Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Wednesday, January 25, 2012
မြန်မာ့အကြီးဆုံး ရွှေကြာတွေ့ရှိ
ရေးသားသူ - ကျော်မြတ်ဇံ နေရာ - ရန်ကုန် ရက်စွဲ - January 14, 2012
Category - Local News Tags - myanmar biggest gold area
အမေရိကန်နိုင်ငံ နာဆာမှလွှတ်တင်ထားသော Landast7 အရ ကောင်းကင်ဂြိုဟ်တုဖြင့် မင်းတုန်းမင်းလက် ထက်က တူးဖော်ခဲ့ကြသည့် မြန်မာ့အကြီး ဆုံး ရွှေကြောကို ကရင်ပြည်နယ် မဲဝိုင်ဒေသ တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါရွှေကြောသည် ရွှေတန် ချိန်ပေါင်း မြောက်မြားစွာ ထွက်ရှိမည်ဖြစ်ပြီး နှစ်ရာကျော်ထိအောင် ကုန်ဆုံးနိုင်ခြင်းမရှိ ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာန အငြိမ်းစား ပါမောက္ခဦးစိုးသိန်းက ပြောသည်။ ၄င်းရွှေကြောမှာ နေရာကြီးမား လွန်းသဖြင့် နေရာခြောက်ခုခွဲပြီး Landast7 အရ ကောင်းကင်ဂြိုဟ်တု ဖြင့်ရိုက်ယူရကာ ကရင် ပြည်နယ် မဲဝိုင်ဒေသမှရွှေကြောသည် ရွှေ ကျင်၊ ကျောက်ကြီး၊ တောင်ငူ၊ ဘီးလင်း၊ သထုံကိုဖြတ်သွားပြီး ပင်လယ်ထဲတွင် မြုပ်နေကာ မလေးရှား နှင့် အင်ဒိုနီးရှားနိုင်ငံများထိပင် ရောက်ရှိ ကြောင်း သိရသည်။
''ဒီမဲဝိုင်၊ ရွှေကျင်၊ ကျောက်ကြီးရွှေကြောကို သုတေသနပြုနေတာတော့ အနည်းငယ်ကြာပါပြီ။ လိုအပ်တဲ့အချက်အလက်တွေနဲ့ နေရာဒေသအနေအထား၊ ရွှေထွက်ရှိမှု အခြေအနေတွေကတော့ ဒီ၂၀၁၁ခုနှစ်မှအတည်ပြုပြောတာပါ'' ဟု ဦးစိုးသိန်းက ပြောသည်။ ယခုအခါ အဆိုပါ ရွှေကြောနေရာကို ပြည်တွင်း ကုမ0x081ပဏီဆယ်ခုက လုပ် ကိုင်ခွင့်ရရှိပြီး မျှောရွှေကို အဓိက ထားပြီး လုပ်ကိုင်ကြကြောင်း သိရသည်။ ''အဲဒီမဲဝိုင်ဒေသမှာ ၂၀၁၀-၂၀၁၁ဘဏ0x081ဍာရေး နှစ်အတွင်း သတ0x081တုတွင်း ဝန်ကြီးဌာန လက်အောက်ရှိ အမှတ်(၂) သတ္တုတွင်း လုပ်ငန်းက နိုင်ငံတော်နဲ့အကျိုး တူလုပ် ဆောင်ဖို့ မြန်မာပြည်ဖွား တိုင်းရင်းသား ကုမ္မဏီတွေကို လုပ်ကွက်တစ်ကွက်ကို ဧက ၂ဝစီနဲ့ မဲဝိုင်ဒေသမှာ ၁၅၄ကွက်နဲ့ ကျောက်ကြီး၊ ဘောလိဒေသမှာ ၅၁ကွက်၊ စုစုပေါင်းအသေးစားလုပ်ကွက် ၂၀၅ကွက်ကို လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်'' ဟု သတ္တုတွင်း ဝန်ကြီးဌာန လက်အောက်ရှိ အမှတ်(၂)သတ္တုတွင်းမှ တာဝန်ရှိသူက ပြောသည်။
Landast7 အရ ကောင်းကင်ဂြိုဟ်တု ဖြင့်ရိုက်ယူရကာ ကရင် ပြည်နယ် မဲဝိုင်ဒေသမှရွှေကြောသည် ရွှေ ကျင်၊ ကျောက်ကြီး၊ တောင်ငူ၊ ဘီးလင်း၊ သထုံကိုဖြတ်သွားပြီး ပင်လယ်ထဲတွင် မြုပ်နေကာ မလေးရှား နှင့် အင်ဒိုနီးရှားနိုင်ငံများထိပင် ရောက်ရှိ
မြန်မာနိုင်ငံတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဌာရေးနှစ်အတွင်း နိုင်ငံတော်နှင့်အကျိုး တူပူးပေါင်းလုပ်ကိုင်ဆောင်ရွက် နေသောကုမ္မဏီများမှ အကြီးစား ရွှေထုတ်လုပ်သည့် လုပ်ကွက်(၅)နေရာနှင့် အသေးစားရွှေထုတ်လုပ်သည့်လုပ်ကွက် နေရာ(၆၀၀)ခန့်ရှိ ကြောင်းနှင့် အသေးစား လုပ်ကွက် တစ်ကွက်အတွက် တစ်နှစ်လျှင် ရွှေစင်(၂၄)ကျပ် သားအား နိုင်ငံတော်သို့ ပေးသွင်း၍ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ''ဒီကုမ္မဏီ ဆယ်ခုက မျှောရွှေပဲလုပ်တာ တောင်ပေါ်ကနေ မြစ်ချောင်းထဲ ရောက်တဲ့ ရွှေတွေကို စက်ကြီးတွေနဲ့ စုပ်ထုတ်တာကို မျှောရွှေလုပ် တယ်လို့ ခေါ် တယ်။ စက်ယန0x081တရားတွေ နဲ့လုပ်တာ တစ်နေ့ကို ငါးပိဿာ၊ ဆယ်ပိဿာ လောက်ရ တယ်။ ကျောက်ထဲကနေ ရွှေထုတ်တာ တွေကတော့ ဒီဇင်ဘာကမှ စလုပ်တာ။ ဒီကျောက်ထဲကနေ ရွှေထုတ်တဲ့နည်း ကိုတော့ ရမည်းသင်း မြို့နယ်က ရွှေလုပ်တဲ့ ပညာရှင်တွေက လာရောက်သင် ပေးပြီး သက်ဆိုင်ရာ ဒေသအာဏပိုင်တွေနဲ့ ပြည် တွင်း ကုမ0x081ပဏီတစ်ခုက ကျောက်ကြီးဒေသရဲ့ အရှေ့ဘက်မှာ စလုပ်တာပါ'' ဟု ဦးစိုးသိန်း က ပြောသည်။
မြန်မာ့အကြီး ဆုံး ရွှေကြောကို ကရင်ပြည်နယ် မဲဝိုင်ဒေသ တွင် တွေ့ရှိမှု ပြမြေပုံ
လွန်ခဲ့သည့် နှစ်၂ဝခန့်က နိုင်ငံခြား ကုမ0x081ပဏီတစ်ခုက ဒေါ်လာလေးသန်းခန့် အကုန် အကျခံကာ ယခုတွေ့ရှိခဲ့သော မဲဝိုင်ရွှေကျင် ကျောက်ကြီး ရွှေကြောကို ရှာဖွေခဲ့ရာတွေ့ ရှိခဲ့ခြင်းမရှိကြောင်း သိရသည်။ ''မဲဝိုင်ရွှေကျင် ကျောက်ကြီး ရွှေကြောက ဟိုးရှေးကတည်းက ရွှေထွက်တာ။ မင်းတုန်းမင်းလက်ထက်မှာတောင် ပြည်သူတွေ အဲဒီရွှေကြောက ရွှေတွေကို လက်နဲ့ ကျင်ကြတာ သမိုင်း အထောက်အထား တွေအရ သိရတယ်။ ဒီရွှေကြော လာရှာတဲ့ အမေရိကန် ကုမ္မဏီက မြန်မာရှေး ရာဇဝင်ကို အထောက်အထား ပြည့်စုံအောင် မစု နိုင်တာရယ်၊ နောက်ဆုံးပေါ် နည်းပညာကပေါ်ခါစပဲ ရှိသေးတာကြောင့် တွေ့မသွား တာ ဖြစ်ပါတယ်'' ဟု ယင်းက ထပ်မံပြောသည်။ သတ0x081တုတွင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် ရွှေထုတ် လုပ်သည့်နေရာ ၂၂ရနေရာရှိကာ ယခုမဲဝိုင် ရွှေကျင်ကျောက်ကြီး ရွှေကြောမတွေ့ မီက မြန်မာနိုင်ငံ၏ ရွှေကျင်မဲဝိုင် ရွှေကြော သည် အကြီးဆုံးဖြစ်သည်။ ယခုအခါ ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများပြုလုပ်ပြီးသော ကြောင့် နောင်အခါတွင် မြန်မာပြည်ဖွား တိုင်းရင်းသား ကုမ္မဏီများ အနေဖြင့် နိုင်ငံ တော်နှင့် အကျိုးတူပူး ပေါင်းလုပ်ကိုင် မှုများ ပိုမိုပြုလုပ် နိုင်တော့မည်ဖြစ်သည်
Ref:yangontime news
Subscribe to:
Post Comments (Atom)

No comments:
Post a Comment