နှစ်စဉ် စားသုံးဆီ တင်သွင်းမှု မြင့်တက်နေဆဲဖြစ်သည့် မြန်မာနိုင်ငံတွင် လူတစ်ဦး တစ်လလျှင်ပျမ်းမျှ ဆီစားသုံးနှုန်းမှာ ကမ္ဘာ့စံသတ်မှတ် ချက်များထက် ကျော်လွန်မြင့် တက်ဆဲပင် ဖြစ်ကြောင်း အောက်တိုဘာလ ဒုတိယပတ်က ပြုလုပ်ခဲ့သော သည်းခြေကျောက်တည်ရောဂါနှင့် သဘာဝ ဆေးပညာအကြောင်း ဟောပြောပွဲတွင် ပါမောက္ခ ဒေါက်တာ ခင်မောင်လွင်က ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက လူတစ်ဦးလျှင် တစ်လဆီငါးဆယ်သားခန့်သာ စားသုံးရန် စံနှုန်းသတ်မှတ်ထား သော်လည်း မြန်မာနိုင်ငံတွင် လူတစ်ဦးဆီစားသုံးနှုန်းမှာ တစ်လလျှင် ငါးဆယ်သား အထက်တွင် ရှိနေကြောင်း ၄င်းက ရှင်းလင်းပြောကြားသည်။ ၄င်း၏ ဆေးခန်းသို့ လာရောက်ပြသကြသူများကို မေးမြန်းချက်အရ တစ်လလျှင် လူတစ်ဦး ဆီစားသုံးနှုန်းမှာ ၆ဝ သား (1liters နီးပါး) ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်ဟု ပါမောက္ခဒေါက်တာ ခင်မောင်လွင်က ထပ်လောင်းပြောကြားသည်။ ဆေးခန်းသို့ တစ်ရက် လျှင် လူနာရာဂဏန်းဝန်းကျင် လာရောက်လေ့ရှိကြောင်း၊ ထို့ကြောင့် ၄င်းလူနာများကို အခြေပြု၍ လေ့လာမှုပြုလုပ်နိုင်ကြောင်း ၄င်းကဆိုသည်။
ဆီစားသုံးနှုန်း မြင့်မားပါက အဝလွန်ရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ သည်းခြေကျောက်တည်ရောဂါနှင့် ကိုယ်တွင်းကလီစာ ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ကြောင်း အသည်းအထူးကု ဆရာဝန်ကြီးတစ်ဦးက သတိပေးပြောကြားသည်။ မည်သည့်စားသုံးဆီမဆို မီးအပူချိန်မထိပါက အန္တာရယ်မကြီးသော်လည်း မီးအပူချိန်ထိထားပါက အန္တရာယ်ကြီးကြောင်း၊ ထိုဆီကိုအစဉ်စားသုံးမိပါက ကင်ဆာရောဂါဖြစ်ပွား နိုင်ကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။ ဆီကြော်မုန့်များအပြင် ဝက်သားစားသုံးမှု များပါကလည်း သည်းခြေကျောက်တည်ရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားနိုင်ကြောင်း ၄င်းကဆိုသည်။
မြန်မာနိုင်ငံတွင် တစ်လပျမ်းမျှ ဆီတင်သွင်းနေရမှုမှာ တန်ချိန် ရာနှင့်ချီရှိနေပြီး အချို့သော ဆီ အုန်းဖြင့် ထုတ်လုပ်ထားသည့် စားသုံးဆီများမှာ ဓာတုပစ္စည်းများ ပါဝင်နေ သဖြင့် စားသုံးရန်မသင့်ကြောင်း ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လတ်တလောကာလ မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုမြင့်မားနေ သော မကူးစက်တတ်သည့် နာတာရှည်ရောဂါများ ဖြစ်ပွားရသည့် အဓိကအကြောင်းအရာများတွင် ဆီစားသုံးသူမြင့်မားနေခြင်းကြောင့် ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောကြားခဲ့သည်။
နိုင်လင်း-popularmyanmar
Popular Posts!
-
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၁) နေမင်း ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ခေါ...
-
ပြောင်းလဲလာသော ခေတ်သစ် ကားပြုပြင်နည်းစနစ်လေးတွေ! အခု Mechanic ခေါ်တဲ့ စက်ပြင်ဆရာ တွေ အကြောင်းရေးဖြစ်တာက နိုင်ငံခြားပြန် ညီတယောက်က နိုင်...
-
တာမွေမြို့နယ်အတွင်းရှိ တိုက်ခန်းများနှင့် ဈေးရောင်းသူတစ်ဦးအား အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ် မြေဈေးချမည်ဟု ပြည်ထောင်စုအစို...
-
Map of Myanmar large Source: Myanmar Information Management Unit, 'Maps', Web Country Profile National land of ...
-
ဒီနည်းလေးက နာမည်ရလုပ်ငန်းတခုရဲ့ကုန်အမှတ်တံဆိတ်ကိုဖြတ်လမ်းကနေ ငွေကြေးရှင်များကအလွယ်တကူ မိမိကိုယ်ပိုင် စီးပွားရေး လိုက်လုပ်တဲ့နည်းလေး...
-
EPS စနစ်အလုပ်အကိုင်အခွင့်အလမ်း(ကိုရီးယား) EPS စနစ်အလုပ်အကိုင်အခွင့်အလမ်း(ကိုရီးယား) https://www.eps.go.kr/ph/index.html ...
-
အခုရက်ပိုင်း ပြည်တွင်းစတော့ဈေးကွက်နှင့်ပတ်သက်လို့ မေးလာသူတွေ များစွာရှိလာသည်။ တစ်ချို့လည်း ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝ...
-
Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းဖြစ်ပါတယ်…။ အရင်ဦးဆုံး Zawgyi Font and Zawgyi typing Keyboard မရှိသေးသူများ က...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment