ပြည်ပရောက် မြန်မာနိုင်ငံသားများမှ မြန်မာနိုင်ငံသို့ နိုင်ငံခြားငွေ ပြန်လည်လွှဲပို့မှုကို လက်ခံနိုင်သော ၀န်ဆောင်မှု (Inward Remittance) ကို ပြည်တွင်းဘဏ်အချို့က ဖေဖော်ဝါရီလလယ်တွင် စတင်နိုင်မည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းအသိုင်းအ၀ိုင်း ထံမှ သတင်းရရှိပါသည်။ “အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးအနေနဲ့ မလေးရှားနဲ့ စင်ကာပူမှာ ပြည်ပငွေလွှဲလုပ်ငန်းတွေ လုပ်ကိုင်သွားမှာပါ။ မလေးရှားမှာက မလေးဘဏ်နှစ်ခုနဲ့ ချိတ်ထားတယ်။ သူ့ တို့က ဖေဖော်ဝါရီလဆန်းပိုင်းလာပြီး ညှိနှိုင်းဖို့ ချိန်းထားတယ်။ အဲဒီဘဏ် နှစ်ဘဏ်ထဲက တစ်ဘဏ်နဲ့ လုပ်ငန်း ဆောင်ရွက်သွားမှာပါ။ စင်ကာပူမှာတော့ ဖေဖော်ဝါရီလလယ် ၀န်းကျင် ကစပြီး လုပ်ငန်းဆောင်ရွက်မှာပါ။ စင်ကာပူမှာက Remittance လုပ်ငန်း နဲ့ပတ်သက်ပြီး လိုင်စင်ရှိပြီးသား လုပ်ငန်းနဲ့ ကျွန်တော်တို့ဘဏ်နဲ့ ပူးပေါင်းပြီး ဖွင့်လှစ်သွားမှာပါ။ စင်ကာပူမှာ ဖေဖော်ဝါရီလလယ်လောက် စပြီးတော့ မလေးရှားမှာ မတ်လအတွင်း စတင်သွားမှာပါ”ဟု အာရှစိမ်းလန်းမှု ဖွံ့ဖြိုး ရေးဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောကြားပါသည်။ ပြည်တွင်းပုဂ္ဂလိကဘဏ် လေး ဘဏ်သည် ပြည်ပမှငွေလွှဲအ၀င် လက်ခံခြင်းလုပ်ငန်း (Inward Remittance) ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ လ ၂၃ ရက်နေ့ကလုပ်ကိုင်ခွင့် ရရှိခဲ့သည်။ ထို့ပြင် ပို့ကုန်သွင်းကုန် လုပ်ငန်းများအပါအ၀င် နိုင်ငံခြားဘဏ် လုပ်ငန်းကိုလည်း အဆိုပါဘဏ်လေး ဘဏ် အပါအ၀င် မြန်မာဘဏ် ၁၁ ဘဏ်က လုပ်ငန်းဆောင်ရွက်ခွင့်ရရှိ ထားကာ နိုင်ငံတကာ အသိအမှတ်ပြု နိုင်ငံခြားဘဏ် code နံပါတ်ဖြစ် သော swift code ကို လျှောက်ထား ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ ကမ္ဘောဇဘဏ်မှ အထွေထွေ မန်နေဂျာ ဦးဇော်လင်းထွဋ်က “ပြည်ပ ငွေလွှဲလုပ်ငန်းကို ဧပြီ၊ မေမှစတင် လုပ်ကိုင်နိုင်မှာပါ။ အဓိကကတော့ swift code လျှောက်ထားတာ မကျသေးလို့ပါ။ မတ်လကုန် ဧပြီလဆန်း ပိုင်းမှကျမယ် မှန်းပါတယ်။ ရပြီဆိုရင် ထိုင်း၊ စင်ကာပူ၊ မလေးရှား တင်မဟုတ်ဘဲ အာရှနိုင်ငံ တော်တော်များများနဲ့ ချိတ်ဆက်ပြီး ၀န်ဆောင်မှု ပေးသွားမှာပါ။ နိုင်ငံခြားဘဏ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုပိုင်းတွေကိုတော့ အရှိန်အဟုန်နဲ့ လုပ်နေပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ငွေလွှဲလုပ်ငန်းရော ပြည်ပ ပို့ကုန်သွင်းကုန်လို နိုင်ငံခြားဘဏ် လုပ်ငန်းကိုပါ ၀န်ဆောင်မှုပေးသွားမှာပါ”ဟု ရှင်းပြခဲ့ပါသည်။ ပြည်ပ ငွေလွှဲလုပ်ငန်း ဆောင်ရွက်ရန် ပြင်ဆင်နေသော ပြည်တွင်းဘဏ်များမှာ ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် တို့ဖြစ်ကြောင်း သိရပါသည်။ Ref:new-eleven |
Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Tuesday, January 31, 2012
ပြည်ပငွေလွှဲ လုပ်ကိုင်ခွင့်ရသော ပြည်တွင်းဘဏ်အချို့ ဖေဖော်ဝါရီလတွင် လုပ်ငန်းစတင်မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment