Sunday, 29 January 2012 14:19 |
“လတ်တလော အခြေအနေမှာ အီးယူကတော့လာမယ့် ဧပြီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အနေအထား ကို ကြည့်ပြီး စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ ပြောနေကြတာရှိပါတယ်။ အခုဆို နော်ဝေ က ၀င်လာပြီဆိုတော့ တခြားအီးယူ နိုင်ငံတွေလည်း ၀င်လာဖို့ကြိုးစားတာရှိမှာပဲ။ ပြည်တွင်းမှာ ငွေကြေး လဲလှယ်နှုန်း အမျိုးမျိုးဖြစ်နေတဲ့ ကိစ္စတွေကိုလည်း မကြာခင် ပြင်ဆင်သွားမယ်လို့ သိရတယ်ဆိုတော့ လက်ရှိ အခြေအနေအတိုင်း ဆက်သွားရင် မြန်မာ့စီးပွားရေး တိုးတက်လာနိုင်ပါတယ်။ ပြီးတော့ IMF ကိုယ်တိုင် မြန်မာ့စီးပွားရေးကို စိတ်ဝင်စားနေတဲ့ အပိုင်းလည်းရှိတယ်”ဟု စီးပွားရေးပညာရှင်တစ်ဦးက ပြောပြခဲ့သည်။ ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ် တွင်မူ ကာကွယ်ရေး အသုံးစရိတ် GDP ၏ ၂၅ ရာခိုင်နှုန်းအထိ သုံးထားပြီး ပညာရေးတွင် ၄ ရာခိုင်နှုန်းနှင့် ကျန်းမာရေးတွင် ၁ ဒသမ ၄ ရာခိုင်နှုန်းသာ သုံးစွဲခဲ့ကြောင်း သိရှိရသည်။ ထို့အတူ တစ်ဒေါ်လာပေါက်ဈေး ခြောက်ကျပ်အစား ကျပ် ၈၀၀ နှင့် ပြင်ဆင်သတ်မှတ်သည့် ကိစ္စနှင့် ပတ်သက်၍လည်း အဆင်ပြေသွားမည် ဖြစ်ကြောင်း ကမ္ဘောဇဘဏ်ဒုတိယ ဥက္ကဋ္ဌဦးသန်းလွင်က ပြောပြခဲ့သည်။ “အရင်တုန်းက ခြောက်ကျပ်နဲ့လဲနေရာကနေ တရားဝင်လဲလှယ်နှုန်းကိုကျပ် ၈၀၀ နဲ့ လဲလှယ်မယ်ဆိုတော့ ဘက်ဂျက်အပေါ်မှာတော့ သက်ရောက်မှုရှိလိမ့်မယ်။ ဗဟိုဘဏ်ကလည်းဝင်ပြီး ထိန်းကျောင်းဖို့ လိုလိမ့်မယ်။ IMF အပြင် တခြား ပညာရှင်တွေရဲ့အမြင်ကိုလည်း ယူသွားဖို့ရှိပါတယ်။ အခုလည်း ဈေးကွက်ထဲမှာ ကျပ် ၈၀၀ နဲ့ပဲလည်ပတ်နေတာ ဆိုတော့လာမယ့် ဘဏ္ဍာရေးနှစ် အစလောက်မှာတော့ အဆင် ပြေသွားလိမ့်မယ်လို့ ယူဆပါတယ်”ဟု ဦးသန်းလွင်က ပြောပြခဲ့သည်။ |
Popular Posts!
-
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (အပိုင်း – ၁) နေမင်း ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ခေါ...
-
ပြောင်းလဲလာသော ခေတ်သစ် ကားပြုပြင်နည်းစနစ်လေးတွေ! အခု Mechanic ခေါ်တဲ့ စက်ပြင်ဆရာ တွေ အကြောင်းရေးဖြစ်တာက နိုင်ငံခြားပြန် ညီတယောက်က နိုင်...
-
တာမွေမြို့နယ်အတွင်းရှိ တိုက်ခန်းများနှင့် ဈေးရောင်းသူတစ်ဦးအား အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဉ် မြေဈေးချမည်ဟု ပြည်ထောင်စုအစို...
-
Map of Myanmar large Source: Myanmar Information Management Unit, 'Maps', Web Country Profile National land of ...
-
ဒီနည်းလေးက နာမည်ရလုပ်ငန်းတခုရဲ့ကုန်အမှတ်တံဆိတ်ကိုဖြတ်လမ်းကနေ ငွေကြေးရှင်များကအလွယ်တကူ မိမိကိုယ်ပိုင် စီးပွားရေး လိုက်လုပ်တဲ့နည်းလေး...
-
EPS စနစ်အလုပ်အကိုင်အခွင့်အလမ်း(ကိုရီးယား) EPS စနစ်အလုပ်အကိုင်အခွင့်အလမ်း(ကိုရီးယား) https://www.eps.go.kr/ph/index.html ...
-
အခုရက်ပိုင်း ပြည်တွင်းစတော့ဈေးကွက်နှင့်ပတ်သက်လို့ မေးလာသူတွေ များစွာရှိလာသည်။ တစ်ချို့လည်း ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝ...
-
Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းဖြစ်ပါတယ်…။ အရင်ဦးဆုံး Zawgyi Font and Zawgyi typing Keyboard မရှိသေးသူများ က...
Tuesday, January 31, 2012
အမေရိကန် တစ်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းအား ယခင်ခြောက်ကျပ်အစား ဈေးကွက်ပေါက်ဈေး ဖြစ်သော ကျပ် ၈၀၀ ၀န်းကျင်ဖြင့် ပြောင်းလဲ သတ်မှတ်သွားမည်
Subscribe to:
Post Comments (Atom)
1 comment:
တရားဝင်ဒေါ်လာနှုန်း ၈၀၀(အဆပေါင်း၇၀၀ ကျော်ကွာတာ) နှင့် အခွန် % တက်တာနှင့် အားလုံးဈေးတက်ကုန်ပြီးပေါ့
Post a Comment