ဖိုးဝလုံး
အတွဲ ၂၇ ၊ အမှတ် ၅၂၅ ( ၈ - ၁၄ ၊ ၇ ၊ ၂၀၁၁)
ဒီတစ်ပတ် အိုင်တီဗဟုသုတအဖြစ် အသုံးဝင်လှတဲ့ Movefile နဲ့ Pendmovesအသုံးပြုနည်းကို ဖော်ပြလိုက်ပါတယ်။
Movefile နဲ့ Pendmove Tools က ၀င်းဒိုး Restart ပြန်လုပ်ပြီး Login လုပ်လိုက်တာနဲ့ ကိုယ်ဖျက်ဖို့ ကြေညာထားတဲ့ဖိုင်တွေကို ဖျက်ပေးနိုင်စွမ်းရှိပါတယ်။
ကွန်ပျူတာကို ဗိုင်းရပ်စ်ဝင်တဲ့ အခါ Registry ရဲ့ Startup နဲ့ Run နေရာတွေမှာ ဗိုင်းရပ်စ်ပရိုဂရမ်ကို မောင်းနှင်ပေးထားတဲ့အတွက် Registry ကိုပြန်ပြင်လို့ မရ ဖြစ်ရပါတယ်။
ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာရဲ့ Memory ပေါ်မှာ ဗိုင်းရပ်စ် က Run နေသေးတာကြောင့် လိုအပ်မယ့် ကြေညာချက်တွေကို Registry မှာ ပြန်ချရေး လို့ဖြစ်ပါတယ်။
ဒီအခက်အခဲကို Movefile နဲ့ Pendmoves Tools က ဖြေရှင်း ပေးနိုင်ပါတယ်။
အင်တာနက်လိပ်စာ http://technet.microsoft.com/en-us/sysinternals/bb897556 မှာ အခမဲ့ရယူနိုင်ပါတယ်။
ဖိုင်ကိုအင်တာနက်က ယူပြီးရင် Drive တစ်ခုက ဖိုလ်ဒါတစ်ခုခုမှာ Zip ဖိုင်ကို ဖြေချထားပါ။
ဥပမာ C:\pstools\ ထဲမှာ ထည့်ထားပါ။
အရင်ဆုံးကိုယ်ဖျက်ချင်တဲ့ဖိုင်၊ ဒါမှမဟုတ် နေရာရွှေ့လိုတဲ့ဖိုင်ကို Movefile Tools ကို အရင်အသုံးပြုရမှာဖြစ်ပါတယ်။
အသုံးပြုနည်းက Command Prompt ကနေ လုပ်ရမှာဖြစ်တယ်။
ဥပမာ C:\Windows\System32\cc.exe ဖိုင်ကို ဖျက်ချင်တယ်ဆိုပါစို့-
C:\pstools\movefile C:\windows\system32\cc.exe "" [Double Quote - နှစ်ခု] လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
ရိုက်တာမှန်ရင် Move successfully scheduled လို့ပြပါလိမ့်မယ်။
Pendmoves က ဘယ်ဖိုင်တွေကို ဖျက်ဖို့ကြေညာထားသလဲဆိုတာ ပြန်ကြည့်လို့ ရပါတယ်။ အသုံးပြုနည်းက Command Prompt ကနေ Pendmoves လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
ဖျက်ဖို့ကြေညာချက်တွေကို ဖော်ပြပါလိမ့်မယ်။ ပြီးရင် Restart လုပ်လိုက်ပါ။ Login လုပ်လိုက်တာနဲ့ ကြေညာထားတဲ့ဖိုင်တွေကို ဖျက်သွားပါလိမ့်မယ်။
ကြေညာထားတဲ့ဖိုင်တွေကို ပြန်ဖျက်ချင်ရင် Registry မှာ သွားဖျက်ရမှာဖြစ်ပါတယ်။
HKLM\System\CurrentControlSet\Control\Session Manager \PendingFileRenameOperations ရဲ့ Value မှာ ဖျက်ပစ်နိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။
Ref:Myanmartimenews
Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Thursday, July 14, 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment