| Sunday, 29 April 2012 00:33 |
မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့တွင်ရှိသော နိုင်ငံခြား ငွေစာရင်းထဲတွင်ရှိသော ဒေါ်လာများကို ပြည်ပပို့ကုန်မှ ရငွေအဖြစ် သတ်မှတ်၍ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိပြီး ၀င်ငွေခွန် ၂ ရာခိုင်နှုန်း ဖြတ်တောက်မှုကို မေလ ၁ ရက်နေ့မှစ၍ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သိရပါသည်။ ''နိုင်ငံခြားငွေစာရင်း (Foreign Currency account) မှာရှိတဲ့ ဒေါ်လာတွေအားလုံး earning မှ သဘောမျိုး လွတ်လပ်စွာရောင်း ၀ယ်ခွင့်ရှိသလို၊ စာရင်းဖွင့်ထားတဲ့ငွေကို အသွင်းအထုတ်လုပ်တဲ့အခါ ပြည်တွင်းအခွန်က ဖြတ်တဲ့ ၂ ရာခိုင်နှုန်းကိုလည်း မေလ ၁ ရက်နေ့ကစပြီး မဖြတ်တော့ဘူး။ အဲဒါကြောင့် နိုင်ငံခြားငွေစာရင်းထဲက ငွေတွေအားလုံး earning အဖြစ်သတ်မှတ်လို့ ရပါတယ်။ ဒါကြောင့် ဒေါ်လာကတစ်ဈေး၊ earning က တစ်ဈေးဆိုပြီး ဆိုးဆိုးဝါးဝါး တက်သွားတာမျိုး မဖြစ်နိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ တစ်ပတ်ဆို ဒေါ်လာဈေးက ကျပ် ၈၂၀ ၀န်းကျင်မှာ ပြည်ပပို့ကုန်က ရငွေကကျပ် ၈၆၀ လောက် ဖြစ်သွားခဲ့တယ်။ ဒါကြောင့် အခု ၂ ရာခိုင်နှုန်းလည်း မဖြတ်တော့ဘူး။ ဒါ့အပြင် နိုင်ငံခြားငွေရောင်းဝယ်နေတဲ့ လိုင်စင်ရတဲ့ဘဏ်တွေဆီက ပိုက်ဆံလည်း မဖြတ်ဘူး။ သူတို့ဘာသာ သူတို့ account transfer နဲ့ရောင်းဖို့ ခွင့်ပြုထားတဲ့ ပမာနကလည်း + ၀ ဒသမ ၃ ရာခိုင်နှုန်းနဲ့ - ၀ ဒသမ ၃ ရာ ခိုင်နှုန်းပဲရှိရမယ်။ ဒါထက်ကျော်လွန်ပြီး ရောင်းခွင့်မရှိဘူးဆိုတဲ့ သတ်မှတ်ချက်ရှိတယ်။ ဒီစနစ်အရဆိုရင် ဒေါ်လာကကျပ် ၈၂၃ ဆိုရင် earning က ကျပ် ၈၂၆ လောက်ပဲ ရှိမယ်။' ဟု မြန်မာနိုင်ငံတော်ဗ ဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ငွေကြေးစနစ်ပြောင်းလဲမှုကို နိုင်ငံတကာနှင့် လိုက်လျောညီထွေဖြစ်လာစေရန် ပြုပြင်ဆောင်ရွက်နေကြောင်း၊ ယခင်က အစိုးရဈေးနှုန်း ၆ ကျပ်၊ ဦးပိုင် ၄၅၀ကျပ်နှင့် အပြင်ဈေးကွက် informal market ပေါက်ဈေးဟူ၍ အမျိုးမျိုး ဖြစ်နေရာမှ ဧပြီလ ၂ ရက်နေ့မှစပြီး ယင်းစနစ်များကို ဖျက်သိမ်းလိုက်ကြောင်း၊ ထို့အတူ option ပြုလုပ်ပြီး ဗဟိုဘဏ်မှ exchange rate တစ်မျိုးထဲကို အတည်ပြုလုပ်ခဲ့သည်။ ထို့အတွက် ၀န်ကြီးဌာနများ၊ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများပါမကျန် နေ့စဉ်ကြေညာသည့် rate ပေါ်တွင် အခြေခံပြီး ဆောင်ရွက်နေကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်အား အထူးထုတ်ယူခွင့်(SDR) တစ်ယူနစ်လျှင် ကျပ် ၈ ဒသမ ၅၀၈၄၇ ဖြင့် ချိတ်ဆက်သတ်မှတ်ခဲ့သည့်စနစ်မှ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ် (Managed Floating Exchange Rate Regime) သို့ စတင် ပြောင်းလဲသည့်အနေဖြင့် ၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်သည့် ပထမအကြိမ် နိုင်ငံခြားငွေများ ဈေးပြိုင်စနစ်ဖြင့်ဝယ်ယူခြင်း Foreign Exchange Auction အား ပြုလုပ်၍ စနစ်သစ်အတွက် ပထမဆုံး Reference Rate ကို ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ Ref:elevemweelky |
Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Wednesday, May 2, 2012
နိုင်ငံခြားငွေစာရင်းထဲတွင်ရှိသော ဒေါ်လာများကို ပြည်ပပို့ကုန်မှ ရငွေအဖြစ် သတ်မှတ်၍ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိပြီး ၀င်ငွေခွန် ၂ ရာခိုင်နှုန်း ဖြတ်တောက်မှုကို မေလ ၁ ရက်နေ့မှစ၍ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သိရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment