Popular Posts!
Showing posts with label အရောင်းအ၀ယ်. Show all posts
Showing posts with label အရောင်းအ၀ယ်. Show all posts
Thursday, May 9, 2019
စင်ကာပူကုမ္ပဏီက နေပြည်တော်တွင် တစ်နှစ်တန် ငါးသောင်းကျ ဆန်စက်တည်
စင်ကာပူကုမ္ပဏီက နေပြည်တော်တွင် တစ်နှစ်တန် ငါးသောင်းကျ ဆန်စက်တည်
If you have our sakura pink 500g pack of brown rice, we are excited to drop a teaser of our incoming harvest! 
Brand new packaging in 2kg and 5kg. Join us over at The Little Rice Company, and get our rice directly from the website on the 17th April!
စင်ကာပူနိုင်ငံအခြေစိုက် အရည်အသွေးမြင့် ဆန်ထုတ်လုပ်လျက်ရှိသော Golden Sunland, Food & Beverage ကုမ္ပဏီသည် တစ်နှစ်လျှင် ဆန်တန်ချိန် ၅ဝ,ဝဝဝ အထိ ကြိတ်ခွဲထုတ်လုပ်နိုင်သော အကြီးစားဆန်စက်ကို နေပြည်တော်တွင် စတင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆန်စက်ကို နေပြည်တော် လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာအနီးရှိ ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း စက်ရုံတည်ဆောက်ရန် ပန္နက်ရိုက်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် လယ်ဝေးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။ 
''တစ်နှစ်ကို ဆန်တန်ချိန် ၅ဝ,ဝဝဝ ကြိတ်ခွဲထုတ်လုပ်နိုင်မယ်လို့ ပြောတယ်''ဟု နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ 
Golden Sunland သည် မြန်မာနိုင်ငံရှိ စပါးမျိုးရင်းဖြစ်သော ရွှေဝါထွန်းစပါးမျိုးနှင့် မျိုးစပ်ဖော်ထုတ်ထားသည့် ရွှေဝါဝင်းစပါးမျိုးသစ်ကို ဒေသခံတောင်သူများနှင့် အကျိုးတူပူးပေါင်း စိုက်ပျိုးသွားမည်ဖြစ်ပြီး တစ်နှစ်လျှင် ဧက ၁၅,ဝဝဝ ကျော်အထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
 ''အဲဒီစက်ရုံနဲ့ လက်လှမ်းမီတဲ့ ရွာတွေပေါ့ဗျာ။ ပြီးတော့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာတွေတောင် အကျိုးတူလယ်ယာ (Contract Farming) စနစ်နဲ့ စိုက်ပျိုးသွားမယ့်အထဲမှာ ပါဝင်လာနိုင်ပါတယ်''ဟု ဦးမျိုးဇော်ဦးက ပြောသည်။ 
ထိုကဲ့သို့ တောင်သူများ အကျိုးတူ စိုက်ပျိုးနိုင်သည့်အခွင့်အလမ်း ရရှိလာခြင်းဖြင့် ဝင်ငွေတိုးတက်လာမည်ဖြစ်ကာ တောင်သူရော၊ နိုင်ငံပါ အကျိုးရှိစေမည် ဖြစ်ကြောင်းလည်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။ 
Golden Sunland ကလည်း ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပသည့်ဓာတ်ပုံများ တင်ထားသကဲ့သို့ နိုဝင်ဘာ ၁၁ ရက်စွဲဖြင့်လည်း တစ်နှစ်လျှင် တန်ချိန် ၅ဝ,ဝဝဝ ထုတ်လုပ်နိုင်သွားမည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ရင်းနှီးမြှုပ်နှံမှု ပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ငါးသန်းမြှုပ်နှံသွားမည်ဟု ကုမ္ပဏီဘက်က ဆိုထားသည်။ 
ဒေသခံလယ်သမားတစ်ဦးဖြစ်သူ ကိုမျိုးဝင်းကလည်း contract farming စနစ်ကို ဂဃနဏ မသိသေးသည့်တိုင် အရည်အသွေးကောင်းသော မျိုးစေ့၊ နည်းပညာနှင့် ခိုင်မာသောဈေးနှုန်းတို့ ရရှိမည်ဖြစ်သောကြောင့် အကျိုးတူလယ်ယာစနစ်ကို စိတ်ဝင်တစားရှိနေကြောင်း ပြောသည်။ 
''အကျိုးတူဆိုလား ကန်ထရိုက်ဆိုလား သေချာတော့ မသိဘူးဗျ။ ကြားရသလောက်ဆို ကုမ္ပဏီက မျိုးစေ့နဲ့ ချေးငွေပေးမယ် ပြောတယ်။ ပြီးတော့ ဈေးနှုန်းကိုလည်း အာမခံမယ်လို့ ကြားတယ်။ တကယ်လို့သာ အဲဒီလိုဖြစ်လာရင်တော့ အရမ်းကောင်းတာပေါ့ဗျာ''ဟု ၄င်း၏ အမြင်ကိုပြောသည်။
တောင်သူများသည် သီးနှံအထွက်နှုန်း မသေချာမှုအတွက် စိုးရိမ်မူများရှိနေသကဲ့သို့ ဈေးနှုန်းမတည်ငြိမ်မှုအတွက်ကိုပါ စွန့်စားနေရလျက်ရှိရာ အကျိုးတူလယ်ယာ (contract farming) စနစ်သည် ၄င်းတို့အတွက် အပြုသဘော ဆောင်လာနိုင်ကြောင်း မျှော်လင့်လျက်ရှိသည်။
==========
The Myanmar Times Daily Newspaper - Myanmar Version
https://myanmar.mmtimes.com/news/117626.html
If you have our sakura pink 500g pack of brown rice, we are excited to drop a teaser of our incoming harvest! 
Brand new packaging in 2kg and 5kg. Join us over at The Little Rice Company, and get our rice directly from the website on the 17th April!
We sell 100% brown rice, which we developed using traditional hybrid technology.
You can purchase our rice at Khoo Teck Puat Hospital Retail Pharmacy or online at our website TheLittleRiceCompany.com/shop
In our fields of rice in Myanmar, a lone tree lies, watching over the land and greeting our farmer partners before they begin their toil each new day. 🌳🌾
မြန်မာ ပြည်ကထွက်တဲ့ဆန်ဆို ပေမဲ့?ကိုယ်တွေမပိုင်ပါ😥😥😥
*********************************
- စင်ကာပူနိုင်ငံသား မိတ် ဆွေတစ်ဦးက ပြောလာတယ်
" မင်းတို့တိုင်းပြည်ကထွက်တဲ့ Brown Rice ဆန် အရည်အ သွေးကောင်းလိုက်တာတဲ့"
တ လောက အာဖရိက မှာ မြန်မာဆန်တွေဖျက်ဆီးခံရတဲ့သတင်းကလည်းလိုင်းပေါ်မှာ တွေ့လိုက်တာမကြာ သေးတော့...လာပြီးနောက် နေတာလား? လို့ စိတ်ထဲ မှာဖြစ်ရပ်က အမှန် ပေမဲ့ မခံချင်သလိုသြဖစ်မိ သေး( နောက် တော့လွှဲမှားသော စိတ်ဓါတ်ကို နိုင်ငံချစ်တယ်၊အမျိုးချစ်တယ်ဆို ပြီးဖုံးကွယ်တတ်တဲ့ မ ကောင်းသောအကျင့်၊ပြောင်းလဲဖြစ်ရမယ်ဆိုတဲ့အသိတရားရလိုက်တယ်။)
" မြန်မာ ပြည်ကထွက်တာဆို ဘယ်မှာလဲ? ဘာတံဆိပ် လဲ?" မေးလိုက်တော့
- " Golden Sunland” 
      Myanmar 
       Fragrant Brown Rice”ဆို ပြီးဓါတ်ပုံ လေးပြတယ်" 
- မင်းတို့တိုင်းပြည်ကို စင်ကာပူ မိသားစုcompany က အစအဆုံး ပါကင်ထုတ်လုပ်အပြီးသွားရောက်စိုက်ပျိုး ပြီး ၊စင်ကာပူမှာ ရောင်းတာပါတဲ့၊ ဆေးရုံ တွေမှာလည်းဒီဆန် နဲ့ချက် ပြီး ရောင်းချ နေတယ်" ပြောသွား တယ်။ 
- မြန်မာနိုင်ငံဆိုတာ လယ်ယာစိုက်ပျိုး ရေးကအဓိကဏ္ဍဆိုတာ နှစ် ပေါင်းများစွာစိုက်ပျိုးခဲ့ကြပါတယ်။
- မြေ မရှိတဲ့ စင်ကာပူက လယ်ယာ မြေများစွာရှိတဲ့ ကိုယ့်နိုင်ငံမှာလာ ရောက်ရင်းနှီးမြုပ်နှံစိုက်ပျိုးရေးလာလုပ် ပြီး အရည်အ သွေးအဆင်မြင့်တဲ့ထုတ်ကုန် ကို ဂုဏ်ယူစွာ ရောင်းချ နေပါတယ်။
- မြန်မာ နိုင်ငံက ထွက် ကုန်ဆိုရင် အရည်အ သွေးမမှီလို့၊ တိုင်းပြည်စီးပွားရေးမ ကောင်းလို့၊အစိုးရအခွန်ကောက်တာများလို့၊ဘိုးစဉ်ဘောင်ဆက် ဒီလိုပဲလုပ် လာတာ၊ ဈေးနှုန်း မရလို့၊ဈေးကြီးတာမစားလို့စသဖြင့်တို့ ကြောင့်မဖြစ်နိုင်ဘူးဆို ပြီးကြားနေရတာ တွေရဲ့ Gravity အပြင် ဘက် ခုန် ထွက် ကြည့်လိုက်ရင်....
- ဒီစင်ကာပူကုမ္ပဏီ က..မြန်မာ မြေ၊မြန်မာ ရေ၊မြန်မာပြည် လယ်သမား၊အလုပ်သမားများစွာအသုံးချ ပြီး..မြန်မာ ပြည်အစိုးရရဲ့မူဝါဒစည်းမျည်းတွေထဲက နေ အခုလို အရည်အ သွေးအဆင့်မှီဆန် ထုတ်ကုန်ကို မြန်မာ ပြည်ဈေးနှုန်းထက် မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချ နေတာ လက် တွေ့ တွေ့မြင် နေရ တော့....
- လူတစ်ဦးချင်းစီရဲ့ အ တွေးအခေါ်စိတ်ဓါတ်၊ပြောင်းလဲမှု့နဲ့အတူ ကျွန်မအ ပေါ်မှာ ရေးထားခဲ့သလို အမှန် ပေမဲ့ တလွှဲမာနငါတို့ဟာရှေ့ယခင်က ရွှေထီးဆောင်းခဲ့ သော မြန်မာ့သမိုင်းထဲမှာ တဝဲလည်လည် တွေးတောရင်း ၊စိတ်ကြီးဝင်၍မသိ၊မတတ် တာကိုဝန်ခံရမှာဖုံးကွယ်ရင်း..အမှန် တရားနဲ့ ဝေးကွာသွားစေ သောစိတ်ဓါတ်အကျင့် များကို ပြု ပြင်ပြောင်းလဲကြပါစို့....
မြန်မာ့သမိုင်းထဲမှာကမ္ဘာသိဂုဏ်ယူရတဲ့
- အ လောင်းမင်းတရားကြီးဦးအောင်ဇေယျ
-ဗိုလ်ချုပ်အောင်ဆန်း၊
-ဦးသန့်စသဖြင့်
ယခု လက်ရှိပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် အလွန် 
မြန်မာပြည်အတွက် နောက်ထပ်ခေါင်းဆောင်များစွာထက် အရည်အချင်း၊အရည်အ သွေး၊ကိုယ်ကျင့်တရားကောင်းမွန် သော ပြည်သူများစွာ မြန်မာနိုင်ငံအတွက်ပေါ်ထွန်းလာပါ စေရန် ပြည်သူတစ်ဦးချင်းစီကိုယ်ပိုင်အသိဖြင့် ကြိုးစားကြပါစို့🙏🙏🙏
https://www.thelittlericecompany.com/shop
https://goldensunland.com/how-we-got-here.html
https://goldensunland.com/our-team.html
Thursday, April 25, 2019
အရည်အအတွက် မှ အရည်အသွေး အရည်အချင်းသို့
မြန်မာနိုင်ငံကနေ တစ်နှစ်ကို သရက်သီး US$ ၁၂သန်းဖို့ လောက် ပြည်ပကို ပို့ ပြီး နိုင်ငံခြားငွေရတယ်လို့ဆိုတယ် အဲဒီလိုပို့တာရဲ့ ၈၅% က မန္တလေးတိုင်းက ဖြစ်ပြီး သရက်သီးတွေကို အရင်က ပြည်တွင်းစားကြ ရာက တရုပ်ပြည်ပို့ ဖြစ်တယ် အခု စင်္ကာပုထိပို့နေရာပြီး မကြာခင် ဥရောပနဲ့ ဂျပန်ထိသွားမယ်လို့ သရက်သီး လုပ်ငန်းနဲ့ သမတ SME ဆုရခဲ့တဲ့ Than Than Swe က ပြောဘူးတယ်။
အရင်က တရုပ်ပြည်ဖက် ပို့တော့ တစ်တန်ကို US$ ၁၅၀လောက်ရရာက စင်္ကာပူပို့တော့ US$၈၀၀ ကျော်ထိရတယ်လို့ ဆိုတယ်။ ဂျပန်နဲ့ ဥရောပဈေးကွက်က ပိုရနိုင်လို့ ကြိုးစားနေကြကြောင်းလဲပြောတယ်။ အရင်က ပြည်တွင်းဘဲရောင်းတုန်းက အဲဒီလောက်မရဘူးဆိုတဲ့သဘောပေါ့။
 တွေးကြည့်ရင် ပြည်တွင်မှာလည်း ထွက်တဲ့နေရာ အလိုက်ဈေးမတူသလို သရက်မျိုးတွေ အရည်အသွေးတွေအရလည်း ဈေးတူမှာမဟုတ်ဘူး မန္တလေးမြို့ထဲတောင် တရုပ်တန်းဈေးမှာ ဈေးပိုကြီးတယ် အလုံးပိုလှတယ် နောက်ဈေးချိုဖက်ကျအဲဒီထက်နဲနဲလျော့ပြီး ရွာဟိုင်းဈေး(မန်းမြို့ဈေး)လို့ ဘုရားကြီးဈေးတို့ လိုမှာ ပိုသက်သာတာတွေ့ရတယ်။ 
သရက်ထွက်တဲ့ ရွာတွေကလည်း ပြည်ပပို့ တဲ့ ပြည်တွင်းဖြန့်တဲ့ ဒိုင်တွေဆီကို ပို့ကြတော့ သူတို့ ကောက်ဈေး သယ်ယူခနဲ့ ဒေသပေါ် အသီးအပေါ်မူတည်ပြီး မူရင်းထွက်တဲ့ ဒေသဈေးရကြတယ်။သရက်သီး industry မှာပေါ့။
နောက်တစ်ခုက တရုပ်ပြည်ပို့တဲ့ ၁၅၀တန်အသီးကို စင်္ကာပူက၈၀၀ ပေးဝယ်တာမဟုတ်ဘူး ၈၀၀ နဲ့ရောင်းလို့ ရတဲ့ အဆင့်ရောက်အောင် စိုက်တဲ့ သူတွေ က အပင်ပေါ်ကတည်းက အစွတ်စွတ်ကြရတယ် ပိုးသတ်ဆေးသတိထားသုံးရတယ် စားရိတ်ပိုသုံးပြီး ကောင်းအောင်လုပ်ယူခဲ့ကြရတယ်။ 
တရုပ်ပို့တော့လည်း ၁၅၀ ရဖို့ လမ်းမှာ သယ်တာကအစ ပြည်တွင်းလို ပို့မရဘူး ပြင်ဆင်ရတယ် အလုံးအုပ်စုခွဲရတယ်။ပြည်တွင်းထက် ပိုရလို့ တရုပ်ပြည်ပို့ကြတာလေ။  တကယ်လို့ ဂျပန် ကြိုက်အောင် လုပ်ပေးနိုင်ရင် ဂျပန်ပေးတဲ့ ပိုမြင့်တဲ့ဈေးရမယ်လို့ဆိုပြီးကြိုးစားကြတယ်။
ဒါကတော့ အသီးတွေအများကြီးထဲက ပြည်ပပို့တဲ့ ပြည်တွင်းစားတဲ့ ထဲက သရက်သီး ဆိုတာ ကို ဘဲ ပြောတာပါ အခြား အသီးတွေလည်း ဒီလိုနေမှာပါဘဲ။
ပြောချင်တာက အသီးဈေးကွက်မဟုတ်ပါဘူး ကျွန်တော်တို့ ဆီက လုပ်သားဈေးကွက် လုပ်အားဈေးကွက် လူ့အရင်းအမြစ်ဈေးကွက်ပါ။ လူတစ်ယောက် အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ဘယ်လောက်ရမလဲဆိုတာ က သူစားသောက်နေထိုင်တဲ့ အပေါ်မူတည်ပြီးသူလုပ်နိုင်တယ်ဆိုပေမဲ့ သူကို ခန့်မည့်သူက သူဆီက ရတဲ့ အရာပေါ်တွက်ပြီး ပေးပါတယ်။ သူလုပ်နိုင်တဲ့ အပေါ် သူကို အားကိုးနိုင်မဲ့ အပေါ် မူတည်ပြီး သူရပါတယ်။ သရက်သီးက မြန်မာတစ်နိင်ငံထဲက ထွက်တာမဟုတ်လို့ သရက်သီးဈေးကွက်မှာ ပြည်ပနဲ့ပြိုင်ပြီး အရည်အသွေးနဲ့ ဈေးနှုံးဖြစ်သလို အခြားအရာတွေမှာလည်းတူတူပါဘဲ ကိုယ်ဆီက သူတွေက ဘယ်လောက်စွမ်းသလဲက သူတို့ ရနိုင်တဲ့တန်ဘိုးပါ။ ဒီတော့ သရက်သီးကို ဈေးကောင်းရဖို့ အပင်မှာ အသီးကို အအုပ် စွတ်တာ အပင်နဲ့ အသီးကို ဂရုစိုက်မွေးတာ ခူးပြီးတဲ့နောက်လည်း သေချာဆေးကြောထုတ်ပိုးတာ အပင်ကိုလည်းဂရုပြုရတာတွေ လုပ်မှဘဲ ဈေးပိုရတဲ့ အသီးဖြစ်သလို လူသားအရင်းအမြစ်တွေကို လည်း တန်းဘိုးကောင်းကောင်းရစေဖို့ ပညာသင်ပေးဖို့ စည်းကမ်းလေ့ကျင့်ပေးဖို့ အသိပညာ ကျွမ်းကျင်မှုတွေထည့်ပေးဖို့ ပေါင်းသင်သလို မလိုတာတွေ စရိုက်ဆိုးတွေ ခိုးတတ် ခိုတတ် တာတွေ ကင်းစေဖို့ သင်ကြားလေ့ကျင့်တာတွေလိုပါတယ်။ လူသားအရင်းအမြစ်ကို ဖြစ်သလိုထားရင် သရက်သီးလိုဘဲ ဈေးမရပါဘူး ဂရုစိုက်ဖို့ လိုပါတယ်။ 
ဒီတော့ တိုင်းပြည် တကယ် တက်လာဖို့ အတွက် က လူတစ်ဦးချင်းတွေရဲ့ တန်ဘိုးတက်လာဖို့ လိုပါတယ် ဒီအတွက် ရင်းနှီးမြုတ်နှံရပါတယ် တကယ်တော့ ပညာရေးအသုံးစားရိတ် ကျမ်းမာရေးအသုံးစားရိတ်ဆိုတာ ရင်းနှီးမြုတ်နှံမှု့တွေပါ။ လူကြားကောင်းအောင်လုပ်ပြရတဲ့ အလုပ်တွေမဟုတ်ပါဘူး။ အတတ်ပညာတွေ သင်ပေးတာ အသိပညာတွေ ထည့်ပေးတာ စနစ်တွေ စည်းတွေနဲ့နေတတ်အောင် အဖွဲ့နဲ့လုပ်တတ်အောင် လုပ်ပေးတာတွေမရှိဘဲနဲ့တော့ ကိုယ်လူမျိုးတွေ တန်ဘိုးမတက်ပါဘူး။ 
တန်ဘိုးနဲတဲ့သူတွေ များတဲ့ နေရာမှာ တန်းတူရည်တူဒီမိုကရေစီတွေ တရားမျှတတဲ့ စနစ်တွေ ရှိနေရင်တောင် ကိုယ်က အညံ့ဆုံးဆိုရင် အောက်ဆုံးရောက်နေကြမှာပါဘဲ။ အထက်ရောက်နိုင်ဖို့ မွေးမြူယူကြရပါတယ် ။ ထွက်ချင်သလို ထွက်လာ ကောင်းတာသုံး မကောင်းတာလွတ်ပစ်ဆိုတဲ့ ပေါက်လွတ်ပဲစား တောရိုင်းက အပင်တွေလို ပညာရေးနဲ့ တော့ သရက်သီးဈေးမရသလို လူတန်ဘိုးတွေနဲပြီး ဆင်းရဲနေကြဦးမှာပါဘဲ။ ဒီအတွက် အသိပညာ ရှိဖို့ တကယ်တောက်ပြောင်အောင် မွေးထုတ်ပေးနိုင်မဲ့ပညာသင်ကြားမှု့စနစ်ရယ် အရည်အချင်းကို တကယ်ခွဲထုတ်ပေးနိုင်တဲ့ စာမေးပွဲနဲ့ ဘွဲလက်မှတ်စနစ်တွေရယ် တကယ် ငယ်ငယ်ကတည်းက အပတ်တကုတ် မခိုမကပ်ကြိုးစားတဲ့ ကျောင်းသားတွေရယ် Professional ဆန်ပြီး ကိုယ်အလုပ်ကို သိတဲ့ တတ်တဲ့ ဂုဏ်သိက္ခရှိတဲ့ ဆရာတွေ ရယ်လိုပါတယ်။ ဒီလိုဖြစ်ပြီး မှ ဈေးကွက်ဝင်ထုတ်ကုန်တွေထွက်လာမှာပါ။
အရင်လူတွေလည်း ဒီလိုလုပ်တာဘဲ ငါလဲဒါဘဲလုပ်တတ်သူတွေကို နေရာပေးနေကြသ၍တော့ အနာဂတ် ဘာမှမျှော်လင်းစရာမရှိပါဘူး။ Vision နဲ့ Mission မရှိဘဲ မိုးခါးရေသောက် ရေစုန်မျှောတာကို ပပျောက်အောင် ဥပဒေစိုးမိုးမှု့နဲ့ ပန်းတိုင်ရောက်အောင် အရာရာ သတ္တိရှိရှိကိုင်နိုင်မဲ့ အမုန်းခံ ခေါင်းဆောင်တစ်ယောက် နဲ့ စွမ်ေးဆာင်ရည်တကယ်ရှိတဲ့ ရိုးသားတဲ့  အဖွဲ့  တွေကနေ မညှာမတာ ကိုင်တွယ်မှာကိုဘဲ မျှော်လင့်တောင့်တမိနေပါတော့တယ်။ ဘာမှစကိုင်တာမတွေ့သေးမချင်းတော့ အနာဂတ် တစ်နိုင်ငံလုံးကောင်းစရာ ဘာမှမရှိသေးဘူးလို့ ဘဲ မြင်ပါတယ်။
မြန်မာဂျီပီ ကို သရက်သီး ရောင်း တေါ့မယ်ဆို ရင် .....
ရောင်းသူ ဝယ်သူ အား လုံး အဆင်ပြေစေ ဘို့  ... သတ်မှတ် ချက်လေး တွေ ကို ဖတ်ရှု့  နား လည် ပေးစေချင်ပါတယ် ...
၁/ ကုမ္ပဏီ ကို ဖုံးဆက်သွယ်ပြီး မိမိသိချင်တဲ့ အချက်အလက်တွေ အရင်မေးပါ ...ဈေး နှုန်းမှ အစ / မိမိ သိချင်တာ သေချာ ရှင်းလင်းသည့် ထိမေးပါ ...... 
၂/ မိမိ မှာ ရှိနေတဲ့ အသီးအခြေအနေ ... အမျိုးအစား ... အိတ်စွပ်လား အိတ် လွတ် လား ... ဘယ်အသီးက ဘယ် လောက်ရှိ တယ် ... ခန့် မှန်း ... ပြောပြပေးပါ.......
၃/ မိမိ ခူး ပြီး လာပို့  မဲ့ ရက် ကို ကုမ္ပဏီ က အသီး လက်ခံ သူ ထံ ကြိုတင် အကြောင်း ကြားပေးပါ ...( အိတ် လွတ်/ပယ်သီး တွေက ပြသနာမရှိ )
အိတ်စွပ် သီးများ ကို သေချာ စီစစ် ရွေး လို့ အသီး ပြုံ ပြီး အဝင်များ ရင် ပြသနာ ရှိ နိုင်ပါတယ် ........(အသီးစနစ်တကျ ခူး ပုံ လည်း တင် ထား ပါ တယ် ) ....
၎/ အိတ်စွပ်သီးများ ကို  လုံးဝ အသန့်  -နည်းနည်း အစက်အပျောက်ပါ - အစက်အပျောက်များ / အလုံး အရွယ် အစား ကြီး/သေး တစ်ခါ ထည်း ခွဲ ပြီး မြန်မာဂျီ ပီ ခြင်းများ နဲ့  ထည့် ယူ လာပါ ...(ခြင်းများကို ..ကုမ္ပဏီမှ 
ဆက်သွယ်မေးမြန်းငှားပါ ) .......
၅/ အိတ်လွတ် သီး / ပယ် သီး များ က တော့ ခြင်း မလို ပါ ... အဆင်ပြေ သလို ယူ လာ ပေး ပါ ...ဒါပေမဲ့  ဆိုဒ် ကြီး -ဆိုဒ်သေး တော့ ခွဲ လာပေးပါ ...ဝယ်တဲ့ ဈေး နှုန်း ကွာ လို့  ပါ ......
၆/ အိတ်စွတ်သီး များ ကို ၂၅၀ဂရမ် အထက်က စဝယ်မှာ ဖြစ်လို့  ..၂၅၀ဂရမ်အောက် က ပယ်သီး ဖြစ်ပါ့ မယ် ...ကုမ္ပဏီ က ရွေး ချယ် ပယ်သီး များ ကို ...မိမိ စိတ်တိုင်းကျ..မြန်မာ ဂျီပီ မှာ ဘဲ ဖြစ် ဖြစ် ..အခြားကို ပြန်ယူ ရောင်း လည်း ရပါ တယ် ... ...ရောင်း သူ ရဲ့  ဆန္ဒ
အတိုင်း ဖြစ် ပါတယ် ..........
၇/မြန်မာဂျီပီ မှ စိန်တစ်လုံး /အိတ်စွတ်/အိတ်လွတ် /ပယ်သီး အကုန်ဝယ်မှာပါ ...
နုနေတဲ့ အသီး နဲ့  ဆေးတို့  သီး တော့ လုံးဝ မယူ ပါ ......😊😊😊၂၅၀ဂရမ် အောက်အိတ်စွပ် က ပယ်သီး အနေ နဲ့  ဝယ်ပါ့ မယ် ... အရမ်းသေးတာတော့ .. တစ်ခါထည်း ခြံက ပယ်လာပေး ပါ 😍😍
၈/ Export သရက်သီး ဖြစ် လို့  သတ်မှတ်ချက်လေး တွေ ရှိ ပါ တယ် ...
  (၁) အိတ်စွတ်သီး အရင့်မှန်ရပါ့ မယ် ... ၂ထပ်အိတ်စွပ် သီး ဆို ပို ကောင်းပါ  တယ် .....
  (၂ )အပင်က ပုတ်ချ တာ မျိုး မဟုတ်ဘဲ ခူးတံ နဲ့  စနစ် တကျ ခူး ရပါ့ မယ်....
  (၃) အညှာ ပါအောင်ခူး ပြီး .. အညှာ လက်တဆစ် ဖြတ် ပေး ရပါ့ မယ် ..,,,
  (၄) အညှာ ဖြတ် ပြီး အစေး စစ် ပေး ရပါ့ မယ် ......
  ( ၅ ) အစေး စစ် ပြီး အသီး တွေ ကို ကုမ္ပဏီက ခြင်း (သို့  ) မိမိ ကိုယ် ပိုင် ခြင်း တွေ မှာ ဂျာနယ် စက္ကူ ခင်း ပြီး စီ ထည့် ပေး ရပါ့ မယ် ...,,
  (၆) ခြင်းတွေ ထပ် ပြီး သယ်ယူ ပို့  ဆောင် ရာ မှာ လည်း ...အောက်ခြင်း ကို အသီး လွတ် အောင် ထပ် ပေး ရပါ့ မယ် ....
  (၇) အသီးမှာ အစေးလောင် / ပိုး ကိုက် ရာ / အနာ အဆာ / ခြင်း ပွန်း ရာ / လက်သဲရာ တွေပါရင် အပယ်သီး ဖြစ် သွား နိုင်ပါတယ် ....
❤️❤️❤️အသီးကောင်း ရဘို့  အဆင့်တွေ သတ်မှတ် ချက်တွေ များ နေ လို့  စိတ်ပူမသွား ကြ ပါနဲ့  💪💪💪 ဒီပုံစံထုတ် လုပ်တဲ့ အသီး အမြဲ ဈေးကောင်း ရမှာ ပါ ...တရုပ်ဈေးကွက်ရော အခြားပြည်ပဈေးကွက်ရော ....
ချမ်းသာကုန်း , ပုလိပ် ,စိတ်ပုတီးမယ်တော် ကျောင်းဘေး ယ်09799996793/ 09968300566 / 9798974513
အားလုံး ကိုကျေးဇူးတင်ပါတယ် 
ကိုသဲမောင် ‭09973970160
ကိုသီဟ  ‭09 4320 4021
မခိုင်စု    ‭09798974513
ခရက်ဒစ် - ဖိုတို &မော်ဒယ် ❤️❤️❤️
Monday, April 22, 2019
အသက်ငင်နေတဲ့ တပိုင်တနိုင် လုပ်ငန်းငယ်တွေ
ကျွန်တော်တို့ အိမ်ယာထဲမှာ တိုက်ခန်းငှားပြီး ထမင်းဆိုင်လေးတွေ ကော်ဖီဆိုင်လေးတွေ လာလာဖွင့်တယ်၊တိုက်ခန်း ငှားတဲ့သက်တမ်းကုန်ရင် ပြုတ်တာပဲ။
တချို့ဆိုင်လေးတွေဆို လက်ရာလည်းမဆိုးဘူး ဆက်ဆံရေးလေးလည်းကောင်းပါတယ်။
အမြဲတမ်းဝယ်စားနေတဲ့ ကလေးတွေ မေးကြည့်တော့ တိုက်ခန်းနဲ့ဆိုင်တွေက ဈေးတော့နည်းနည်းများတယ်တဲ့၊ဈေးများတယ် ဆိုတော့ ဘယ်သူက ဈေးနည်းလဲဆိုတော့ တိုက်ခန်းမငှားဘဲ လွတ်ရာနေရာမှာ တွန်းလှည်းလေးတွေနဲ့ လာရောင်းတဲ့လူတွေက ဈေး သက်သာတယ်တဲ့ ဟင်းစုံတယ်တဲ့ လမ်းဘေးဆိုင်ပေါ့၊သက်သာမှာပေါ့ သူတို့ က rental fees မရှိတော့ ဈေးချိုနိုင်တယ် ရောင်းရတော့များများချက်နိုင်တာပေါ့။
စည်ပင် ကအစ မီတာခ အဆုံး စီးပွာရေး လုပ်ငန်းပေးဆောင်ခနဲ့ မသွားရဘူးလေ။စားသာက်ဆိုင်တွေကို အဓိကထားထားတဲ့ အခွန်ကောက်ခံမှု မှာလည်း  လမ်းဘေးဆိုင်တွေက ပန်းပန် လျက်ပဲ။
.
အပြိုင်အဆိုင်များတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ rule & regulation နဲ့ဘယ်လို fair play ဖြစ်အောင် ထိန်းပေးမလဲ က သိပ်လိုအပ်ပါတယ်။ 
လမ်းဘေးဆိုင်နဲ့ တိုက်ခန်းငှား စည်ပင်လိုင်စင်လုပ် လုပ်ငန်းခွန်ပေး စည်းနဲ့ကမ်းနဲ့ ဖွင့်တယ်ဆိုင် ကုန်ကျစရိတ်မှာ ဘယ်လိုမှ ယှဉ်လို့ မရပါဘူး။
လမ်းဘေးမှာ ဈေးရောင်းခွင့်ရှိမယ်ဆိုရင်လည်း  (မရောင်းရဘူး လိုက်ဖမ်းနေတာ မအောင်မြင်မယ့် အတူတူ )
ဘယ်လိုစည်းကမ်းမျိုးလိုက်နာသင့်လဲ ? 
FDA စည်းကမ်း 
အခွန် စည်းကမ်း 
Penalty နှုန်းထား
စတာတွေ သတ်မှတ်ပေး သင့်တယ်။ ဒါဆိုတရားဝင်ဖြစ်သွားမယ်ဆိုပြီးစိုးရိမ်နေမယ့် အစား စည်းကမ်းလေးနဲ့ သွားဖို့ ဦးစားပေးသင့်တယ် လို့ပဲ ထင်တယ်။
ဒီလိုမှ မလုပ်နိုင်ဘူးဆိုရင်တော့ စီးပွားရေးလုပ်ချင်တဲ့လူတွေကို လမ်းဘေးဆိုင် ရှိတဲ့ product မျိုး ဆိုရင် လမ်းဘေးဆိုင်ပဲ ဖွင့်ပါ အကြံပေးရတော့မယ်။
.
Rules & regulation တွေက နယ်ပယ်တိုင်းမှာ လျော့ရဲရဲ ဆိုတော့ စီးပွားရေး လုပ်တဲ့လူတွေကလည်း ဒီကိစ္စကိုသိပ် အလေးအနက် မထားကြတော့တာ မျိုးဖြစ်လာပြီ။
ဒါဟာကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး အခု တစ်ခါ tour agency တစ်ခုက လိမ်သွားပြန်ပြီ။
ပရိသတ်သည်းခြေကြိုက် ဈေးတွေလျော့ရောင်းတယ်  မိမိရနေတဲ့ အမြတ်က ကိုယ့်လုပ်ငန်းရပ်တည်ဖို့ မဖြစ်နိုင်တော့ လိမ်ပြေးတယ်။
ဈေးတွေ လျော့ရောင်းတယ် တစ်ခုခု ပြသနာတက်ခဲ့ရင် ဘာမှ တာဝန်ခံ မပေးနိုင်ကြတော့ဘူး။
ခရီးသည်တွေ တစ်ယောက် တစ်သိန်းစီ ထပ်ပေးလို့ ပြေလည်သွားတယ် ဆိုပေမယ့် ခရီးသည်အတွက် ကာကွယ်မှု ဘယ်မှာလဲ?
ဒီအတွက်  ပြည်သူ(စားသုံးသူ)ကိုအကာအကွယ်ပေးနိုင်မယ့် rules & regulation လိုတယ်။
မလိုလားအပ်တဲ့ နေရာတွေမှာ ခက်ခဲပြီး တကယ်တင်းကြပ်ရမယ့် နေရာတွေမှာ လွယ်ကူ နေတာမျိုး ဥပမာ အခွန်ကိစ္စ ၊ အခွန်ဆောင်နေတဲ့ လူတွေအတွက် တွန်းအားပဲရှိတယ် appreciation မရှိဘူး၊ ကားကို အခွန်နဲ့ ဝယ်စီးရင် နောက်ကားဝယ်စီးရင် အခွန်လွတ် တယ် အဲ့ဒီ အခွန်ဆောင်ထားတဲ့ပမာဏ ကိုတခြားနေရာမှာ သုံးမရတာမျိုး တကယ့်လက်တွေ့မှာ အံဝင်မယ့် rules & regulation လိုမယ်။
အခုချိန်ထိ စည်းနဲ့ကမ်းနဲ့ သွားတဲ့ လူက ပို ဒုက္ခရောက်နေကြတဲ့ rules & regulation ဖြစ်နေသေးသလားလို့?
Facebook မှာ page တစ်ခု ဆောက်လိုက်ရင် ပစ္စည်းရောင်းလို့ ရပြီလမ်းဘေးမှာ ၃သောင်းတန် လှည်းလေးရှိရင် ဈေးရောင်းလို့ ရပြီ ဆိုတာ  တဆိတ်သိပ် လွယ် လွန်းနေလားလို့ဘာလို့ လုပ်ငန်းလိုင်စင် လုပ်မှာလဲ ? ဘာလို့ ကုမ္မဏီ ထောင်မှာလဲ အေးဆေးပေါ့!
စီးပွားရေးလုပ်ငန်းတွေတိုးတက်မှ တိုင်းပြည်စီးပွားရေးတိုးတက်မယ်။ 
စီးပွားရေး လုပ်ငန်းတွေတိုးတက်ဖို့ အတွက် သာမှု နာမှု ကို တန်နိုင် သမျှ ဖြေလျော့ (fair play) နိင်တဲ့ . စည်းမျဉ်းဥပဒေ တွေစားသုံးသူကို အကာအကွယ် ပေးနိုင်မယ့် စည်းမျဉ်းဥပဒေ တွေနည်းမှန် လမ်းမှန် လုပ်သူကို ချီးကျူး ဂုဏ်ပြုရာရောက်ပြီး နည်းမမှန် လမ်းမှန် သမားတွေ အတွက် ပြင်းရှတဲ့ စည်းမျဉ်းဥပဒေတွေ  ရေးဆွဲ (rules & regulation တွေပေါ့) အသုံးချပေးဖို့ အမြန်ဆုံးလိုအပ်တယ်။
.
ဒါတွေ မရှိသ၍ အမှန်အကန် စီးပွားရေးလုပ်ချင်တဲ့သူတွေကော စားသုံးသူတွေကော တိုင်ပတ်နေဦးမှာပါပဲ!
How Consumer Protection Laws Affect Businesses 
•••
Businesses must comply with a myriad of federal and state consumer protection laws. These laws are designed to protect consumers from unfair, deceptive or fraudulent practices by businesses. Businesses that violate consumer protection laws may be subject to lawsuits, financial penalties, and negative publicity. Thus, business owners must understand which laws apply to their company and which agencies enforce them.
Federal Consumer Protection Laws 
Many federal consumer protection laws were created to promote fair trade or product safety. Federal fair trade laws are enforced by the Federal Trade Commission (FTC). Federal product safety laws are enforced by the Consumer Product Safety Commission (CPSC).
Fair Trade Laws
The Federal Trade Commission's mission is to promote competition and protect consumers from unfair, deceptive or fraudulent practices in the marketplace. The FTC develops policy, conducts investigations, and sues companies that violate the law.
Federal law prohibits the use of advertising that is untruthful or misleading to consumers. Here are some examples of acts by businesses that violate federal trade laws.
  • A furniture manufacturer claims that all of its products are "made in America ." Actually, the company performs no manufacturing or assembly in the U.S. as all of its products are made in China.
  • A company sells online courses, promising that students who complete its program will receive an "official" high school diploma. The diploma is worthless as it does not meet the requirements of any state. 
  • A manufacturer of dietary supplements advertises a weight loss product, stating that the product has been proven effective by rigorous testing. In reality, the product has never been tested.
    If the FTC receives a complaint that a company has violated a trade law, it will conduct an investigation. If it determines a law has been broken, it may issue a consent order asking the company to voluntarily stop the unlawful behavior. If the company refuses, the FTC may request a formal proceeding before an administrative law judge. If a judge agrees with the FTC that a law has been broken, he or she may issue a cease and desist order. A business that violates an FTC order may be subject to a penalty or served with an injunction.
    Product Safety Laws
    Businesses that manufacture products sold to the public must follow rules and regulations created by the Consumer Product Safety Commission (CPSC). The CPSC establishes product safety requirements, issues product recalls, assesses the safety of products, and bans products it deems hazardous. The agency regulates all consumer products except guns, drugs, and certain other items that are regulated by another agency.
    If the CPSC determines that a particular product poses a danger to the public, it may issue an enforcement action. The product manufacturer will be required to notify the public of the danger and withdraw the product from the market. It may also be subject to a penalty.
    CPSC safety requirements can be confusing to small business owners. Thus, the agency has created a Small Business Ombudsman to help small companies understand which safety regulations apply to them.
    State Consumer Protection Laws 
    Virtually all states have enacted laws that prohibit unfair and deceptive practices by businesses against consumers. These laws are often referred to as UDAP laws and are enforced by state attorneys general. An example of a UDAP law is an Unfair Claims Settlement Practices Act, which protects insurance buyers from unjust behavior by insurersin the claim settlement process.
    Many UPAD laws allow consumers to sue a business if they have purchased, leased or rented goods or services from that business and been injured due to an unfair or deceptive practice. Claimants may sue the business for compensatory damages and attorneys fees. A state-by-state summary of UDAP laws is available at the National Consumer Law Center's website.
    Examples of Acts That Violate UDAP Acts
    Here are examples of acts committed by businesses that may violate state UDAP acts.
    • A used car dealership tells a customer that a vehicle on its lot has never been in an accident and is in pristine condition. In reality, the auto is a salvage vehicle with a rusted frame.
    • A contractor provides a homeowner his contractor's license number and policy information for his general liability and workers compensation insurance. All of the numbers are fake as the contractor has neither a license nor insurance.
    • An employee of a computer repair business tells a customer that all of the files on his laptop are infected with a virus. He convinces the customer to pay $150 for "super" anti-viral software. The computer repair employee knows that the customer's laptop does not have a virus.
      Product Warranties 
      Most businesses that make products offer a warranty to buyers. The warranty is essentially a promise. It explains what the manufacturer will do if the product is faulty. Warranties may be express (written or oral) or implied. Federal law governs written warranties while state laws govern implied warranties.
      Written Warranties
      Federal law does not require manufacturers to provide a written warranty. However, if manufacturers choose to offer one, the warranty must meet federal requirements. First, the scope of the warranty (full or limited) must be explained clearly. In addition, the warranty must be easy to understand and readily available at the time the product is purchased. Businesses may be sued by consumers for issuing false or misleading warranties or for failing to fulfill their obligations under a warranty.
      Implied Warranties
      When a manufacturer sells a product to a consumer, it generally provides two implied warranties:
      • Merchantability. The manufacturer warrants that product is not defective and that it will do what it's supposed to do. For example, a hair dryer will blow hot air.
      • Fitness For Particular Purpose. The manufacturer warrants that the product is fit for the particular purpose for which it was sold. For example, a customer buys a Model X vacuum cleaner because the seller assures her that it will suck up dog hair.
      A manufacturer may be sued by a product buyer for breach of an implied warranty. Many states impose a relatively short (four-year) statute of limitations on lawsuits based on breach of a warranty (whether express or impl
      Thursday, April 18, 2019
      မြန်မာ့ဆန် တရုတ်ပြန်တင်ပို့ရေး ညှိုနှိုင်းဆွေးနွေးနေ
      တရုတ်ဘက်ကို ဆန် ပြန်ပြီးတော့တင်ပို့နိုင်ဖို့ ယူနန်ပြည်နယ်အစိုးရနဲ့ မြန်မာနိုင်ငံဘက်က အစိုးရရော၊ ပုဂ္ဂလိကပိုင်းနဲ့ပါ ညှိနှိုင်း ဆွေးနွေးနေကြပါတယ်။ လက်ရှိမှာ တရားမဝင်ဆန်တင်သွင်းတာတွေအားလုံးကို ယူနန်ဘက်က ပိတ်ထားသလို တရားဝင် ဆန်တင်သွင်းမှုအပေါ် သူတို့သတ်မှတ်ထားတဲ့ အခွန်နှုန်းထားကလည်းများနေလို့ တရုတ်ကုန်သည်တွေက မြန်မာ့ဆန်ကို မဝယ် တော့ဘဲ လက်ရှိမှာ အဝယ်အားလုံးကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
      တရုတ်ကုန်သည်တွေ မြန်မာ့ဆန်ကို အခွန်မဆောင်ဘဲတရားမဝင် ဝယ်ယူနေတာကို ယူနန်အစိုးရက ပိတ်လိုက်သလို တရားဝင်အခွန်ကလည်း ၃၇% ပေးဆောင်ရတဲ့အတွက် တရုတ်ကုန်သည်တွေက မြန်မာ့ဆန်ကိုလက်ရှိမှာ မဝယ်နိုင်တော့ဘဲ ရပ်နားထားတာပါ။ တရုတ်ကုန်သည်တွေက သူတို့ယူနန်အစိုးရရဲ့ အခွန်ကိုရှောင်ပြီး တရားမဝင်လမ်းကြောင်းကနေ မြန်မာ့ဆန်ကို အများဆုံးဝယ်ယူနေတာဖြစ်ပါတယ်။ 
      ပြည်တွင်းဆန်ထက်ဝက်လောက်က တရုတ်ပြည်ကိုပို့နေတာဖြစ်ပြီး အခုလို တရုတ်ဘက်က ဆန်အဝယ် လျှော့သွားတဲ့အတွက် ဆန်ဈေးကွက်မှာ အထိုက်အလျှောက်နစ်နာမှုတွေရှိတယ်လို့ မြန်မာကုန်သည်တွေက ပြောပါတယ်။ ဒါကြောင့် တရုတ်-မြန်မာ ဆန်တင်ပို့မှုမှာ နှစ်ဘက်ပြေလည်မယ့် တရားဝင်သဘောတူညီမှုတွေဖြစ်လာဖို့ ညှိနှိုင်းနေတဲ့အကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။
      “ဒီတရားမဝင် ဝယ်နေတဲ့ဟာ ရှိနေတာရယ် ဒီဘက်မှာလည်း နယ်စပ်မှာရောင်းနေတာလည်းရှိတာရယ်ပေါ့။ ဒီဟာက နှစ်ဘက်ဒီလိုသွားနေတဲ့ အနေအထားပေါ့။ ရေရှည်အတွက် ခိုင်မာတဲ့ဈေးကွက်တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့လည်း ဒီ informal (တရားမဝင်) ကနေပြီးတော့ formal (တရားဝင်) လုပ်နိုင်တဲ့ အနေအထားတစ်ခုဖြစ်အောင်တော့ အားလုံးဝိုင်းကြိုးစားနေတယ်ပေါ့။ ကျွန်တော်တို့လည်းကြိုးစားနေတယ်။ နိုင်ငံတော် အစိုးရကိုလည်း တင်ပြထားတယ်ပေါ့။ အစိုးရဘက်ကရော ညှိနှိုင်းနေတယ်။ ပြည်နယ်အဆင့်နဲ့ရော ဗဟိုအဆင့်နဲ့ရောပေါ့။ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးနဲ့ရော ညှိနှိုင်းနေ တာတွေတော့လုပ်နေတယ်ပေါ့။ မကြာခင်မှာ တခုခုတော့ ထူးခြားမှုဖြစ်မယ်လို့မျှော်လင့်တာပေါ့လေ။ အမှန်တကယ်က ကိုယ်တို့က နယ်စပ်ကုန်သွယ်ရေး ကိုလည်း လျှင်လျှင်မြန်မြန်နဲ့ အခက်အခဲ အတားအဆီးမရှိလုပ်နိုင်အောင်ပေါ့နော်။ နောက်တခါ ပုံမှန်တင်ပို့ရောင်းချမှုကိုလည်းလွယ်လွယ်ကူကူ လုပ်နိုင်အောင် ဒီနှစ်ခုလုံးအတွက်ကို ဆွေးနွေးတာပါ။”
      ရာထူးကဖယ်ရှားခံလိုက်ရတဲ့ စီးပွားကူးသန်းဝန်ကြီးဌာန ကုန်သွယ်ရေးညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းဟာ ယူနန်အစိုးရနဲ့ ညှိနှိုင်းတာမှာ ဦးဆောင်ပါဝင်ခဲ့တာဖြစ်ပြီး အခု သူ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရလို့ တရုတ်ဘက်ကလည်း ဆန်ကိစ္စ ဆွေးနွေး တာတွေကို ပြန်ပြီးစောင့်ကြည့်နေတာဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောပါတယ်။
      “ကျွန်တော်တို့အခုညှိနှိုင်းတာက ယူနန်ပြည်နယ်အစိုးရနဲ့ ကျွန်တော်တို့ဒီဘက်က စီးပွားကူးသန်း၊ ကုန်သွယ်ရေးနဲ့ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်ရေး ညှိနှိုင်းမှုတွေရှိတယ်။ အဲဒီကိစ္စဟာ အဓိကဦးဆောင်တာက စီးပွားကူးသန်းရဲ့ ကုန်သွယ်ရေးပေါ့၊ ဦးရန်နိုင်ထွန်းက သူအဓိကထားပြီးတော့ ညှိပြီးတော့ ကုန်ပစ္စည်းဖလှယ်တာတို့၊ ဆန်ကုန်သွယ်ရေးဆွဲပြီးတော့ ပြန်လည်ကုန်သွယ်မှုတွေ သူက ဆောင်ရွက်နေတာ၊ ပြီးတဲ့အပတ်က သူ့ကိုနားလိုက်တဲ့အခါ ကျတော့ သူတို့ဘက်ကလည်း ဒီဟာကို ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ အခြေအနေ စောင့်ကြည့်တဲ့ သဘောမျိုးဖြစ်နေတယ်။ အခြေအနေက နည်းနည်း ပြောရခက်တယ်။”
      တရုတ်ယူနန်အစိုးရက ဆန်တွေအပေါ်မှာ တရားဝင်အခွန်ကို ၃၇% သတ်မှတ်ထားလို့ တရုတ်ကုန်သည်တွေက မြန်မာဆန်ကိုဈေးနှိမ်ဝယ်ယူကြပါတယ်။ တရုတ်ဘက် ဆန်မတင်ပို့ရပေမဲ့လည်း တခြားနိုင်ငံပေါင်း ၆၀ ကိုတော့ ရေကြောင်းကနေ တင်ပို့နေတာတွေရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောပါတယ်။
      “တရုတ်က ဒီပြင်နိုင်ငံ ကျွန်တော်တို့ထက်ဈေးပေါတဲ့နိုင်ငံတွေ ရှိနေလို့ရယ် သူတို့ဆီမှာ ဆန်လက်ကျန်ရှိနေလို့ပေါ့။ တရုတ်ကိုလက်တလောမသွားဘူး။ ဈေးမကိုက်တာဗျ သူတို့ပေးတဲ့ဈေးနဲ့ ကျွန်တော်တို့ဆီက ဖြစ်နေတဲ့ဈေးနဲ့ မကိုက်တာ။” 
      ဥရောပသမဂ္ဂ EU ကလည်း မြန်မာနိုင်ငံကတင်ပို့တဲ့ ဆန်လုံးရှည်အပေါ် ပြီးခဲ့တဲ့သောကြာနေ့ကစပြီး အခွန်ကောက်ခံနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီးယူဈေးကွက်ကိုတင်ပို့တာက စုစုပေါင်း ဆန်တင်ပို့မှုရဲ့ ၈% ပဲရှိပြီး တနိုင်ငံလုံးထုတ်လုပ်မှုနဲ့ ပြန်တွက်မယ်ဆိုရင် အီးယူဈေးကွက်ကြောင့် ထိခိုက်နိုင်တဲ့ပမာဏက ၂% ပဲရှိတယ်လို့ ဆန်ဈေးကွက်မှာ လုပ်ကိုင်နေသူတွေက ဆိုပါတယ်။ အီးယူရဲ့ အခွန်ကောက်ခံမှုနဲ့ တရုတ်ကအဝယ်ရပ်ထားတာတွေကြောင့် ဒေသတွင်းနိုင်ငံတွေမှာ ဈေးကွက်သစ် ရှာဖွေဖို့ ကြိုးပမ်းရမှာဖြစ်ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလူမော်မြင့်မောင် ကပြောပါတယ်။
      “ကျွန်တော်တို့ဘက်ကတော့ တခြားဈေးကွက်တွေကို ဒီထက်ပိုပြီးရှာရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အိတ်စပို့ရဲ့ volume (ပမာဏ)ရဲ့ တဝက်က China Border ကိုသွားပြီးတော့ တဝက်က ဒီဘက် normal trade ကိုသွားတာပေါ့။ အဲဒီတော့ အနည်းဆုံးတော့ တနှစ်ကို အနည်းဆုံးတော့ (တန်ချိန်) 1 million ကနေ 1.8 million လောက်ထိရှိတာပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့က အဲဒီ 1.8 million ကြီးကို တခြား ဈေးကွက်ကို ရအောင် ရွှေ့ရမှာဗျ ရအောင်ဈေးကွက်ရှာရမယ့် သဘောရှိတယ်။ ဒါမှမဟုတ်လည်း ကျွန်တော်တို့ရဲ့ အောက်ခြေအဆင့်မှာ ဟိုဘက်က ပြည်နယ်အစိုးရနဲ့ နားလည်မှုနဲ့ ညှိနှိုင်းလို့ရမလား အဲဒါဆိုသွားလို့ရမလား။ ဒါဆိုရင် မြန်မာ့ဆန်ဈေးကွက်အတွက် မဆိုးဘူးပြောလို့ရမှာပေါ့နော်အခြေအနေ။ ဒါကလည်း ကျွန်တော်တို့ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သူတို့ယူနန်ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းမှုရရင်တော့ ဒါမဆိုးဘူးပြောရမှာပဲ။”
      လက်ရှိ ပြည်တွင်းမှာ ဆန်ဈေးနှုန်းတွေ ကျလာနေတယ်လို ကုန်သည်တွေကပြောပါတယ်။ ဒါဟာ ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်ပိုလျှံနေတာကြောင့်လည်း ဖြစ်နိုင်သလို အီးယူနဲ့ တရုတ်ဘက်က အဝယ်လျှော့သွားတာကြောင့်လည်း ဆန်ဈေးကွက်ကို ပိုပြီးထိခိုက်နိုင်ခြေရှိတယ်လို့ သုံးသပ်တာတွေရှိပါတယ်။
      ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၃ သန်းကျော်တင်ပို့ခဲ့ပေမဲ့ အခုနှစ်မှာတော့ တန်ချိန် ၁.၇ သန်းလောက်ပဲ တင်ပို့နိုင်မယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ခန့်မှန်းထားကြောင်းပြောပါတယ်။
      Ref:https://burmese.voanews.com/a/myanmar-rice-to-export-china-/4751930.html
      Friday, April 5, 2019
      မြန်​မာနိုင်​ငံကမ္ဘာမှာအမွဲဆုံးဖြစ်​ရသည့်​အ​ကြောင်းအရင်း
      မြန်​မာနိုင်​ငံကမ္ဘာမှာအမွဲဆုံးဖြစ်​ရသည့်​အ​ကြောင်းအရင်း 
      1. စံပြစပါးစိုက်​ကွက်​​နေရာ ရှုံးရှုံးမြတ်​မြတ်​ စပါးသာစိုက်​ရန်​အမိန့်​​ပေး(​ရေသွင်းနှမ်းစိုက်​ပြီး​ရောင်းလို့ရသည့်​​ငွေဖြင့်​ကမ္ဘာမှာအ​ကောင်းဆုံးဆန်းဝယ်​စားရင်​​တောင်​လက်​ကျန်​​ဒေါ်လာတ​ထွေးကြီး) 
      2. မြန်​မာနိုင်​ငံသို့ ကမ္ဘာ မှ ဝင်​​နေ​သော သွင်းအားစုများ(စိုက်​​ဆေး/မျိုး​စေ့) အမှန်​အကန်​လားအကြံအဖန်​လား စစ်​​ဆေးသုံးသပ်​​ပေးမည့်​ အဖွဲ့မရှိခြင်း 
      3. စိုက်​ပျိုး​ရေး​တောင်​သူများအမှန်​တကယ်​လိုအပ်​​နေ သည့်​အရာများကို (တာဝန်​ရှိသည့်​/စိုက်​ပျိုး​ရေး ဝန်​ကြီး/ဆည်​​မြောင်းဝန်​ကြီး/စီးပွားကူးသန်းဝန်းကြီးများမှ မသိရှိခြင်း)
      4. သစ်​​တောဝန်​ကြီးများမှသစ်​​တော​မြေပုံကို မြက်​ခင်းမှန်းသစ်​​တောမှန်းမသိခြင်းနှင့်​ ကိုယ်​ပိုင်​​ငွေဖြင့်​သစ်​​တောစိုက်​ခင်းတဧက(၁ဧက) ​အောင်​မြင်​​အောင်​မစိုက်​ဖူးခြင်း
      5. သထ္တုတွင်းဝန်​ကြီးများ သယံဇာတ ၏တန်​ဘိုးမသိခြင်း(ဥပမာ)ကမ္ဘာမှာ အဖိုးတန်​​သော​ကျောက်​များအားမြန်​မာတွင်​လမ်းခင်း​နေသည်​ကိုမသိခြင်း 
      6. စွမ်းအင်​ဝန်​ကြီး ထုတ်​လုပ်​သည့်​လျှပ်​စစ်​ယူနစ်​နှင့်​​ကောက်​ခံရရှိသည့်​ယူနစ်​ကွားခြားမှု တဝက်​​ကျော်​​နေသည်​ကို မ​ဖြေရှင်းနိုင်​ခြင်း 
      7. မိမိနိုင်​ငံမှ​ရေနံနှင့်​ဂက်​စ်​ဝယ်​​သောထိုင်းနိုင်​ငံမှပြည်​သူများမှ​ရောင်းချ​သော ဂက်​စ်​ဖြင့်​မြန်​မာနိုင်​ငံသားများချတ်​ပြုတ်​စား​သောက်​​နေရသည်​ကိုမသိခြင်း
      8. ဘဏ္ဍာအခွန်​ဝန်​ကြီးမှ ကမ္ဘာအတိုးနုံးမသိခြင်း ဘယ်​အ​ရောင်းအဝယ်​ဘယ်​​လောက်​မြတ်​မည်​မသိ၍အခွန်​​ငွေမ​ကောက်​တတ်​ခြင်း
      9. ကမ္ဘာနိုင်​ငံ​ဆေးရုံများသို့မြန်​မာလူနာများမှ​ဆေးကုသ​ငွေသုံးစွဲမှုမှာမြန်​မာတနိုင်​ငံလုံး၏ကျမ်းမာ​ရေးအသုံးစရိတ်​ထက်​ပိုမိုများပြား​နေပြီးမြန်​မာအထူးကုဆရာဝန်​ကြီးများ၏ဝင်​​ငွေသည်​ ကမ္ဘာဆရာဝန်​ကြီးများ၏ဝင်​​ငွေထက်​အဆတရာမကဝင်​​နေသည်​ကို တာဝန်​ရှိသူများမှမသိရှိခြင်း
      မြန်​မာနိုင်​ငံမွဲရခြင်း  ( ဒုတိယပိုင်း)
      #Ye myint thu ထံမှcopy ယူပါသည်
      ယိုးဒယား က ဟိုတယ်တွေက မြန်မာနိုင်ငံထက် အများကြီးဈေးလျော့တယ်။ ဘန်ကောက်သွားတဲ့ လေယာဉ်လက်မှတ်က ငပလီထက် သက်သာတယ်  လျော့တယ် ဆိုတာမျိုးတွေ ကြားကြားနေရတယ်။
      မှန်ပါတယ်။ ပေးရတဲ့ ဈေးနှုံးနဲ့ ရတဲ့ ဝန်ဆောင်မှု့၊ ပေးရတဲ့ ဈေးနှုံးနဲ့ ရတဲ့ ပစ္စည်း စတာတွေရဲ့ နောက်ကွယ်မှာ ချိတ်ဆက်နေတာတွေ အများကြီးပါ။
      ယိုးဒယားမှာ ရှိတဲ့ အင်တာနက် မြန်တာ အိန္ဒိယက တယ်လီဖုန်းပြောခတွေ သက်သာတယ်ဆိုပေမဲ့ အဲဒီတွေမှာ လုပ်နေတဲ့ Telenor နဲ့ မြန်မာပြည်က အင်တာနက် ဖုန်းပေးတဲ့ Telenor တကယ်တော့ အတူတူဘဲ။
      မတူတာက သူတို့ ဝင်လာတဲ့ အခါပေးရတဲ့ လိုင်စင်ကြေး Spetrum field တွေ၊ ယိုးဒယားမှာ တိုင်စိုက်လို့ $10000 ကုန်ပေမဲ့ ကိုယ်ဆီမှာ $40000-100000 ကုန်နိုင်တာ ။ ကိုယ်ဆီက မီးစက်ထပ်တတ်ရတာ Service outsources တွေရဲ့ SLA မှာ ပညာရှင် သုံးရတဲ့ စားရိတ်ကွာတာ။ နိုင်ငံတကာကပစ္စည်း သူတို့ ဆီပို့ရင် ကုန်ကျစရိတ်ကွာတာ 
      လမ်းမှာ ရောက်ချိန် မြန်တာကြာတာကွာတာ။ 
      ကိုယ်ဆီမှာ လိုအပ်လို့ မြေငှားတာ ဆိုင်ခန်းငှားတာ လူတွေခန့်တာတွေမှာ ကွာတာ။ 
      Inverestment policy တွေကွာတာ၊ Procedure တွေကွာတာ Risk Management  တွေ Coperate government အတွက် သုံးရတာ Safety အတွက်သုံးရတာတွေကွာတာ။ HR နဲ့ resourecs တန်ဘိုးတွေကွာတာ စတာတွေက အရင်းကွာသွားရင် ထုတ်ကုန်တန်ဘိုးကွာသွားသလိုပါဘဲ။
      ဘန်ကောက်မှာ ရှိတဲ့ မြေနဲ့ ကိုယ်ဆီက မြေဈေးကွာတာ သာမက၊ အဆောက်အဦဆောက်ရင်လည်း အရည်အသွေးနဲ့ ဈေးနှုံးကွာတာတွေက သက်ရောက်နေသလို
       ပြည်ပက လူတိုင်းသွင်းနိုင်ပို့နိုင် စွမ်းတွေမှာလည်း ကွာနေတယ်။ အခွန်အထုတ်တွေနဲ့ စနစ်တွေ ဘဏ်လုပ်ငန်းတွေ အာမခံလုပ်ငန်းတွေလည်း ကွာနေတာပါဘဲ။ နောက်ကွာတာတွေက Infrastructure ပါ၊
       Logistic အတွက် တစ်မိုင် တစ်တန် အတွက် ကုန်ကျစားရိတ်အပြင် ရောက်ချိန် ပို့ချိန် တွေ ကြာတာမြန်တာလည်းကွာပါတယ်။ 
      နောက်အလုပ်လုပ်သူတွေရဲ့ စရိတ်တွေ သူတို့ တစ်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု့တွေ အစားအသောက်အဟာရတန်ဘိုးတွေ နေထိုင်စားရိတ်တွေ ပညာရေး စရိတ်တွေ ကလေးစရိတ်တွေက အစ ကွာပါတယ်။
      ပစ္စည်းတစ်ခုရဲ့ ထုတ်လုပ်မှု့ အရင်းဆိုတာဟာ ကုန်ကြမ်း ဘဝမရောက်ခင် သုတေသနတွေ ကစပြီး ထုတ်လုပ်တာ ထုတ်ပိုးတာ QC စစ်တာ ပို့တာသယ်တာ အာဏာပိုင်တွေ ဥပဒေတွေကို ဖြတ်တာ ဘဏ်တွေသုံးတာ အာမခံတွေသုံးတာ ဖြန်ချိသူတွေ သယ်ဆောင်သူတွေ Call center တွေ After sale ဝန်ဆောင်မှု့တွေ နဲ့ များပြားလှတဲ့ အပိုင်းတွေပါ ပါတဲ့ Supply chain တစ်ခုလုံးနဲ့ဆိုင်သလို နည်းပညာတွေ အရောင်းအဝယ် Brand  တန်ဘိုးတွေ Trust အနေအထားတွေ တဲ့ Process မှာပါတဲ့ Value Chain တစ်ခုချင်းရဲ့ ကုန်ကျစားရိတ်တွေ ပါနေတတ်ပါတယ်။
      အခုလို Globalization ခေတ်မှာဆိုရင် AirBus လို ဥရောပတစ်ခုလုံးလုပ်တာနဲ့ Apple iPhone  လို နိုင်ငံ ဆယ်ချီတဲ့ ဆီက ရာချီတဲ့ လုပ်ငန်းတွေရဲ့ ပစ္စည်းတွေ သုံးကြတဲ့ခေတ်မှာ After sale -  call center က တစ်နိုင်ငံ ထုတ်တာတစ်နိုင်ငံ Accounting audit တစ်နိုင်ငံနဲ့ Global ပေါင်းလုပ်နေကြတဲ့ ၂၁ရာစုမှာ ကိုယ်အသိုင်းအဝိုင်းလေးကို ဘဲ ထင်ရာပြဋ္ဌာန်းလုပ်ကိုင်နေကြလို့ မလွယ်တဲ့ခေတ်ပါ။
      ကိုယ်ဆီမှာ ထုတ်ရင် ပိုဈေးသက်သာမယ်လို့ တရားသေမှတ်လို့မရတော့သလို ကမ္ဘာ Supply chain ကြီးမှာ အပြိုင်အဆိုင်အရ နေရာတစ်ခုရဖို့ သူများထက် သက်သာတာ ပိုကောင်းတာ မြန်ဆန်တာ စတဲ့ အားသာချက်တွေမရှိဘဲ ထုတ်လို့မရသလို Economy of Scale ခေါ်တဲ့ စီးပွားဖြစ်ထုတ်လုပ်နိုင်စွမ်း ဈေးကွက်အရွယ်အစားတွေနဲ့လည်း ကွာပါတယ်။
      အုပ်ရေနဲတဲ့ စာအုပ်နဲ့ များတဲ့ စာအုပ် တစ်အုပ်စားရိတ်ကွာသလို ကွာပါတယ်။
       မော်တော်ကားလို စက်ရုံတောင် မော်ဒယ်တစ်မျိုးကို တစ်နှစ် အစီး ၃၀၀၀ -၄၀၀၀ မှ ဝယ်လိုအားမရှိဘဲ စက်ရုံလာတည်ထောင်ဖို့ မကိုက်ပါဘူး။ သူများတွေဆီမှာ စက်ရုံလာတယ်ဆိုတာ ပုံမှန်ပို့တာထက် ပိုကိုက်မှ လာကြတာပါ။ ပိုကိုက်ဖို့ Infrastructure ဖြစ်တဲ့ မီးတွေအင်တာနက်တွေနဲ့မပြီးပါဘူး Legal infrastructure ဆိုတဲ့ ဥပဒေတွေထိမ်းကြောင်းမှု့တွေ ရယ် Risk Factor နဲစေတဲ့ သပိတ်မှောက်တာ ဆန္ဒပြတာ နိုင်ငံရေးမတည်ငြိမ်တာတွေ နဲ့လည်းတွက်သလို
       ငွေပြန်ထုတ်တာ တွေ သွင်းတာတွေ ဘဏ်လုပ်ငန်းတွေ စတော့တွေစတာတွေနဲ့လည်း ပက်သက်ပြီး ပြည်တွင်းက လုပ်သားထုရဲ့ အသိပညာ အတတ်ပညာနဲ့ လိုအပ် ပညာရှင်ရရှိနိုင်မှု့နဲ့လည်း ဆိုင်နေပါသေးတယ်။
      နောက် တစ်ခုက ငွေတွေစီးဝင်လာတာ လာရောက်ရင်းနှီးမြုတ်နှံတာ လုပ်ရင် အတွေ့အကြုံ အသိပညာ နည်းပညာတွေ ပေးသွားနိုင်စွမ်းတွေနဲ့လည်း ဆိုင်နေပါသေးတယ်။
      သေချာတာကတော့ မိတ္တူကူးစက်ကလေး ဖွင့်လုပ်စားရင်တောင် ရန်ကုန်မှာ ဖွင့်တာနဲ့ နယ်လာဖွင့်တာ တစ်မျက်နှာ ဈေး အရင်းမတူနိုင်ပါဘူး။ 
      ရန်ကုန်မှာ ပစ္စည်းဝယ်ရလွယ်တယ် အရောက်ပို့တယ် ပျက်ရင် ပြင်တဲ့ သူခေါ်ရင်လွယ်တယ်။ မှင်ဈေးသက်သာတယ်။ ကျွမ်းကျင်လုပ်သား ခန့်ရလွယ်တယ် တိုးရလွယ်တယ်။ တစ်ရက်ကူးရတဲ့ ပမာဏများတယ်ဆိုရင် ဈေးလျော့ပြီး ပြိုင်လုပ်နိုင်တယ်။ 
      နယ်ရောက်လို့ သယ်စားရိတ်တွေကျရင် တခုခုဖြစ်လို့ ရန်ကုန်ပြန်ပြန်ပို့နေရရင် ပစ္စည်းဝယ်တိုင်း သယ်စားရိတ် အချိန်တွေစားနေရင် ကူးတတ်တဲ့ ဝန်ထမ်း က မွေးရခက်ခဲရင် ရန်ကုန်ကသူကို စားရိတ်ပေးခေါ်ထားရရင် ရန်ကုန်လို ဈေးမရနိုင်တဲ့အပြင် မီးစက်နှိုးရရင် တစ်ရက်လာကူးတဲ့သူနဲရင် ပိုတောင် မကိုင်လို့ နဲနဲကူးတဲ့အပေါ် စားရိတ်ကျေအောင်တင်ရင်း ရန်ကုန် မှာထက် များမှာသေချာပါတယ်။ 
      ဒီလိုအချိန်မှာ ကိုယ်မြို့က များများကူးချင်သူတွေက ဈေးကွာလို့ဆိုပြီး မြို့ပို့ကုရင် ကြာရင်ကိုယ်လုပ်ငန်း ပိတ်ရမလိုတောင်ဖြစ်နိုင်ပါတယ်။
      တကယ်တော့ စရိတ်ဆိုတာ ဈေးနှုံးဆိုတာ ကိုယ်ဆီမှာ ဖြစ်နေတာတွေ နဲ့ ချိတ်ဆက်ပြီး ဖြစ်နေကြတာပါ။ သူများတွေ ကဒ်သုံးတာနဲ့ ကိုယ်က သုံးနိုင်ဖို့ဆိုတာ သူတို့ ဆီက ဗဟိုဘဏ်နဲ့ ကိုယ်ဆီက ဗဟိုဘဏ်တွေရဲ့ ကြားထဲကောက်တဲ့ စားရိတ်အပေါ်တည်သလို တည်ဆဲ အခွန်အခတွေ ပေါ်လည်းမူတည်ပါတယ်။ Public Transport တွေ မရှိလို့ အသားတွေ ဈေးကြီးလို့ ဝန်ထမ်းတွေ ရဲ့ စားရိတ်ကြီးသွားကြတာတွေလည်းပါနိုင်သလို နောက်ဆုံးလူတွေဘဏ်တွေကို မယုံလို့မသုံးကြရာက ငွေလည်ပတ်နိုင်စွမ်းတွေ ပွားနိုင်စွမ်းတွေ ကွာတာတွေနဲ့လည်း ပတ်သက်မှု့ ရှိနေနိုင်ပါသေးတယ်။ နောက်ဆုံးကားကျပ်တာကအစ တိုင်းပြည်ရဲ့ Resource တွေ ရဲ့ မချိန်တွေ စားသွားတာ ဆီတွေပိုကုန်တာ အလုပ်မပြီးတွေမှာ သက်ရောက်မှု့ အများကြီးပါ။ 
      တကယ်တော့ ဘဏ်တိုးကြီးငွေ သယ်လို့ကြာချိန်ကြောင့်တက်ငွေ အခွန်အခနဲ့ အာရကေစရိတ်တွေ စတာတွေအားလုံး ပြောရရင် ဘယ်သူကမှ သူတို့ အိတ်တွေထဲက မစိုက်ကြပါဘူး။ 
      ဒါတွေအားလုံးကို အရင်းကျအဖြစ်သတ်မှတ်ပြီး အဂတိလိုက်စားတာတွေ က အစ အလကားနေရင်းပလုံသွားတဲ့ ပျက်စီးသွားတဲ့ အရာတွေအဆုံး စရိတ်အားလုံးဟာ ရောင်းဈေးပေါ်ပြန်တင်တတ်ကြတာမို့ စားသုံးသူတွေကို ဘဲ ပြန်ထိပါတယ်။ 
      ရှေးဖတ်စာအုပ်တွေထဲကလို အရင်းရှင်တို့ ဂုတ်သွေးစုတ်တယ်ထင်ရင် လူတိုင်းကို အလုပ်အကိုင် လုပ်ခွင် ငွေချေးခွင့်နဲ့ ကာမပေးဘဲ လူတိုင်းပြိုင်လုပ်ခွင့်ပေးရင် သူက ပိုယူတာနဲ့ သူဈေးကွက်ကထွက်သွားရမှာပါ။ ဘယ်သူမှ ထွက်မသွားဘဲ ထပ်တိုးလာသူလည်း ဒီထက် မလျော့နိုင်ရင်တော့ ကိုယ်စီက Overhead တွေ လို့ဘဲ သတ်မှတ်ရတော့မှာပါဘဲ။ 
      ဒါတွေကို မလျော့နိုင်ရင်တော့ အဲဒီနေရာကလူတွေ ပေါ်မှာ ဒီဝန်ထုတ်ဝန်ပိုးတွေ ဘယ်တော့မှ လျော့သွားမှာ မဟုတ်လို့ ဘယ်တော့မှာ ကိုယ်ဆီက လူတွေ ပြောင်ယောင်တိုးတက်လာကြမှာမဟုတ်ပါဘူး။ အကြောင်းအရင်း အစစ်အမှန်ကို  ရှာနိုင်မြင်နိုင် သုံးသပ်နိုင်ကြပါစေခင်ဗျား။
      #Ye Myint Thus
      မြန်​မာနိုင်​ငံမွဲရခြင်း  (တတိယပိုင်း)
      အစိုးမရသော ဒီမိုး ဒီရေနဲ့ ကမ်းနားသစ်ပင် မြန်မာပြည်စိုက်ပျိုးရေးခရီးစဉ်
      ---------------------------------------------
      ရေးသားသူ- ဒေါက်တာထွန်းဝင်း(စိုက်ပျိုးရေး)
      မြန်မာပြည်ရဲ့ ရေမြေသယံဇာတပေါကြွယ်ဝမှုကို အပေါ်ယံကြောကြည့်ရုံနဲ့ စိတ်ကူးယဉ်အိပ်မက်ဖော်လို့ အလွန်ကောင်းပါတယ်။ စိုက်ပျိုး မြေဧရိယာသည် အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးရင် ဒုတိယအကျယ်အ၀န်းပမာဏရှိတယ်။ မြစ်ကြီးလေးစင်းနဲ့ မြစ်ဝကျွန်း ပေါ်တွေဖြစ်တဲ့ ဧရာဝတီ၊ပဲခူး၊ ကုလားတန်၊ သံလွင်မြစ်ဝကျွန်းပေါ်တွေရှိတယ်။ ဒါတွေကိုအပေါ်ယံမျှသာကြည့်ပြီး မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမယ်ဆောင်ပုဒ်လို မြန်မာပြည်က တစ်နေ့သောအခါ ထိုင်း၊ ဗီယက်နမ်ကိုကျော်လွန် ပြီး ကမ္ဘာအထိ ဆန်စပါးထောက်ပံ့ကျွေး 
      မွေးနိုင်မယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက ခန့်မှန်းသုံးသပ်ခဲ့ကြတယ်။ ယခုထိတိုင်လည်း နိုင်ငံရဲ့ ထိပ်ပိုင်းဦးဆောင်သူများနဲ့ စိုက်ပျိုးရေးကို အဓိကထားလို့ဦး ဆောင်ဦးရွက်ပြုနေသူအကြီးအကဲ များ၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ ကုမ္ပဏီကြီးများဟာ ဒီအပေါ်သယံဇာတပေါ ကြွယ်ဝတာတစ်ခုကို ကမ္ဘာကို ရောင့်ရဲနှစ်သိမ့်ဆဲဖြစ်ပြီး အဓိကနဲ့သာမညကို ခွဲခြားစိတ်ဖြာမသုံးသပ်နိုင်ဘဲ မျက်မမြင်ပုဏ္ဏားခုနစ်ယောက်လို ဆင်တစ်ကောင်ကို လိုရာဆွဲပုံ ဖော်နေကြတယ်။
      သက်ဆိုင်ရာစိုက်ပျိုးရေးထုတ်လုပ်သူ၊ ကုန်သွယ်သူ၊ တာဝန်ရှိသူများရဲ့ လက်ရှိအဓိကသုံးသပ်ချက်က မြန်မာ့ဆန်စပါးထုတ်လုပ်မှုပမာဏကို ယခုလက်ရှိအနေအထားထက် ပိုမိုတိုးတက်ဖို့အဓိကလုပ်ဆောင်ရန်ဆိုပြီး  လက်ရှိတောင်သူတွေရဲ့ လယ်မြေကွက်ငယ်များကို ဧက ကျယ်များ၊ အကွက်ကျယ်များအဖြစ် ပြောင်းရန်၊ သမန်းပြင်ညီညာရန်နှင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် စိုးစဉ်းမျှ နေရာမယူနိုင်သော စပ်မျိုးစပါးစိုက်ပျိုးရန်နဲ့ တန်ဖိုးမြင့်ထုတ်လုပ်ရန်ဆို ပြီး နေ့ရောညပါ ကြိုးစားပြနေတာ ယခုဆိုရင် သုံးနှစ်နီးပါးတိုင်ခဲ့ပေပြီ။ ဒီလို နိုင်ငံတော်ရဲ့စိုက်ပျိုးရေးဘတ်ဂျက်သုံးပြီး နေပြည်တော်ပြကွက်ကြီးကနေ နေ့ရောညပါ အရပ်တကာ၊ နိုင်ငံတကာကို ကြိုးစားပြနေသော် လည်း မြန်မာနိုင်ငံရဲ့ စိုက်ပျိုးထုတ်လုပ်မှုဟာ အရှေ့တောင်အာရှရော ကမ္ဘာကိုပါ ကျော်လွှားနိုင်မယ့်အစား မြန်မာသည် အချိန်နဲ့အမျှ နောက် ဆုံးအဆင့်သို့ရောက်ဖို့ အလားအလာရှိနေပါတယ်။ ယခင်က မြန်မာရဲ့ဆန်ကိုစားသုံးတဲ့ အိနိယနိုင်ငံကြီးဟာ အခု မြန်မာကနေ နေ ပြည်တော်ပြကွက်ကြီးလုပ်ပြနေတဲ့ သုံးနှစ်နီးပါးအတွင်းမှာ မြန်မာတို့ အားကျခဲ့တဲ့ ဗီယက်နမ်နဲ့ထိုင်းကို သာလွန်လို့ ဆန်တင်ပို့မှု ထိပ်ဆုံးနေ ရာကို ယူလို့နေတယ်။ 
       မြန်မာ့ဆန်ပို့မှ အသက်ရှင်နိုင်တဲ့ဖိလစ်ပိုင်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ သူတို့ရဲ့လူဦးရေသန်းရာကျော်ကို ဖူလုံအောင်ထုတ်နိုင်
      ရုံသာမက နောင်နှစ်တွေမှာ ကမ္ဘာ့ဈေးကွက်မှာ ၀င်တိုးဖို့လုပ်နေတယ်။ ကမ္ဘောဒီးယားနဲ့ လာအိုတို့သည်လည်း ကိုယ်စီဖူလုံပြီး ကမ္ဘောဒီးယား
      သည် ယခုဆို  ကမ္ဘာ့ဈေးကွက်မှာမြန်မာ့ အထက်ကနေသာလွန်နေတယ်။လက်ရှိမှာတော့ နေပြည်တော်သီးသန့်ကမ္ဘာမှာသာ မြေကြီးက ရွှေ
      သီးအောင် ပြရုံပြနိုင်ပြီး ကမ္ဘာ့ဈေးကွက်မှာတော့ မြန်မာ့ဆန်ဟာတရားဝင် ကမ္ဘာ့ဆန်ဈေးကွက်မှာ မနည်းကြိုးစားပြီးနေရာယူနေရပြီး တရားမ
      ရေမြေသယံဇာတပေါကြွယ်ဝတဲ့ မြန်မာက ကိုယ်တိုင်ဖူလုံအောင် ထုတ်နိုင်လျက်နဲ့ ပြည်ပမလေးရှားနိုင်ငံက နှစ်စဉ် ဒေါ်လာသန်း ၅၀၀ နီးပါးတန်ဖိုးရှိတဲ့ ဆီအုန်းကိုသွင်းနေတယ်။ နှစ်စဉ် ကော်ဖီမစ်ပစ္စည်းသန်း ၁၀၀ ဖိုး၊ သကြားသန်း ၇၀ ဖိုး၊ ဂျုံသန်း ၇၀ ဖိုး၊ နို့နှင့်နို့ထွက်ပစ္စည်း သန်း ၈၀ ဖိုးကို နှစ်စဉ် သွင်းနေရဆဲဖြစ်တယ်။ ရေမြေသယံဇာတ အကြယ်ဝဆုံး နိုင်ငံတစ်ခုဖြစ်လျက် ဒီလိုနှစ်စဉ် သန်း ၈၀၀ ကျော်ခန့်တန်ဖိုးရှိတဲ့ လယ်ယာထွက်ကုန်တွေကို ပြည်ပကနေ တင်သွင်းနေရတဲ့ ယိုပေါက်ကိုပိတ်ဖို့ အဓိကလုပ်ဆောင်ရမယ့် အစား စိုက်ပျိုးမြေကွက်အကျယ်ချဲ့ဖို့ ခေတ်မီဆန်စက်ကြီးတွေ ဆောက် ပြလုပ်ပြရုံနဲ့ နိုင်ငံတကာစမ်းသပ်ဖို့ပေးသမျှသီးနှံတွေကို စိုက်ပြရုံမျှဖြင့် တော့ အနာနဲ့ဆေးတလွဲဖြစ်လို့နေတယ်။ ကတောင်းကြိုက်တလွဲ ဖင်တလွဲဖြစ်လို့နေပါတယ်။
      အမှန်မှာတော့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးဟာ ကြိုးတန်းလမ်းလျှောက်သူပမာ စိုးရိမ်ဖွယ်ရာအပြည့်ပါ။ စိုက်ပျိုးရေးအတွက် မရှိ မဖြစ်အဓိကလိုအပ်တဲ့စိုက်ပျိုးရေ ကို မသေချာမရေရာသော မုတ်သုံ မိုးအပေါ်မှာ လုံးဝတည်မှီနေရဆဲ ဖြစ်တယ်။ မြန်မာပြည်ရဲ့ သီးနှံစိုက် ဧရိယာရဲ့ ၈၅ ရာခိုင်နှုန်းသည် မိုးရေအပေါ်အားကိုးရပြီး ၁၅ ရာခိုင်နှုန်းသည် ဆည်ရေသောက်ဖြစ်တယ်။ ဒီလိုစိုက်ဧရိယာရဲ့ ၁၅ ရာခိုင်နှုန်းရှိ တဲ့ ဆည်ရေသောက်လယ်မြေတွေတောင် ဒီနှစ်မှာ ရေမလှောင်နိုင်လို့ နိုင်ငံတော်ရဲ့ ဒုတိယဆန်အိုးပမာ စိုက်ပျိုးနေတဲ့ သဖန်းဆိပ်ဆည်ရေ သောက်ရွှေဘိုခရိုင်မှာ သီးနှံစုစု ပေါင်းစိုက်ဧက လေးသိန်းမှာ တစ်သိန်းကျော်လောက်ပဲ စိုက်နိုင်တယ်။ နိုင်ငံတော်ရဲ့ စိုက်ပျိုးရေးတာဝန်ရှိ သူမျာ၊ ကြီးကြပ်ရာ နေပြည်တော် ဒေသမှာတောင် ရေဆင်း၊ ငလိုက်၊ ဆင်သေဆည်တွေကနေ ဒီနှစ်နွေမှာ ၄၀ ရာခိုင်နှုန်းလောက် စပါးစိုက် ဧရိယာများအတွက်သာ စိုက်ပျိုးရေ ရလို့ စပါးစိုက်နိုင်တယ်။  အခုလက် ရှိအခြေအနေ မိုးရာသီမှာလည်း ဒီနေပြည်တော်ပတ်ဝန်းကျင်မှာ တောင် စပါးစိုက်ဖို့ ရေအခက်အခဲ ဖြစ်လို့နေတယ်။ ဧရာဝတီတိုင်းအတွင်း နွေစပါးအတွက်ရေလှောင် ပြီးစိုက်နိုင်တဲ့ ၀ါးခယ်မရွှေလောင်း ကျွန်းပတ်ဆည်၊ မအူပင်သုံးခွကျွန်း ပတ်ဆည်၊ လပွတ္တာကျွန်းပတ်ဆည် တံခါးတွေက ရေတံခါးတွေမလုံလို့၊ ရေ မလှောင်နိုင်လို့ နွေစပါးမစိုက်နိုင် ခဲ့တာကို မျက်ကွယ်ပြုခဲ့တာ နှစ် ပေါင်းများစွာကတည်းကပါပဲ။ နွေ စပါးစိုက်နိုင်တောင် ငါးသမားနဲ့ တိုက်ထိပ်တွေ့လို့ စပါးစိုက်ရေရော၊ အောင်ရေမှာပါ အခက်အခဲဖြစ်လို့ နွေစပါးကို အဆင်ပြေပြေအခုထိ မစိုက်နိုင်သေးဘူး။ အခုမိုးတွင်းမှာ လည်း ကျွန်းပတ်တာတွင်း လယ်တွေ မှာ မြစ်ရေမ၀င်တော့ စပါးစိုက်ဖို့ အခက်အခဲဖြစ်လို့နေတယ်။ ဒီတော့ မြန်မာပြည်ရဲ့ ရေသောက်ဧရိယာ ၁၅ ရာခိုင်နှုန်းကိုလည်း အားကိုးစရာ မမြင်ပါဘူး။
      ဒီတော့ သဘာဝမိုးရေကိုပဲ အားကိုးစရာဖြစ်တယ်။ မိုးအားကိုးပေမယ့် သူရွာမှရသမို့ ၄င်းမိုးရွာသွန်းမှုကလည်း လွန်ခဲ့တဲ့ သုံးနှစ်ကစလို့ ၂၀၁၀ ကနေ လုံးဝပြောင်းခဲ့တယ်။ မိုးဦးဝင်ချိန် တစ်လနောက်ကျခဲ့ပြီး မိုးဆုတ်ချိန်စောခဲ့လို့ မိုးရွာသွန်းကာ လပိုတိုတောင်းပြီး မိုးရွာသွန်းပမာဏ လျော့ကျခဲ့တယ်။ မိုးဦးနောက်ကျလို့ စိုက်ပျိုးပြီးပြီးချင်း လယ်မြေတွေမှာလည်း မိုးသည်းထန်စွာရွာသွန်းခံခဲ့ရလို့ စိုက်ပျိုးမြေတွေ မနှစ်က ဧက ခြောက်သိန်းကျော် ရေမြုပ်ပျက်စီးတယ်။ ရိတ်သိမ်းချိန်မှာလည်း အချိန်အခါမဟုတ်မိုးရွာလို့ ဧရာဝတီနဲ့ တစ်ပြည်လုံးစပါးခင်းတွေ ပျက်စီးပြန် တယ်။ အခု ဒီနှစ်ကျပြန်တော့လည်း အောက်မြန်မာပြည်လောက်သာ မိုး ကောင်းပြီး အထက်မြန်မာပြည်တစ်ခွင်လုံး မိုးနည်းလို့ စပါးစိုက်လယ်မြေတွေ အဆင်ပြေပြေမစိုက်နိုင်သေးဘူး။ ရေလှောင်ဆည်တွေတောင် ရေမရှိလို့  အထက်မြန်မာပြည်လယ်မြေ အများစုစိုက်ပျိုးရေအတွက် အခက်အခဲရှိနေတယ်။ နောက်ဆည်တွေရဲ့ လက်ရှိအနေအထားက မိုးများလာ တဲ့အခါ ရေမထိန်းနိုင်လို့ တောင်သူ အများစုရဲ့ စိုက်ခင်းအတွင်းသို့ ရေများဖောက်ချနေရတဲ့အတွက် လယ်တွေ နှစ်စဉ်ပျက်စီးကုန်တယ်။ မိုးနည်းတဲ့အခါကျတော့ ဆည်တွေ ပပ်ကြားကွဲလို့ ရေမပေးနိုင်ဘူး။ ဒါက အဓိကဘာကိုပြသလဲဆိုရင် ဆည်တွေဟာ နှစ်ကာလရှည်ကြာတဲ့ အခါမှာ ဆည်အတွင်းစီးဝင်လာတဲ့ ရေနဲ့အတူ နုန်းအနည်အနှစ်များ နှစ်စဉ်စုဆောင်းကာ ကြာရှည်လာတော့ ရေလှောင်ဧရိယာပမာဏတွေ လျော့
      ကျလို့နေခြင်းပါ။ ဒီတော့ဆည်အများစု မိုးများလာရင် ဆည်ကျိုးမှာစိုးလို့ ရေဖောက်ချကြတယ်။
      ဒီဆည်တွေကောလို့ ရေမလှောင်နိုင်သလိုပါပဲ။ မြန်မာပြည်ရဲ့ ပြည်မကြီးတစ်ခုလုံးမှာ မိုးရေလှောင်ပေးတဲ့ ကချင်ပြည်နယ်မှ သစ်တောများ၊ ပဲခူးရိုးမသစ်တောကြီးက ဟင်းလင်းပြောင်လေတော့ မိုးကိုမဖိတ်ခေါ်နိုင်၊ မိုးရွာပြီဆိုတာနဲ့ မိုးရေတွေဟာ ရိုးမတစ်ခုလုံးနဲ့ ပြည်မကြီးရဲ့ လယ်မြေတွေကို ဖြတ်တိုက် စားလို့ဧရာဝတီ၊ စစ်တောင်းမြစ်ကြီးတွေတောင် ကိုယ်စီအပြည့်နဲ့ မြစ်ကောကြီးတွေဖြစ်ဖို့ တာစူနေလေရဲ့။ ဒီလိုမိုးရေနဲ့ တိုက်စားလို့ပါလာတဲ့ သဲ၊ နုန်းတွေကြောင့် မြန်မာပြည်ရဲ့ဆန်အိုး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီမြစ်ဝှမ်းတစ်ခုလုံးရဲ့ အင်းအိုင်လည်း
      ကောလို့နေတယ်။ ဒါကြောင့် မိုးရွာတာ အနည်းငယ်ရက်ရှည်လာရင်စိုက်ခင်းတွေ ရေမြုပ်တာ အခုဆိုရင်ပဲ ဧရာဝတီတိုင်းရဲ့ ဇလွန်၊ ဟင်္သာတ စိုက်ခင်းတွေမှာ စပါးခင်းတွေ ရေမြုပ်မှာစိုးရိမ်နေကြတယ်။
      ဒီလိုရာဦဥတု ပြောင်းလဲမှုကြောင့် ပြောင်းလဲဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေကို သုံးနှစ်ကြာတိုင် ခါးစည်းခံစားလာခဲ့ရတဲ့ မြန်မာလယ်သမားဘ၀ အနေအထားကို မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုး ရေးကို အဓိကတာဝန်ယူဆောင်ရွက်နေတဲ့ အကြီးအကဲများနဲ့ ဆိုင် ရာဆန်စပါးအဖွဲ့အစည်းတွေဟာ ဒီအဓိကသဘာဝဘေးဒဏ်၊ စိုက်ပျိုးရေး အခက်အခဲကို ကူညီဖြေရှင်းဖို့ လုပ်ငန်းကို ဦးစားပေးပြီး လုပ် ဆောင်ရမည့်အစား မြန်မာပြည် ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေးသည် ဆန်စက်များ အရည်အသွေးညံ့လို့ဆိုပြီး နေပြည်တော်မှာ ခေတ် မီဆန်စက်ကြီးတွေ ဆောက်ဖို့ ဦး စားပေးပြီး စံပြစက်ရုံကြီးတွေ နိုင်ငံ တော် စရိတ်အကုန်အကျကြီးမားစွာ နဲ့ ဆောက်ပြနေခြင်းသည်လည်း ကောင်း၊ မြန်မာစိုက်ပျိုးရေးရဲ့ ထုတ်လုပ်မှုကျဆင်းတာသည် လယ်ကွက်တွေ ကျဉ်းလို့ဆိုပြီး နေပြည်တော်မှာ ရော နိုင်ငံရဲ့ အချို့ဒေသတွေမှာ စက်မှုလယ်ယာအကွက်ကျယ်စီမံ ကိန်းများကို နေရောညပါ ငွေကုန်ကြေးကျခံပြီး လုပ်ပြနေခြင်းသည်လည်းကောင်း လွန်စွာမှ အနာနဲ့ ဆေးလွဲချော်ပြီး ကတောင်းကြိုက်တလွဲ ဖင်တလွဲ ဖြစ်နေတယ်။
      အမှန်စင်စစ် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ပြီးနောက် မုန်တိုင်းဒဏ်က နာလန်ထစဆဲဆဲမှာ ၂၀၁၀ ပြည့်နှစ်က နေစပြီး မိုးလေ၀သ ရာသီဥတု ဖောက်ပြန်ခဲ့တာ ယနေ့ထိတိုင်ပဲ။ စိုက်သမျှ မိုးစပါးရိတ်ချိန်ကျတော့ ဈေးမရ၊ ဒါနဲ့ စပါးမရ၊ ပဲဘက်လှည့် ကြိုးစားပေမယ့် ပဲဈေးကလည်း သုံးနှစ်တိုင်အောင် ကျဈေးနဲ့တွေ့လေတော့ လယ်သမားတွေရဲ့ ယိုင်နဲ့နေတဲ့ စီးပွားရေးအနေအထားကို စာ နာကြည့်စေချင်ပါတယ်။ မနှစ်က ဒီလိုမိုးလယ်ချိန်မှာ ၀ါးခယ်မ၊ အိမ်မဲ၊ မြောင်းမြမြို့နယ်တွေရဲ့ ကျေးရွာအများစုမှာ ၀မ်းစာလက်ကျန်စပါးမရှိ ကြလို့ ဟာလာဆန်စက်တွေမှာပင့် ကူအိမ်တက်လို့နေကြတယ်။ ဆန်စက်ပိုင်ရှင် လယ်သမားတွေတောင် ထက်ပိုင်းကျိုးဝယ်စားနေရတယ်။ ထက်ပိုင်းကျိုးလို့ သူတို့ပြောတဲ့ ဝေါဟာရကတော့ ဆန်ကွဲလို့ဆိုလိုရင်းပါ။ ဒီလိုနှစ်အစဉ်အဆက် သဘာဝရာသီဥတုပြောင်းလဲမှုဒဏ်
      ကြောင့် ခါးစည်းလို့ရုန်းကန်နေဆဲဖြစ်တဲ့ တောင်သူတွေရဲ့လက်ရှိအနေအထားကို မျက်ကွယ်ပြုပြီး ၂၀၁၃ ခုနှစ်မှာ ဆန်တစ်သန်းခွဲပဲ
      ပို့နိုင်လို့ ၂၀၁၄ ခုနှစ်မှာဆန်သုံးသန်းထိပို့ဖို့လုပ်နေတဲ့ နေပြည်တော်မှ စိုက်ပျိုးရေးနဲ့ ကုန်သွယ်ရေးတာဝန်ရှိ ပုဂ္ဂိုလ်ကြီးနဲ့ ဆန်ကုန်သည်
      ကြီးများ အသင်းလူကြီးဆိုသူများရဲ့ လေထဲတိုက်အိမ်ဆောက် စိတ်ကူးယဉ်နိုင်ငံတော်စီမံကိန်းတွေမှာ နိုင်ငံတော်သမ္မတကြီးနဲ့တကွ အကြံပေးပုဂ္ဂိုလ်ကြီးများ ကိုယ်တိုင်ဆက်လက်မျောပါနေလို့ကတော့ လာမယ့်နှစ်များအတွင်း ဆန်ဝယ်အားရမယ့်ကိန်းကို မြင်မိပါတော့တယ်။
      ဒီတော့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်မှာရှိတဲ့ စိုက်ပျိုးရေးကဏ္ဍကို ဦးဆောင်ဦးရွက်ပြုသူများသည် ခေတ်မီဆန်စက်ကြီးတွေ တည်ဆောက်ဖို့ လက်ကွက်ကျယ်ကြီး တွေချဲ့ပြီး ခေတ်မီစက်မှုလယ်ယာထူထောင်ဖို့က အဓိကလား။ အခုလောလောဆယ် ပြောင်းလဲတဲ့ ရာသီဥတု သဘာဝဘေးဒဏ်များကို ရင်ဆိုင်နေရပြီး ဒုက္ခအကြီးအကျယ် ရောက်လို့နေတဲ့ မြန်မာပြည်ရဲ့ ရာနှုန်းပြည့်စိုက်ပျိုးနေတဲ့ သီးနှံစိုက် လယ်မြေတွေမှာ အဓိက မရှိမဖြစ်လိုအပ်နေတဲ့ စိုက်ပျိုးရေရရှိရေးကအဓိကလား။ နောက်ပြီး လောလောဆယ် စိုက်ပျိုးဖြစ်ထွန်းနေတဲ့ သီးနှံ
      စိုက်ခင်းတွေကို ရေဖုံးလွှမ်းမခံရဖို့က အဓိကလားဆိုတာ နိုင်ငံတော်သမ္မတကြီးနဲ့ အကြံပေးအဖွဲ့ကပါအဓိကနဲ့ သာမညကို ခွဲခြားဆောင်
      ရွက်နိုင်အောင်ကတောင်း ကြိုက်တလွဲ၊ ဖင်တလွဲမဖြစ်အောင် တည့်မတ်ပေးစေလိုပါတယ်။
      အခုရေတွင်းတူး အခုရေ ကြည်သောက်သလို ချက်ချင်း မမျှော်လင့်နိုင်ပေမယ့် အဓိက မဖြစ်မနေစတင်လုပ်ဆောင်သင့်သည့် လုပ်ငန်းများ
      ကို အောက်ပါအတိုင်း အကြံပေးတင်ပြလိုပါတယ်။
      ထင်း၊ မီးသွေး၊ သစ်တောထွက် ပစ္စည်းတွေအပေါ်မှာ လောင်စာအဖြစ် နေ့စဉ်သုံးစွဲနေတဲ့ ၇၄ ရာခိုင်နှုန်းသော လျှပ်စစ်မီးမရှိတဲ့ ပြည်သူ အများစုအတွက် အိမ်နီးချင်းနိုင်ငံများသို့ လျှပ်စစ်များ ရောင်းချနေ မည့်အစား လျှပ်စစ်မီးတိုးချဲ့ ဖြန့်ဖြူးပေးခြင်းဖြင့်လည်းကောင်း၊ လျှပ်စစ် မီးအလွယ်တကူ မသွယ်တန်းနိုင်ပါက ဖိလစ်ပိုင်နိုင်ငံလို တောတွေ၊ တောင်တွေထဲရှိ ပြည်သူတွေဆီအ ရောက် သဘာဝဓာတ်ငွေ့သုံးမီးဖို ငယ်များ ပံ့ပိုးပေးနိုင်မည်ဆိုလျှင်လည်းကောင်း၊ ဒါမှမဟုတ် အဖျင်းဆုံး တစ်ချောင်းထိုး မီးဖိုငယ်များကို တစ်ပြည်လုံးရှိ ပြည်သူများအတွက် အလုံအလောက် ဖြန့်ဖြူးပေးမည်ဆိုလျှင်လည်းကောင်း၊ ပြည်သူတွေဟာ လောင်စာထင်းအတွက် လက်ရှိ တောတွေကို မထိနိုင်လို့၊ လက်ရှိ သစ်ပင် အကြင်းအကျန်တွေကို ဆက်လက်ရှင်သန်စေမည်။ လူထု နည်းဖြင့် ထင်းအဖြစ်သုံး တောအုပ် တောငယ်တွေကို ကျေးရွာအုပ်စု အ လိုက် ထူထောင်ကြမယ်။ နိုင်ငံတော် အစီအမံနဲ့ ပဲခူးရိုးမကို ပြန်လည်ပြီး စိမ်းစေမယ်။
      တစ်ချိန်တည်းမှာ မြန်မာပြည် အနှံ့ ဧရာဝတီမြစ်မှစ၍ ချင်းတွင်း၊ စစ်တောင်းမြစ်ကောကြီးများမှာ ရေ၀င်ထုထည်ကြီးမားလာအောင် နိုင်ငံတော် စီမံကိန်း၊ ပြည်ပအကူအညီများဖြင့် ရေရှည်၊ ရေတိုစီမံကိန်းဖြင့် ဇောက်ချပြီး တူးဖော်ပေးခြင်း ဖြင့်လည်းကောင်း၊ ဒီမှာ ဧရာဝတီ မြစ်ကြီးကို ပြန်လည်တူးဖော်ပြီး စိုက်ပျိုးရေလှောင်စီမံကိန်းနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် အားစိုက်ဆောင်ရွက်နေတဲ့ ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင်ရဲ့ ကြိုးပမ်းဆောင်ရွက်ချက်ကို မှတ်တမ်းတင်အပ်ပါတယ်။
      နောက်မြန်မာပြည်ရဲ့ ကော နေသော ဆည်ကြီးများကို ပြန်လည် တူးဖော်ပေးခြင်း၊ ဒီနောက် အင်း၊ အိုင်ကောတွေ ဖြစ်နေတဲ့ အင်းလေး၊ မိတ္ထီလာ၊ သာစည်ကန်ကြီးတွေကို ဇောက်ချတူး၍ ရေလှောင်ပေးခြင်း၊ မြန်မာပြည်တစ်နံတစ်လျား ကျေးရွာ အုပ်စုများတစ်ဝိုက် ကောနေသော အင်းအိုင်၊ ချောင်းမြောင်းတွေကို လူထုလုပ်အားဖြင့် နိုင်ငံအင်အားဖြင့် တူးဖော်ပေးခြင်း၊ တစ်ချိန်တည်းမှာ ၈၅ ရာခိုင်နှုန်းသော မိုးရေသောက် လယ်မြေများကို ရေသောက်နိုင်ဖို့ မြစ်၊ ချောင်း မရှိတဲ့ဒေသများမှာ ငါးပွင့်ဆိုင်မြေအောက်ရေတွင်း စီမံ 
      ကိန်းတူးဖော်ပေးခြင်းဖြင့်လည်း ကောင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသများမှာ နေ့စဉ်ကမ္ဘာဆွဲအားကြောင့် နှစ်ကြိမ်ရေတက်၊ နှစ်ကြိမ် ရေကျကို အသုံးချလို့ မြစ်ရေ၊ ချောင်းရေတင်စီမံကိန်းတွေကို နိုင်ငံခြားကို ရောင်းချနေတဲ့ သဘာဝဓာတ်ငွေ့စွမ်းအင်ကို တစ်ဖက်လှည့်
      သုံးလို့ မြစ်ရေတင်စီမံကိန်းတည်ဆောက်၍လည်းကောင်း၊ ဆန်စက်ကြီးများ ပတ်ဝန်းကျင်မှာ စပါးဖွဲကြမ်းလောင်စာသုံး ဂက်စီဖိုင်ယာ လျှပ်စစ်မြစ်ရေတင် စီမံကိန်းသုံး၍လည်းကောင်း လက်တွေ့ကူညီဆောင်ရွက်ပေးမည်ဆိုလျှင်တော့ မြန်မာပြည်ရဲ့ အဓိကဖြေရှင်းရန် လိုအပ်နေတဲ့ စိုက်ပျိုး ရေရရှိရေးအတွက် ရင်အေးဖွယ်ရာပါပဲ။ သို့မဟုတ်ဘဲ တံလျှပ်ကိုရေထင် ရွှေသမင်အလိုက် မှားနေသော နေပြည်တော်
      စီမံကိန်းကွက်ကွက်လောက်တွင်သာ အချိန်ကုန်၊ ငွေကုန်၊လူပန်းလျက်ဆက်လက်၍ စိတ်ကူးယဉ်အိမ်မက်စီမံကိန်းကို အကောင်အထည်ဖော်နေသရွေ့တော့ မကြာသော ကာလအတွင်းမှာပဲ မြန်မာပြည်ရဲ့ စိုက်ပျိုးရေးနှင့် စားဝတ်နေရေးဟာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်းပါဗျာ။  ။
      Tinaungmoe Kpg GoldenCrownKpg
      *** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
      ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!