နောက်ထပ် လူစီးမော်တော်ယဉ် (Sub Brand) အလိုက်ဈေးနှုန်းများထုတ်ပြန်လိုက်ပြီ နေပြည်တော် ဖေဖော်ဝါရီလ ၂ ရက်နေ့ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီသည် သက်တမ်းလွန်မော်တော်ယာဉ်များ အပ်နှံပြီး အစားထိုးတင်သွင်းရန်အတွက် သွင်းကုန်ပါမစ်များ ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ စတင်ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်အထိ ကာလအတွင်း စုစုပေါင်း ကားတင်သွင်းရန် ပါမစ် (၂၃၉၃၇ ) စောင် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။ တင်သွင်းခွင့်ပြုသည့်မော်တော်ယာဉ်ဈေးနှုန်းများ၊ လူစီးမော်တော်ယာဉ်ဈေးနှုန်းများ (Reconditioned) နှင့် လူစီးမော်တော်ယာဉ် Sub-Brand အလိုက်ဈေးနှုန်းများ (Reconditioned) ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ Website တစ်ခုဖြစ်သော www.commerce.gov.mm တွင် ဇန်န၀ါရီလ ၁၀ ရက်နေ့ တွင်တင်ထားသော “ကားအဟောင်း လဲလှယ်ရာ တွင် မော်ဒယ်သတ်မှတ်ချက် မရှိဘဲတင်သွင်းခွင်ပြုလိုက်ပြီ” ဟူသော သတင်းတွင် အသေးစိတ်လေ့လာကြည့်ရှုနိုင်သည်။ ထြို့ပင် နောက်ထပ် လူစီးမော်တော်ယာဉ် (Sub Brand) အလိုက်ဈေးနှုန်းများ ကို ဇန်န၀ါရီလ (၂၃) ရက်နေ့ ထပ်မံထုတ်ပြန်လိုက်ကြောင်းသတင်းရရှိပါသည်။ သတ်မှတ်ထားသောယာဉ်အုပ်စုတွင် မပါဝင်ဘဲ Brand Name အသစ်ဖြင့် လျှောက်ထားလာသောယာဉ်များဖြစ်ပါကလည်း Internet အထောက်အထား များဖြင့် တင်ပြလာပါက မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီ၏ One Stop Service (OSS) အဖွဲ့မှ စီစစ်ကာခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်း ပါး အပ်ပါသည်။ အေးမွန်မွန်လှိုင် ထပ်မံထုတ်ပြန်လိုက်သည့်လူစီးမော်တော်ယာဉ်(Sub Brand အလိုက်) ဈေးနှုန်းများ
|
Popular Posts!
-
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၁) နေမင်း ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ခေါ...
-
ပြောင်းလဲလာသော ခေတ်သစ် ကားပြုပြင်နည်းစနစ်လေးတွေ! အခု Mechanic ခေါ်တဲ့ စက်ပြင်ဆရာ တွေ အကြောင်းရေးဖြစ်တာက နိုင်ငံခြားပြန် ညီတယောက်က နိုင်...
-
တာမွေမြို့နယ်အတွင်းရှိ တိုက်ခန်းများနှင့် ဈေးရောင်းသူတစ်ဦးအား အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ် မြေဈေးချမည်ဟု ပြည်ထောင်စုအစို...
-
Map of Myanmar large Source: Myanmar Information Management Unit, 'Maps', Web Country Profile National land of ...
-
ဒီနည်းလေးက နာမည်ရလုပ်ငန်းတခုရဲ့ကုန်အမှတ်တံဆိတ်ကိုဖြတ်လမ်းကနေ ငွေကြေးရှင်များကအလွယ်တကူ မိမိကိုယ်ပိုင် စီးပွားရေး လိုက်လုပ်တဲ့နည်းလေး...
-
EPS စနစ်အလုပ်အကိုင်အခွင့်အလမ်း(ကိုရီးယား) EPS စနစ်အလုပ်အကိုင်အခွင့်အလမ်း(ကိုရီးယား) https://www.eps.go.kr/ph/index.html ...
-
အခုရက်ပိုင်း ပြည်တွင်းစတော့ဈေးကွက်နှင့်ပတ်သက်လို့ မေးလာသူတွေ များစွာရှိလာသည်။ တစ်ချို့လည်း ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝ...
Tuesday, February 7, 2012
ကားပါမစ်နောက်ဆက်တွဲသတင်း(၉)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment