Popular Posts!
-
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၁) နေမင်း ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ခေါ...
-
ပြောင်းလဲလာသော ခေတ်သစ် ကားပြုပြင်နည်းစနစ်လေးတွေ! အခု Mechanic ခေါ်တဲ့ စက်ပြင်ဆရာ တွေ အကြောင်းရေးဖြစ်တာက နိုင်ငံခြားပြန် ညီတယောက်က နိုင်...
-
တာမွေမြို့နယ်အတွင်းရှိ တိုက်ခန်းများနှင့် ဈေးရောင်းသူတစ်ဦးအား အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ် မြေဈေးချမည်ဟု ပြည်ထောင်စုအစို...
-
Map of Myanmar large Source: Myanmar Information Management Unit, 'Maps', Web Country Profile National land of ...
-
ဒီနည်းလေးက နာမည်ရလုပ်ငန်းတခုရဲ့ကုန်အမှတ်တံဆိတ်ကိုဖြတ်လမ်းကနေ ငွေကြေးရှင်များကအလွယ်တကူ မိမိကိုယ်ပိုင် စီးပွားရေး လိုက်လုပ်တဲ့နည်းလေး...
-
EPS စနစ်အလုပ်အကိုင်အခွင့်အလမ်း(ကိုရီးယား) EPS စနစ်အလုပ်အကိုင်အခွင့်အလမ်း(ကိုရီးယား) https://www.eps.go.kr/ph/index.html ...
-
အခုရက်ပိုင်း ပြည်တွင်းစတော့ဈေးကွက်နှင့်ပတ်သက်လို့ မေးလာသူတွေ များစွာရှိလာသည်။ တစ်ချို့လည်း ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝ...
-
Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းဖြစ်ပါတယ်…။ အရင်ဦးဆုံး Zawgyi Font and Zawgyi typing Keyboard မရှိသေးသူများ က...
Thursday, January 26, 2012
စင်ကာပူနှင့် အင်ဒိုနီးရှားဘက်မှ ဖိုင်ဘာဆက်ကြောင်းများ ပြတ်တောက်မှုလနှင့်ချီနေသည့်အတွက် အင်တာနက်မြန်နှုန်း ယခုချိန်ထိ နှေးကွေးဆဲ
အာရှ-ဥရောပ ရေအောက်ကေဘယ်လ် ဆက်သွယ်ရေးစနစ် SEME3 ဖိုင်ဘာဆက်ကြောင်း စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံဘက်မှ ပြတ်တောက်မှုသည် လနှင့်ချီနေသည့်အတွက် အင်တာနက်မြန်နှုန်းများ ယခုအချိန်ထိ နှေးကွေးနေဆဲဖြစ်ကြောင်း သတင်းနှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ၉-၁-၂ဝ၁၂ ရက် ပြောကြားသည်။ ''အခုလို အင်တာနက်မြန်နှုန်း နှေးကွေးနေရတာက ကျွန်တော်တို့ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက အိန္ဒိယကိုသွားတဲ့ Link တွေကကောင်းနေပြီ။ စင်ကာပူနဲ့ အင်ဒိုနီးရှားဘက်က Linkတွေက အခုချိန်ထိ မကောင်းသေးလို့ပါ။ ကျွန်တော်တို့က ကိုယ့်ရေပိုင်နက်ထဲက ဆိုရင်တော့ အလွယ်တကူ ဆင်းပြင်လို့ရတယ်။
အခုက သူများပိုင်တဲ့ ရေပိုင်နက်ဖြစ်နေတော့ ရေပိုင်နက်ဝင်ခွင့်တွေ တောင်းရမှာတွေ ရှိနေတော့ဒီကပဲ စာသွားစာလာနဲ့ပဲ လုပ်နေရတယ်။ ကိုယ်ကလည်း သွားစစ်လို့မှမရတာ။ ဒီလိုဖြစ်နေတာ လနဲ့ချီနေပါပြီ။ အဓိကကတော့ International bandwidth တွေကမကြာခဏ ပြတ်တောက်တာကလည်း ပြဿနာတစ်ခုဖြစ်နေတယ်''ဟု ယင်းက ပြောကြားသည်။ ယခုအချိန်တွင် SE-ME-WE 5 ချိတ်ဆက်ရေးအတွက် သက်ဆိုင်ရာနိုင်ငံ အဖွဲ့အစည်းများနှင့် ပြောဆိုဆွေးနွေးရာတွင် China Unicom နှင့် တရုတ်ဆက်သွယ်ရေး ဝန်ကြီးကိုယ်တိုင်က အကူအညီပေးမည်ဖြစ်ပြီး MICကလည်း ခွင့်ပြုသည့်အတွက် မကြာခင် အင်တာနက်မြန်နှုန်းများ ပြန်လည်ကောင်းမွန်လာမည် ဖြစ်ကြောင်းသိရသည်။ SE-ME-WE 3 ကေဘယလိုင်းသည် ၂၄၃၈ မိုင်ကျော်ရှိပြီး ကုန်ကျငွေအမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄၃၄သန်းတွင် မြန်မာနိုင်ငံက ဒေါ်လာသန်း၃ဝခန့် ပါဝင်ထားကြောင်း သိရသည်။ ကမ္ဘောဒီးယား နိုင်ငံကလည်း ရန်ကုန်-ပြည်-မကွေး- နေပြည်တော် ဖိုင်ဘာဆက်ကြောင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ကမ်းလှမ်းထားကြောင်း သိရသည်။
Reff:sweonemedia.org
Subscribe to:
Post Comments (Atom)
No comments:
Post a Comment