ရန်ကုန်၊ ဇန်နဝါရီ ၁၄ လေးဖက်နာရောဂါသည် ကလေးနှင့်လူငယ်ပိုင်းတွင် အဖြစ်များသော ကူးစက်တတ်သည့် ရောဂါဖြစ်ကြောင်း အရိုးရောဂါကုဆရာဝန် ဦးသန့်ဇင်က ပြောသည်။
”ဒီရောဂါက ဗက်တီးရီးယားပိုး တစ်မျိုးကြောင့် ဖြစ်ပွားရတာဖြစ်တယ်။ အများဆုံးကတော့ အသက် ငါးနှစ်ကနေ ၁၅ နှစ်အတွင်း ဖြစ်ပွားတတ်တယ်” ဟု အထက်ပါ ဆရာဝန်က ပြောသည်။
လည်ပင်းနာ၊ အာသီးရောင်ဖြစ်သူ ကလေးများတွင် ၁၅ ရာခိုင်နှုန်း မှ ၃ဝ ရာခိုင်နှုန်းသည် ယင်းရောဂါပိုးကြောင့်ဖြစ်ပြီး ကျန် ရာခိုင်နှုန်းများမှာ ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်ကြောင်း သိရသည်။
ဗက်တီးရီးယားပိုးကြောင့် ဖြစ်သော လည်ပင်းနာ၊ အာသီးရောင်ခြင်းသည် လေးဖက်နာအဖျားနှင့် နှလုံးရောဂါ၏ မူလအစရင်းမြစ်ပင် ဖြစ်ကြောင်း ၄င်းကဆိုသည်။
”ဗက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ လည်ပင်းနာ၊ အာသီးရောင်ခြင်းရဲ့ လက္ခဏာတွေက လည်ပင်းနာခြင်းနဲ့အတူ ရုတ်တရက်ဖျားတာ၊ ခေါင်းကိုက်တာ၊ ပျို့အန်မယ်၊ ဗိုက်နာ မယ်၊ အာသီးတစ်ဝိုက် နီရဲရောင် ရမ်းမယ်၊ လည်ပင်းအကျိတ် ထွက်လာတာတွေ ဖြစ်နိုင်တယ်။ နောက်အဖျားမရှိဘဲနဲ့ မျက်လုံးနာ၊ နှာစေးတာ၊ ချောင်းဆိုး၊ ဝမ်းပျက် တာတွေလည်း ဖြစ်နိုင်သေးတယ်”ဟု ဆရာဝန် ဦးသန့်ဇင်က ဆက်လက် ပြောသည်။
ယင်းကဲ့သို့ ရောဂါလက္ခဏာပြ ပါက ပေါ့ပေါ့တန်တန်မထားဘဲ တတ်ကျွမ်းသော ဆရာဝန်များနှင့် ကုသမှုခံယူမှသာ လေးဖက်နာ အဖျားနှင့် နှလုံးရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
လေးဖက်နာ နှလုံးရောဂါ ဖြစ်ပွားပြီးပါက နောက်ထပ် အဖန်တလဲလဲ မဖြစ်ပွားအောင် ကာကွယ်ဆေးကို အနည်းဆုံး ငါးနှစ်အထိ ကုသမှုခံယူရမည်ဖြစ်သည်။ Benzathine Penicillin 1.2 million unit ကို တစ်လတစ်ကြိမ် ပုံမှန်ထိုးခြင်းဖြင့်လည်းကောင်း၊ Penicillin-V(250 mg)ဆေးပြားကို တစ်နေ့နှစ်ကြိမ် ပုံမှန်သောက်၍ လည်းကောင်း ကာကွယ်ကုသသွားရန် လိုအပ်ကြောင်း အထက်ပါဆရာဝန်က ပြောကြားသည်။
ချစ်ဆုဆွေ
Ref:popularmyanmar
Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment