“တွယ်တာမှု ကိုဖယ်ရှားခြင်း”
•••••••••••••••••••••••••••••••••••
သတ္တဝါ အပေါ်မှာ တွယ်တာမှု ၊လူအပေါ်မှာ တွယ်တာမှုနော်
တွယ်တာမှုရှိပြီဆိုရင် “အသုဘ ဘာဝနာ” ကိုပွားပြီးဖယ်ရှားရမယ်။
ဒါ ဖယ်ရှားတဲ့ နည်းစနစ်တစ်ခုပဲ။
ကာမစ္ဆန္ဒဆိုတဲ့ နီဝရဏကို ဖယ်ရှားချင်လို့ရှိရင် ဟုတ်လား၊
အဲဒီလောဘ မဖြစ်အောင် ဆန့်ကျင်ဘက် အာရုံတစ်ခုခုယူရမယ်။
လှတယ်ထင်ပြီးတော့ ကိုယ့် စိတ်က လောဘဖြစ်ရင်
မလှတာကို ရွေးပြီးတော့ ရှာတွေးရမယ်လို့ဆိုလိုတာ။
လှတယ်လို့တွေးနေလို့ရှိရင်
ဒါတွေက လာတော့မှာပေါ့နော်။
ကြည့်ပါလား “ဓမ္မပဒ” မှာ ဟောထားတာရှိတယ်
လေ “သုဘာနု ပဿိံ ဝိဟရန္တံ၊ ဣန္ဒြိယေသု အသံဝုတံ”တဲ့။
လှတယ်လို့ ရှုနေမယ်၊ ဣနြေ္ဒကို ထိန်းသိမ်းစောင့်ရှောက်မှု
မဖြစ်ဘူး ဆိုလို့ရှိရင် အဲဒီပုဂ္ဂိုလ်မှာ ကာမစ္ဆန္ဒ ဆိုတဲ့ လောဘတွေ
လွှမ်းမိုးသွားမှာပဲ။အဲဒါကြောင့်မို့လို့ မလွှမ်းရအောင်
“အသုဘာနု ပဿိံ ဝိဟရန္တံ၊ ဣန္ဒြိယေသု သုသံဝုတံ”
ဣနြေ္ဒကို ထိန်းသိမ်း စောင့်ရှောက်ပြီး မလှပဘူးဆိုတာကို
မြင်အောင်ကြည့်ရ မယ်လို့ ဒီလိုပြောတာ။
●အေး . . . ဗမာတွေက အသုဘဆိုရင်
“အနိစ္စရောက်သူ” လို့ပဲ အောက်မေ့နေတာ။
သေမှ အသုဘလို့ ထင်တာ နော်။
အခုဟာက အသုဘကို သိအောင်လုပ်ဖို့ လိုတာပေါ့။
မသေခင်က အသုဘ ဆိုတာ။
ဟုတ်တယ်လေမနက် မိုးလင်းလာလို့ရှိရင်
ဘာအရင်လုပ်ရတုန်း။
(မျက်နှာသစ်ရပါတယ် ဘုရား)
မသစ်ဘဲထားလို့ရှိရင် ကိုယ့်ကိုယ်ကိုတောင်
သတီမှာ မဟုတ်ဘူးနော်။
ကိုယ့်သန္တာန်မှာ အညစ်အကြေးတွေ အင်မတန်ထွက်ပြီးတော့ ၊
မတင့်တယ်တာတွေကို ဆင်ခြင်စဉ်းစားပေးရမယ်။
အဲဒီအသုဘနိမိတ်ဟာလည်းပဲ အဘိဇ္ဈာလောဘကို တားနိုင်တာပဲ။
သို့မဟုတ် အသုဘ ဘာဝနာကို ကြိုးစားအားထုတ်တာ
အဘိဇ္ဈာကို တားနိုင်တယ်။
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm—with Thit Sar Mhan.
Credit @ Ko Nge
Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment