Popular Posts!

Tuesday, April 11, 2017

မြန်မာ့ငွေကြေးဈေးကွက်ဆိုင်ရာစကားဝိုင်း (Money Talk) အပိုင်း (၂၃) Online Business in Digital Age





မူဆလင်တွေကို မူဆလင်အချင်းချင်းကဘဲ သတ်ဖြတ်နေကြတာလေ အာရပ်ကမ္ဘာမှာ ကြည့်ကျပါလား?

မူဆလင်တွေကို မူဆလင်အခြင်းခြင်းကလဲ သတ်ဖြတ်နေကြတာလေ အာရပ်ကမ္ဘာမှာ ကြည့်ကျပါလား?
အာရှ အလယ်ပိုင်းတွေမှာ သူတို့ အစ္စလမ် ဘာသာခွဲတွေ အချင်းချင်း သတ်ဖြတ်နေကတာဟုတ်ဖူးလားဗျ....


 Rohingya violence is 'Muslims killing Muslims' not ethnic cleansing, says Aung San Suu Kyi.

■ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သီးသန့်တွေ့ဆုံ မေးမြန်းခန်း ■

British Broadcasting Corporation - BBC သတင်းဌာနမှ ထုတ်လွှင့်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား BBC သတင်းဌာနမှ သတင်းထောက် Fergal Keane က တွေ့ဆုံမေးမြန်းမှု(အင်္ဂ္လိပ်ဘာသာ) အား မြန်မာဘာသာသို့ပြန်ဆိုချက်နှင့် အတူဖော်ပြအပ်ပါသည်။

(Fergal Keane, BBC News) : ပြောင်းလဲမှုကိုပြောရမယ်ဆိုရင် သာမာန်ပြည်သူတွေရဲ့ဘဝမှာပေါ့ ၊ တောင်အာဖရိကမှာ တွေ့ကြုံခဲ့ရတဲ့ အခြေအနေမျိုးပေါ့၊ လွတ်မြောက်ရေးလှုပ်ရှားမှုတစ်ရပ်အပြီး အာဏာရ လာတဲ့အချိန်မှာ စိတ်တိုင်းမကျဖြစ်တဲ့ အနေအထားမျိုးတွေရှိနေတယ်လို့ ခံစားမိပါသလား။ ပြည်သူတွေရဲ့ဘဝတွေပိုမိုကောင်းမွန်ဖို့ ဘာတွေများလုပ်ပေးပြီးပါပြီလဲ။

State Counsellor ■ လက်တွေ့ကျကျပြောမယ်ဆိုရင် လမ်းတွေအများကြီးဖောက်ခဲ့တယ်။ ရှင်တို့အနေနဲ့ ဒီလိုလုပ် တာဟာဘာမှ ကြီးကြီးမားမားမဟုတ်ဘူးလို့ ထင်ကောင်းထင်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှင်တို့ဆီမှာ လမ်းတွေဟာဘိုးဘွားတွေလက်ထက်ကတည်းက ဖောက်လုပ်ပြီးနေပြီလေ၊ ကျွန်မတို့ဆီမှာတော့ အဓိပ္ပါယ်အများကြီးရှိပါတယ်။ ရာသီမရွေးသွားလာနိုင်တဲ့ လမ်းတွေဟာ လူတွေအတွက် အများကြီးပြောင်းလဲစေတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။ မနှစ်ကဆိုရင် ကျွန်မတို့ရဲ့ ဦးစားပေးလုပ်ငန်းတွေထဲ မှာ အလုပ်အကိုင်ဖန်တီးရေးကို ဦးစားပေးတစ်ရပ်အနေနဲ့ ထားခဲ့တယ်။ တစ်နှစ်အတွင်းမှာ သတိပြုမိတာက ရာသီမရွေးသွားနိုင်တဲ့ လမ်းတွေဖောက် လုပ်နိုင်ရင် ၊ လျှပ်စစ်ဓာတ်အား တွေပိုမိုဖြန့်ဖြူးနိုင်ရင် ပြည်သူတွေအနေနဲ့ သူတို့ကိုယ်တိုင်က စတင်ပြီး လုပ်ငန်းတွေလုပ်ကိုင်လာနိုင်ကြမှာ ဖြစ်ပါတယ်၊ ဒီလိုဖြစ်လာတာဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေပါတယ်။

SC ■ ဒါပေမယ့် ကျွန်မတို့အနေနဲ့ ကောင်းမွန်အောင်လုပ်နိုင်ခဲ့တဲ့ လုပ်ငန်း တစ်ခုကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်အောင်ဆောင်ရွက် နိုင်ခဲ့တာ ဟာလည်း ပိုပြီး သိသာတဲ့ ဆောင်ရွက်ချက် လို့ထင်ပါတယ်။ ကျွန်မတို့အနေနဲ့ လိုရာ ရောက်ပြီလို့တော့မပြောနိုင်သေးပါဘူး၊ ဒါပေမယ့် အောင်မြင်မှု တစ်ရပ်ပါ၊ အထူးသဖြင့် ပြည်သူတွေပိုမိုပါဝင်လာတာဖြစ်ပါတယ်။

BBC: အစ်မကြီးအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်းရရှိခဲ့တဲ့ အောင်မြင်မှု တစ်ရပ်လို့ပြောခဲ့ပါတယ်၊ ဒါပေမယ့်အချို့ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင် များနဲ့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေတာကို တွေ့နေရပါတယ်။

SC ■ ကျွန်မတို့ ငြိမ်းချမ်းရေးအတွက် လုပ်ကြတယ်ဆိုတာ တိုက်ခိုက်မှုတွေရှိနေလိုပေါ့။ တိုက်ခိုက် မှုတွေသာ မရှိရင် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်စရာလည်း လိုဦးမှာလား၊ တိုက်ခိုက်မှုအားလုံး အဆုံးသတ်ပြီး အားလုံးအခြေအတကျဖြစ်နေပြီဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာလဲ ပြီးဆုံး သွားပြီလို့ ဆိုရမှာပေါ့၊ ဒါ့ကြောင့် အစကတည်းက ကျွန်မတို့အနေနဲ့ လိုရာတော့မရောက်သေးဘူး လို့ပြောခဲ့တာပေါ့။

BBC : အစ်မကြီးအနေနဲ့ တပ်မတော် အပေါ်မှာလား ထိန်းချုပ်နှိုင်မှုမရှိဘူး၊ လုံခြုံရေးတပ်ဖွဲ့တွေကိလည်း မထိန်းချုပ်နိုင်ဘူး၊ တိုက်ပွဲတွေဖြစ်တဲ့ အခါမှာ သူတို့တွေအနေနဲ့ လုယက်မှု၊ မုဒိမ်းမှုနဲ့ နှိပ်စက် ညှင်းပန်းမှုတွေကို သူတို့ လုပ်နေကျအတိုင်း လုပ်နေတာကိုရော။

SC ■ သူတို့တွေအနေနဲ့ လုယက်မှု၊ မုဒိမ်းမှုနဲ့ နှိပ်စက်ညှင်းပန်းမှုတွေကို လုပ်ခွင့် မရှိပါဘူး၊ သူတို့တွေအနေနဲ့ တိုက်ပွဲတွေကိုတော့ တိုက်ခိုက် နိုင်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်ရေးစစ်ရာကိစ္စတွေကို တပ်မ‌တော် ကသာ စီမံခန့်ခွဲပိုင်ခွင့် ပြဌာန်းထားတယ်လေ၊ ဒါ့ကြောင့်လဲ ကျွန်မတို့အနေနဲ့ အခြေခံဥပဒေကို ပြောင်းဖို့ကြိုးစားနေတာပေါ့ ၊ အခြေခံဥပဒေကို ပြင်ဆင်နိုင် ဖို့ဆိုတာ ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ NCA ရဲ့နောက်ဆုံး ပန်းတိုင်က ဖယ်ဒရယ်စနစ်အခြေခံတဲ့ ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေကို ပြဌာန်းနိုင်ဖို့လေ။

BBC : မြန်မာ့ သမိုင်းလမ်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် လွပ်လပ်ရေးရပြီးကတည်းက ဘာတွေဖြစ်နေ တာပါလဲ။

SC ■ ရှင့်အနေနဲ့ တောင်အာဖရိကမှာ နေဖူးကြုံဖူးခဲ့တာပဲ၊ အသားအရောင်ခွဲခြားမှု မူဝါဒကို အဆုံး သတ်နိုင်ခဲ့တယ်။ ရှင့်အနေနဲ့တော့မဟုတ်ဘူးပေါ့။ တောင်အာဖရိက ပြည်သူပြည်သား တွေအားလုံး ဝိုင်းဝန်း လုပ်ဆောင်နိုင်ခဲ့တာပဲ၊

BBC : ဘယ်အချိန်အတိုင်းအတာကို ပြောနေတာလဲ။ လပိုင်းအတွင်းလား နှစ်ပိုင်းအတွင်းလားခင်ဗျား။

SC ■ နှစ်အနည်းငယ်ထက်တော့ ပိုမကြာသင့်ဘူးလို့ မျှော်လင့်ထားပါတယ်၊ အဲဒီလိုဖြစ်အောင်လည်း ရည်မှန်းဆောင်ရွက်နေပါတယ်။

BBC : နောက်တစ်ခုမေးချင်တာကတော့၊ အစ်မကြီးလည်း သိပြီးသားပါ။ ယခု နိုင်ငံတကာ မှာ စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်နေပြီး ၊ အစ်မကြီးအပေါ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ အမြင်ပါ။ သတင်းစာ ခေါင်းကြီးပိုင်းတွေကိုလည်း အစ်မကြီးတွေ့ပြီးဖြစ်မှာပါ။ အစ်မကြီးအနေနဲ့ ရိုဟင်ဂျာမူဆလင်တွေကိစ္စ ကိုင်တွယ်ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ထင်ပေါ် ကျော်ဇောသူတွေက ဝေဖန်ရှုတ်ချပြောဆိုနေတဲ့ ကိစ္စပါ။

SC ■ သူတို့က ဘာကို ရှုတ်ချနေတာလဲ။

BBC : ရခိုင်ပြည်နယ်အတွင်းကို ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ တစ်ဖွဲ့ စေလွှတ်တာကို အစ်မကြီးကို လက်ခံစေချင်တဲ့ကိစ္စပါ။

SC ■ ဒါပေမယ့် အဲ့ဒါက အခုမှဖြစ်တာလေ၊ ပြီးခဲ့တဲ့ လကမှ သူတို့တောင်းဆို တာလေ၊ ပြီးခဲ့တဲ့ တစ်နှစ်လုံး ဘာတွေကို ရှုတ်ချနေတာလဲ။

BBC : လူတွေအများကြီးကပေါ့၊ အစ်မကြီးအပေါ်စာနာစိတ်ရှိတဲ့လူတွေ အပါအဝင်ပေါ့၊ လူ့အခွင့်အရေး အထင်ကရပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဘာကြောင့်ဒီကိစ္စကို တစ်စုံတစ်ရာမပြောတာလဲ ဆိုပြီးတော့ ပေါ့နော်။

SC ■ တစ်စုံတစ်ရာ ပြောဆိုမှု မပြုဘူးဆိုတာ ဘာကိုပြောတာလဲ။ ဒီမေးခွန်းမျိုး ယခင် ၂၀၁၃ ခုနှစ် ရခိုင်အရေးကိစ္စ ဖြစ်စဉ်ကလည်း မေးခဲ့ကြတယ်လေ။ အဲ့ဒီတုန်းကလည်း သူတို့တွေ့ မေးခဲ့သမျှ ကျွန်မပြန်ဖြေခဲ့တယ်။ ဒါမေမယ့် ကျွန်မဘာမှ မပြောဘဲနေတယ်လို့ပဲပြောကြပြန်ရော။ အဲဒါက ရှင်းပါတယ်၊ ကျွန်မက သူတို့ကြားချင်တဲ့ စကားမျိုး မပြောလို့လေ၊ သူတို့ကြားချင်တာက အသိုက်အဝန်း နှစ်ခုတည်းက တစ်ခုကို ရွေးချယ်ပြီး ပြစ်တင်ဝေဖန်တာ ကို ကြားချင်တာပါ။

BBC : နိုဘယ်ဆုရှင်တွေရဲ့ ပြောခဲ့တဲ့စကားအချို့ကို ကိုးကားပြောချင်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် အား အကြိမ်ကြိမ်အခါခါ အသနားခံပြောကြား ခဲ့သော်လည်း ရိုဟင်ဂျာများရဲ့ တန်းတူရည်တူရှိမှု နှင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိခံစားနိုင်ရေးအတွက် အရေးယူဆောင်ရွက် ပေးခြင်း မရှိသည့်အတွက် စိတ်ပျက်ရကြောင်း” ၊ ပြီးတော့ “ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင် တစ်ယောက်အနေနဲ့ သတ္တိရှိရှိ၊ လူသားဆန်ဆန် နှင့် သနားကြင်နာမှုနဲ့ အဓိကဦးဆောင်ရမည့် တာဝန်ရှိကြောင်း၊” အချုပ်အားဖြင့် အစ်မကြီးအနေနဲ့ လူသားဆန်တဲ့စိတ်ဓာတ်ရှိ/မရှိဆိုတဲ့ စမ်းသတ်ချက်ဖြစ်ပြီး အမ်မကြီးအနေနဲ့ ကျရှုံးတယ်လို့ သူတို့ရှုမြင်ကြောင်း။

SC ■ ဒါကတော့ သူတို့ရဲ့အမြင်ဖြစ်ပါတယ်။ အမှန်တရားကတော့ ကျွန်မတို့ အနေနဲ့ နိုင်ငံတာဝန် စယူတဲ့အချိန်မှာ ပထမဦးဆုံးဆောင်ရွက်ခဲ့ကိစ္စက နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ဆိုတာကို သူတို့ထည့် သွင်းစဉ်းစားမိပါသလား။ နိုင်ငံသားဖြစ်ထိုက်သူတွေ နိုင်ငံသားဖြစ်လာစေဖို့ ဆောင်ရွက်ခဲ့တာပါ။ ကျွန်မတို့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နဲ့အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကိုပါ စလုပ်ဆောင်ခဲ့ပြီး ဒေသအတွင်းတည်ငြိမ်းအေးချမ်းဖို့နဲ့ သဟဇာတ မျှတညီညွတ်ရေးကို ဖေါ်ဆောင်ပေးနေတာပါ။ ရခိုင်ပြည်နယ် အတွင်းမှာ ရှိတဲ့ပြဿနာအတော်များများဟာ အရင်းအမြစ်ရှားပါးမှု နဲ့ အသိုက် အဝန်းနှစ်ခုဟာ သူတို့ရဲ့ရှေ့ရေးကို စိုးရိမ်ကြောင့်ကြမှု တွေရှိနေပါတယ်။

SC ■ အောက်တိုဘာလမှာ နယ်ခြားစောင့်ရဲစခန်းတွေကို တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘာကြောင့်ဖြစ်လာတယ် ဆိုတာကို ဘယ်လိုမှစဉ်းစားလို့မရဘူး၊ အဲဒီအချိန်မှာ နိုင်ငံသားစိစစ်ရေး ကိစ္စတွေ၊ IDP စခန်းကလူတွေကို ပြန်လည်နေရာချထားဖို့ကိစ္စတွေ စတင်ဆောင်ရွက်နေတဲ့ အချိန်ပါ။ ရှောရှောရှုရှု ဆောင်ရွက်နေတဲ့ ကိစ္စတွေ အားလုံး အခု တိုက်ခိုက်မှုတွေကြောင့် ကမောက်ကမဖြစ်ကုန်တယ်။ ဘာအကြောင်းကြောင့် ဒီလိုဖြစ်စရာရှိလဲဆိုတာကို နားမလည် နိုင်ဘူး။ ဒါပေမယ့် လူအတော်များများက အဲဒီလို အခြေအနေ (ဒီလိုဖြစ်လာအောင် ဖန်တီးနေတဲ့ အ‌ခြေအနေ) တွေကို မသိကျိုးကျွံမျက်ကွယ်ပြုနေကြသလိုပါပဲ ။ ဘာကြောင့်မျက်ကွယ်ပြု နေတာလဲ။

BBC : ကျွန်တော် ရဝမ်ဒါ၊ ဘော်လ်ကန်ဒေသများမှာ အကြိမ်ကြိမ် ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ တွေ့မြင်ခဲ့ခြင်း၊ လူအများအားမေးမြန်းမှု ပြုခဲ့လုပ်ခြင်းစသည့်အတွေ့အကြုံများမှ လူမျိုးရေး မုန်းတီးမှုနဲ့ လူမျိုးစုမျိုးသုန်း သတ်ဖြတ်မှု ကွားခြားချက်ကို ကောင်းကောင်းနားလည်ထားပါကြောင်း၊ ရခိုင်ဒေသမှာ စိတ်မကျေမနပ်မှုတွေ တိုးတက်များပြားလာတဲ့အတွက်ကြောင့် အစွန်းရောက် စစ်သွေးကြွတွေရဲ့ လက်ထဲရောက်သွားပြီး ယခုလို တိုက်ခိုက်မှု တွေဖြစ်ပွားခြင်းဖြစ်တယ်လို့များ ထင်ပါသလား။

SC ■ ကျွန်မတို့ချိန်ဆနိုင်တာကတော့၊ အဲဒီအချိန်မှာ အားလုံးအေးအေးချမ်းချမ်းရှိနေတယ်။ ဘာဖြစ်လို့ လဲဆိုတော့ လူတွေက ကျွန်မတို့ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ၊ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် တွေရဲ့ ရလဒ်တွေကို စောင့်ကြည့်နေလို့ပါ။ အဲဒီလုပ်ငန်းတွေကို ရပ်ဆိုင်းသွားအောင် သေချာတွက် ချက်ပြီး ဆောင်ရွက်တာလားလို့ ထင်ရပါတယ်။

BBC : ဒါတွေကိုရှင်းလင်းသွားဖို့အတွက် နိုင်ငံတကာ အချက် အလက်ရှာဖွေရေးအဖွဲ့ နဲ့ နိုင်ငံတကာ အေဂျင်စီတွေကို လာခွင့်ပြုလိုက်ရင် မကောင်းဖူးလား၊ လာခွင့်ကောပြုမှာလား။

SC ■ ဘာကိစ္စမှ မဖြစ်ခင်ကတည်းက ရခိုင်အရေးကိစ္စများလေ့လာသုံးသပ်ပေး ဖို့ မစ္စတာကိုဖီအာနန်ရဲ့ ကော်မရှင်ကို ဖိတ်ကြားခဲ့တယ်လေ။

SC ■ ဒီလိုလုပ်ခဲ့တာ ကုလသမဂ္ဂကတောင်းဆိုလို့လဲမဟုတ်ဘူး။ ဘယ် အဖွဲ့အစည်းကမှ ကျွန်မတို့မှာ အချက်လက်ရှာဖွေရေးမစ်ရှင် လိုအပ်တယ်လို့မပြောခင်ကတည်းက၊ ဒေါက်တာကိုဖီအာနန်ကို ဖိတ်ခေါ်ခဲ့ပြီး ကောင်မရှင်ကိုဖွဲ့စည်းတယ်။ ရခိုင်ကိစ္စကို ရေရှည်ဖြေရှင်းနိုင်မယ့် နည်းလမ်း တွေရှာဖွေပေးပို့အကူအညီတောင်းခဲ့တယ်။ ကော်မရှင်ကပေးထားတဲ့ အကြံပြုချက်တွေကို ကျွန်မတို့ ဘယ်လိုအကောင်အထည် ဖော်ဆောင်မှု အခြေအနေဘယ်လိုရှိနေ လဲဆိုတာကို သူကို တစ်ခေါက် ပြန်လာပြီး ကြည့်စေချင်ပါတယ်။

BBC : ဘင်္ဂ္လားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပေးသွားတဲ့ သူတွေကို ပြန်လာဖို့ခေါ်မှာလား၊ ပြန်လာရင် လုံခြုံစိတ်ချရပါတယ်လို့ ပြောမှာလား။

SC ■ သူတို့ပြန်လာရင် လုံခြုံမှာပါ၊ ပြန်လာတာ မလာတာ သူတို့ရဲ့ ဆုံးဖြတ်ချက်ပါ၊ တချို့ပြန်လာ ကြပါတယ်၊ ထွက်သွားတဲ့သူတွေကို ဘာကြောင့် ထွက်သွားတယ်ဆိုတာမေးတော့ သူတို့နေတဲ့ နေရာဒေသတွေမှာ တိုက်ခိုက်မှုတွေဖြစ်လို့ ထွက်ပြေးတာလို့ပြောတယ်၊ တိုက်ခိုက်မှု တွေဖြစ်နေဦးမယ် ဆိုလျှင်တော့ သူတို့ ပြန်လာချင်မှာ မဟုတ်ဘူးပေါ့။

BBC : သူတို့ကို လက်ခံမှာလား။

SC ■ လက်ခံမှာပါ၊ ပြန်လာနေကြတာဘဲ၊ ပြန်လာတဲ့သူတွေကိုလည်း လက်ခံနေတာဘဲ၊

BBC : အစ်မကြီးကို လူတွေက မိမိတိုင်းပြည်မှာ လူမျိုးသုဉ်း သုတ်သင်ရှင်းလင်းမှုဖြစ်ပေါ်နေတာကို တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့ နိုဘယ်ဆုရှင်တစ်ယောက်အဖြစ်သော်လည်းကောင်း၊ လူ့အခွင့်အရေး အတွက် အထင်ကရ ရပ်တည်သူ ပုဂ္ဂိုလ်တစ်ယောက်အဖြစ်လည်းကောင်း မည်သို့ အ
မှတ်တရ ကျန်ရစ်ခဲ့မည်ကို စိုးရိမ်မှုများ ထားရှိပါသလား။

SC ■ မဖြစ်ပါဘူး ။ ဘာကြောင့်လဲဆိုတော့ အခုဟာက လူမျိုးသုဉ်း သုတ်သင်ရှင်းလင်းမှုဖြစ်နေတာမှ မဟုတ်တာ၊ လူမျိုးသုဉ်းသုတ်သင် ရှင်းလင်းမှု ဆိုတာ အခုဖြစ်နေတဲ့အခြေအနေကိုပြောဖို့အတွက် မကိုက်ညီပါဘူး။ ပြင်းထန် လွန်းပါတယ်။

BBC : ကျွန်တော်မြင်ခဲ့တော့ ကျွန်တော်ပြောရမှာပဲ

SC ■ ကျွန်မ ထောက်ပြခဲ့သလိုပဲ အဲဒီမှာ အာဃာတအမုန်းတရား ကြီးမားကြပါတယ်။ ယုံကြည်သူတွေကပဲ အာဏာပိုင်တွေနဲ့ ပူးပေါင်း သူတွေလို့ထင်တဲ့ မူဆလင် တွေကို မူဆလင်တွေက သတ်ဖြတ် နေကြတာလေ။ ဒါကို လူမျိုးသုဉ်းရှင်းလင်းသုတ်သင်မှုလို့ပြောလို့မရဘူးလေ၊ အဲဒါက တစ်ဖက်နဲ့ တစ်ဖက်ကွာခြားနေတဲ့ အသိုက်အဝန်းကြားမှာ ရှိနေတဲ့ လူတွေအကြားဖြစ်ပေါ်နေတဲ့ ပဋိပက္ခ ကိစ္စပါ၊ အဲဒီကွာခြားနေမှုတွေကို ကျွန်မတို့က ကြိုးစား နီးစပ်အောင် လုပ်ပေးနေတာပါ။ အတတ်နိုင်ဆုံး ဒီထက်ပိုပြီး ကွာခြားမသွားဖို့ ကြိုးပမ်းဆောင်ရွက်ပေးနေတာပါ၊

BBC : အနောက်နိုင်ငံက လူတွေအနေနဲ့ အစ်မကြီးအပေါ် အထင်အမြင် နားလည်မှု လွဲမှားနေတယ်။ အစ်မကြီးရဲ့ စရိုက်လက္ခဏာအပေါ် သုံးသပ်မှု လွဲမှားနေတယ်လို့ ထင်မြင်ပါသလား။ အစ်မကြီး ကို သူတို့အနေနဲ့မဟတ္တမဂန္ဒီ နဲ့ မာသာထရီဆာတို့ကဲ့သို့ မြင်ချင်နေပုံပေါ်တယ်လို့ ထင်ပါသလား? ဒါမှမဟုတ် မာဂရက်သက်ချာလို ဆုံးဖြတ်ချက်ပြတ်သားပြီး သံမဏိကဲ့သို့ မာကျောသူလို့များ မြင်နေမလားလို့။

SC ■ မထင်ပါဘူး။ ကျွန်မက နိုင်ငံရေးသမားတစ်ယောက်ပါ၊ မာဂရက်သက်ချာနဲ့လည်းမတူပါဘူး၊ တစ်ဘက်မှာလည်း မာသာထရီဆာလည်း မဟုတ်ပါဘူး၊ သူတို့နဲ့တူအောင်လည်း တစ်ခါမှ မပြောခဲ့ပါဘူး၊ မဟတ္တမ ဂန္ဒီကတော့ အင်မတန်မှ ပါးရည်နပ်ရည်ရှိတဲ့ နိုင်ငံရေးသမား တစ်ယောက်ပါ။

BBC : မဟတ္တမဂန္ဒီအနေနဲ့ သူ့ရဲ့အသက်အန္တရာယ်ကို မငဲ့ဘဲ လူနည်းစု မူဆလင်တွေအတွက် ကာကွယ်ဖို့လုပ်ခဲ့တာပေါ့နော်၊ အဲဒီလိုမျိုး နမူနာယူစရာလို့ မထင်ဘူးလား?

SC ■ မိမိအသက်ကို စွန့်စားပြီး လုပ်ငန်းဆောင်ရွက်ခဲ့တယ်ဆိုတဲ့ စံနမူထက် သူရဲ့ မွန်မြတ်တဲ့နိယာမ သဘောတာရားတွေကို လေးစားလိုက်နာ နေထိုင်သွားတာက ပိုအရေးပါပါတယ်။

BBC : နောက်ဆုံးမေးခွန်းပါ၊ ဘာ့ကြောင့် ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားပြီး အသိုက်အဝန်း နှစ်ခုလုံးနဲ့တွေ့ပြီး ငြိမ်းချမ်းရေးအတွက် တိုက်တွန်းတာမျိုးမလုပ်တာလဲ?

SC ■ ဘာကြောင့်လည်းဆိုတော့ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့သူတွေ သူတို့လုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့ စွမ်းရည် ရှိကြောင်းကို ပြကြဖို့ အခွင့်အလမ်း ပေးထားတာပါ။ ကျွန်မတို့လူတွေလုပ်ကိုင်ဆောင်ရွက်နေတာကို ၊ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အစွမ်းအစရှိတာကို ယုံကြည်သူ နည်းပါးနေတယ်လေ။

BBC : အခြေခံဥပဒေကို ပြောင်းလဲဖို့မလိုလားတဲ့သူတွေ ၊ တပ်နဲ့ပတ်သက်ပြီး အမြစ်တွယ်နေတဲ့သူတွေ၊ ထောက်လှမ်းရေးပတ်သက်ပြီးရှိနေသူတွေ အနေနဲ့ အစ်မကြီးနဲ့အစ်မကြီးပတ်ဝန်းကျင်က လူတွေကို ပစ်မှတ်ထားလာမှာကို မစိုးရိမ်ဘူး လားခင်ဗျ?

SC ■ ဒါ ကျွန်မစိတ်ထဲထားတဲ့ ကိစ္စမဟုတ်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ NLD စတင်တည် ထောင်ချိန်ကစပြီးလွန်ခဲ့တဲ့ နှစ် ၃၀ လုံး အဲဒီလို အမေးခံရပါတယ်။ လုပ်ကြံနိုင်တဲ့သူတွေရဲ့ လုပ်ကြံခံရမှာ ၊ အမျိုးစုံသော အန္တရယ်ပေးခံရမှာမစိုးရိမ်ဘူလားလို့ မေးခံရပါတယ်၊ ဒီကိစ္စတွေ ကတော့နေ့တဓူဝ စဉ်စားလေ့ရှိတဲ့ကိစ္စမဟုတ်ပါဘူး၊ ဒါ အလုပ်နဲ့ပါလာတဲ့ အစိတ်အပိုင်းပဲပေါ့။

********

Q: In terms of change, in the lives of ordinary people, one of the things that has happened, as in South Africa, is there is a massive sense of disappointment when a liberation movement comes into power. What have you done to make their life better?

A: In practical ways, lots of roads. You think that may not be much because you come from a country where there were roads from your grandfathers time. But in our country that means a lot. Because all-weather roads make a great difference to ones lives. Last year one of our priorities was job creation. We discovered over this one year that if you start constructing all-weather Roads and provide electrification, people start creating jobs for themselves. That is what has made one of the big differences.

A: But I think, we think, what we've done better, or what I think we have done better is take forward the peace movement. We can't say that we are there by any means, and we can't say we at the point where we are home and dry. But still, there has been success there, particularly because the people have become involved in it.

Q: You mentioned the peace process, and you felt proud that it was an achievement last year, but right at this moment you have some of the most bitter fighting taking place on the borders of this country with ethnic groups ?
A: But Fergal, you work for peace particularly because there is fighting. If there were no fighting there would be no need for us to work for peace. If there were no fighting at all, if all this settles down, that means the peace process is over. Now I did say at the beginning that we are not there yet.

Q: You don't control the army, you don't control the security forces, and when fighting breaks out, they are free to do what they have always done, rape, pillage and torture?

A: They are not free to rape, pillage and torture. That they are not free to do. They are free to go in and fight. That is in the constitution. Military matters are to be left to the army. And that is why we are trying to change the constitution, we feel very awkward about it. Amending the constitution is one of our aims. Because according to the national ceasefire agreement, one of the last steps would be to adopt a federal constitution.

Q: If you look at the history of this country, that has been going on since independence?

A: Fergal, you were in South Africa, and you did manage to end apartheid there didn't you, not you, but the South Africans.

Q: Are we talking months or years?

A: We hope that it will not be more than a few years, that's what we're aiming at.

Q: Can I come to the issue which has caused most international concern and which has led to a real turn about in the way you are perceived internationally and you are aware of this. You have seen the newspaper headlines. The comments from international figures condemning how you have handled the issue of the Rohingya muslims ?

A: What exactly is it that they are condemning?

Q: They want you to let a UN fact finding mission into Rakhine State?

A: But that is just now, that is what they asked for last month. What have they been condemning over the last year?

Q: Many many people, including those who would be sympathetic to you look at the situation and say why have you not spoken out ? Here is an icon of human rights?

A: What do you mean by speaking out, Fergal, this question has been asked since 2013, when the last round of troubles broke out in Rakhine. And they would ask me questions and I would answer them and people would say I said nothing. Simply because I did not make the statements people wanted, which people wanted me to make, simply to condemn one community or the other.

Q: Well let me quote to you what your fellow Noble Laureates have said, despite repeated appeals to DASSK we are frustrated that she has not taken any initiative to ensure full and equal citizen rights to the Rohingya. Daw Suu Kyi is the leader with the prime responsibility to lead with courage, humanity and compassion. Basically they are saying you have failed the test of humanity?

A: Well that is their perception, but have they considered the fact that one of the first thing we did after we took over the administration was to go through the national verification process to give citizenship to all those who were entitled to it. And we started doing this and engaging in other developments activities to try to bring about stability and harmony.A lot of the problems in the Rakhine State are due to the fact that resources are limited and both communities are anxious about how their lives are going to pan out.

A: In October there were these totally unexpected attacks on police outposts for no reason we could think of......because we had started the citizenship verification process, the process of bringing people back from the IDP camps, and resettle them, but the whole thing went awry because these attacks took place. We had no idea why these attacks took place. But a lot of people prefer to ignore the fact that these had happened at all. Why?

Q: I have been there, on the ground, on a number of occasions, and interviewed people, and I would say I am someone who recognises ethnic hatred and not ethnic cleansing when I see it, after Rwanda and The Balkans. Maybe the attacks took place because ....there is a rising sense of frustration and that has fed into the hands of the militants...?

A: But as far as we could make out, at that time, things were calm because people were waiting to see how are development plans would work and our nationality verification plan. I just wonder if these attacks were calculated to put a stop to this process.

Q: Wouldn't the wisest thing to do to clear up all of this, would be to allow an international fact finding mission there ? To allow international agencies in ?

A: Well we invited Dr. Annan and the commission to look into Rakhine before anything happened.

A: Well this happened not because the UN asked for this, or any other body said we should have a fact finding mission, we invited Dr Kofi Annan to form this commission and look into the problems in the Rakhine and help us to find long term solutions. We would very much like him to come back to see how we are getting on with the implementation of his recommendations.

Q: Would you be happy, would you appeal to those tens of thousands who have fled the country into refugee camps in Bangladesh to come back ? And would you tell them that they would be safe if they do ?

A: If they come back they will be safe. It is up for them to decide, some have come back. And we have tried to find out why they fled. We have asked them why they fled and they said it is because of the fighting in their area. They did not want to come if there was still fighting.

Q: And you will welcome them back ?

A: We welcome them. It is not a matter, we will welcome them back. They have been coming back. And those who have come back have been welcomed.

Q: Do you ever worry that you will be remembered as the champion of human rights, the Nobel laureate who failed to stand up to ethnic cleansing in her own country .?

A: No, because I don't think there is ethnic cleansing going on. I think ethnic cleansing is to strong an expression to use for what is happening.

Q: It is what I think I saw there I have to say.

A: Fergal I think there is a lot of hostility there, and as I pointed out just now, it is Muslims killing Muslims, as well if they think they are collaborating with authorities. It is not just a matter of ethnic cleansing. It is a matter of people on different sides of a divide, and this divide we are trying to close up. As best as possible and not to widen it further.

Q: Do you think people in the west misjudged you or mischaracterised you or misunderstood you. Expecting you to be this sort of amalgam of Mahatma Gandhi and Mother Teresa's, for example, and actually maybe your closer in your determination and steeliness to someone like Margaret Thatcher?
Well No. I am just a politician. I am not quite like Margaret Thatcher, no. But on the other hand I am no mother Teresa either. I have never said that I was. Mahatma Gandhi was a very astute politician.

Q: He did put his own life at risk and ultimately tragically his life to protect his own minority Muslim population, was that an example you would not be tempted to follow?

A: I don’t think putting one’s life at risk is a particular example that I would like to follow. I would like to think we could live up to his high principles.

Q: One last question. What would stop you now going to Rakhine State and talking to all communities and appealing for peace? On the ground yourself?

A: Because I want to give those who are working on the Rakhine a chance to show that they are capable of it. I think there's not enough confidence in what our people are capable of doing.

Q: Do you worry that people who do not want you to change the constitution, who are embedded in the military, embedded in intelligence are going to target you and the people round you?

A: Well it is not something I think about, because we were asked the same set of questions over the last 30 years since I started working for the NLD. That’s aren't you worried about an assassination, and all kinds of other dangers coming from the powers that be. Those who are in a position to engage in these activities. But it is not something you think about on a day to day basis, it's just part of your job.

* * * * *


Monday, April 3, 2017

မိသားစုစီးပွားရေးအုပ်ချုပ်ရေးလက်စွဲစာအုပ်မြန်မာ (Family Business Governance Handbook Burmese)

အမိနိုင်ငံ အခြေခံစီးပွားရေးအောင်မြင်မှုသည် အများပိုင်လုပ်ငန်း အောင်မြင်များမှ နိုင်ငံတကာရင်းနှီးမြှပ်နှံမှု၊ အလုပ်အကိုင်ဖန်တီး ပေးနိုင်မှုနှင့် နိုင်ငံ့စီးပှားရေး ကဏ္ဍာတခုလုံး ဖှံ့ဖြွိုးတိုးတက်လာစနေိုင်ရန်အတူကွ အများနှင့်အတူတကွ စီမံခန့်ခွဲ ပူးပေါင်းနိုင်ရင် အဓိကကျပါတယ်...

မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ၈၃ ရာခိုင်နှုန်းကျော်မှာ မိသားစုပိုင် လုပ်ငန်း များ ဖြစ်ကြပါသည်။ မဖွံ့ဖြိုးသေးသော ဒါရိုက်တာဘုတ်အဖွဲ့နှင့် လုပ်ငန်း စီမံအုပ်ချုပ်မှု၊ အားနည်းနေသော ပွင့်လင်းမြင်သာမှုများနှင့်အတူ မျိုးဆက်လွှဲပြောင်းမှု ပြဿနာများ ရင်ဆိုင်နေရပါသည်။

နိုင်ငံတကာ စစ်တမ်းများတွင်လည်း မိသားစုစီးပွားရေးလုပ်ငန်းများအားလုံးထဲတွင် ၃၀ % သာ ဒုတိယမျိုးဆက်အထိ ရပ်တည်ရှင်သန်နိုင်ပြီး ၁၀ % မှ ၁၅ % သာ တတိယ မျိုးဆက်အထိ ကျန်ရှိတည်မြဲသည်ကို တွေ့ရသည်။

မြန်မာ့ကုမ္ပဏီများ လုပ်ငန်းစီမံအုပ်ချုပ်မှုအခြေအနေက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်အကျိုးသက်ရောက်စေပါသည်။
နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန်ဖြစ်စေ၊ နှစ်ဖက်အကျိုးတူ ပုးပေါင်းရန်ဖြစ်စေ၊ Franchise အတွက်ဖြစ်စေ မြန်မာ့ကုမ္ပဏီများ၏ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု (Corporate Governance)၊ ပွင့်လင်းမြင်သာမှု စသည်တို့အပေါ် အမြဲလေ့လာသုံးသပ်ပါသည်။

လုပ်ငန်းအောင်မြင်မှုများမှသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်ဖန်တီးပေး နိုင်မှုနှင့် နိုင်ငံ့စီးပွားရေးကဏ္ဍဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေနိုင်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်၏ ကူညီမှုဖြင့် International Finance Corporation (IFC) က မိသားစု စီးပွားရေးလုပ်ငန်း စီမံအုပ်ချုပ်မှု လက်စွဲစာအုပ်ကို ထုတ်ဝေလိုက်ပါသည်။

စာအုပ်တွင် အဓိကအားဖြင့် မိသားစုပိုင်စီးပွားရေးလုပ်ငန်းများ လည်ပတ်ရာတွင် အတွေ့ရများသည့် စီမံအုပ်ချုပ်မှု အကျပ်အတည်းများ ဖြေရှင်းရေးသို့ ချည်းကပ်နည်းများကို အကြံပြုထားသည်။

စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပခဲ့သည်။ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌ ဒေါက်တာမောင်မောင်လေးက IFC ၏ Corporate Governance Lead Sanna Abouzaid နှင့် Chris Razook တို့နှင့်အတူ မြန်မာ့လုပ်ငန်းများနှင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုအကြောင်းကို ဆွေးနွေးခဲ့ပါသည်။

မိသားစု စီးပွားရေးလုပ်ငန်း စီမံအုပ်ချုပ်မှု လက်စွဲစာအုပ် (Myanmar version) ကို Download ရယူပါ။..

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!