Wednesday, 16 March 2011 03:23
စင်ကာပူနိုင်ငံရှိ အိမ်၊ ခြံ၊ မြေ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် မြန်မာနိုင်ငံသားများ ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာကြောင်း ဖေဖော်ဝါရီ ၄ ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပသည့် စင်ကာပူမှ ထိပ်သီးအိမ်ရာ ရောင်းဝယ်ရေး ဈေးကွက်ဆွေးနွေးပွဲဆိုင်ရာ အချက်အလက်များအရ သိရှိရသည်။
မြန်မာနိုင်ငံသားများအနေဖြင့် စင်ကာပူ နိုင်ငံတွင် အိမ်၊ ခြံ၊ မြေကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းများကို ၂၀၀၅ ဝန်းကျင်မှ စတင် ကာရင်းနှီးမြှုပ်နှံမှုအချို့ရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်ပိုင်းတွင်မူ စီးပွားဖြစ်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လာကြကြောင်း သိရှိရသည်။
စင်ကာပူနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သော ERA မှ Marketing Director မမေသူက “မြန်မာနိုင်ငံသားတွေအနေနဲ့ စင်ကာပူအိမ်၊ ခြံ၊ မြေဈေးကွက်ကို ၂၀၀၅ ခုနှစ် လောက်ကစပြီး ရင်းနှီးမြှုပ်နှံမှုတချို့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ စင်ကာပူဘဏ်တွေဆီ ကနေ ချေးငွေတွေရရှိလာတာနဲ့အတူ စင်ကာပူအိမ်၊ ခြံ၊ မြေ ကဏ္ဍမှာ စီးပွားဖြစ်ရင်းနှီး မြှုပ်နှံမှုတွေ ပိုမိုလာပါတယ်။ အများစုက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ဝယ်ယူကြပါတယ်။ ဒုတိယက ကိုယ်ပိုင်နေထိုင်မှုတွေအတွက် ဝယ်ယူကြတာဖြစ်ပြီး ကျန်တာတွေက ကလေး တွေ ပညာရေးအတွက် စင်ကာပူမှာ အိမ်ခြံမြေဝယ်ယူမှုတွေ ပြုလုပ်ကြတာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင် (PR)ရရှိသူ မြန်မာနိုင်ငံသားများအနေဖြင့် မြေပိုင်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်သော်လည်း သာမန်မြန်မာနိုင်ငံသားများအနေဖြင့် ကွန်ဒိုတိုက်ခန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ကြောင်း၊ ထိုသို့ပြုလုပ်နိုင်ရန် စင်ကာပူဘဏ်များမှ ချေးငွေများ ရယူနိုင်ကြောင်း သိရှိရသည်။
ဆက်လက်၍ ERA မှ Marketing Director မမေသူက “မြန်မာနိုင်ငံသားတွေအနေနဲ့ စင်ကာပူနိုင်ငံမှာ အိမ်၊ ခြံ၊ မြေ ဝယ်ယူနိုင်ဖို့ စင်ကာပူဘဏ်တွေကနေ ချေးငွေရယူနိုင် ပါတယ်။ အိမ်တန်ဖိုးရဲ့ ၈၀ ရာခိုင်နှုန်းလောက်အထိကို ဘဏ်ကနေ ချေးယူနိုင်ပါတယ်။
ဘဏ်ချေးငွေရရှိဖို့အတွက် မြန်မာနိုင်ငံက ဘာပိုင်ဆိုင်မှုကိုမှ အထောက်အထားပြဖို့ မလို ပါဘူး။ ချေးယူနိုင်ဖို့အတွက် ဝယ်ယူမယ့် အိမ်တန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကို ချေးယူမယ့်ဘဏ် မှာ သုံးပတ် ပေးသွင်းထားရာမှာဖြစ်ပါတယ်။ ပြီးရင် ကျန်တန်ဖိုးထဲက အများဆုံး ၈၀ ရာခိုင်နှုန်းအထိကို UOB- Bank ကနေ သတ်မှတ်အတိုးနှုန်းနဲ့ အများဆုံး နှစ်ရှည် နှစ် ၃၀ ဘဏ်ချေးငွေရရှိနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။
တစ်ပေပတ်လည်တန်ဖိုးမှာ နေရာပေါ်မူတည်ကာ ဈေးနှုန်းအမျိုးမျိုးကွဲပြားသောလည်း ပျမ်းမျှအားဖြင့် တစ်ပေပတ်လည်လျှင် ပျမ်းမျှစင်ကာပူဒေါ်လာ ၁၂၀၀ မှ ၃၀၀၀ ဝန်းကျင် အထိ ဈေးရှိကြောင်း သိရသည်။
Ref : Bi Weekly Eleven
Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment