ရန်ကုန် စက်တင်ဘာ ၁၅
လယ်မြေသိမ်းယူခြင်း ခံထားရသည့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ လယ်သမားများသည် ယနေ့မနက် ၁ဝ နာရီခန့် က ပုသိမ်မြို့ပေါ်တွင် ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း ပုသိမ်မြို့ခံ တစ်ဦးထံမှ သိရှိရသည်။
ဆန္ဒပြ လယ်သမား အယောက် တစ်ရာခန့်သည် ပုသိမ် ကမ်းနားလမ်း တစ်လျှောက် တန်းစီ လမ်းလျှောက်လာကြပြီး နာရီစင် အနီးတွင်ရှိသည့် တိုင်းအုပ်ချုပ်ရေးမှူး ရုံး (ယခင် တယက) ရုံးရှေ့တွင် နာရီဝက်ခန့်ကြာ ထိုင်ပြီး ငြိမ်သက်စွာ ဆန္ဒပြခဲ့ ကြသည်ဟုလည်း အဆိုပါ ဒေသခံ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ယင်းနောက် မကြာမီ လယ်သမားများသည် ရွှေမောဓော ဘုရားပေါ်သို့ ရောက်ရှိလာကြပြီး ကြွေးကြော်သံများ၊ အော်ဟစ်ခြင်း၊ ဆူပူခြင်း မရှိဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်ကို တွေ့မြင်ရသည်ဟုလည်း ၎င်းတို့က ပြောကြားသည်။
အဆိုပါ လယ်သမားများသည် ပုသိမ်နှင့် မိုင် ၃ဝ ကျော် ဝေးသည့် ငွေဆောင်နှင့် ချောင်းသာ ကြားတွင် တည်ရှိသော သဇင်ရွာမှဖြစ်ပြီး အစိုးရ၏ ငွေဆောင် လေယာဉ်ကွင်း စီမံကိန်း အပါအဝင် အခြား စီမံကိန်းဒေသတွင်း လယ်မြေများ သိမ်းပိုက်ခြင်း ခံခဲ့ရသောကြောင့် လာရောက် ချီတက်ဆန္ဒပြခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရှိရသည်။
သဇင်ရွာ အနီးတွင်ရှိသည့် ငွေဆောင်ဒေသတွင် လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်ပိုင် ယုဇန ကုမ္ပဏီသည် ဒေသခံ လယ်သမားများ၏ လယ်မြေများကို ထိုက်သင့်သည့် နစ်နာကြေး မပေးဘဲ အတင်း အဓမ္မ သိမ်းပိုက်ထားသည်ဟု ငွေဆောင်ဒေသခံများထံမှ သိရှိရသည်။
နောက်ဆုံး ရရှိသော သတင်းများအရ ဆန္ဒပြ လယ်သမားများသည် ရွှေမောဓောဘုရား ပေါ်တွင် နေရာယူဆဲ ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးက လွှတ်တော် ကိုယ်စားလှယ် တစ်ဦးသည် ဆန္ဒပြ လယ်သမားများနှင့် တွေ့ရန် စီစဉ်နေကြောင်း သိရှိရသည်။
Ref:thevoicemyanmar
Popular Posts!
-
Consulting to become a Network Engineer ================================== - junior network engineer တစ်ယောက်အနေနဲ့ အလုပ...
-
Credit@ Ko Nge ကားပါမစ်တွေထုတ်မပေးတော့ဘူးလို့ ကောလဟသသတင်းလေးတွေကြားနေရပြီး သေချာသိချင်လို့အစိုးရရဲ့ Commerce Website က ကားသတင်းတွေက...
-
မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ (SME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေထုတ်ပေးရန် စင်ကာပူနိုင်ငံမှ ငွေးကြေးအဖ...
-
We make tools Your make do! သူငယ်ချင်းတယောက်က သူဖုန်းလိုင်းသက်တန်းတိုး အသစ်ပြန်စာချုပ်ချုပ်ရတော့မှာမို့..... မူရင်းlock ပိတ်ထားတဲ့iphon...
-
ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင် ၉၀ ကျော်အနက် ၂၈ ဦး၏ ရုပ်အလောင်းများ ရှာတွေ့ (အသက်(၁၀)နှစ်အောက် အမျိုးသားအလောင်းခြောက်လောင်း ပါ...
-
MAC OS Keyboard shortcuts လေးတွေမသိရင်တော်တောကို ဒုက္ခပေးပါတယ်... အခုလဲသုံးနေရင်းနှင့် အဆင်မပြေတာနှင့် Shortcut Keysတွေကို ရှာလိုက်တ...
-
Radio တစ်ခု Run တာခက်ခဲတယ့် အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဓိက အချိန်နဲ့ လူအင်အား ရှိဖို့တော့ လိုပါတယ်။ ကျွန်တော်ဒီ Tutorial ကိုကိုယ...
-
တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ VOA တွေ့ဆုံမေးမြန်းခန်း နိုင်ငံတော်ရဲ့အမြင့်ဆုံးအာဏာဘယ်သူဆီမှာရှိ့သလဲအတိအကျအထောက်အထားနဲ့တကွရှင်းပြထားတဲ့ ေ...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment