Post under ကျန်းမာရေး at 7/25/2010 02:36:00 PM Posted by MYANMAR NURSES IN SINGAPORE
ကြွက်သန်းမှ တဆင့် ကူးစက် တက်သော ပလိပ်ရောဂါမှာ မြန်မာနိုင်ငံရှိလူတချို့သို့ ကူးစက်ပျံ့ပွား နေပြီ
ဖြစ်ကြောင်း နေပြည်တော် ကျန်းမာရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
ပလိပ်ရောဂါ ကူးစက်ခံရသော လူနာတချို့ကို ရန်ကုန်မြို့တော်တွင် ဇွန်လအတွင်း တွေ့ရှိရခြင်းဖြစ်ပြီး ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရသည်နှင့် ကျန်းမာရေးဝန်ကြီးဌာနကအချိန်မီဆေးကုသမှုများ ပေးခဲ့သည့် အတွက် လူအသက် ဆုံးရှုံးမှု မရှိခဲ့ကြောင်းနေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါဆိုင်ရာအထူးကုဆရာဝန်ကြီးတဦးက ပြောသည်။
“ရန်ကုန်မှာ ပလိပ်ရောဂါဖြစ်တဲ့ လူနာတချို့ လွန်ခဲ့တဲ့ လအတွင်း တွေ့ရလို့ အရေးပေါ် ဆေးကုသမှုတွေ ပေးခဲ့ရတယ်။
ဆယ်စုနှစ်ပေါင်း များစွာအတွင်း ပထမဆုံးအကြိမ် ရန်ကုန်မှာဒီရောဂါပြန်တွေ့တာ” ဟု ကျန်းမာရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာမြဦးနှင့်နီးစပ်သူ အရာရှိကြီးတဦးက ပြောသည်။
ကျန်းမာရေး ၀န်ကြီးဌာနသည် ပလိပ်ရောဂါကူးစက်ခြင်း သတင်းကြောင့် လူအများ ထိတ်လန့် တုန်လှုပ်မှု
မဖြစ်ပေါ်စေရန်အတွက် တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ ပိတ်ပင်ထားသည်ဟုသိရသည်။
ရန်ကုန်မြို့ခံ တဦးကမူ ပလိပ်ရောဂါဖြစ်ပွားသည့် သတင်းကို ပြည်သူများဆီသို့
ထုတ်ပြန်ကြေညာခြင်းမပြုဘဲ ဖုံးကွယ်ထားခြင်းမှာမသင့်လျှော်ကြောင်း၊ ပြည်သူလူထု တရပ်လုံးနှင့် တိုက်ရိုက်ပတ်သက်သည့်ကျန်းမာရေး ကိစ္စများတွင် ပွင့်လင်းသော သဘောထား ရှိရန်လိုအပ်ကြောင်း
ပြောသည်။
ကျန်းမာရေး ၀န်ကြီးဌာန အပါအ၀င် အစိုးရ၀န်ကြီးဌာနများ အနေဖြင့် ပလိပ်ရောဂါ မဖြစ်ပွားစေရန် ကြွက်နှိမ်နင်းခြင်း လုပ်ငန်းများအရှိန်အဟုန်မြှင့်တင်၍ စီမံချက်ဖြင့် အကောင်အထည်ဖော်လျက် ရှိသည်ဟု
နေပြည်တော် ၀န်ထမ်းအချို့က ပြောသည်။
“ဌာနဆိုင်ရာ တွေမှာတော့ သိုသိုသိပ်သိပ် စီမံချက်နဲ့ ကြွက်နှိမ်နင်းရေးတွေ လုပ်ကြတယ်” ဟု နေပြည်တော်ကျန်းမာရေး အရာရှိက ရှင်းပြသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြွက်နှိမ်နင်းရေး အထူးအဖွဲ့များ ဖွဲ့စည်းပြီး
ကြွက်အကောင်ရေ သောင်းချီ၍ နေ့စဉ် သုတ်သင်ရှင်းလင်း ဖျက်ဆီးလျက် ရှိသည်ဟုမြို့တော်စည်ပင် အရာရှိတဦးက ဆိုသည်။
စစ်အစိုးရ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင်လည်း ကြွက်အုပ်များ ထောင်သောင်းချီကာ
ကားလမ်းမကြီးများကို ဖြတ်သန်း ရွှေ့ပြောင်းနေပြီး တချို့ကြွက်များမှာကားများဖြတ်ကြိတ်မိ သည့်အတွက် သေဆုံးခဲ့ကြောင်း၊ ကြွက်သေများကို ယူပြီးဓာတ်ခွဲခန်းတွင် စစ်ဆေးကြည့်သည့်အခါ ပလိပ်ရောဂါ ဖြစ်ပွားစေသည့်ဘက်တီးရီးယားပိုးများ သယ်ဆောင်ထားသည်ကိုတွေ့ရှိရကြောင်း၊ ယခုအခါ နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာနသည် ပလိပ်ရောဂါ ကာကွယ်တားဆီးရေးနှင့်ဖြစ်ပွားလျင် ကုသမှုပေးရန် ပြင်ဆင်မှုများဖြင့် အလုပ်များနေသည်ဟု စုံစမ်းသိရှိရသည်။
နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရ၀န်ထမ်းများကိုလည်း ပလိပ်ရောဂါ အသိပညာပေးမှုများ ပြုလုပ်လျက် ရှိသည်ဟုနေပြည်တော်ဝန်ထမ်း အသိုင်းအ၀န်းမှ သိရသည်။
စစ်အစိုးရပိုင် သတင်းစာများတွင် ကြွက်သန်းမှတဆင့် ကူးစက်တတ်သော ပလိပ်ရောဂါသည်
ကပ်ရောဂါအသွင် ကျရောက် လာနိုင်သည့်အတွက် သတိထားကြရန် နှိုးဆော်ထားပြီးလူသို့ ကူးစက်ခဲ့သည်ဆိုသော သတင်း အချက်အလက်ကိုမူထည့်သွင်းဖော်ပြခြင်းမပြုပေ။
၁၉၀၀ ပြည့်နှစ်ကျော် ကိုလိုနီခေတ်ဦးပိုင်း ကာလများက ပလိပ်ရောဂါသည် ကပ်ရောဂါအသွင်ဖြင့်
လူအများကို ကူးစက်သေဆုံးစေခဲ့သော်လည်း ယခုအခါတွင်မူ ပလိပ်ရောဂါသည် အချိန်မီ
ကုသပျောက်ကင်းနိုင်ကြောင်း ရန်ကုန် အထူးကု ဆရာဝန်တဦးက ရှင်းပြသည်။
မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန အရာရှိတဦးက ကြွက်သေများတွေ့ရှိလျှင်နီးစပ်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ လာရောက်အပ်နှံပြီးပလိပ်ရောဂါ ရှိ၊မရှိ ဓာတ်ခွဲစစ်ဆေးနိုင်သည်ဟု ပြောသည်။
ပလိပ်ရောဂါ ဖြစ်စေတဲ့ Yersinia pestis ပိုးပါ
ပလိပ်ရောဂါသည် ကူးစက်ခံရချိန်တွင် ကိုယ်ပူရှိန် မြင့်တက်အဖျားကြီးပြီးနောက်ဆုံး လူကိုယ်ခန္ဓာကိုယ်အတွင်း သွေးယိုစီးကာ ကူးစက်မြန်သည့် ကပ်ရောဂါကြီးတစ်ခုဖြစ်သည်ဟု ရန်ကုန်ဆရာဝန်များက ရှင်းပြကြသည်။
(အထက်ပါ သတင်းသည် Myanmar Journalist Network မှ ကိုမြင့်မြတ်ဖြူ ၏ သတင်းကို ကောက်နုတ်တင်ပြခြင်း ဖြစ်ပါသည်)
Popular Posts!
-
7Day News Journal - အတွဲ (၁၁)၊ အမှတ်(၂) -ဒေါက်တာစိုးသိမ်း လူ့ခန္ဓာကိုယ်သည် ဒြပ်စင်(Element)...
-
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စည်းကြပ်ကောက်ခံမည့် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် စနစ်များ အကြောင်းကို မတ်လ ၂၆ ရက်နေ့က ကျင်းပသည့် အခွန...
-
13 Jul 2012 | By Good Health ၁) ကွန်ဒုံးအသုံးပြုပါ လိင်ဆက် ဆံစဉ်မှာ သင့် အမျိုးသား ကို ကွန်ဒုံး အသုံးပြု စေတာ ကြောင့် သင့် မှာ သားအိမ်ေ...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
(ခြင်ကျားပူး တရုတ်လေသံနှင့်) စင်္ကာပူရဲ့ ပင်မနိုင်ငံဝင်ငွေဖြစ်တဲ့ နိုင်ငံတကာခရီးသွားဧည်သည့်တွေလာရောက်မှု ၂၀၁၅ ခုနှစ်မှာ ၅၅.၄သန်းကို စင်္ကာပ...
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများ စကားဝိုင်း (PEACE TALK) တိုက်ရိုက် ထုတ်လွှင့်မှု (ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ...
-
သီဟကိုကို ရန်ကုန် (မဇ္ဈိမ) ။ ။ အခွန်ဥပဒေအရ အိမ်ရှင်၊ အိမ်ငှားစာချုပ် ချုပ်ဆိုလျင် အိမ်ရှင်များက အခွန်ပေးဆောင်ရန် သတ်မှတ်ထားသော်လ...
-
အခြေခံမူများ (က) ဈေးကွက်တွင် လွတ်လပ်၍ မျှတသော ယှဉ်ပြိုင်မှုဝန်းကျင်တစ်ရပ် ဖန်တီးပေးခြင်းအားဖြင့် ဒေသတွင်းနှင့် နိုင်ငံတွင်း စီးပွာ...
Subscribe to:
Post Comments (Atom)


No comments:
Post a Comment