squid သုပ် (ရခိုင်အတု စတိုင်)
ရခိုင်နည်းကို အခြေခံသုပ်ထားတာဖြစ်ပေမယ့် ပါဝင်ပစ္စည်း နှင့် လုပ်နည်းအချို့ အနည်းငယ်ကွာဟမှုရှိတာကြောင့် မဟုတ်ဘူး၊ မှားနေတယ်ဆိုတာ မဖြစ်ရအောင် ရခိုင်အတု စတိုင်လို့ ကြိုတင်ပြီး အမည်ပေးထားတာ ဖြစ်ပါတယ်။
***... squid သုပ်ရန် အတွက် လိုအပ်တာလေးတွေ…
1. ၃ လက်မ အရှည်ခန့်အရွယ် squid – ၁၀ ကောင်
2. ငရုတ်သီးစိမ်း – ၁၀ တောင့်
3. ကြက်သွန်ဖြူ အတက်ကြီး – ၃ တက်
4. စိမ်းစားငပိ – ထမင်းစားဇွန်း ၁ ဇွန်းခန့်
5. ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – 2/3 cup (180 ml) ခန့်
6. ပါးပါးသေးသေး အတုံးလေးများလှီးထားသော သခွါးသီး – 2/3 cup (180 ml) ခန့်
7. ခပ်ကြမ်းကြမ်းလှီးထားသော နံနံပင် – 1/4 cup (60 ml) ခန့်
8. squid ကို အိုးပူတိုက်ရာမှ ထွက်လာသည့် အရည် – ထမင်းစားဇွန်း (၄) ဇွန်းခန့်
9. ငါးငံပြာရည် – ထမင်းစားဇွန်း ၃ ဇွန်း
10. သံပုရာရည် – ထမင်းစားဇွန်း ၂ ဇွန်း
11. ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်
ခေါင်းဖြုတ် သန့်စင်ဆေးကြောကာ ရေစစ်ထားသော squid များကို ဒယ်အိုးထဲထည့်ကာ ရေ နှင့် ဆီ လုံးဝမထည့်ပဲ high heat ဖြင့် ၃ မိနစ်ခန့် အိုးပူတိုက်ပေးပါ။ ပြီးလျှင် အိုးအပူရှိန်ကြောင့် ပိုကျက်ကာ ပိုကျုံမသွားစေရန် ချက်ချင်း ဒယ်အိုးမှ ဆယ်ထုတ်ပြီး အအေးခံထားပါ။
အိုးထဲတွင် ကျန်နေသော squid မှထွက်လာသည့် အရည်များ အရမ်းများနေလျှင် ထမင်းစားဇွန်း (၄) ဇွန်းလောက်ခန့် ကျန်သည်အထိ ဆက်တည်ပေးထားပါ။
စိမ်းစားငပိကို ပန်းကန်ပြားထဲထည့်ကာ paper towel ဖြင့် ဖုံး၍ mirowave ထဲ စက္ကန့် ၃၀ ခန့် ထည့်ပါ။ (သို့) မီးကင်ပေးပါ။
ငရုတ်သီးစိမ်း နှင့် အနည်းငယ်ပါးအောင်လှီးထားသော ကြက်သွန်ဖြူ ကို မီးအေးအေးဖြင့် အတန်အသင့် မီးကျွမ်းအောင် လှော်ပေးပြီး စိမ်းစားငပိဖြင့် တွဲထောင်းထားပါ။
ပြီးလျှင် ပါဝင်ပစ္စည်းများအားလုံး ဇလုံထဲထည့်ကာ ခပ်ဖွဖွရောနယ် သုပ်ပြီးသည့် squid သုပ်လေးကို ကောက်ညင်းပေါင်းဖြင့် တွဲဖက်ကာ စားနိုင်သလို၊ မိမိကြိုက်နှစ်သက်သလို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
Credit @ Ko Nge
Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment