိုက်မလုပ်ကြဘူး" ဟု ၎င်းက ပြောသည်။
အသံအိုးကင်ဆာသည် အမျိုးသား များတွင် အဖြစ်များပြီး အစာမျိုပြွန်အ၀ ကင်ဆာမှာ အမျိုးသမီးများတွင် အဖြစ် များကြောင်း သိရသည်။
သို့သော်လည်း လည်ချောင်းဆရာ ၀န်များထံသို့ ရောက်လာသော လူနာ များမှာ ရောဂါဖြစ်ပြီး နောက်ကျမှသာ ရောက်လာလေ့ရှိပြီး စောလာသည့် လူနာမှာ အလွန်နည်းသည်ဟုဆိုသည်။
မည်သူမဆို အသံဝင်တာ သုံးပတ် ထက်ကြာလျှင်၊ အသက် ၄၀ အထက် အမျိုးသားများ လည်ပင်းတွင် တစ် စင်တီမီတာထက်ကြီး သည့် အကျိတ် ဖြစ်ပြီဆိုပါက နားလည်တတ်ကျွမ်းသည့် ဆရာဝန်နှင့် ကင်ဆာရှိမရှိ သေချာအောင် စစ်ဆေးရမည်ဟု ဒေါက်တာ ၀င်းထိုက်ကြည်က အကြံပြု ပြောကြားသည်။
"လည်ပင်းအကျိတ်ထွက်တဲ့အခါ တစ်စင်တီမီတာထက်ကြီးရင် စုတ်ထိုး တာ၊ အနာပေါက်ဆေးတွေ လိမ်းတာ တွေ မလုပ်ပါနဲ့။ အဲဒီလိုလုပ်တဲ့အတွက် ရိုးရိုးအနာဆိုရင်တော့ ပျောက်ရင် ပျောက်မယ်။ ကင်ဆာဆိုရင်တော့ မပျောက်ပါဘူး။ "လည်ပင်းမှာ အကျိတ်ဖြစ်ပြီဆိုရင် ရိုးရိုးအကျိတ်လား၊ ကင်ဆာလားဆို တာ ကွဲကွဲပြားပြားသိအောင် လုပ်ရ မယ်။ ရိုးရိုးအကျိတ်ဆိုရင် ကိစ္စမရှိပေ မယ့် ကင်ဆာဆိုရင်ရောဂါကို သွားဆွ သလိုဖြစ်ပြီး ပိုဆိုးသွားတတ်တယ်။ "ရောဂါဖြစ်နေတဲ့သူတွေလည်း ဆရာဝန်က လိုအပ်လို့ ခွဲမကုဘဲနဲ့ ဓာတ် ရောင်ခြည်နဲ့ကုတဲ့အခါ တခြားသူ တွေပြောတဲ့ စကားတွေကို နားမယောင် ပါနဲ့။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာပါ"ဟု ၎င်းက ဆိုသည်။
အသံအိုးကင်ဆာဖြစ်ပြီဆိုပါက အစားအသောက်ပျက်ခြင်း၊ ဖျားနာခြင်း စသည့် သံသယဖြစ်စရာ လက္ခဏာများ ဖြစ်ပေါ်ခြင်းမရှိဘဲ အသံဝင်သည့် လက္ခဏာသာဖြစ်ပေါ်ကာ နှစ်ပတ်၊ သုံးပတ် ဆက်တိုက် အသံဝင်တတ်ပြီး ပြန်မကောင်းတော့ဟု သိရသည်။
"အသံအိုးကင်ဆာ အဆင့်နိမ့်တယ် ဆိုရင် အသံဝင်တာပဲရှိတယ်။ ရောဂါနု တုန်းမှာ ဘာလက္ခဏာမှမရှိဘူး။ အဲဒီ အချိန်မှာလာပြရင် ၁၀၀ ရာခိုင်နှုန်း နီးနီး ကုလို့ပျောက်တယ်။ ပုံမှန် အအေး မိ၊ နှာစေး၊ ချောင်းဆိုးဆိုရင် တစ်ပတ် အတွင်း ပြန်ကောင်းတယ်။ "အသံဝင်တာက လူတိုင်းဖြစ်နေကျ ဆိုတော့ ဒီလက္ခဏာတွေက ကင်ဆာ ဖြစ်ဖို့ ရောဂါလက္ခဏာဆိုတာကို လူတိုင်းသိပ်မသိကြဘူး။ အရေးကြီးဆုံး အချက်က ဘာကြောင့်ပဲအသံဝင်ဝင် နှစ်ပတ်သုံးပတ်ထက် ပိုကြာရင် ကင်ဆာဟုတ်မဟုတ် စစ်ဆေးသင့် တယ်" ဟု ဒေါက်တာဝင်း ထိုက်ကြည်က ပြောသည်။
အသံအိုးကင်ဆာ ဖြစ်ပြီဆိုပါက အသံဝင်သည့်ရက်ကြာသည်နှင့်အမျှ ကင်ဆာလုံးကကြီးကြီးလာပြီး အသက်ရှူသည့်အခါ အသက်ရှူကျပ်လာကြောင်း၊ နောက်ပိုင်းတွင် အသက်ရှူသည့်အခါ ရှူး..ရှူး ဆိုသည့်အသံများ မြည်လာသည်။
ယင်းသို့ဖြစ်ပေါ်လာပါက အသက်ရှူရန်အတွက် လည်ပင်းတွင် အပေါက်ဖောက်ရကြောင်း သိရသည်။
အဖြစ်အများဆုံးရောဂါများတွင် အဆုတ်ကင်ဆာသည် နံပါတ်(၁)နေရာတွင်ရှိပြီး နံပါတ်(၃)နေရာတွင်ရှိသည့် အစာအိမ်ကင်ဆာသည် ဆေးလိပ်ကြောင့်ဖြစ်သည့်ရောဂါဖြစ်သည်။
Ref:Myanmartimenews
Subscribe to:
Post Comments (Atom)

No comments:
Post a Comment