Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Tuesday, March 22, 2011
စင်ကာပူက နိုင်ငံခြားလုပ်သားများ လစာတိုးတော့မည်
စင်ကာပူ၊ မတ်-၁၈
စင်ကာပူနိုင်ငံတွင် ဇူလိုင် ၁ရက် မှစ၍ နိုင်ငံခြားသား အတတ်ပညာရှင်များ နှင့် ကျွမ်းကျင်သူလုပ်သားများ အလုပ်လုပ် ခွင့်ရရှိပါက ပိုမိုမြင့်မားသည့်အရည်အချင်း နှင့် သင့်တော်သည့်လစာများ ရရှိမည်ဖြစ် ကြောင်း သိရသည်။
ထိုအပြောင်းအလဲက ကုမ္ပဏီ များအနေဖြင့် ပိုမိုအရည်အချင်းပြည့်ဝသော နိုင်ငံခြားသားများကိုငှားရမ်းစေရန် တွန်းအား ပေးခြင်းဖြစ်ကြောင်း လူအင်အားဝန်ကြီး ဌာန၀န်ကြီးက ပြောကြားခဲ့သည်။
နိုင်ငံခြားသား အတတ်ပညာရှင် များအတွက် အနိမ့်ဆုံးလစာကို စင်ကာပူ ဒေါ်လာ ၁၀၀၀ခန့် တိုးမြှင့်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အလုပ်လုပ်ခွင့်ကိုင်ဆောင်ထား သူများမှာ ၎င်းင်းတို့၏ အတတ်ပညာဆိုင်ရာ အလုပ်ခွင်၌ ဘွဲ့ဒီဂရီလက်မှတ်များကို ကိုင် ဆောင်ကာ အလုပ်လုပ်ကိုင်နေသူများဖြစ် ပြီး ၎င်းင်းတို့လုပ်ကိုင်သော လုပ်ငန်းခွင်နေရာ မှ အဆင့်အတန်းသတ်မှတ်မှုအရ P1, P2 နှင့ှ်Q1 ဟူ၍ အတန်းစားသုံးမျိုးခွဲခြားထား မည်ဖြစ်ကြောင်း သိရသည်။ P1 အတွက် အရည်အချင်းပြည့်မီသည့်လစာကို စင်ကာပူ ဒေါ်လာ ၇၀၀၀မှ ၈၀၀၀သို့ တိုးမြှင့်ပေးသွား မည်ဖြစ်ပြီး P2 အတွက် ၃၅၀၀မှ ၄၀၀၀ နှင့် Q1 အတွက်ကိုမူ ၂၅၀၀မှ ၂၈၀၀ သို့ တိုးမြှင့်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
လစာပြန်လည်ပြင်ဆင်မှုကို ၂၀၀၁ခုနှစ်က ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး ထိုစဉ်က ၎င်းတို့၏အရည်အချင်း နှင့်ကိုက်ညီသောလစာကို စင်ကာပူဒေါ်လာ ၂၀၀၀မှ ၂၅၀၀သို့ တိုးမြှင့်ပေးခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ခွင့်ရသော အလယ်အလတ်အဆင့် ကျွမ်းကျင်လုပ်သား များ၏လစာကို ၂၀၀၄ခုနှစ်က စင်ကာပူ ဒေါ်လာ ၁၇၀၀မှ ၂၀၀၀သို့ တိုးမြှင့်ပေးခဲ့ သည်ဟုဆိုသည်။
နိုင်ငံခြားအတတ်ပညာရှင်များနှင့် ကျွမ်းကျင် လုပ်သားတို့၏ အလုပ်ခန့်ထားမှုခွင့်ပြုမိန့် ကိုင်ဆောင် ထားခြင်းက စင်ကာပူနိုင်ငံသားတို့၏အလုပ်အကိုင်ရရှိ မှုအပေါ် ဘက်ပြိုင်မှုပြုလာမည်ကို စိုးရိမ်ပူပန်မှုများရှိ နေခြင်းနှင့်ပတ်သက်၍ လူအင်အားဝန်ကြီးက ၀န်ခံ ထားသော်လည်း ဒေသခံအတတ်ပညာရှင်များ၊ မန်နေ ဂျာများ၊ အလုပ်အမှုဆောင်များနှင့် နည်းပညာရှင်များ ၏လစာများကို မကြာသေးမီနှစ်များက တိုးမြှင့်ပေးခဲ့ပြီး ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။
ယခုဆောင်ရွက်မှုသည် အလုပ်ခန့်အပ်မှု ခွင့်ပြုမိန့်နှင့် စင်ကာပူတွင် အလုပ်လုပ်ခွင့်လျှောက်ထား သူတို့အတွက် ကနဦးအရည်အချင်းနှင့် ကိုက်ညီသော လစာများတိုးမြှင့်ပေးရန် လိုအပ်သောကြောင့်ဖြစ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့်လည်း အရည်အချင်းပြည့်မီသော နိုင်ငံခြားသားလုပ်သားတို့ ပိုမိုရွေးချယ်ငှားရမ်းစေရန် အားပေးတိုက်တွန်းခြင်းဖြစ်ကြောင်း ၀န်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။
အလုပ်ခန့်ထားမှုခွင့်ပြုမိန့်ကိုင်ဆောင်ထား သူများနှင့် စင်ကာပူတွင် နေထိုင်ခွင့်လက်မှတ်ကိုင်ဆောင် ထားသူတို့အား တစ်ချိန်တည်းမှာပင် စံနှုန်းသစ်နှင့်ကိုက် ညီစေရန် နှစ်နှစ်ခန့်အထိ အသစ်ပြန်လည်တိုးမြှင့်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အသေးစားနှင့် အလယ်အလတ်တန်းစား ကုမ္ပဏီများအဖွဲ့အစည်းဥက္ကဋ္ဌ လောရင့်လောင်က လက် ရှိဆောင်ရွက်မှုက ကုမ္ပဏီများတွင် လက်ရှိဝန်ထမ်းများ ၏လစာကို ချိန်ညှိစေရန်ဖြစ်လာမည်ဖြစ်ကြောင်း၊ ကုမ္ပ ဏီတွင် နှစ်နှစ်ခန့်အလုပ်လုပ်ကိုင်နေသော ဒေသခံလုပ် သားတစ်ဦး၏ လစာသည် စင်ကာပူဒေါ်လာ ၂၀၀၀ ဖြစ်ပြီး စင်ကာပူတွင် နေထိုင်ခွင့်ရ နိုင်ငံခြားသားလုပ် သားတစ်ဦးကိုငှားရမ်းပါက ထိုလစာအတိုင်း တူညီနေ မည်ဖြစ်ကြောင်း၊ မည်သို့ဆိုစေ ဒေသခံလုပ်သား၏လုပ် ငန်းအတွေ့အကြုံအရ လုပ်ခလစာတိုးမြှင့်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
လူအင်အားဝန်ကြီးကမူ ဒေသခံလုပ်သား တို့၏ လုပ်ခလစာအရေးကို ချိန်ညှိပေးမှုနှင့်ပတ်သက် ၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လက် ရှိအချိန်တွင် စင်ကာပူနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အချင်းပြည့်ဝသောနိုင်ငံခြားလုပ်သားတို့မှာ အရေး ပါကြောင်း ပြောကြားသွားခဲ့သည်။
from theyangontimenews
Subscribe to:
Post Comments (Atom)

No comments:
Post a Comment