Posted by Popular News in ဆောင်းပါးများ
ကျင်းပပြီးစီးခဲ့သည့် နေပြည်တော် ကျောက်မျက်ပြပွဲ
တရုတ်နိုင်ငံ၏ ကျောက်မျက် ကုန်သွယ်ခွန် တိုးမြှင့်လိုက်ခြင်း ကြောင့် မြန်မာ့ကျောက်စိမ်း ဈေး ကွက် အရောင်းအဝယ်အေးစက် သွားကြောင်း ကျောက်စိမ်းကုန် သည် ပွဲစားများထံမှ သိရသည်။ ”အရင်က တရုတ်ဘက်ကို မြန်မာကျောက်စိမ်း သယ်ရင် ၁ဝ ရာခိုင်နှုန်းပဲ အခွန်ဆောင်နေရတာ က ၃၅ ရာခိုင်နှု န်းကို ပြောင်းလဲ လိုက်တဲ့ေ နာက်ပိုင်းကျောက်စိမ်းဈေး ကွက်အရမ်းကိုအေးသွားပြီး ဝယ်သူ မရှိသေ လာက်ကိုဖြစ်သွားတယ်”ဟု ကျောက်စိမ်းကုန်သည်တစ်ဦးက ပြော သည်။အဆိုပါ အခွန် တိုးမြှင့် လိုက်ခြင်း ကို မေလခန့်က ပြုလုပ်လိုက်ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် အရောင်း အဝယ်အေးစက် သွားခြင်းဖြစ်ကြောင်း၊ တရုတ်ဝယ်လက်များအနေဖြင့် လည်းအခွ န်ပေးေ ဆာင်ရမှုကြောင့် မြန်မာ့ေ ကျာက်စိမ်းအပေါ် ဈေးနှုန်း များကို ယခင်ကကဲ့သို့ ပေးဝယ်နိုင် သည့် အနေအထား တွင်မရှိတော့ ကြောင်း ဈေးကွက်မှသိရသည်။ ကျောက်မျက်တူးဖော်ရောင်းဝယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ”အရင်က တရုတ်အစိုးရ ကိုယ်တိုင်ကကိုကျောက်စိမ်းအတွက် ချေးငွေချပေးတာမျိုးတွေ၊ အရည် အသွေးစစ်ဆေးတဲ့ ဓာတ်ခွဲခန်းဖွင့် ပေးတာမျိုးတွေရှိခဲ့တယ်။ နောက် ပိုင်း မြန်မာ့ကျောက်စိမ်းတွေက တရုတ်ဘက်မှာ အရမ်းများလာပြီး ငွေနည်းလာတာကြောင့် အခုလို အခွန်စည်းကြပ်လိုက်တာလို့ တရုတ် ကုန်သည်တွေက ပြောကြတယ်” ဟု ပြောသည်။ မြန်မာ့ကျောက်စိမ်း ဈေးကွက် မှာ တရုတ်နို င်ငံ၏ဝယ်လက်ပေါ်တွင် မှီတည်နေပြီး၊ တရုတ်နိုင်ငံမှ ဝယ်ယူ ခြင်းမရှိပါက အရောင်းအဝယ်မရှိ သလောက် ရှားပါးသွားကြောင်း ကျောက်စိမ်း ကုန်သည်ပွဲစားများ က ပြောသည်။ နေပြည်တော်တွင်ပြုလုပ် သောကျောက်မျက်ပြပွဲ များတွင် လည်း ရောင်းချရ မှု မရှိဘဲ အေးလျက်ရှိနေ ခြင်းကြောင့်လာမည့် ကျောက်မျက် ပြပွဲများတွင်ဝင်ရောက်လေလံတင်ရန် စိတ်ဝင်စားမှုနည်းပါးလျက်ရှိနေကြ ကြောင်း ကျောက်မျက်ကုန်သည် များထံမှ သိရသည်။
Ref:popularmyanmar
Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment