| Wednesday, 18 January 2012 10:09 | |
ဒဂုံအရှေ့ပိုင်းမြို့နယ် ၁၀၈ ရပ်ကွက်အတွင်းတစ်နေရာကို ဇန်န၀ါရီလ ၁၇ ရက်နေ့က တွေ့ရစဉ် သတင်းရင်းမြစ်တွေနဲ့ပါ ပူးပေါင်းပြီး မြေဈေးကစားကြ ''အရင်တုန်းက ထွက်တဲ့သတင်း၊ အကောင်အထည်တကယ်ဖော်နေတဲ့ စီမံကိန်းတွေကိုပဲ ပြပြီး ကစားကြတယ်။ အခုကတော့ ဘာစီမံကိန်းရှိသလဲဆိုတာကို သတင်းရင်းမြစ်တွေနဲ့ပါ ပူးပေါင်းပြီး ရယူတယ်။ အဲဒီသတင်းအချက်အလက်ကိုကိုင်ပြီး အရင်ဆုံး ဆင်းဝယ်လိုက်တယ်။ ပြီးမှ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုးဖြန့်ပြီး ဈေးကို လိုသလို ကစားကြတယ်။ အပြင်မှာ ရင်းနှီးမြှုပ်နှံစရာကဏ္ဍကလည်း ရှားသေးတော့ ငွေကိုင်ထားတဲ့သူတွေက ၀င်ပြီးမြှုပ်နှံတယ်။ အဲဒီအချိန်မှာ မ တန်တဆဈေးနဲ့ တင်ရိုက်ပြီး လက်လွှဲချကြတယ်။ ဒါက ခုခေတ်မြေဈေးကစားတဲ့ အဓိကပုံစံဖြစ်နေတယ်''ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးကလည်း ရှင်းပြခဲ့သည်။ အခြေမခိုင်တော့ မြေဈေးပြန်ကျိုး ''အခု ၅ ဆကနေ ၁၀ ဆ လောက်အထိ တက်သွားတဲ့ မြို့စွန်မြေကွက်တွေ၊ စီမံကိန်းကြီးတွေလာမယ်ဆိုပြီး သတင်းထွက်နေတဲ့ နေရာအနီးအနားက မြေကွက်လွတ်ရဲ့ ဈေးတွေ ပြန်ပြိုဆင်းသွားတယ်။ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သန်လျင်-ကျောက်တန်းဘက်က မြေဈေးတွေ တက်တုန်းက ဥပမာ တစ်ကွက်ကို ကျပ်သိန်း ၁၅၀ အထိ တက်တဲ့မြေကွက်ဆို အခု ကျပ် ၇၅ သိန်း၊ ကျပ်သိန်း ၁၀၀ လောက်အထိ တက်တဲ့မြေကွက်ဆိုရင် အခု ကျပ် သိန်း ၅၀ ၀န်းကျင်အထိ ပြန်ဆင်းသွားတယ်။ ထက်ဝက်လောက် ပြန်ဆင်းတယ်၊ တချို့နေရာ အရင်ဈေးနှုန်းနီးပါးလောက် ပြန်ရောက်တယ်။ တချို့နေရာတွေတော့ ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းလောက် ပြန်ဆင်းသွားတယ်''ဟု ယူနတီအိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ မန်နေဂျာကိုဇော်ဇော်က ပြောကြားခဲ့သည်။ ''မြေဈေးပြန်ကျိုးရတဲ့အဓိက အချက်ကတော့ ၀ယ်လက် လုံးဝ ပျောက်သွားလို့ပါ။ ၀ယ်လက်ပျောက်တယ်ဆိုတာကလည်း စီမံကိန်းတွေက သေချာ မသေချာ၊ ဘယ်တော့ စမယ်၊ မစမယ် တိတိကျ ကျဘယ်သူမှ မပြောနိုင်ဘူး။ ကုမ္ပဏီ က ဆင်းဝယ်တာ၊ တောင်းတဲ့ဈေး ပေးနေတယ်ဆိုတာလောက်ပဲ သိကြတာ။ အဲဒီလိုဝယ်တဲ့ ကုမ္ပဏီတွေလည်း ပျောက်ရော ဈေးပြန်ကျတာပဲပေါ့။ အခြေမခိုင်တဲ့ဈေးကွက်ကတော့ ခံ လည်းခဏပါပဲ''ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကလည်း ပြောကြားခဲ့သည်။
''၁၉၉၆ ခုနှစ်ဝန်းကျင်လောက်က မြောက်ဒဂုံလို မြို့သစ်တွေတည်မယ့်သတင်းနဲ့အတူ မြေကွက်တွေကို ဒီလိုပဲကစားခဲ့ကြတယ်။ ကျပ် ၁၀ သိန်းလောက်တန်တဲ့မြေကွက်က အဲဒီတုန်းကတော့ ကျပ် ၂၅ သိန်း၊ သိန်း ၃၀ လောက်အထိ ဈေးတက် သွားတယ်။ ဈေးတက်အောင်ကစားတဲ့သူတွေက လက်လွှဲရိုက်ပြီး ထားခဲ့တယ်။ ပိုက်မိတဲ့သူတွေက ကျပ် သိန်း ၃၀ လောက်ကို ၁၀ စုနှစ် တစ်စုလောက်ကြာအောင် ရင်းနှီးမြှုပ်နှံထားပြီးမှ ကျပ်သိန်း ၅၀၊ ၆၀ လောက်ရခဲ့တော့ ရင်းခဲ့ရတဲ့နှစ်နဲ့ တောင် မတန်ဘူးဖြစ်သွားတယ်။ ဒီတုန်းကတစ်ကြိမ်။ ၁၉၉၈ ခုနှစ် ၀န်းကျင်လောက်မှာ သန်လျင် အောင်ချမ်းသာအရှေ့က မြေကွက်တွေဆို သီလ၀ါဆိပ်ကမ်း သတင်းနဲ့အတူ ၀င်ကစားလို့ မြေဈေးခုန်တက်သွားခဲ့တယ်။ လမ်းမတန်းက ကျပ် ၁၀ သိန်း၊ လမ်းကြားက ကျပ် ၆ သိန်း လောက်ပဲတန်တဲ့ မြေကွက်တွေက ကျပ်သိန်း ၄၀ လောက်အထိ ဖြစ်သွားတယ်။ စီမံကိန်းအကြောင်း ပြပြီး ကစားတဲ့သူက ကစားလိုက်တော့ နောက်က မြှုပ်နှံမယ့်သူတွေက ဈေးအမြင့်တွေနဲ့ ၀ယ်လိုက်ကြပြန်ရော။ ဒါပေမယ့် အဲဒီမြေဈေးက ထပ်မတက်တော့ဘဲ နေလိုက်ကြတာ ၂၀၁၁ ခုနှစ်ရောက်မှ ပြန်တက်သွား တော့တယ်။ ကျပ်သိန်းရာနဲ့ချီ တက်သွားတာ။ ဒါပေမယ့် ပြန်တွက်ကြည့်လေ အဲဒီတုန်းက ရွှေဈေးနဲ့ အခုရွှေဈေး၊ ၁၃ နှစ်ကြာမှ တစ်ဆလောက် ပိုရခဲ့ကြတာ။ ဒီကြားထဲ မအောင့်နိုင်လို့ ရောင်းတဲ့သူတွေ ရှုံးခဲ့ကြသေးတယ်။ အခုလည်း ဒီလိုပဲ စီမံကိန်းအကြောင်းပြပြီး ကစားတဲ့သူတွေကတော့ မြတ်သွားပြီ။ ရမလားလို့ နောက်ကလိုက်တဲ့သူတွေ မြေကွက်ပိုက်ပြီး ဘယ်လောက် အထိ ဆက်စောင့်မှအမြတ်ရမလဲ မသေချာတဲ့ကာလတစ်ခုကို ဖြတ်ကြရတော့မယ်။ မြေဆိုတာကတော့ မြတ်နိုင်ပါတယ်။ ဒါပေမယ့် ကစားခံထားရတဲ့ဈေးနဲ့ဆိုရင်တော့ ဘယ်လိုဖြစ်မလဲ တွက်သင့်ပါတယ်''ဟု ယူနတီ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ မန်နေဂျာကိုဇော်ဇော်က ပြောကြားခဲ့သည်။ ''မြှုပ်နှံတဲ့သူတွေအနေနဲ့ စီမံကိန်းဆိုတာကို သေချာလေ့လာဖို့ လိုမယ်ထင်ပါတယ်။ စီမံကိန်းတစ်ခုက နှစ်ကာလကြာရှည်အောင် တွက်ချက်ပြီးမှ ပေါ်လာတာလည်း ရှိသလို၊ အကြောင်းကြောင်းကြောင့် ပျက်သွားတာမျိုးလည်း ရှိတတ်တယ်။ စီမံကိန်းရှိကြောင်း ထုတ်ပြန်တာကတော့ ထုတ်ပြန်နေကြမှာပဲ။ တချို့ဆင်းကြည့်မယ်၊ ဖြစ်နိုင် မဖြစ်နိုင် တိုင်းတာကြည့်မယ်။ တိုင်းတာကြည့်တာနဲ့တင် ဟာဖြစ်ပြီဟလို့ တွက်လို့မရတာတွေရှိတဲ့အတွက် စီမံကိန်းအကြောင်းပြ ကစားတိုင်း မမြှုပ်နှံတာ အကောင်းဆုံးပါပဲ။ ကစားတဲ့သူကတော့ သတင်းရင်းမြစ်တွေနဲ့ပေါင်းပြီး ကစားတာသိပ်မဟန်တော့ရင် နောက်တစ်နည်းပြောင်း ကစားကြဦးမှာပဲ''ဟု ကုန်ထုတ်လုပ်ငန်းရှင်တစ်ဦးကလည်း ရှင်းပြခဲ့သည်။ Ref:new eleven |
Popular Posts!
-
7Day News Journal - အတွဲ (၁၁)၊ အမှတ်(၂) -ဒေါက်တာစိုးသိမ်း လူ့ခန္ဓာကိုယ်သည် ဒြပ်စင်(Element)...
-
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စည်းကြပ်ကောက်ခံမည့် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် စနစ်များ အကြောင်းကို မတ်လ ၂၆ ရက်နေ့က ကျင်းပသည့် အခွန...
-
13 Jul 2012 | By Good Health ၁) ကွန်ဒုံးအသုံးပြုပါ လိင်ဆက် ဆံစဉ်မှာ သင့် အမျိုးသား ကို ကွန်ဒုံး အသုံးပြု စေတာ ကြောင့် သင့် မှာ သားအိမ်ေ...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
(ခြင်ကျားပူး တရုတ်လေသံနှင့်) စင်္ကာပူရဲ့ ပင်မနိုင်ငံဝင်ငွေဖြစ်တဲ့ နိုင်ငံတကာခရီးသွားဧည်သည့်တွေလာရောက်မှု ၂၀၁၅ ခုနှစ်မှာ ၅၅.၄သန်းကို စင်္ကာပ...
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများ စကားဝိုင်း (PEACE TALK) တိုက်ရိုက် ထုတ်လွှင့်မှု (ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ...
-
သီဟကိုကို ရန်ကုန် (မဇ္ဈိမ) ။ ။ အခွန်ဥပဒေအရ အိမ်ရှင်၊ အိမ်ငှားစာချုပ် ချုပ်ဆိုလျင် အိမ်ရှင်များက အခွန်ပေးဆောင်ရန် သတ်မှတ်ထားသော်လ...
-
အခြေခံမူများ (က) ဈေးကွက်တွင် လွတ်လပ်၍ မျှတသော ယှဉ်ပြိုင်မှုဝန်းကျင်တစ်ရပ် ဖန်တီးပေးခြင်းအားဖြင့် ဒေသတွင်းနှင့် နိုင်ငံတွင်း စီးပွာ...
Thursday, January 19, 2012
အခြေမခိုင်တဲ့ မြေဈေးပြန်ကျိုး၊ စီမံကိန်းသတင်းများနှင့်အတူ မတန်တဆဈေးမြင့်တက်ခဲ့သည့် ရန်ကုန်မြို့စွန်မြေကွက်များ ဈေးထက်ဝက်ခန့်မှ မူလဈေးအထိ ပြန်ထိုးဆင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment