| Monday, 06 June 2011 11:48 |
မြို့တောင်ဘက်ခြမ်း ပြည်ကြီးတံခွန်မြို့နယ်၊ စွယ်တော်ဘုရားဝန်းကျင်ရှိ မြေဧကနှင့်ချီသော အရောင်းအ၀ယ်များမှာ နိုင်ငံတကာ မြေဈေးကွက်နှင့် နှိုင်းယှဉ်ပါက အဆမတန် မြင့်မားသော ဈေးနှုန်းများ ဖြစ်ကြောင်း ၀ါရင့် အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်ကြသည်။ ''မန္တလေးမြို့ အိမ်ခြံမြေဈေးကွက် အနေအထားမှာ ၂၀၁၀ ပြည့်နှစ် အတွင်းကတည်းက မြို့တွင်း အရောင်းအ၀ယ်ဖြစ်တဲ့ အကြိမ်ရေ မရှိသလောက် နည်းလာပြီး မြို့ပြင်ဘက်ပိုင်းတွေမှာ ဈေးကွက် ကစားလာတဲ့ သဘောပါ။ ဒါကြောင့် မြို့သစ်ပိုင်းမှာက ပြီးခဲ့တဲ့ သုံးလလောက် အတွင်းမှာ ဈေးနှုန်း ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားတယ်။ အရမ်း ဈေးမြင့်နေတယ်။ ဒါကြောင့် အခုနောက်ပိုင်း မြို့သစ်လို အပိုင်းတွေမှာ ရောင်းပြီး မြို့ထဲ ပြန်လှည့်လာသူတွေ ရှိတယ်''ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။ ''စွယ်တော်ဘုရား အရှေ့ဘက်ပိုင်းက ပေ ၁၀၀ x ၂၀၀ အကျယ်အ၀န်းကို ကျပ်သိန်း နှစ်သောင်း ရှိတယ်။ ဒီဈေးနှုန်းက ဒေါ်လာနှစ်သန်းခွဲ တန်ကြေးရှိတဲ့အတွက် နိုင်ငံတကာဈေးနဲ့ ယှဉ်လိုက်ရင် အဆမတန် များပြားတဲ့ ပမာဏ ဖြစ်နေတယ်။ နောက်ပြီး ၆၂ လမ်း သိပ္ပံလမ်းဝန်းကျင်မှာလည်း ပေ ၁၀၀ x ၂၀၀ လောက်ကို ဇန်န၀ါရီလတုန်းက ကျပ်သိန်းနှစ်သောင်း ၀န်းကျင်ကနေ အခု ကျပ်သိန်းလေးသောင်းပေးတာ မရောင်းဘူး။ လေးသောင်းခွဲထိ အော်နေကြတယ်။ ပြောရရင် အဲလို မြို့သစ်ပိုင်းက အိမ်ခြံမြေ ဈေးနှုန်းတွေ မြင့်နေတော့ မြို့ထဲဧရိယာကလည်း အရောင်းကွက်သာ မရှိတာ။ ဈေးတွေကတော့ ခေါင်ခိုက်နေပြီ''ဟု ဆက်လက် ပြောကြားခဲ့သည်။ မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် ယင်းကဲ့သို့ ဈေးနှုန်းများ အဆမတန် မြင့်မားနေမှုနှင့်အတူ မြို့တောင်ဘက်ခြမ်းရှိ အသစ် ဖောက်လုပ်လျက် ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ဆက်စပ်သော မြို့အ၀င် လမ်းတစ်လျှောက်နှင့် စွယ်တော်ဘုရား ၀န်းကျင်ရှိ အသစ် တည်ဆောက်နေသော ကုန်တင်ယာဉ်ကားကြီးကွင်း၊ ပွဲရုံတန်း စသည့် နေရာများတွင် ဧက ကွက်များထိ အရောင်းအ၀ယ် သွက်လက်စွာ ဖြစ်ပေါ်ခဲ့သည်။ ၀ါရင့် မြေပွဲစားတစ်ဦးက ''ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဘေးပတ်လည်က ရွာကွက်တွေတောင် အရောင်းအ၀ယ် တော်တော်များများ လှုပ်ခတ်သွားပြီး အခုတော့ ပြန်အေးသွားတယ်။ အဲဒီ တံခွန်တိုင် ရပ်ကွက်တွေမှာ အကျယ်အ၀န်းတွေက ပေ ၆၀ ပတ်လည်၊ ပေ ၁၀၀ ပတ်လည် စသဖြင့် ကျပ်သိန်းရာကြီးပိုင်းကနေ ကျပ်သိန်း ၁၅၀၀ လောက်ထိ ဖြစ်သွားခဲ့တာ။ နောက်ပြီး ကန်တော်ကြီး အနောက်ဘက်ခြမ်းက ရှမ်းလေးကျွန်းဘက်က စိုက်ခင်းပျိုးခင်း အကွက်တွေလည်း မျက်စိကျလာတယ်။ ဧကကွက်တွေ၊ မြို့စွန်က ခြံတွေမှာက ဂရန်ပေါက် မဟုတ်တဲ့ အတွက် အရောင်းအ၀ယ် နည်းပါတယ်''ဟု ဆိုသည်။ ''အဓိက အရောင်းအ၀ယ် ပိုင်းမှာရော ဈေးကစားတဲ့ သဘောရောမှာ တရုတ်လူမျိုးတွေပါ။သူတို့အနေနဲ့ လက်ရှိ ဈေးနှုန်းကို သင့်တင့်သလား၊ များသလား မတွက်ကြဘူး။ ဈေးထပ်တက်မယ်ထင်ရင် ၀ယ်လိုက်တာပဲ။ ပြောရရင် အမှန်တကယ် နေထိုင်ဖို့ အရောင်းအ၀ယ်ဖြစ်တယ် ဆိုတာလည်း နည်းတယ်။ အများစုက ဈေးကစားပြီး အရောင်းအ၀ယ် လုပ်ကြတာ ဆိုတော့ ဈေးကွက်က ဆွဲတင်ရင် တင်သလောက် မြောက်နေတော့တာပဲ''ဟုလည်း ဆက်လက် သုံးသပ်ခဲ့သည်။ Ref:weeklyelevennews |
Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Monday, June 6, 2011
မန္တလေးမြို့ အိမ်ခြံမြေဈေးကွက် မြို့တောင်ဘက်ခြမ်း ဆင်ခြေဖုံး ရပ်ကွက်များသို့ ပြောင်းလဲရွေ့လျားလာ မြေဧကနှင့်ချီသော အရောင်းအ၀ယ်များမှာ နိုင်ငံတကာ မြေဈေးကွက်နှင့် နှိုင်းယှဉ်ပါက အဆမတန် မြင့်မား
Subscribe to:
Post Comments (Atom)

No comments:
Post a Comment