| အခြေခံလူတန်းစားများနှင့် လူလတ်တန်းစားများကို ဦးတည်၍ ငွေကျပ်တစ်သိန်းမှ ငါးသိန်းအထိ အပ်နှံငွေများကို အကာအကွယ် ပေးသွားမည့် အပ်ငွေအာမခံစနစ်ကို ပုဂ္ဂလိကဘဏ်ငါးဘဏ် စတင် ထားရှိထားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ အပ်ငွေအာမခံကို ဘဏ်များမှ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အာမခံထားရှိ ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အမိန့်စာထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်အထိ ပုဂ္ဂလိကဘဏ် ငါးဘဏ်မှ အပ်ငွေအာမခံစတင် ထားရှိထားခြင်းဖြစ်သည်။ အပ်ငွေအာမခံ စတင်ထားရှိသည့် ဘဏ်များမှာ အာရှရန်ကုန်ဘဏ်၊ ရတနာပုံဘဏ်၊ စည်ပင်သာယာရေးဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးအပ်ငွေ အာမခံစနစ် (Deposit Insurance) သည် မြန်မာ့အာမခံလုပ်ငန်းမှ ၀န်ဆောင်မှု ပေးလျက်ရှိသည့် အာမခံအမျိုးအစားပေါင်း ၄၆ မျိုးအပြင် ၂၀၁၁ ခုနှစ်တွင် အသစ်ထပ်မံ ၀န်ဆောင်မှု ပေးသော အာမခံအမျိုးအစား ဖြစ်ပြီး ဘဏ်များအနေဖြင့်လည်း ယခင်က ဘဏ်အဆောက်အဦ၊ ငွေပို့ငွေလွှဲ၊ ဘဏ်ပိုင်ဆိုင်မှုများကိုသာ အာမခံထားရှိကြပြီး အပ်ငွေနှင့် ပတ်သက်သော အာမခံမရှိခဲ့၍ ယခုအပ်ငွေ အာမခံစနစ်သည် မြန်မာ့အာမခံသမိုင်း တစ်လျှောက်နှင့် ဘဏ်သမိုင်း တစ်လျှောက်တွင် ပထမဦးဆုံးဆောင်ရွက်သည့် အာမခံအမျိုးအစား ဖြစ်သည်။ “ဒီအပ်ငွေအာမခံစနစ်က ထားရှိရမှာက ဘဏ်တွေကဖြစ်ပြီး အကျိုးခံစားခွင့်ရမှာက ငွေအပ်နှံထားသူတွေပါ။ ဒါကြောင့် ကျပ်တစ်သိန်း ကနေ ငါးသိန်းအထိ အပ်နှံထားတဲ့ အခြေခံလူတန်းစားနဲ့ လူလတ်တန်း စားတွေကို ကာကွယ်ပေးတဲ့ စနစ်လို့ ပြောတာပါ။ တစ်ဖက်ကလည်း အာမခံထားတဲ့ ဘဏ်တွေကို ယုံကြည်မှု ပိုစေပါတယ်”ဟု မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာ မောင်မောင်သိမ်းက ပြောပြခဲ့သည်။ အပ်ငွေအာမခံ အမျိုးအစားသည် ဘဏ်များအပေါ် ငွေအပ်နှံသူများ ယုံကြည်မှု ပိုရှိလာစေရန်နှင့် ငွေသား လုံခြုံမှုရှိစေရန်၊ ဘဏ်စနစ် ပိုမို ကောင်းမွန်စေရန် အကာအကွယ်ပေးမည့် အာမခံအမျိုးအစားဖြစ်ပြီး ယင်း အာမခံကို ထားရှိထားပါက ဘဏ်များ ဒေ၀ါလီခံရသည့်တိုင် ပြန်လည်၍ လျော်ကြေးငွေ ရရှိမည်ဖြစ်သည်ဟု သိရသည်။ |
Popular Posts!
-
Consulting to become a Network Engineer ================================== - junior network engineer တစ်ယောက်အနေနဲ့ အလုပ...
-
Credit@ Ko Nge ကားပါမစ်တွေထုတ်မပေးတော့ဘူးလို့ ကောလဟသသတင်းလေးတွေကြားနေရပြီး သေချာသိချင်လို့အစိုးရရဲ့ Commerce Website က ကားသတင်းတွေက...
-
မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ (SME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေထုတ်ပေးရန် စင်ကာပူနိုင်ငံမှ ငွေးကြေးအဖ...
-
We make tools Your make do! သူငယ်ချင်းတယောက်က သူဖုန်းလိုင်းသက်တန်းတိုး အသစ်ပြန်စာချုပ်ချုပ်ရတော့မှာမို့..... မူရင်းlock ပိတ်ထားတဲ့iphon...
-
ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင် ၉၀ ကျော်အနက် ၂၈ ဦး၏ ရုပ်အလောင်းများ ရှာတွေ့ (အသက်(၁၀)နှစ်အောက် အမျိုးသားအလောင်းခြောက်လောင်း ပါ...
-
MAC OS Keyboard shortcuts လေးတွေမသိရင်တော်တောကို ဒုက္ခပေးပါတယ်... အခုလဲသုံးနေရင်းနှင့် အဆင်မပြေတာနှင့် Shortcut Keysတွေကို ရှာလိုက်တ...
-
Radio တစ်ခု Run တာခက်ခဲတယ့် အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဓိက အချိန်နဲ့ လူအင်အား ရှိဖို့တော့ လိုပါတယ်။ ကျွန်တော်ဒီ Tutorial ကိုကိုယ...
-
တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ VOA တွေ့ဆုံမေးမြန်းခန်း နိုင်ငံတော်ရဲ့အမြင့်ဆုံးအာဏာဘယ်သူဆီမှာရှိ့သလဲအတိအကျအထောက်အထားနဲ့တကွရှင်းပြထားတဲ့ေ...
Monday, December 26, 2011
အခြေခံလူတန်းစားများနှင့် လူလတ်တန်းစားများကို ဦးတည်၍ ငွေကျပ်တစ်သိန်းမှ ငါးသိန်း အထိအပ်နှံငွေများကို အကာအကွယ် ပေးမည့် အပ်ငွေအာမခံစနစ်ကို ပုဂ္ဂလိကဘဏ် ငါးဘဏ်စတင်ထားရှိ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment