(ဘီဘီစီ)ဖြိုးဝင်းကိုကို ဘာသာပြန်သည်။အတွဲ ၂၆ ၊ အမှတ် ၅၁၀ (၁၈ - ၂၄ ၊ ၃ ၊ ၂၀၁၁)
မကြာသေး မီနှစ်များအတွင်း လူတို့၏ သုက်ပိုးအရည်အသွေး ကျဆင်းခဲ့ပြီး ဝှေးစေ့ကင်ဆာ ဖြစ်ပွားနှုန်းမှာလည်း တိုးလာခဲ့ကြောင်း ဖင်လန်နိုင်ငံ သုတေသနတစ်ခုက ဆိုသည်။
နိုင်ငံတကာ ဒွိလိင်ဂျာနယ်၏ လေ့လာမှုတစ်ခုတွင် ၁၉၇၉ ခုနှစ်နှင့် ၁၉၈၇ ခုနှစ်အတွင်း မွေးဖွားခဲ့သော ဖင်လန်နိုင်ငံသား အမျိုးသား များကို လေ့လာခဲ့ခြင်းဖြစ်သည်။
တာကူတက္ကသိုလ် သုတေသနဌာနကမူ ယင်းဖြစ်စဉ်နှစ်ခုစလုံးမှာ စက်မှုဓာတုဗေဒပစ္စည်းများနှင့်ထိတွေ့မိ၍ ဖြစ်ရကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သက်ဆိုင်ကြောင်း အကြံပြုခဲ့သည်။
ဗြိတိန်ကျွမ်းကျင်သူတစ်ဦးကလည်း ဓာတုဗေဒပစ္စည်းများသည် ယောက်ျားကလေးငယ်များ၏ ဖွံ့ဖြိုးမှုကို အကျိုး သက်ရောက်စေမှု များ ရှိကြောင်း ဆိုသည်။
ယင်း ဖင်လန်နိုင်ငံသားများကို လေ့ လာခဲ့ခြင်းမှာ ၎င်းတို့သည် ကမ္ဘာပေါ်တွင် သုက်ပိုးအရေအတွက်အများဆုံးရှိနေ ကြောင်း ယင်းမ တိုင်မီ လေ့လာမှုတစ်ရပ်တွင် တွေ့ရ၍ဖြစ်သည်။
သို့ရာတွင် ၎င်းသည် သူတို့၏မျိုးရိုး ဗီဇကြောင့်လော၊ အန္တရာယ်ရှိ ဓာတုပစ္စည်းများနှင့် ထိတွေ့မှုနည်းပါး ၍လော ဆိုသည်ကိုမူ သိပ္ပံ ပညာရှင်များ မသိရှိခဲ့ကြသေးပေ။
ထို့ကြောင့် သုတေသနပညာရှင်များက ၁၉၉၈ နှင့် ၂၀၀၆ ခုနှစ်အတွင်းအသက် ၁၉နှစ်ပြည့်ခဲ့သောသူတို့ကို အုပ်စုသုံးစု စွဲခွဲကာ လေ့ လာခဲ့ခြင်းဖြစ်သည်။
ထိုအခါ ၁၉၈၀ ပြည့်နှစ်များ၏ နှောင်းပိုင်းတွင် မွေးဖွားခဲ့သူများမှာ ၎င်းဆယ်စုနှစ်၏ အစောပိုင်းတွင် မွေးဖွားခဲ့သူများထက် သုက်ပိုး အရေအတွက် လျော့နည်းနေကြောင်း တွေ့ရှိခဲ့ရသည်။
၁၉၇၉-၈၁ ခုနှစ်များတွင် မွေးဖွားသူများမှာ သုက်ပိုးအရေအတွက် ၂၂၇ သန်းရှိပြီး ၁၉၈၂-၈၃ ခုနှစ်များတွင်မွေးဖွားခဲ့သူများမှာ ၂၀၂ သန်းရှိကာ ၁၉၈၇ခုနှစ်တွင်မူ ၁၆၅ သန်းအထိ အသီးသီးလျော့ကျခဲ့ကြောင်းတွေ့ရသည်။
၎င်းပြင် ၁၉၈၀ ၀န်းကျင်၌ မွေးဖွားခဲ့သူများက ၁၉၅၀ ခုနှစ်ဝန်းကျင်တွင်မွေးဖွားခဲ့သူများထက် ဝှေးစေ့ကင်ဆာ ဖြစ်ပွားနှုန်းလည်းများ ပြားကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။
ငယ်ရွယ်သောလူများသည် သူတို့၏ ဖခင်၊ အဘိုးတို့ သူတို့အသက်အရွယ်ခန့် က ထုတ်လုပ်သော သုက်ပိုးအရေ အတွက်ထက်လျော့ နည်းလာရခြင်းကို သိပ္ပံပညာရှင်များက စိတ်ဝင်တစားရှိခဲ့ ကြသည်။
ယင်းဂျာနယ်တွင် ပါမောက္ခ ဂျိုမာ တော့ပါရီ ဦးဆောင်သော သုတေသန ပညာရှင်များက ရေးသားရာတွင် ယင်း လျင်မြန်စွာ ယှဉ်တွဲ ဖြစ်လာသော အကျိုးဆက်တစ်ခုမှာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာမှုနှင့် သက်ဆိုင် ကြောင်း၊ သို့ဖြစ်၍ ကာကွယ်၍ရနိုင်ကြောင်း သိရသည်။
ထို့ပြင် သုတေသနတွေ့ရှိချက်များသည် ယင်းအကျိုးဆက်တစ်ခုဖြစ်ရခြင်း အကြောင်းရင်းကို ထုတ်ဖော်ရာ၌ အထောက်အပံ့ဖြစ်စေ မည်ဖြစ်ပြီး မည် သို့ ကာကွယ်ရမည့်နည်းလမ်းများကိုပါ ထုတ်ဖော်၍ ရရှိလာနိုင်ကြောင်း ပြောကြားခဲ့သည်။
Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment