ရန်ကုန်၊ နိုဝင်ဘာ ၁၇ ဆီးချိုရောဂါဝေဒနာရှင်သည် ကမ္ဘာပေါ်တွင် သန်း ၃ဝဝ ကျော်ရှိကာ ရှစ်စက္ကန့်တိုင်းတွင် လူတစ်ဦးနှုန်း သေဆုံးလျက်ရှိကြောင်း ၂ဝ၁၁ ခုနှစ် ကျန်းမာရေးစစ်တမ်းများ အရ သိရသည်။
ဆီးချိုရောဂါသည် မိမိ၌ ဖြစ်ပေါ်နေမှန်းမသိပါကကျန်းမာရေး အတွက် အလွန်အန္တရာယ်ကြီးသော ရောဂါတစ်ခုဖြစ်ပြီး ဆီးချိုရောဂါရှိ၊ မရှိကို ဆီးစစ်ကြည့်ခြင်းဖြင့် သိရှိနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဦးမြင့်သိန်းကပြောသည်။
”ဆီးချိုရောဂါဆိုတာကိုယ်တွင်း ဇီဝဖြစ်ပျက်မှု ချို့ယွင်းရာကနေ ဖြစ်ပေါ်လာတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး မျိုးရိုးလိုက်တတ်ပါတယ်။ ဒီရောဂါ ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းတွေကတော့ တိတိကျကျ အခုထိ မသိရှိကြသေးဘူး။ ဒါပေမဲ့ ဖြစ်နိုင် တဲ့အကြောင်းရင်းကတော့ မျိုးရိုးလိုက်တာ၊ ရှိသင့်တာထက် ပိုဝခြင်း၊ သောကဖိစီးမှု၊ Steroidနဲ့ Cortisoneပါတဲ့ ဆေးများနဲ့ ဆီးဆေးတွေကို ကာလကြာရှည်အောင် သောက်တာ၊ ကိုယ်ခန္ဓာ ထိခိုက်ဒဏ်ရာရခြင်း တွေကြောင့်လည်း ဆီးချိုရောဂါဖြစ်ပွားဖို့ အခွင့်အလမ်းများပါတယ်”ဟု ၄င်းက ပြောသည်။
ယင်းရောဂါသည် အသက် အရွယ်မရွေးဖြစ်ပွားနိုင်ပြီး ၈ဝ ရာ ခိုင်နှုန်းမှာ အသက် ၅ဝကျော်၌ ဖြစ် လေ့ရှိကာ အသက် ၆ဝနှင့် ၇ဝကြား ၌ ဆီးချိုရောဂါဖြစ်ပွားမှု အများ ဆုံးဖြစ်ပြီး တစ်ခါတစ်ရံ တွင် ကလေးများနှင့် လူငယ်အရွယ် ဖြစ်ပွားတတ်သည်များ လည်းရှိကြောင်း သိရသည်။
၎င်းရောဂါသည် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူသန်းပေါင်း လေးသန်း၌ ဖြစ်ပွားလျက်ရှိပြီး လူလေးသန်းခန့် သေဆုံးလျက်ရှိကာ၊ လူတစ်သန်းကျော်မှာ ဆီးချို၊ သွေးချို ရောဂါ နောက်ဆက်တွဲအဖြစ် ခြေ၊ လက်များပုပ်သော ရောဂါခံစားရပြီး ခြေထောက်ဖြတ် ကုသခံနေရကြောင်း သိရသည်။
”ဆီးချိုရဲ့ရောဂါလက္ခဏာ အကြမ်းဖျင်းအနေနဲ့ဆိုရင် မျိုးရိုး ကြောင့်လည်း ဖြစ်နိုင်မယ်။ မောပန်း လွယ်တာ၊ ကိုယ်အလေးချိန် ရုတ် တရက်ကျသွားတာ၊ ခြေ၊ လက်ထုံ ကျဉ်တာ၊ ညအိပ်ချိန်မှာ မကြာခဏ ဆီးသွားမယ်၊ ဆီးများမယ်ဆိုတဲ့ လက္ခဏာတွေ့ရရင် ဆေးခန်းမှာသွားပြီး စစ်ဆေးသင့်ပါတယ်။ ကြိုတင်သိပြီး အစားရှောင်နိုင်ရင် အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ ဒီရောဂါက နောက်ဆက်တွဲဖြစ်တဲ့ လေဖြတ်ခြင်း၊ သွေးကြောကျဉ်းခြင်းနဲ့ နှလုံးရောဂါတို့ပါ ပါလာတတ်တာကြောင့် ဂရုစိုက်ဖို့ လိုအပ် တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ ဆီးထဲ၌ သကြား ဓာတ်ပါရှိသည့် အပြင်၊ ထမင်းစားပြီး ၁ နာရီ ၂ နာရီအတွင်း စစ်ဆေးသော် သွေးထဲ၌ သကြားဓာတ် ပမာဏသည် ၂ဝဝာါ ထက်များပါက ဆီးချို ရော ဂါရှိသည်ဟု သတ်မှတ်နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နောင်လာမည့် နှစ်အနည်းငယ်အတွင်း ဖြစ်ပေါ်လာ နိုင်သော ကျန်းမာရေးပြဿနာတစ်ခု ဖြစ်သည့်အတွက် ဆီးချိုသွေးချို ရောဂါ ကာကွယ်ထိန်းသိမ်းရေး လုပ် ငန်းများကို အမျိုးသားကျန်းမာရေး စီမံကိန်း ၁၉၉၃-၁၉၉၆ မှစတင် အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။
ပညာရှင်များ၏ ခန့်မှန်းချက် အရ ဤရောဂါကို လူတိုင်းလူတိုင်း နိုင်ငံတကာ စုပေါင်းညီညာစွာ ကာ ကွယ်နိုင်ခြင်း မပြုနိုင်ခဲ့ပါက ၂ဝ၃ဝ ခုနှစ်တွင် လူဦးရေ ၄၃၅ သန်း အထိ ရောဂါဖြစ်ပွားမှု မြင့်မားလာမည် ဖြစ်ကြောင်း၊ ထို့အတွက် ကဏ္ဍစုံ၊ ဘက်ပေါင်းစုံမှ လက်တွဲညီညီဖြင့် ဝိုင်းဝန်းကာကွယ်တိုက်ဖျက်သွား ကြရန် မှာကြားခဲ့ကြောင်း နိုဝင်ဘာ ၁၄ ရက်က နေပြည်တော် ကျန်းမာ ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ကျင်းပသည့်ကမ္ဘာ့ဆီးချို၊ သွေးချို ရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ ပြည် ထောင်စုဝန်ကြီး ဒေါက်တာဖေသက် ခင်က ပြောကြားသည်။
Ref:popularmyanamr
Popular Posts!
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
တို့ဆေး ခေါ်တဲ့ပဒိုင်းသီးအပင်ကရတဲ့ဆေး(Scopolamine) Burundanga Drug Warning ဒီပဒိုင်းသီးဆိုတာက ရှမ်းတောင်ပေါ်ဒေသတွေမှာ သဘာဝအလျှောက်ပေါက်ရေ...
-
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရတနာနှင်းဆီ ၁၈ထပ်ပါ အဆင့်မြင့်အိမ်ရာစီမံကိန်း တိုက်ခန်းပေါင်း ၁,၃၈ဝ ကို ရေ...
-
ကိုယ်ပိုင် QR ဖတ်ဘားဂိုက်လေးတွေလုပ်ကျရအောင်! ဖုန်းတွေနှင့် စကရင်ဖတ်လိုက်ရင် သူတို့သက်ဆိုင်တဲ့ ၀တ်လ်ဆိုဒ်ထဲကို စာရိုက်စရာမလိုဘဲအဆင်သင့်ေ...
-
ဒီဗီဒီယိုကို ကြည့်ပြီး ထိပ်လန့်စရာ ဘယ်လောက်ကောင်းလဲ? ဘာကို ဘာပြောရမလဲ မသိတော့ဘူး? လူမှဟုတ်ရဲ့လားလို့? အပေါင်းအသင်းတို့ ကြည့်ပြီးစေ၀ဖန်ကျပါ? ...
-
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့...
-
အကောင်အထည်ကြီးပြနေတာကို ခြေရာလို က်ရှာနေကြတုန်း ! ယနေ့ ကမ္ဘာအရပ်ရပ်ရှိ အစ္စလာမ်ဘာသာဝင်များ သေချာဖတ်ပြီးတော့မှာ like လုပ်ပါ မဖတ...
-
မြန်မာနိုင်ငံမှာဝင်ရောက် ရင်းနှီးမြှပ်နှံထားကျတဲ့ အာရှက နိုင်ငံတကာကကုမ္ဗဏီတွေဖြစ်သော စကာင်္ပူနှင့် ထိုင်းစတော့ ရှယ်ယာ ၉ခုမှာ မြန်မာနိုင်...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment