| လက်ရှိ အခြေအနေသည် ၂၀၁၂ ခုနှစ်၏ ပထမဦးဆုံးလဖြစ်နေပြီး ပွင့်လင်းရာသီ ဖြစ်သော်လည်း ပြည်ပ ပို့ကုန်ဈေးကွက် နှင့်အတူ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ငြိမ်သက်နေကြောင်းနှုင့် ၂၀၁၁ ခုနှစ်တွင် ပြုလုပ်ခဲ့သော စီးပွားရေးဆိုင်ရာ အပြောင်းအလဲ အချို့ကြောင့် စီးပွားရေး လုပ်ငန်းများ ပိုမိုကောင်းမွန် လာနိုင်သည်ဟု မျှော်လင့်ခဲ့သော်လည်း လက်ရှိအခြေအနေတွင်မူ သိသာသောပြောင်းလဲမှု သိပ်မတွေ့ရကြောင်းနှင့် ပြည်ပ လုပ်ငန်းရှင်များ အနေဖြင့်လည်း ပြည်တွင်းရှိ နိုင်ငံရေးအရဖြစ်ပေါ် ပြောင်းလဲမှု အနေအထားများကိုသာ စောင့်ကြည့်နေဆဲဖြစ်ကြောင်း သတင်းရရှိပါသည်။ “လောလောဆယ် အခြေအနေကတော့ အကူးအပြောင်းကာလဆိုပြီး စီးပွားရေးလုပ်ငန်းရှင်တွေက စောင့် ကြည့်နေတာလည်း ရှိတယ်။ ရင်းနှီး မြှုပ်နှံမှုဆိုရင်လည်း စောင့်ကြည့်နေတုန်းပဲ။ ပထမတစ်ခုက ဥပဒေ မထွက်တာပါ။ ကြားသိရသလောက်တော့ ရင်နှီးမြှုပ်နှံမှုဥပဒေကို လာမယ့် ဇန်န၀ါရီလမှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေမှာ တင်ပြသွားမယ်လို့ သိရတယ်။ ဥပဒေမထွက်တော့ မလုပ်နိုင်ကြသေးဘူး။ နောက်တစ်ခုက အရင်ကရှိခဲ့တဲ့ ဗျူရိုကရေစီကလည်း ရှိနေတုန်းပဲ။ ဖြစ်နေတာ တွေက နိုင်ငံခြားကရင်းနှီးမြှုပ်နှံမှုတွေ လာပါလာပါဆိုပေမယ့် procedure မကျတဲ့ကိစ္စတွေလည်း ရှိနေတုန်းပါပဲ။ အခုဆို ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်နဲ့ဟောင်ကောင်ဘက်ကလည်း အခြေအနေကို ကြည့်နေတုန်းပဲ”ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌဒေါက်တာ မောင်မောင်လေးက ပြောပြခဲ့သည်။
“ပထမတစ်ချက်က ဥပဒေမထွက်သေးတော့ ရင်နှီးမြှုပ်နှံမှုတွေ မလာနိုင်ဘူး။ နောက်တစ်ခုက စီးပွားရေး ပိတ်ဆို့မှုရှိနေဆဲဖြစ်တဲ့အတွက် LC ဖွင့်တဲ့ကိစ္စ အဆင်မပြေနိုင်ဘူး။ လောလောဆယ် ၀င်မယ်ဆိုရင်လည်း စင်ကာပူလောက် တရုတ်နိုင်ငံလောက်ပဲ အဆင်ပြေနိုင်မယ်။ ဒါတောင် ကုမ္ပဏီ တည်ထောင်ရတဲ့ကိစ္စတွေက အခုထိ အဆင့်ဆင့် တင်နေရသေးတယ်။ တခြားနိုင်ငံတွေမှာ လုပ်ငန်းတစ်ခုစဖို့ အွန်လိုင်းကနေ မနက်ပိုင်းစပြီး တင်လိုက်တာနဲ့ ညနေပိုင်းလုပ်ငန်းစလို့ ရပြီ။ ပြင်သင့်တာတွေကတော့ အများကြီးပါပဲ”ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။ အလားတူပင် တိုးတက်မြင်သာသည့် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု များမတွေ့ရခြင်းကလည်း ရင်းနှီးမြှုပ်နှံသူများအား ယုံကြည်မှုလျော့ကျနေကြောင်း သုံးသပ်ကြသည်။ “နောက်တစ်ခုကနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ဖို့ပါပဲ။ အခုဆိုရင် ပို့ကုန်တွေလည်း အခြေအနေ သိပ်မကောင်းဘူး ။ ပို့ကုန်တက်ခဲ့ရင်တောင် ဈေးမကောင်းတဲ့အတွက် ထုတ်လုပ်သူအတွက် ဘယ်လိုမှတွက်ချေမကိုက်ဘူး။ အခုက ပဲဈေး လည်းမကောင်း၊ ဆန်ဈေးမကောင်းတဲ့အပြင် ၀ယ်လိုအား မရှိသေးဘူး။ တောင်သူတွေရဲ့လက်ထဲကပစ္စည်းက တန်ဖိုးမရှိဘူးဖြစ်နေတယ်။ အဲဒီ ဂယက်က ရှေ့လျှောက်စီးပွားရေး အကျပ်အတည်းတွေ အများကြီး ဖြစ်လာနိုင်တယ်။ အခုထိလည်း ဒေါ်လာ ဈေးကမကောင်း။ အပြောင်းအလဲ ကို ဖော်ဆောင်မယ်ဆိုရင်လည်း အားလုံး တက်ညီလက်ညီ ဖော်ဆောင်ကြ တာကောင်းပါတယ်။ နောက်တစ်ခု က အခုအချိန်အထိ စီးပွားရေးပိတ်ဆို့မှု ရှိနေသေးတယ်။ ဒါကလည်း တိုင်းပြည်စီးပွားရေး တိုးတက်ဖို့အတွက် အဓိကအတားအဆီးပဲ။ ဒါကို ဖွင့်ချင်တယ်ဆိုရင် ကိုယ့်ဘက်ကလည်း ဖွင့်ပေးနိုင်တဲ့ အတိုင်းအတာမျိုးအထိ အပြကောင်းဖို့တော့လိုတယ်။ မဟုတ်ရင် ဟိုမရောက်ဒီမရောက်နဲ့ကြားမှာ ဒုက္ခဖြစ်သွားနိုင် တယ်”ဟု နိုင်ငံစီးပွားရေးလေ့လာ သုံးသပ်သူ ပညာရှင်တစ်ဦးကသုံးသပ် ပြောကြားပါသည်။ “စီးပွာရေးပိတ်ဆို့တယ် ဆိုတဲ့နေရာမှာ အမေရိကန်ရဲ့စီးပွားရေး ပိတ်ဆို့ အရေးယူမှုနဲ့ အီးယူရဲ့အရေးယူမှုက မတူပါဘူး။ ဒါကြောင့် အီးယူရဲ့စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းပေးနိုင်တယ်လို့ သုံးသပ်တာရှိပေမယ့် တကယ်က အမေရိကန် Sanction ပဲအဓိကပါ”ဟု ၎င်းက ဆက်လက် သုံးသပ်ပြောကြားပါသည်။ Ref:weeklyeleven |
Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Sunday, January 8, 2012
ပြည်ပပို့ကုန်ဈေး ကွက်နှင့်အတူ ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ငြိမ်သက်နေ၊ ပြည်ပရှိ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများ ပြည်တွင်းရှိ ဖြစ်ပေါ် ပြောင်းလဲမှု အနေအထားများအား စောင့်ကြည့်နေဆဲ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment