(လော့စ်ဆန်းဂျလိစ်တိုင်းမ်) ဇော်ဝင်း ဘာသာပြန်သည်။အတွဲ ၂၆ ၊ အမှတ် ၅၁၀ (၁၈ - ၂၄ ၊ ၃ ၊ ၂၀၁၁)
အမေရိကန်ပြည်ထောင်စုတွင် ကင်ဆာရောဂါဖြစ်ပြီးမှ အသက်မသေခဲ့သူ ဝေဒနာရှင်ဦးရေသည် ၁၉၇၁ မှ ၂၀၀၇ ခုနှစ်အတွင်း သုံး သန်းမှ ၁၁ သန်းအထိ လေးဆနီးပါးမျှတိုးလာသည်ဟု ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက မတ်လ ၁၁ ရက် နေ့တွင်ပြော ခဲ့သည်။
ယင်းသို့မြင့်တက်လာခြင်းမှာ ရောဂါဖြစ်ကြောင်းစောစီးစွာသိရှိမှု၊ရောဂါ အမျိုးအမည်သတ်မှတ်သည့်နည်း လမ်း ကောင်းမွန် လာမှု၊ ပိုမိုထိရောက်သည့် ကုသမှု၊ ကုသပြီးနောက်ဆက်တွဲစောင့် ရှောက်မှုနှင့် အမေရိကန်လူမျိုးများ၏ အသက်ရှည်လာမှုများကြောင့်ဖြစ် သည်ဟု အဆိုပါဌာနက ၎င်းတို့၏ "Morbidity and Mortality" ('ဥပါဒါန်စွဲနှင့် မရဏတရား') အမည်ရှိ အပတ်စဉ် အစီရင်ခံစာတွင် ပြောသည်။ သေမင်းကို ရှောင်လွှဲနိုင်ခဲ့သူ ဝေဒ နာရှင်အများစုမှာ ရင်သား၊ အမျိုးသား ဆီးကျိတ်၊ အူမကြီးကင်ဆာဖြစ်သူ များဖြစ် ကြကာ အမျိုးသမီး ၅၄ ဒသ မ ၃ ရာခိုင်နှုန်းနှင့် အမျိုးသား ၄၅ ဒသမ ၇ ရာခိုင်နှုန်းဖြစ်သည်။ ၅၉ ဒသမ ၅ ရာခိုင်နှုန်းသည် အသက် ၆၅ နှစ်နှင့် အထက်ဝေဒနာရှင်များဖြစ်ကြပြီး တစ် ရာခိုင်နှုန်းအောက် ဝေဒနာသည်များ သည် ၁၉ နှစ်အောက်ဖြစ်သည်။
အသက်ရှင်ကျန်သူ အများစုသည် အမျိုးသမီး များပင် ဖြစ်ကြသည်။ အကြောင်းမှာ ရင်သားနှင့် သားအိမ်ခေါင်း ကင်ဆာများသည် ငယ်ရွယ်သူများသာအဖြစ်များကြရာ စောစောသိပြီး အောင်အောင်မြင်မြင် ကုသနိုင်ခြင်းကြောင့်ဖြစ်သည်။အသက်ရှင်ကျန် သည့် ၁ ဒသမ ၁ သန်းကျော်သည် ၂၅ နှစ်မျှရောဂါလက္ခဏာဖြင့် နေထိုင် ခဲ့ကြရကာ ၇၅ ဒသမ ၄ ရာခိုင်နှုန်းမှာ အမျိုးသမီးများပင် ဖြစ်ကြ သည်။
၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလအထိအသက်မသေသူ ရင်သားကင်ဆာရှင် အမျိုးသမီး ၂ ဒသမ ၆ သန်းရှိပြီး အသက်မသေသူ ဆီးကျိတ် ကင်ဆာရှင် အမျိုးသား ၂ ဒသမ ၃ သန်းရှိ သည်။ အခြားအသက်မသေသူ ၁ ဒသမ ၁ သန်း သည် အူမကြီးကင်ဆာ ဝေဒနာသည် များဖြစ်ပြီး စတုတ္ထကျန်ရစ်သူများမှာ ကျောက်ကပ်ကင်ဆာနှင့် ကျောက်ကပ် ဆိုင်ရာ တင်ပါးဆုံရိုး ကင်ဆာဝေဒနာရှင် ရှစ်သိန်းတို့ ပင်ဖြစ်သည်။
From myanmartimenews
Popular Posts!
-
Consulting to become a Network Engineer ================================== - junior network engineer တစ်ယောက်အနေနဲ့ အလုပ...
-
Credit@ Ko Nge ကားပါမစ်တွေထုတ်မပေးတော့ဘူးလို့ ကောလဟသသတင်းလေးတွေကြားနေရပြီး သေချာသိချင်လို့အစိုးရရဲ့ Commerce Website က ကားသတင်းတွေက...
-
မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ (SME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေထုတ်ပေးရန် စင်ကာပူနိုင်ငံမှ ငွေးကြေးအဖ...
-
We make tools Your make do! သူငယ်ချင်းတယောက်က သူဖုန်းလိုင်းသက်တန်းတိုး အသစ်ပြန်စာချုပ်ချုပ်ရတော့မှာမို့..... မူရင်းlock ပိတ်ထားတဲ့iphon...
-
ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင် ၉၀ ကျော်အနက် ၂၈ ဦး၏ ရုပ်အလောင်းများ ရှာတွေ့ (အသက်(၁၀)နှစ်အောက် အမျိုးသားအလောင်းခြောက်လောင်း ပါ...
-
MAC OS Keyboard shortcuts လေးတွေမသိရင်တော်တောကို ဒုက္ခပေးပါတယ်... အခုလဲသုံးနေရင်းနှင့် အဆင်မပြေတာနှင့် Shortcut Keysတွေကို ရှာလိုက်တ...
-
ဒီစတေးတပ်ကို (စင်ကာပူ နိုင်ငံသား နဲ့ PR အတွက် အဓိက ရေးတာ မဟုတ်ဘဲ) ၊ မြန်မာနိုင်ငံကနေ စင်ကာပူမှာ အလုပ်လာရှာနေသူများ ၊ အလုပ်လာရှာဖို့ အစီအစ...
-
Radio တစ်ခု Run တာခက်ခဲတယ့် အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဓိက အချိန်နဲ့ လူအင်အား ရှိဖို့တော့ လိုပါတယ်။ ကျွန်တော်ဒီ Tutorial ကိုကိုယ...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment