ဇွန်ပန်းပွင့် အတွဲအမှတ် (၂၃ ၊ အမှတ် ၄၄၈)
'လုံမေခင်' ထမင်းဆိုင်မှာ ပိုင်ရှင် ဒေါ်လွင်လွင်မေ ရောင်းချနေစဉ်။ ဓာတ်ပုံ - ဇွန်ပန်းပွင့်သူတို့ရဲ့ဆံပင်တွေက နီကြောင်ကြောင် ဖြစ်နေတယ်။
ဖုတ်သိုက်သိုက်ဆံပင်ရှည်အုပ်ကြီးတွေက သူတို့ရဲ့မျက်နှာတွေကို အရွယ်နဲ့မလိုက်အောင် ရင့်ရော်စေပါတယ်။
သူတို့တွေနားကပ်ရင် ကာဘော်လစ်ဆပ်ပြာနံ့လိုလို ပြင်းရှရှအနံ့ဟာ မခံ နိုင်လွန်းအောင် နံစော်နေတယ်။
ဖာထေး ရာတွေ ထင်သာမြင်သာလွန်းတဲ့ ညစ်ထူထူ ရှပ်အင်္ကျီဝတ် လူတွေ၊ ကာဘော်လစ်အနံ့တွေ ကြိုင်နေတဲ့ ယောက်ျားကြီးတွေဟာ ပင်ပန်းတဲ့ တစ်နေ့တာအလုပ် ပြီးချိန်မှာ လွယ်အိတ်စုတ်လေးတွေကို စလွယ်သိုင်းပြီး အဲဒီထမင်းဆိုင်နားမှာ အုံနေတတ်တယ်။
ဒေါ်လွင်လွင်မေက တစ်နေ့ကို အသားငါး၊ ဟင်းသီးဟင်းရွက် ဟင်းအမည်(အမယ်) ၁၅ မျိုးလောက်ကို အကူ မပါ ကိုယ်တိုင် တစ်ဦးတည်း ချက်ပြုတ် ပြင်ဆင်ပြီး ညနေ အလုပ်ကြမ်းသမားတွေ အလုပ်သိမ်းချိန်မှာ ခင်းကျင်းရောင်း ချနေတဲ့ဆိုင် ဖြစ်ပါတယ်။
"လက်လုပ်လက်စား တော်တော်များများက ကျပ်တည်းကြပါတယ်။ ဆင်းရဲကြတယ်။ အဲဒီလို ဆင်းရဲတဲ့သူတွေရဲ့ အခက်အခဲကို ဘယ်လို ကူညီသင့်သလဲ ဆိုပြီး စဉ်းစားကြည့်တယ်။ နောက်ပြီး ကြီးမေတို့ မြန်မာလူမျိုးတွေက ထမင်းကြိုက်တတ်တယ်။ ငါးပိ ကြိုက် တတ်တယ်။ အသားငါးလေးကိုလည်း စားချင်တာလေး စားရအောင်ဆိုပြီး အဲဒီလို လူမျိုးတွေကို ၀က်သားဟင်းဆိုလည်း ၅၀ ဖိုး 'ရော့.အင့်' ဆိုပြီး ထမင်းလေးနဲ့ ဟင်းလေးနဲ့ ငွေလေး ၇၀ - ၈၀ (ကျပ်) ပါလာတယ်ဆိုလည်း 'ရော့ ထမင်းရော ဟင်းရောယူ' ဆိုပြီးရောင်းတယ်။ ကုသိုလ်လည်းရ ၀မ်းလည်းဝ၊ ဒါနလေးလည်း မြောက်အောင်ပေါ့ သမီးလေးရယ်" လို့ အဲဒီ 'လုံမေခင်' ထမင်းဆိုင်ပိုင်ရှင် ဒေါ်လွင်လွင်မေက ပြောပြပါတယ်။
"ကျွန်မ ငွေငါးသိန်းဖိုး၊ ၁၀ သိန်းဖိုးကို တစ်ပြိုင်နက်တည်း မလှူနိုင်ပါဘူး။တစ်နေ့ကို ၅၀၊ ၁၀၀ နဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး ပီပီ၊ နိုင်ငံကြီးသားပီပီ ဒီလုပ်ငန်းကို လုပ်တာ။ အထွတ်အမြတ်လည်းဖြစ်တယ်။ ကုသိုလ်လည်းရတယ်။ ၀မ်းလည်း ၀တယ်ဆိုတဲ့ စိတ်ကူး လေးနဲ့လည်း လုပ်တယ်။ ကိုယ်သေရင် ကိုယ့်နောက်ကိုဘာမှ မပါပါဘူး။ ဒီကုသိုလ်ပဲ ပါမှာပါ။ အဲဒါကြောင့် ဒီထမင်းဆိုင်မျိုးကို ဖွင့်ဖြစ်တာပါ" လို့ ဒီဆိုင်ဖွင့်လာတာ ခုနစ်နှစ် ၀န်းကျင် ရှိပြီဖြစ်တဲ့ ဒေါ်လွင်လွင်မေက ပြောပြပါတယ်။
ထမင်းဆိုင် စဖွင့်တဲ့အချိန်တုန်းကဆို ဟင်းအမယ် ၂၃ မျိုးလောက်ကို သူ တစ်ဦးတည်း စီမံပြီး ရောင်းချခဲ့တယ်လို့ ပြောပြပါတယ်။
"စ ရောင်းတုန်းက ထမင်းတစ်ပွဲ ၅၀၊ ဟင်းတစ်ပွဲ ၅၀ နဲ့ ရောင်းတယ်။ တဖြည်းဖြည်း နည်းနည်း ဈေးတက်လာတော့ ထမင်း ၁၀၀၊ ဟင်း ၁၀၀ နဲ့ ရောင်းပါတယ်။ ဒါပေမယ့်လည်း ပိုက်ဆံ ၅၀ တန်၊ ၂၀ တန် အဟောင်း လေးတွေ လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ပြီး လာဝယ်ရှာတဲ့ သူတွေကိုလည်း ဟင်းရော၊ ထမင်းရော ရောင်းပြီး ပေးသလောက် ယူပါတယ်" လို့ ဆိုပါတယ်။
ဟင်းတွေကတော့ အမယ်တော်တော် စုံပါတယ်။ ၀က်သားဟင်း၊ ၀က်ကလီစာ၊ ဆိတ်ခေါင်း၊ ဆိတ်ကြော၊ အမဲသား၊ ချဉ်ပေါင်ကြော်၊ အာလူးကြော်၊ အစိမ်းကြော်၊ ငါးပိကြော်၊ ငါးလေးဟင်း၊ ကြက်သား စတာတွေကို အသားဟင်း တစ်ပွဲ ၁၀၀၊ အသီးအရွက် ၅၀ နဲ့ရောင်းပါတယ်။
"ဟင်းတွေကို ဈေးပေါပေါနဲ့ ရောင်းနိုင်အောင် မနက်ဆို ဈေးပေါင်ကျိုးလေးကို သွားတယ်။ ပြီးတော့ ဘယ်ဈေးလဲလို့ မေးလိုက်တယ်။ သူတို့က ဈေးကောင်းကောင်း (ဈေးကြီးကြီး) ပြောတယ်။ အဲဒီ လိုဆို ကျွန်မက တောင်းပန်ပြီး ကျွန်မ ရောင်းတဲ့နေရာလေးက ဆားစက်၊ ကျောက်စက်၊ အုတ်သဲကျောက် အထမ်းသမား၊ အလုပ်ကြမ်းသမားလေးတွေ ရှိတဲ့ အတွက်ကြောင့် ဆင်းရဲတဲ့ ရပ်ကွက် ကလေးဖြစ်တဲ့ အတွက်ကြောင့် သူတို့လေးတွေ မစားနိုင်မှာစိုးလို့ ဈေးရောင်းတဲ့ သူလည်း မရှုံးအောင် ကျွန်မကို ဈေးချိုတဲ့ နှုန်းလေးနဲ့ ရောင်းပေးပါဆိုပြီး အချိုသာ ဆုံးပြောပြီး ကိုယ့်ဟာကိုယ် ငရုတ်သီးထောင်းပြီး ဟင်းကောင်း ကောင်းလေး ချက်ပြီး ရောင်းပါတယ်။
"သူတို့တွေ ဖောဖောသီသီ လောက်လောက်ငင စားနိုင်အောင် ပိဿာလိုက် ၀ယ်ပြီး ချက်ပါတယ်။ တစ်နေ့ကို ၃,၀၀၀ ၀န်းကျင် လောက် မြတ်ပြီး ဟင်းတွေ ကျန်ရင်တော့ ကြီးမေငိုပြီး အိမ်ကို ပြန်ရတာပေါ့၊ သူတို့လုပ်ငန်းလေး အဆင်ပြေလို့ ဈေးထဲမှာ ဟင်း ကောင်းကောင်း သွားဝယ်စားရင် ကြီးမေ မရောင်းရဘူး။ သူတို့ လုပ်ငန်းလေး ပါးရှားရင်တော့ ကြီးမေ ကြီးဆိုင်မှာ ၁၀၀ ဖိုး ပေးပါ၊ ၅၀ ဖိုး ပေးပါနဲ့ လာတောင်းတယ်။
"တချို့လည်း မော်တော်ကားကြီးနဲ့ မြို့ထဲက လာပြီး ဟင်းကောင်းတယ် ကြားလို့ လာဝယ်စားကြတယ်။ တချို့က ဟင်း ၃၀၀ ဖိုး ၀ယ်တယ်။ ၅၀၀ တန် ပေးပြီး ၂၀၀ ကျန်တာ ပြန်အမ်းရင် မယူဘူး။ ကျွန်တော်တို့လည်း ကုသိုလ်ပါဝင်မယ်ဆိုပြီး မုန့်ဖိုးပေးသွား တယ်" လို့ သူက ဆက်ပြောပါတယ်။
"အဲဒီလို လူမျိုးတွေကို ရောင်းရလို့ တစ်ခါတလေမှာ ၀မ်းသာလွန်းလို့ မျက်ရည်တွေတောင် ၀ိုင်းရပါတယ်။
"တချို့လာဝယ်တဲ့ သူတွေထဲမှာ စီးစီး ပိုးပိုးလည်း ပါပါတယ်။ ကြီးမေက အများကြီး ထည့်ပေးတာတောင် တချို့က နည်းတယ်လို့ ထင်ပြီး ထပ်ထည့်ခိုင်းတယ်။နောက်တစ်ခုက လူတွေ အုံနေရင် လက်ကြီးက ငါးကြော်တွေ နှိုက်ခိုးတယ်။ အဲဒီအခါကျရင် တုတ် ကလေး ကောက် ပြီး အဲဒီခိုးတဲ့လက်ကို တောင်ခနဲ မြည်အောင် ခေါက်ရတယ်။ 'ဟဲ့ သူခိုး သူခိုး' လို့ မအော်ရက်ဘူး။ အဲဒီလောက်ထိ စေတနာကောင်းပါတယ်။ ပိုက်ဆံမပေးဘဲ ထွက်သွားတဲ့လူတွေ၊ မပေးဘဲနဲ့ ပေးတယ်ဆိုပြီး ငြင်းတဲ့လူတွေ၊ ပိုက်ဆံထက်ပိုင်းပြတ် ပေးတဲ့လူတွေ စတာတွေနဲ့လည်း ကြုံရပါတယ်" လို့ သူ့ရဲ့ထမင်းဆိုင်အတွေ့အကြုံတွေကို ဒေါ်လွင်လွင်မေက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
"ဘယ်မှာမဆို အကုန်လုံးက ချမ်းသာတဲ့လူမျိုးတွေ မဟုတ်ပါဘူး။ ထမင်းဟင်း ၅၀ ဖိုး၊ ၁၀၀ ဖိုးရောင်းတဲ့ နေရာတွေက ဟင်းဈေးကြီး ပေးဝယ်မစားနိုင်တဲ့ သူတို့ လို အလုပ်ကြမ်းသမားတွေအတွက် အထောက်အကူ ဖြစ်မှာပါ" လို့လည်း သူက ဆက်ပြောပြပါတယ်။
'လုံမေခင်' ထမင်းဆိုင်လေးကို စက်ဆန်း အေပီစီမှတ်တိုင်အနီး၊ သမိန်ပရမ်းလမ်း၊မင်္ဂလာတောင်ညွန့်မြို့နယ်မှာ အားပေး သုံးဆောင် နိုင်ပါတယ်။
Ref:myanmartimenews
Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment