ရန်ကုန်၊ စက်တင်ဘာ-၉ မြန်မာနိုင်ငံ၏ ပထမဆုံးမြေအောက်ကားလမ်းကို ရန်ကုန်မြို့တွင်ဖောက်လုပ်ရန် အကောင်အထည်ဖော်ဆောင်ရွက် နေကြောင်း သိရသည်။ အဆိုပါစီမံကိန်းကို လှည်းတန်းလမ်းဆုံနှင့် ရွှေဂုံတိုင်လမ်းဆုံတို့တွင် ဖောက်လုပ်ရန် မြေပြင်တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီး ယင်းနေရာများတွင်Under Pass နဲ့ Over Pass တည်ဆောက် ရေးစီမံကိန်းများကို ဆောင်ရွက်မည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။ ““မြေပြင်တိုင်းတာခြင်းကို စတင် ဆောင်ရွက်နေပါပြီ။ ပုံစံထုတ်ပြီးတဲ့အခါမှ Under Pass နဲ့ Over Pass သင့်တော်တာ ကို တည်ဆောက်သွားမှာပါ။ မြန်မာနိုင်ငံ အနေနဲ့ Under Pass လုပ်ဖြစ်ခဲ့ရင် ပထမဆုံးလို့ပြောလို့ရပါတယ်””ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ(လမ်းတံတား)ဌာနမှ တာဝန်ရှိသူက ပြောသည်။ ယင်းစီမံကိန်းကို ယာဉ်သွားလာမှုလွယ်ကူမြန်ဆန်စေရန်အတွက် ဆောင် ရွက်ခြင်းဖြစ်ပြီး ကုန်ကျစရိတ်ကို နိုင်ငံတော် ဘတ်ဂျက်မှ ကျခံသုံးစွဲမည်ဟု သိရသည်။ ““စီမံကိန်းကကြီးတဲ့အတွက် စည်ပင်ဘတ်ဂျက်နဲ့မရဘူး။ နိုင်ငံတော် ဘတ်ဂျက်သုံးမှရမှာ။ ပုံစံထုတ်ပြီးလို့ Under Pass ကျိန်းသေရင် နည်းပညာ လိုအပ်တာတွေရှိမှာပါ””ဟု အဆိုပါဌာနမှ တာဝန်ရှိသူက ဆက်လက်ပြောသည်။ အဆိုပါစီမံကိန်းအပြင် ရန်ကုန်မြို့ရှိ အချက်အချာကျသော နေရာများတွင် လူကူးခုံးကျော်တံတားများ ထပ်မံ တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။ ““လှည်းတန်းဆိုရင် လူဦးရေထူထပ်တယ်။ ကျောင်းသား၊ ကျောင်းသူအလုပ်သမားတွေလဲ သွားလာမှုများတယ်။ ဒီနေ ရာမှာ ကားအသွားအလာအရမ်းကျပ်တယ်။ ဒါပေမဲ့ လူကူးမျဉ်းကျား၊ လူကူးတံတား မရှိဘူးလမ်းကူးတဲ့အခါ အရမ်းအန္တရာယ်များတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာဆိုရင် လူကူးတံတားတွေ၊sub laneမြေအောက် လမ်းတွေလုပ်ပေးတာ တွေ့ရတယ်။ အခု စီမံကိန်းက မြို့ပြရဲ့ Image ကိုတက်စေ တယ်။ အန္တရာယ်လဲ ကင်းစေတယ်။ မြန်မြန်လုပ်လေ အကျိုးရှိလေပဲ။ ကြိုဆိုရမယ့် အစီအစဉ်လို့ ပြောချင်ပါတယ်””ဟု လှည်းတန်း(ဗဟို)လမ်းတွင် နေထိုင်သူဦးကိုလတ်က ပြောသည်။ ammtun@yangonmedia.com |
Popular Posts!
-
ပြောင်းလဲလာသော ခေတ်သစ် ကားပြုပြင်နည်းစနစ်လေးတွေ! အခု Mechanic ခေါ်တဲ့ စက်ပြင်ဆရာ တွေ အကြောင်းရေးဖြစ်တာက နိုင်ငံခြားပြန် ညီတယောက်က နိုင်...
-
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၁) နေမင်း ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ခေါ...
-
ဒီနည်းလေးက နာမည်ရလုပ်ငန်းတခုရဲ့ကုန်အမှတ်တံဆိတ်ကိုဖြတ်လမ်းကနေ ငွေကြေးရှင်များကအလွယ်တကူ မိမိကိုယ်ပိုင် စီးပွားရေး လိုက်လုပ်တဲ့နည်းလေး...
-
တာမွေမြို့နယ်အတွင်းရှိ တိုက်ခန်းများနှင့် ဈေးရောင်းသူတစ်ဦးအား အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ် မြေဈေးချမည်ဟု ပြည်ထောင်စုအစို...
-
Map of Myanmar large Source: Myanmar Information Management Unit, 'Maps', Web Country Profile National land of ...
-
EPS စနစ်အလုပ်အကိုင်အခွင့်အလမ်း(ကိုရီးယား) EPS စနစ်အလုပ်အကိုင်အခွင့်အလမ်း(ကိုရီးယား) https://www.eps.go.kr/ph/index.html ...
-
Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းဖြစ်ပါတယ်…။ အရင်ဦးဆုံး Zawgyi Font and Zawgyi typing Keyboard မရှိသေးသူများ က...
Saturday, September 17, 2011
ရန်ကုန်တွင် မြေအောက်ကားလမ်းဖောက်လုပ်ရန် စီစဉ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment