Monday, 28 March 2011 19:00
ရန်ကုန်၊ မတ် - ၁၈ မြန်မာနိုင်ငံမှ ဂျပန် နိုင်ငံတွင် ဆွေမျိုးရှိသူများအား ငလျင်ဒဏ် ကြောင့် ဘေးအန္တရာယ်ကင်းမှု ရှိ၊ မရှိအား အခမဲ့ ဆက်သွယ်ပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ မိသားစုဝင်များထဲမှ ဂျပန် နိုင်ငံတွင် ဆွေမျိုးရှိသူများအနေဖြင့် မိမိတို့၏ ဆွေမျိုးများ ဘေးကင်းမှု ရှိ၊မရှိ သိလိုပါက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မိသားစု ပြန်လည်ဆက်သွယ်ပေးရေး ယူနစ်သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် အကူအညီတောင်းသူများ၏ မိသားစုဝင်များ ဘေးကင်းမှု ရှိ၊ မရှိ သိစေရန် ဘေးကင်းရန်ကွာရှိနေသူများ၏ စာရင်းတွင် ရှာဖွေပေးခြင်း၊ မိသားစုနှင့် အဆက်အသွယ် ပြတ်နေသူများအား မှတ်ပုံတင်ခြင်း၊ မိသားစုသတင်း ရရှိပါက သက်ဆိုင်သူများသို့ အကြောင်းကြားပေးခြင်း စသည်တို့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဂျပန်ငလျင်ကြောင့် ဂျပန်နိုင်ငံရှိ ဆွေမျိုးများနှင့် အဆက်အသွယ် ပြတ်နေ သူများ၊ အကူအညီတောင်းလိုပါက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မိသားစု ပြန်လည် ဆက်သွယ်ရေး ယူနစ် ဖုန်း ၃၈၃၆၈၄၊ ၀၉၅၄၁၁၈၆၈ နှင့် ၀၉၈၆၂၇၇၉၆ သို့ရုံးချိန်အတွင်း ဆက်သွယ် အကူအညီတောင်းနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမိသားစု ပြန်လည်ဆက်သွယ်ပေးရေးယူနစ်သည် နာဂစ် ဆိုင်ကလုံးမုန်တိုင်းတွင် လူဦးရေ ၄၄၇ အား မိသားစုနှင့် ပြန်လည်ဆက်သွယ်ပေးခဲ့ပြီး ကလေးသူငယ် ၁၂ ဦးအား မိသားစုနှင့် ပြန်လည်ဆက်သွယ်ပေးခဲ့သည်။ ထို့အပြင် ဂီရိဆိုင်ကလုန်းမုန်တိုင်းတွင် လူဦးရေ ၂၃ ဦးအား မိသားစုနှင့် ပြန်လည်အဆက်အသွယ် ရရှိစေရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Ref: 7 Day News
Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment