Popular Posts!

Monday, December 30, 2013

အနီလား၊ အစိမ်းလား သမ္မတ ဖြစ်လို သူများနှင့် နိုင်ငံရေး သံသရာထဲက၂ဝ၁၅ ပုစ္ဆာ


၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ သည် ဝေးနေသေးသည် ဟု လည်း ဆို၍ မရတော့။ ထိုရွေးကောက် ပွဲသည် မြန်မာနိုင်ငံရေး အခင်း အကျင်း အပြောင်း အလဲ များနှင့် ပရိသတ် စိတ်ဝင်တစား ရှိနေမည့် နိုင်ငံ၏ ခေါင်းဆောင် သမ္မတနေရာ အတွက် ရွေးချယ်ပွဲဖြစ်၍ မြန်မာနိုင်ငံ၏ အနာဂတ်ကို အဆုံး အဖြတ်ပေးမည့် အဓိက ကျ သည့် ဖြစ်စဉ် တစ်ရပ်ပင် ဖြစ်သည်။
သမ္မတ တာဝန် ထမ်းဆောင်ရန် အသင့်ဖြစ်နေကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံး နိုင်ငံရေး ပါတီနှစ်ရပ်ဖြစ် သည့် ပြည်တောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့၏ တရားဝင် ပြောကြားထားမှုကြောင့် လည်း လူအများ စိတ်ဝင်တစား ရှိနေသည့် အ ကြောင်းရင်း လည်း ဖြစ်သည်။ ထို့ပြင် အသွင်ပြောင်း သံသရာထဲ တွင် တဝဲ လည်လည် ဖြစ်နေသည့် မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် အလှည့်အပြောင်း တစ်ခု အဖြစ်လည်း ပြည်သူများ ကမျှော်လင့်ထားကြမည်သာဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ သမ္မတ အိပ်မက်နှင့် ညွန့်ပေါင်းအစိုးရ
 ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြောက်ခံ ထားရသော ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းနှင့် ဒေါ်အောင် ဆန်းစုကြည် တို့သာ ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲ တွင် ပြည်သူ့ လွှတ်တော်မှ ထပ်မံဝင်ရောက် အရွေးချယ်ခံ ရပါက သမ္မတနေရာ အတွက် ထိပ်တိုက် တွေ့ဆုံ ရမည် ဖြစ်ပြီး တစ်ဦး သာ သမ္မတဖြစ်ခွင့် ရှိတော့မည် ဖြစ်သည်။
သမိုင်းနောက်ခံ အကြောင်းအရင်း များ မည်သို့ပင် ရှိစေကာမူ ယခု ဒီမိုကရေစီ မျိုးစေ့ ကိုအပင်ပေါက်ရန် ဝိုင်းဝန်း ပျိုးထောင်နေသည့် အချိန်တွင် အပင် ကြီးထွားစေရန် အဟန့် အတားဖြစ်စေ မည့် ထိပ်ဆုံးက အကြောင်းအရင်းမှာ အာဏာ နိုင်ငံရေးဖြစ်ကြောင်း မနီးမဝေး အခင်းအကျင်း များက သက်သေခံ လျက် ရှိနေသည်။
ယခု အရေးကြီး တစ်ချက် အနေ ဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို ကန့်သတ်ထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း ပုဒ်မ ၅၉ (စ) သည် မြန်မာ့နိုင်ငံရေး ၏ အဖုအထစ် အထုံးတစ်ခု အဖြစ် ရှိနေရာ ထိုအထုံးကို ဖြည်ရမည်သာ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ထောက်ခံမှု မရလျှင် သူရ ဦးရွှေမန်း ခေါင်းဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့်လည်း နိုင်ငံကို ဆက်လက် ဦးဆောင်ရန်မှာ စွန့်စား လွန်းရာ ရောက်နေ မည် ဖြစ် သည်။
အပြန်အလှန် အားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ထောက်ခံမှုမရဘဲ နိုင်ငံကို ဦးဆောင် ရန်မှာလည်း စွန့်စားမှုကြီး တစ်ရပ် ဖြစ် သည်။ လက်ရှိ အာဏာရ ထားသည့် သူများက စိတ်စေတနာ ထက်သန်စွာ ဖြင့် ရော့အင့်ဆိုပြီး အာဏာ လွှဲပြောင်း ပေးခဲ့သော ဖြစ်စဉ် ကမ္ဘာပေါ် တွင်မရှိ။
”ညွန့်ပေါင်း အစိုးရ မဖွဲ့စည်းရေးမူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ မရှိပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောထားပြီး သူရ ဦးရွှေမန်း ကလည်း ”၂ဝ၁၅ ရွှေးကောက် ပွဲ အပြီး ညွန့်ပေါင်း အစိုးရတစ်ရပ် ပေါ်ပေါက်လာနိုင် သည်”ဟု ပြောကြားထားသည်။
သို့ဖြစ်၍ သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ထိပ်တိုက်တွေ့ ဆုံရေး ရှောင်ရှားနိုင်ရန် အတွက် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တို့မှ ဝင်ရောက် ရွေးအချယ် ခံရမည် ဖြစ် သည်။
ထိပ်တိုက် ရင်ဆိုင်ပြီး နိုင်ငံရေး အကျပ်အတည်း မဖြစ်ရန် ခေါင်းဆောင် နှစ်ဦး စလုံးက ဆန္ဒ ရှိနေသည်မှာ ပေါ် လွင်နေသော်လည်း တကယ်တမ်း မြန်မာ့နိုင်ငံရေး အပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိနေသည့် အကြောက်တ ရားများဖြင့် လွှမ်းမိုးခဲ့သော နိုင်ငံရေး အိပ်မက် တစ္ဆေ ခြောက်လှန့် ခံရမှုက လွယ်လွယ်နှင့် ကု စားနိုင် မည်လော။ ပဒေသရာဇ် အငွေ့အသက် ကလည်း မပျောက်သေး။ စစ်အေးခေတ် လွန်သွား သော်လည်း ကွန်မြူနစ် အမူအကျင့် အားကောင်းနေဆဲ၊ အာဏာရှင် စနစ်ဆီ မှလည်း အာဏာရှင် စိတ်ဓာတ် များကို သာ အမွေ ရထားကြရာ အပြန်အလှန် ဖယ်ထုတ်ခြင်း အပြုအမူများကို အဆုံး သတ်မှသာ တစ်ခေတ် တစ်ခါက အာရှတွင် ရှိ ခဲ့သော မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ကို ပြန်လည်ရနိုင်မည် ဖြစ်သည်။
အကျိုး စီးပွားချင်း ထိပ်တိုက် တွေ့ ဆုံသည့် အခါ နိုင်ငံရေး အခင်းအကျင်း များကလည်း အတက်အကျ ဖြစ်တတ် သည်က အိမ်နီးချင်းနိုင်ငံ ၏ မပြီးဆုံး သေးသည့် ဆန္ဒပြပွဲ များက မီးမောင်း ထိုးပြနေသည်။ မြန်မာနိုင်ငံ၏ သမိုင်း ကြောင်းအရ နောက်ဆုံးတွင် အာဏာ နိုင်ငံရေးက အစဉ်အမှောင် တိုက်သွင်းခဲ့ သည်။ လူဟူသည် အမှား မကင်းသည့် သဘော ဖြစ်သော်လည်း အစဉ် ဖြစ်နေ ပါက မြန်မာနိုင်ငံ သားများ ညံ့ရာကျ မည်ဖြစ်သလို နိုင်ငံရေး တွင်လည်း အမြဲ မှားနေသည်က မဖြစ်သင့်။
ကန့်လန့်ကာမည်သူ ဖွင့်မည်နည်း
လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လွှတ်တော်က ဒုတိယ သမ္မတ သုံး ဦး ရွေးချယ် ရမည်ဖြစ်ပြီး ပြည်သူများက ရွေးကောက် တင်မြှောက် ခွင့်မှာ ဒုတိယ သမ္မတ နှစ်နေ ရာသာရှိ၍ လွှတ်တော် တွင် ရှိနေသော တပ်မတော်သား အစု အဖွဲ့ များက တင်သွင်းသည့် ဒုသမ္မတ တစ်နေရာတို့ ဖြစ်သည်။
၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ၏ ရလဒ်ကို ပြန်ကြည့်ပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူများ ၏ ထောက်ခံမှုကို အပြည့်အဝ ရရှိထားပြီး တိုင်းရင်း သား ဒေသများတွင် တိုင်းရင်း သားပါတီ များကသာ လွှမ်းမိုးနိုင်သည် ကိုတွေ့ရမည် ဖြစ်သည်။ ဤနေရာတွင် သမ္မတ ဖြစ်ရန် အတွက် လွှတ်တော်ထဲ၌ တိုင်းရင်းသား တို့၏ ထောက်ခံမှုကို အပြည့်အဝ ရရှိရန် လိုအပ်သည် မှာလည်း သမ္မတ ရွေးချယ်ရေး မဲ အရေအတွက် ၂ဝဝ က အရေးပါသည့် အရေ အတွက် ဖြစ်နေသည်။ တိုင်းရင်း သား နိုင်ငံရေး ခေါင်းဆောင် များ အနေဖြင့် သမ္မတ ဖြစ်လိုကြောင်း မည်သူကမျှ ဖွင့်ဟ ပြောဆိုမှု မရှိသေးသော်လည်း တိုင်းရင်းသား များ၏ ထောက်ခံမှု မှာ မူမြန်မာ့ နိုင် ငံရေး အခင်းအကျင်း၏ နောက် ထပ် ဖွင့်လှစ် ရမည့် တံခါး တစ်ချပ် ဖြစ် နေသည်က သေချာပါသည်။
ပါလီမန်ခေတ် လူမျိုးစု လွှတ်တော် အသွင်ဆောင်သော အမျိုးသား လွှတ်တော်သည် တိုင်းနှင့်ပြည်နယ် ၁၄ ခုကို အချိုးညီစွာ ကိုယ်စားပြုပြီး တူညီသော ကိုယ်စားလှယ် များ အရေအတွက် ကိုစေလွှတ် ရခြင်းဖြစ်သည်။ ဤနိုင်ငံရေး အခင်းအကျင်းသည် တိုင်းရင်းသားများ ၏ ထောက်ခံမှုမှာ လွန်စွာ အရေး ပါကြောင်း တွေ့မြင် ရမည်ဖြစ် သည်။ အခင်းအကျင်း အရ လွှတ်တော် တွင် ရှိနေသော တိုင်းရင်းသား ကိုယ်စားလှယ် အများစု က အုပ်ချုပ်ရေး ပိုင်း ဆိုင်ရာ အခက်အခဲ များကို လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ထံမှ တစ်ဆင့် ဖြေရှင်းဆောင်ရွက်နေရသည်။
လက်နက်ပုန်းများကလည်း မနေ
ထိုသို့သော အခြေအနေ များထဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်း အလဲ၌ နေရာမရသော နိုင်ငံရေး အစု အဖွဲ့များ၏ လှုပ်ရှားမှု မှာလည်း မြန်မာ နိုင်ငံရေး ရင့်ကျက်မှု ကို စိန်ခေါ်နိုင် သည့်အင်အားစု အဖြစ် တပ်ပေါင်းစုအ သွင်လည်း မြင်တွေ့လာနိုင်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတို့တွင် နေရာမရသော သူများ အနေဖြင့် မိမိတို့၏ နိုင်ငံရေး သိက္ခာပြန်ရရန် အ တွက် ၂ဝ၁၅ မတိုင်မီ လှုပ်ရှားကြ ရမည်ဖြစ်ပြီး အများစုမှာ နိုင်ငံရေး ပါးနပ်သော တက်ကြွ လှုပ်ရှား သူများ ဖြစ်သည်။
လက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် အဆိုပါ စိန်ခေါ်မှု များကို ဆက်လက် ရင်ဆိုင်ရန် ၂ဝ၁၅ ခုနှစ်တွင် သမ္မတ အဖြစ် ဆက်လက် အရွေးချယ်ခံ မည် ဆိုပါက လက်ရှိ ရရှိထားသော နိုင်ငံရေး ဂုဏ်သိက္ခာ အတွက် အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ် ဖြစ်နေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွင်း ညီညွတ်ရေး ကိုလည်း ထိခိုက်မည် ဖြစ်သည်။ ဖြစ်ပေါ်နေဆဲ နိုင်ငံရေး အပြောင်းအလဲကို တာထွက်ကောင်းနိုင် ရန် အခြေခံကောင်း များကိုပြင်ဆင်ပေး ရင်း သမ္မတ ဦးသိန်းစိန် က အနိုင်နှင့် ပိုင်း သည်ကသာသမိုင်းတွင် ဂုဏ်သတင်းမွှေး ပျံ့နေမည်ဖြစ်သည်ဟု အချို့ကဆိုသည်။
မြန်မာနိုင်ငံရေး နာတာရှည်ရော ဂါသည် ဆေးမြီးတိုဖြင့် ကုသရန်  မဖြစ်နိုင်။ လက်ရှိ မြန်မာနိုင်ငံတွင်း သို့ ဝင်ရောက် နေသော နိုင်ငံတကာ အကူအညီ များမှာ မြန်မာ့နိုင် ငံရေး အပြောင်းအလဲကို တစ် စိတ်တစ်ဒေသ အဖြစ် အသိအမှတ်ပြု ဆုပေးဒဏ်ပေး စနစ်သာ ဖြစ်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များ လက်ရှိအစိုးရ အပြောင်းအလဲ များတွင် မျှော်မှန်းထားသလောက် ဝင်ရောက် မလာသည် ကလည်း ၂ဝ၁၅ ခုနှစ် နိုင်ငံရေး ကိုသာ စောင့် ကြည့်နေ ကြခြင်းဖြစ်ပြီး ဟန်ဆောင် ပြောင်းလဲသည် ဆိုပါက လည်း ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် အဖြေ ပေါ်မည်သာ ဖြစ်သည်။
ကမ္ဘာ့ အကြီးဆုံး ဈေးကွက်ဖြစ်သည့် ဥရောပနှင့် အမေရိကဈေးကွက်က လက်ခံသည့် အစိုးရ တစ်ရပ်ဖြစ်မှသာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များက ဝင်လာနိုင် မည်ဖြစ်ပြီး ဒီမိုကရေစီ စနစ်ကို အားဖြည့် ပေးမည့် လောင်စာ ရမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ပြော နေသည့်  ဖွဲ့စည်းပုံအခြေခံ ဥပဒေမပြင်ဆင်မီ ကြီး လေးကြီး တွေ့ဆုံမှ သာ နိုင်ငံ ရေး အဖြေတစ်ခု ရမည် ဖြစ်သည်။
၂ဝ၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် နိုင်ငံရေး ဖြေလျှော့မှု အပေါ် မျှော်လင့်ချက် များကို ကိုင်တွယ်ရန်မှာ  လွှတ်တော်တွင် အမတ် အများဆုံး အနိုင်ရသည့် ပါတီ တစ်ရပ် တည်းကတော့ အထိအခိုက် နည်းနည်းဖြင့် ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်သည် ကို သင်ခန်းစာ ယူဖွယ် အတိတ် ဖြစ်ရပ် များက ရှိနေသည်။
အပြန်အလှန် သွေးတိုးစမ်းမှုနှင့် ဆက်ခံရဦးမည့် အမွေများ
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တို့ သမ္မတ ဖြစ်ရန် အတွက် အပြန်အလှန် လေးစားမှု ရှိကြောင်းကို နေပြည်တော် တွင် သတင်းထောက် များနှင့် တွေ့ဆုံခဲ့ သည့်ဖြစ်ရပ် က ပြသနေသည်။
”ဥက္ကဋ္ဌကြီး အနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ကို တရား မျှတစွာ ယှဉ်ပြိုင်မယ် ဆိုရင် ကျွန်မကို သမ္မတ မဖြစ်အောင် ကန့်သတ် ထားတဲ့ အချက်တွေ ပြင် ဆင် ပေးရ မယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောထားခဲ့ပြီး သူရဦးရွှေမန်းက လည်း ”၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတတ်နိုင်ဆုံး တရား မျှတအောင်ဆောင် ရွက်ပေးမယ်” ဟုနှစ်ဦး သား သတင်းမီဒီ ယာ များ၏ရှေ့တွင် ပြောကြားခဲ့သည်။
 ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အရပ်သား အစိုးရ တစ်ရပ် အဖြစ် အသွင် ကူးပြောင်းနိုင်သော် လည်း ယခု ဖွဲ့စည်းပုံဖြင့် ရှေ့ဆက်၍ မရ။
 ပြင်ဆင်ရမည် ဆိုသည် ကလည်း အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့ ကိုယ်တိုင် လွှတ်တော်တွင် တင်သွင်း ခဲ့ခြင်း ဖြစ်သည်။ မည်သည် အတိုင်း အတာအထိ ပြင်ဆင်မည် ဆို သည်ကမူ ပြည်သူများ ၏ ဆန္ဒ အပေါ် မူတည်၍ လာမည့် ၂ဝ၁၄ နှစ်သစ် တွင် သိမြင်ရမည် ဖြစ်သည်။
တာဝန်ယူ တာဝန် ခံရသော အစိုးရ မည်သည် ယခင်အစိုးရ၏ ဆိုးမွေကောင်း မွေကို ငြင်းဆန်၍ မရနိုင်။ မြစ်ဆုံ စီမံကိန်း ပြဿနာက ၂ဝ၁၅ ခုနှစ် အတွင်း သမ္မတ ဖြစ်မည့် သူများကို စောင့်ဆိုင်း နေသည်။ လယ်ယာမြေ အသိမ်းခံထား ရသည့် လက်ပံတောင်းတောင်က ပြည်သူတွေ၏ ဒဏ်ရာက အကင်းမသေ ဖြစ်နေဆဲ၊ တစ်နိုင်ငံလုံး အတိုင်းအတာ နှင့် သိမ်းပိုက် ထားသော လယ်ယာမြေ ကိစ္စကလည်း အဖြေမပေါ်သေး။ ဘာသာရေး လူမျိုးရေး ပဋိပက္ခ အသွင်ပေါ် စေရန် ချိန်ကိုက်ဗုံး များကလည်း ဖောက် ခွဲနေဆဲ၊ နိုင်ငံရေး ပြောင်းလဲလာသည့် နှင့် ဖွံ့ဖြိုးမှု အတွက် ပေးဆပ်ရမည့် အရင်း အနှီး၊ စားပွဲ ဝိုင်းပေါ် တက်လာသော် လည်း အချိန် မရွေး ဖြစ် ပွားနေသည့် ပြည်တွင်းစစ်၊ အာဏာရှင် ဆန်ဆန် ဟောဟောဒိုင်းဒိုင်း လုပ်ဆောင်နေ သည့် အစိုးရ ယန္တရား၊ နိုင်ငံရေးပြောင်း လဲသလောက် လိုက်ပါ မပြောင်းနိုင်သော ဆင်းရဲ မွဲတေမှုက ချိန်ကိုက်ဗုံးများပင် ဖြစ်ပြီး၊ …
ရခိုင်ပဋိပက္ခကလည်း နိုင်ငံရေး အပြောင်းအလဲတွင် ထပ်မံပေါ်ပေါက်လာ နိုင်သည့်စိတ်မချရသေးသည့်ဖွဲမီး ဖြစ်နေ ပါသေးသည်။
လက်ရှိ ကမ္ဘာ့နိုင်ငံ များ တွေ့ကြုံ နေသလို ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း ဖြစ်သည့် နိုင်ငံများ အပြန်အလှန် လွှမ်းမိုးမှုကို လွန်ဆန်ရန် မှာလည်း လက်တွေ့တွင် တ ကယ်တော့ လွယ်ကူသည် တော့ မဟုတ်ပေ။ အိမ်နီးချင်း တရုတ် နိုင်ငံနှင့် ဒေသတွင်း နိုင်ငံများ၏ တောင် တရုတ် ပင်လယ် အရေး အားပြိုင်မှု၊ အမေရိကန်နိုင်ငံ ၏ အာရှပေါ်လစီ တို့ ကို ရင်ဆိုင်ရမည့် အာဆီယံ ဥက္ကဋ္ဌ တာ ဝန်ထမ်းဆောင်မည့် နိုင်ငံ အတွက်က တော့ နိုင်ငံတကာ လေးစားသည့် အစိုး ရ တစ်ရပ် ဖြစ်မှသာ ဒေသတွင်း စိန်ခေါ် မှု  ကိုင်တွယ်နိုင်မည်ဖြစ်သည်။
အခြေအနေ အရပ်ရပ် ၏ စိန်ခေါ် မှုများကို ရင်ဆိုင် ဖြေရှင်းရန်မှာ ညွန့် ပေါင်း အစိုးရ တစ်ရပ်ဖြစ်မှသာ မလို လားအပ်သော နိုင်ငံရေး အကျပ်အတည်း ကိုရှောင် လွှဲနိုင်တော့ မည်လား။
ယခု ကျင့်သုံးနေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ အမည်စာရင်းကို အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တွင် ၂ နေရာ ရွေးချယ်ရ မည်ဖြစ်သော် လည်း ယနေ့ အထိ သမ္မတ ဖြစ်လိုကြောင်း တရားဝင် နုတ်ဟ ဖွင့်ဆို ကြေညာထား သူမှာ လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သာ ရှိနေ သေးသည်။
နောက်ထပ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီနှင့် လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ တို့သည်လည်း သူရဦးရွှေ မန်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပြင် သမ္မတ နေရာ အတွက် ကြိုတင် ကြေညာထား ခြင်း မရှိသည်က ထိပ်တိုက် တွေ့ဆုံရန် ဆန္ဒ မရှိဆိုသည့် သဘောဖြစ်နေ မည်လော။ အခြားနိုင်ငံရေး ပါတီ များတွင် သမ္မတ နေရာ အတွက် အသံမထွက်သေးသည် မှာ မေးစရာ ပုစ္ဆာတစ်ခုဖြစ်နေပြီလော။
အထူးသဖြင့် အမျိုးသား လွှတ် တော်တွင် ရွေးကောက်ခံ ရသည့် သမ္မတ နေရာ အတွက် တိုင်းရင်းသား ကိုယ်စား လှယ် လောင်းများ ထဲတွင် သမ္မတ ဖြစ် ချင်ကြောင်း မည်သူ ကမျှ ထုတ်ဖော်ပြောဆိုမှု မရှိသေးခြင်းသည်ပင် ၂ဝ၁၅ ခုနှစ် နီးလာသည်နှင့် အမျှ အရေးပါလာသော ဝှက်ဖဲ တစ်ချပ် အဖြစ် တိတ်ဆိတ်စွာ ရှိနေသည်ဖြစ် ပါ သည်။
စိုင်းနောင်
(လွှတ်တော်သတင်းထောက်တစ်ဦးအမြင်)
Ref;poplarmyanmar

ထိပ်ဖျားမှ အိမ်ခြံမြေတန်ခိုးနှင့် မြို့သစ်တွေ တိုးလာဦးမည့် ရန်ကုန်


”ပြည်သူတွေက တိုက်ခန်း တစ်ခန်း ဝယ်ဖို့ဆိုတာ သက်တမ်း တစ်ခု လောက် အထိ ရှာဖွေမှ ဝယ်နိုင်မယ့် အနေအထားတွေဖြစ်နေတယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ရန်ကုန်၏ အိမ်ခြံမြေ ဈေး နှုန်းမြင့်တက်နေမှုနှင့် ပြည်သူများ၏  အနေအထားကို သုံးသပ်ပြသည်။

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ပိုင် မြေများပေါ်တွင် ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည် ဖော်ပေးခဲ့သည့် တဲပေါ်မှ တိုက်ပေါ်တင် အိမ်ရာစီမံကိန်း ရှစ်ခုရှိခဲ့သည်။ လက်ရှိ အခြေအနေတွင် အဆိုပါ စီမံကိန်းများ လုပ်ပေးနိုင်ခြင်း မရှိတော့ကြောင်း ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး ဆဋ္ဌမပုံမှန် အစည်း အဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။
၎င်းကပင် နိုဝင်ဘာ ၂၅ ရက်က မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်တွင် ပြုလုပ်ခဲ့သော ရန်ကုန် ဆိပ်ကမ်း ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် ညှိနှိုင်း အစည်း အဝေးတွင် ရန်ကုန်မြို့၏ နှစ်စဉ်လူဦးရေ တိုးတက်မှုနှုန်းမှာ တစ်နှစ်လျှင် အခန်းပေါင်း ၂၆ဝဝဝ လိုအပ်နေပြီး အိမ်ရာခန်း ဖော်ထုတ်နိုင်မှုမှာ တစ်နှစ်လျှင် အခန်းပေါင်း ၇၂ဝဝအထိသာ ဖော်ထုတ်နိုင်သဖြင့် မြို့စွန်နေရာများ၌ အိမ်ရာဇုန်များ တည်ဆောက်သွားရန် လို အပ်ကြောင်း  ပြောကြား ခဲ့သည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကော်မတီပိုင် မြေကွက်များပေါ်တွင် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဆောက်လုပ်ပေးလျက် ရှိသည်။
ရန်ကုန်သည် စီးပွားရေးမြို့တော် ဖြစ်သည်နှင့်အညီ နေထိုင်သူဦးရေမှာ လည်း နှစ်စဉ်တိုးတက်နေသည်။ ၂ဝ၁၂ ခုနှစ်တွင် ရန်ကုန်မြို့၏ လူဦးရေမှာ ၅ဒသမ ၁၄သန်းရှိပြီး ယခုနှစ်တွင် လူဦးရေခြောက်သန်း ရှိလာခဲ့သည်။ လူဦးရေနှင့် အိမ်ရာပိုင်ဆိုင်မှုတွင် ဝယ်လိုအားနှင့် ရောင်းလိုအားမမျှသည့် အတွက် ရန်ကုန်အိမ်ခြံမြေအရောင်း ရောအငှားပါ ဈေးနှုန်းများနှစ်စဉ်မြင့် တက်နေရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောသည်။
၎င်းအသင်းမှ အတွင်းရေးမှူး  ဒေါ်မို့မို့အောင်က ယင်းကဲ့သို့ အိမ်ခြံမြေဈေးများ မြင့်တက်နေမှုကို ကာကွယ် ရန် အတွက် အထပ်မြင့် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်သင့်သည် ဟု ဆိုသည်။
၎င်းကပင် ဆက်လက်၍ လက်ရှိအိမ်တစ်ရာကို တစ်ထပ်တင်လိုက်ပါက အိမ်နှစ်ရာရရှိလာမည်။ သုံးထပ်ဆောက်ပါက သုံးရာရလာမည်။ လေးထပ်ဆောက်ပါက လေးရာရလာမည် ဖြစ်သောကြောင့် အထပ်မြင့် များ ဆောက်လုပ်သင့်သည်ဟု ဆိုသည်။
ယခုနှစ်တွင် ရန်ကုန်၏  အိမ်ခြံမြေ အရောင်းဈေး မြင့်တက်လာမှုသည် ၂ဝ၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၅ နှင့် ၄ဝ ရာခိုင်နှုန်းအထိ မြင့်တက်နေသည် ဟု အိမ်ခြံမြေ အကျိုးဆောင် အချို့က ဆိုသည်။
ထိုသို့ ရန်ကုန်၏ ဈေးမြင့်တက်မှုများတွင် ရန်ကုန်၏ ဈေးအမြင့်ဆုံးနေရာများ ဖြစ်သော ရွှေတောင်ကြား၊ ပြည်လမ်း၊ အင်းလျားလမ်း၊ ဦးဝိစာရလမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ရွှေဂုံတိုင် စသည့် နေရာများသာမက ထောင် ဂဏန်း၊ ရာဂဏန်းဈေးနှုန်းများတွင် ဒဂုံ ဆိပ်ကမ်းနေရာများသည် ယခုနှစ် အတွင်း ဈေးကောင်းနေသည်ဟု အထက်ပါ ပုဂ္ဂိုလ်များက ပြောသည်။
ယခုနှစ်အတွက် အရောင်းအဝယ်သွက်ခဲ့သော နေရာများမှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ ဒလ၊ သန်လျင် သီလဝါဆိပ်ကမ်း၊ ဒဂုံ ဆိပ်ကမ်း စသည့် နေရာများဖြစ်ပြီး ပါမစ်မြေများမှာ သြဂုတ်၊ စက်တင်ဘာ လနှင့် အောက်တိုဘာလ များတွင် အရောင်းအဝယ်အကောင်း ဆုံး အနေအထားတွင်ရှိခဲ့သည်ဟု ဒေါ်မို့မို့အောင် က ပြောသည်။
၎င်းကပင် အဆိုပါ ကာလအလွန်တွင် ဝယ်ခွန် သတ်မှတ်ချက် အပြောင်းအလဲကို မျှော်ကာ အရောင်းအဝယ် အေးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
၂ဝ၁၂ သြဂုတ်လ အတွင်းက သတ်မှတ်ခဲ့သည့် အိမ်ခြံမြေ ဝယ်ခွန်မှာ ၃ဝ ရာခိုင်နှုန်းဖြစ်ကာ တံဆိပ်ခေါင်းခွန် အပြင် ၇ ရာခိုင်နှုန်း ထမ်းဆောင်နေရသောကြောင့် စုစုပေါင်း အိမ်ခြံမြေဝယ်ခွန်မှာ ၃၇ ရာခိုင်နှုန်းဖြစ်သည်။ ယခင် ၂ဝဝ၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အိမ်ခြံမြေ ဝယ်ခွန်မှာ မိမိဝယ်ယူသော အိမ်ခြံမြေတန်ဖိုး၏ ၁၅ ရာခိုင်နှုန်းဖြစ်သည်။
၂ဝ၁၃ ခုနှစ် သြဂုတ်လ ၂၂ ရက် တွင် နေပြည်တော် သတင်းစာရှင်းလင်းပွဲ၌ ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက အိမ်ခြံမြေ ဈေးနှုန်း ကျချင်သည့်အတွက်ကြောင့် ယင်းကဲ့သို့ အစိုးရမှ ၃၇ ရာခိုင်နှုန်း အခွန် အကောက် စနစ်ဖြင့် ထိန်းခြင်း ဖြစ်သည်ဟု ဆိုခဲ့ကြောင်းအိမ်ခြံမြေဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောသည်။
”အိမ်ခြံမြေ ဈေးနှုန်းကျဖို့ အခွန်အကောက်တစ်ခုတည်းနဲ့ ထိန်းတာထက် စာရင် ဘက်စုံထိန်းရမှာပါ။ အခွန်အကောက်မြှင့်လိုက်တာနဲ့ အိမ်ခြံမြေဈေးနှုန်းက ကျသွားမယ်လို့ ပြောလို့ မရပါ ဘူး”ဟု ၄င်းက သုံးသပ်ခဲ့သည်။
ယခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ကာ ကာလ တန်ဖိုးစိစစ် သတ်မှတ်ပေးရေးအဖွဲ့မှ မြို့နယ်အလိုက် တစ်ပေပတ်လည်ဈေးနှုန်းများ သတ်မှတ်၍ အဆိုပါ သတ်မှတ်ချက်အတိုင်း အခွန်ဆောင်စေခဲ့ရာ ပါမစ်မြေ အများစု အခွန်ဆောင်လာကြသည်ဟု သိရသည်။
ယခုနှစ်အတွင်း အမေရိကန်၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားစသည့် နိုင်ငံများမှလည်း ၄င်းတို့နိုင်ငံများရှိ ကွန်ဒို အရောင်းဈေးကွက်များအတွက် လာရောက် မိတ်ဆက် ရောင်းချမှုများ ရှိ ခဲ့သည်။
ရန်ကုန်သည် စီးပွားရေးမြို့တော် ဖြစ်သည်နှင့် အညီ အိမ်ခြံမြေ အရောင်းဈေးကွက်နှစ်စဉ် မြင့်တက်နေသကဲ့သို့ အငှားဈေးကွက်မှာလည်း ငှားလိုသူများ ‘အော်’ ရသည်အထိ ဈေးနှုန်း အတက်ဘက်တွင် ရပ် တည် နေကြောင်း အိမ်ခြံမြေ အကျိုးဆောင် အချို့က သုံး သပ်ကြသည်။
ယင်းသို့ အငှားဈေးကွက် မြင့်တက်နေမှုသည်လည်း ယခုနှစ်တွင် ၄ဝ ရာခိုင်နှုန်းနီးပါး မြင့်တက်နေပြီး အငှားဈေးကွက်မှာ ငှားလိုသည့် အိမ်ရှင်ထက် အိမ်ငှားဦးရေမှာ ပိုများနေသည်ဟု စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးေ ဆာင် မှ အထွေထွေ မန်နေဂျာ ဦးရန်အောင်က ပြောသည်။
Lucky အိမ်ခြံမြေမှ တာဝန်ရှိသူ တစ်ဦးကလည်း ”အငှားဈေးကွက်မှာ နိုင်ငံခြားသားတွေလည်း နေရာယူလာကြတယ်။ သူတို့က ဟိုတယ်တွေမှာ အခန်းမရတော့ ကွန်ဒိုတွေ၊ ဆိတ်ငြိမ် ရပ်ကွက်ရဲ့ လုံးချင်းကောင်းကောင်းတွေ ရှာငှားလာကြတယ်”ဟု အိမ်ခြံမြေ အငှားဈေးကွက် အတွင်း နိုင်ငံခြားသားများ နေရာယူလာမှုကို ပြောသည်။
အိမ်ခြံမြေ အသင်းမှ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် အတွင်းက ၅ သိန်းနှင့် ၁ဝ သိန်း အတွင်း ရှိခဲ့သော ကွန်ဒို အငှားဈေးနှုန်းများမှာ ယခုနှစ်အတွင်း ကွန်ဒိုတစ်ခန်းလျှင် ၁၅ သိန်း၊ သိန်း ၂ဝ၊ ၂၅ သိန်းစသည်ဖြင့် ဈေးပေါက်နေသည်ဟု ဆိုသည်။
Lucky အိမ်ခြံမြေမှ ဦးမောင်အေးကလည်း အိမ်ရှင် အိမ်ငှားအကြားချုပ် ဆိုသော စာချုပ်များ၌လာမည့်နှစ်တွင် လက်ရှိ အငှားဈေး၏ ၁ဝ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်မည် ဖြစ်ကြောင်းကို ထည့်၍ ချုပ်ကြသည်များ ရှိသည် ဟု ဆို သည်။
ထိုသို့ ရန်ကုန်၏ အိမ်ခြံမြေအငှား ဈေးများ မြင့်တက်နေမှုကြောင့် မြို့ထဲမှ မြို့ပြင်၊ မြို့ပြင်မှ မြို့ စွန် ဝေးသည်ထက် ဝေး၍ အငှားအများစု ရွှေ့ပြောင်းနေ ထိုင်လာကြရသည် ဖြစ်၍ ရန်ကုန်၏ အိမ်ခြံမြေ အငှားဈေးနှင့် ဆက်စပ် ၍ ပြည်သူအချို့၏ နေထိုင်မှု အရွှေ့အပြောင်းကို အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်၏ တိုက်ခန်း အငှားပေါက်ဈေးမှာ နေရာအနေအထား၊ အကျယ်အဝန်း စသည်တို့ပေါ် မူတည်၍ ဆယ်သိန်းအောက်မှ သိန်း ၃ဝ အထိ ဈေးဖြစ်ပေါ် နေပြီး အထပ် အမြင့်များသည်ပင် တစ်သိန်းခွဲဈေး ရှိကြောင်း သိရသည်။
”ကျွန်မတို့ အလုပ်လုပ်လို့ရတဲ့ ဝင်ငွေရဲ့ ကိုးဆယ် ရာခိုင်နှုန်းလောက်က အိမ်ရှင်ကို ပြန်လုပ်ကျွေးရသလိုဖြစ်နေတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီးမှ ရန်ကုန်တွင် အလုပ် လာရောက်လုပ် ကိုင်နေသည့် မနွယ်နီ က ပြောသည်။
ထိုသို့ အငှားရော အရောင်းပါမြင့်တက်နေသော အိမ်ခြံမြေဈေးနှုန်းများသည် ၂ဝ၁၅ ခုနှစ်ခန့်အထိ ယခုပေါက်ဈေးအတိုင်း တန့်လျှင် တန့်နေမည်၊ တက်လျှင် တက်နေမည်ဖြစ်ပြီး အကျဘက်တွင်မရှိနိုင်ကြောင်း ၂ဝ၁၅ ခုနှစ် အလွန်မှသာ မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ဈေးနှုန်းများ ဖြစ်ပေါ်နိုင်သည်ဟု အိမ်ခြံမြေ အကျိုး ဆောင်အချို့က သုံးသပ်ကြသည်။
ရန်ကုန်အိမ်ခြံမြေ ဈေးကွက် ၂ဝ၁၃ သုံးသပ်ချက်နှင့် ၂ဝ၁၄ အလားအလာ
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အတွင်းရေးမှူးး
၂ဝ၁၃ အိမ်ခြံမြေ ဈေးနှုန်းက အစောပိုင်း ကာလမှာတော့ အငှားဈေးက တက်တယ်။ အရောင်းဈေးက တဖြည်းဖြည်းချင်း တက်နေရာကနေ သြဂုတ်လ ဝန်းကျင်လောက်မှာ ဈေးတွေလည်း အမြင့်ဆုံး ဖြစ်လာခဲ့တယ်။ တစ်နှစ်ပတ်လုံး အနေနဲ့ ခြုံပြောရရင် ၃၅ ရာခိုင်နှုန်း မှ ၄ဝ ရာခိုင်နှုန်းလောက်အထိ ဈေးတက်ခဲ့တယ်။ အလားတူပဲ အငှားကလည်း ၄ဝ ရာခိုင်နှုန်းလောက် ဈေးတက်ခဲ့တယ်။  အငှားမှာတော့ ငှားမယ့်သူထက် ငှားလိုအား ပိုမြင့်တက်ခဲ့တယ်။  ကွန်ဒို တွေကတော့ အငှားအမြင့်ဆုံးပါပဲ။ တစ်မြို့လုံးနီးပါးလည်း အငှား ဖြစ်ခဲ့တာပါ။ ၂ဝ၁၄ အတွက်ဆိုရင်တော့ အိမ်ခြံမြေဈေးက ပုံမှန်သွားနေဦးမှာပဲ။ ၂ဝ၁၄-၂ဝ၁၅ ပုံမှန်သွားနေဦး မှာပါပဲ။ ၂ဝ၁၅ တိုင်းပြည်ရဲ့  အပြောင်းအလဲပေါ် မူတည်ပြီးတော့ စီးပွားရေး တက်လာပြီး ရင်းနှီးမြှုပ်နှံသူတွေ ကလည်း အဲ့ဒီအပေါ်မှာ မူတည်ပြီး ပြောင်းလဲသွားမှာပဲ၊ အခုက လေ့လာနေတဲ့ အဆင့်ဆိုတော့ သူတို့ရဲ့ မြေစမ်းခရမ်းပျိုး လေ့လာသလောက်ပဲ ရင်းနှီးတာတွေ ရှိတယ်။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ အိမ်ခြံမြေဈေးတွေက အပြောင်းအလဲတွေ ရှိလာမယ်။ အငှားဈေးကတော့ ကျမယ်လို့ မထင်ဘူး။ ဘာ့ကြောင့် လဲဆိုတော့ အခုဆို ရန်ကုန်ရဲ့  အိမ်ခြံမြေဈေးကလည်း မကျ ဘူး။ ရန်ကုန်ရဲ့ လူဦးရေကလည်း အမြဲတမ်း တက်နေတယ်။ နောက်ထပ် ဘယ်လောက် အထိ တိုးလာဦးမှာလဲ။ ဒါကြောင့် အငှားဈေးကတော့ ကျဖို့မရှိဘူး။
ဒေါ်မို့မို့အောင်
Ref:popularmyanamr

မြန်မာ အိမ်အကူများ ဟောင်ကောင် သွားအလုပ်လုပ်ဖို့ ပြင်ဆင်ပေးနေတယ်တဲ့ဗျာ.....

ကောင်းသေးရဲ့လားဗျ....သူများနိုင်ငံတွေက နိုင်ငံသိက္ခာကျလို့ တားမြစ်နေချိန်မှာ .....
အမီမြန်မာပြည်က ဘွဲ့ရမိန်းခလေးတွေက နိုင်ငံခြားမှာ အိမ်ဖော်လုပ်ဖို့ကြိုးစားနေတယ်တဲ့... ဒီထက်နိုင်ငံတကာ အသိမှတ်ပြု ဒီပလိုမာလေး အချိန်နဲနဲ လေးပေးပြီး နဲနဲလောက်ကြိုးစားလိုက်ရင် Customer Service ဖြစ်တဲ့ Admin, Reception, Hotel Waiter, ဟိုတယ်လိုနေရာတွေမှာ လုပ်လို့ရရက်သားနှင့်ဗျာ.... အဆင့်အတန်း အများကြီး ကွာခြားလှပါတယ်....

ဒီလို အိမ်ဖော်နှင့် ၀င်သွားရင် စကာင်္ကူမှတော့ တသက်လုံး အိမ်ဖော်အနေနှင့်ဘဲ မြင်နေကျတော့ PR(အမြဲနေထိုင်ခွင့်)ကို PR အမျိုးသားကလျှေက်ပေးတာတောင် PRမကျလို့ မရတာကိုတွေဖူးပါတယ်လို့ သတိပေးချင်ပါတယ်...


စိုးစန္ဒာဦး| December 26, 2013




အိမ်အကူ, စင်္ကာပူ, ဟောင်ကောင်, အလုပ်လက်မဲ့နှုန်း, အလုပ်သမားဝန်ကြီး
စင်ကာပူမှာ အလုပ်လုပ်နေသော ဖိလစ်ပိုင်မှ အိမ်အကူကို ၂၀၀၈ ခုနှစ်အတွင်း ဓာတ်ပုံမှတ်တမ်း တင်ခဲ့စဉ်က (ဓာတ်ပုံ – Reuters)

မြန်မာ အစိုးရက စင်္ကာပူနိုင်ငံသို့ အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်ရန် ခွင့်ပြုခဲ့ပြီးနောက် ဟောင်ကောင်တွင် အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်ခွင့်ပြုခဲ့သည့်အတွက် မြန်မာနိုင်ငံမှ အိမ်အကူ အဖြစ် လုပ်ကိုင်မည့်သူများ ဟောင်ကောင်သို့ သွားရောက်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။
မြန်မာ အစိုးရက ပြည်တွင်းတွင် အလုပ်လက်မဲ့နှုန်းကို လျှော့ချရန်နှင့် အိမ်နီးချင်းနိုင်ငံများသို့ တရားမ၀င် သွားရောက် အလုပ်လုပ်နေခြင်းကို တားဆီးနိုင်ရန် ပြည်တွင်း အိမ်အကူ အလုပ်သမားများအတွက် ရွေးချယ်စရာများ ချဲ့ထွင်ပေးနေသည်။
အစပိုင်းတွင် ဟောင်ကောင်သို့ အိမ်အကူ၂၀၀ သွားရောက်ခွင့်ပြုမည်ဟု အလုပ်သမားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။ မြန်မာအလုပ်သမား အေဂျင်စီတခု ဖြစ်သည့် Gold Mine မှတဆင့် အလုပ်သမား ၆၀ နောက်လအတွင်းတွင် စတင်၍ အလုပ်ခွင်ဝင်တော့မည်ဟုလည်း သိရသည်။
“ဈေးကွက် တောင်းဆိုမှုကို ကျနော်တို့ အလေးထားရပါမယ်။ ဟောင်ကောင်မှာက မြန်မာအိမ်အကူတွေအတွက် ဈေးကွက် ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာတွေက မိသားစုစိတ်ဓာတ်ရှိတယ်။ စိတ်ထားကောင်းပြီး အလုပ်ကြိုးစားကြတယ်လေ” ဟု သူက ဧရာဝတီသို့ အင်္ဂါနေ့ကပြောသည်။
အလုပ်သမားဝန်ကြီး ဌာနက ဟောင်ကောင်ကို ရွေးချယ်ခဲ့ရခြင်းမှာ အိမ်အကူများအတွက် ဟောင်ကောင်တွင်ရရှိနိုင်သော လုပ်ခလစာမှာ အခြားနေရာများနှင့် နှိုင်းယှဉ်ပါက ပိုမိုရရှိနိုင်သောကြောင့်ဖြစ်သည်ဟု သိရသည်။ စင်္ကာပူနိုင်ငံတွင် အိမ်အကူများအနေဖြင့် တလလျှင် အမေရိကန်ဒေါ်လာ ၃၀၀ မျှသာ ရရှိနိုင်ပြီး ဟောင်ကောင်တွင် အမေရိကန်ဒေါ်လာ ၅၀၀ ခန့် ရရှိနိုင်သည်။
ဟောင်ကောင်ရှိ မြန်မာကောင်စစ်ဝန်ရုံးကလည်း ဟောင်ကောင်တွင် အိမ်အကူလုပ်သားများကို ကာကွယ်ပေးသည့် အလုပ်သမား ဥပဒေများ ချမှတ် ကျင့်သုံးလျှက်ရှိကြောင်းပြောသည်။ အခြားသော အာရှနိုင်ငံများတွင် အိမ်အကူ များအနေဖြင့် ဆိုးရွားခက်ခဲသော အခြေအနေများတွေ့ကြုံနေကြရသည်။
အလုပ်သမားဝန်ကြီးဌာနက စင်္ကာပူ၊ ဟောင်ကောင်နှင့် နောက်ပိုင်းတွင် မြန်မာအိမ်အကူများသွားရောက် အလုပ်လုပ် ကိုင်ရန်ခွင့်ပြုပေးမည့် မည်သည့်နိုင်ငံတွင်မဆို အလုပ်သမားရေးရာ သံတမန်ရုံး များ ရုံးထိုင်သွားရန် စီစဉ်နေသည် ဟုလည်း သိရသည်။
“ကျနော်တို့ ဟောင်ကောင်က မြန်မာကောင်စစ်ဝန်ရုံးနဲ့ ဆက်သွယ်ထားပါတယ်။ အိမ်အကူတွေ မတရားမှုနဲ့ ကြုံရရင် အဖြေတခုရှာပါမယ်။ မြန်မာအလုပ်သမားတွေ အတွက် ဒါက အရေးအကြီးဆုံးဖြစ်ပါတယ်။ သူတို့ဟာ တရားဝင် အလုပ် သမားဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကျနော်တို့ အပြည့်အ၀ တာဝန်ယူထားပါတယ်။ ဒါပေမယ့် သူတို့ က တရားဝင်ဖြစ်ရင်တော့ ပိုကောင်းပါတယ်။ ဒါမှ ကျနော်တို့က သူတို့ကို ကာကွယ်ပေးနိုင်မယ်။” ဟု အလုပ်သမား ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းကြိုင်က ဧရာဝတီသို့ပြောသည်။
အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုဖြစ်သည့် Gold Mine ၏ အစီအစဉ်ဖြင့် ဇန်န၀ါရီလအတွင်း မြန်မာ အိမ်အကူ ၆၀ ဟောင်ကောင်သို့ သွားရောက်ကြမည်ဖြစ်သည်။ ၎င်းတို့၏ စာချုပ်သက်တမ်းမှာ ၂ နှစ်ဖြစ်သည် ဟုသိရသည်။
“အလုပ်သမားတွေကို တနေ့မှာ ၂၄ နာရီလုံး ဂရုစိုက်ပေးသွားပါမယ်။ သူတို့မှာ အခက်ခဲကြုံလာရင် ကျနော်တို့ရုံးကို အကြောင်းကြားနိုင်ပါတယ်။ ကျနော်တို့မှာ မြန်မာ စကားပြန်တွေလည်း ရှိပါတယ်” ဟု Gold Mine ၏ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။
အလုပ်သမား ၀န်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် အညီ မြန်မာနိုင်ငံမှ ဟောင်ကောင်သို့ သွားရောက်ရန် ကုန်ကျ စားရိတ်ကို အေဂျင်စီက ကျခံသွားပြီဖြစ်ပြီး အလုပ်သမား၏ ပထမ လေးလအတွက်လစာအတွင်းမှ ပြန်လည်ဖြတ် တောက် သွားမည် ဟုလည်း သိရသည်။ အလုပ်သမားများအနေဖြင့် ရရှိသောငွေကြေးကို မြန်မာနိုင်ငံမှ မိသားစုများထံသို့ အခမဲ့ ပြန်လည်ပေးပို့ နိုင်မည်ဟုလည်း ဆိုသည်။ တပတ်လျှင် ၆ရက် အလုပ်လုပ်ရမည်ဖြစ်ပြီး အချိန်ပိုအတွက် ၂ဆ ရရှိမည် ဟုလည်း သိရသည်။
Gold Mine အေဂျင်စီတွင် လေ့ကျင့်သင်တန်းပေးနေသည့် ဒေါ်အေးအေးသန်းက အိမ်အကူများအနေဖြင့် အင်္ဂလိပ်ဘာသာ နှင့် တရုတ်ဘာသာကို လေ့လာရန် အရေးကြီးကြောင်းပြောသည်။
“၈ တန်း သို့မဟုတ် ၉ တန်းအောင်တဲ့သူတွေကို လျှောက်ခွင့်ပေးပါတယ်။ ဒါပေမယ့် လာလျှောက်တဲ့သူ ၃ ပုံ ၁ ပုံလောက်က ဘွဲ့ရတွေနဲ့ ၁၀ တန်း အောင်ပြီးသားတွေ ဖြစ်နေတယ်” ဟု သူက ပြောသည်။
အစိုးရက ယခုနှစ် အစောပိုင်းတွင် စင်္ကာပူနိုင်ငံသို့ အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်ရန် လျှောက်ထားခွင့်ပေးခဲ့သဖြင့် စင်္ကာပူသို့ မြန်မာ အိမ်အကူ ၂၀၀ ကျော်ပို့ပေးခဲ့ပြီး ဖြစ်သည်။

၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံက ၎င်းတို့နိုင်ငံသားများကို နိုင်ငံရပ်ခြားသို့ အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်ခြင်းကို တားမြစ်တော့မည်ဟု ကြေညာခဲ့ပြီးနောက် ဟောင်ကောင်တွင် အိမ်အကူ လိုအပ်မှု မြင့်တက်လာခဲ့သည်။ ဖိလစ်ပိုင် အိမ်အကူများကလည်း ဟောင်ကောင်မှာထက် လုပ်ခလစာ ပိုမိုရရှိနိုင်မည့် မကာအိုရှိ စက်မှုဇုန်များတွင် အလုပ် လုပ်ခွင့်ရနိုင်ရန် ကြိုးပမ်းနေကြသည်။

ယမကာ သွင်းကုန် မူဝါဒ ပြန်သုံးသပ်နေ !

ဈေးကွက်စီးပွားရေးလား? လက်ဝါးကြီးအုပ်စီးပွားရေးလား?

အမှန်တကယ် အခွန်လိုချင်ရင် တရားဝင် ခွင့်ပြုမိန့်ပါမစ်တွေပေးပြီး တရားဝင်အခွန်ငွေတွေကောက် သင့်ပါတယ်....
နေရာတကာလက်ဝါးကြီးအုပ်ဖို့ဘဲစဉ်းစားနေရင်တော့ .....ဘယ်လိုမှ တရားမျှတဲ့ ဈေးကွက် စီးပွားရေုးု ဖြစ်လာမှာ မဟုတ်ပါဘူး.... အပြောနှင့်လက်တွေ့အများကြီး ကွာခြားနေပါတယ်...
ဘာမှမဟုတ်တဲ့ လက်လီသယ်ဆောင်လာတဲ့ လူထုတွေစီးပွားမဖြစ်လောက်တဲ့ ကယ်လီသမားတွေ (ပါမစ်မရတဲ့)သူတွေအဖမ်းပြနေတာကိုက လူမြင်ကောင်းတာဘဲရှိမယ်...အမှန်တကယ်သဘောင်္အစီးလိုက်
သယ်ဆောင်နေကျတဲ့သူတေံကျတော့ ဖမ်းစီးခြင်းမရှိတာကိုက....ကြည့်လိုက်တော့.....


ကျော်ဆုမွန်| December 24, 2013





မိုဘိုင်းအဖွဲ့က လက်လီအရောင်း ဆိုင်များထိပါ ရှာဖွေစစ်ဆေးနေ၍ နိုင်ငံခြားဖြစ် အရက်နှင့် ဝိုင်များ စားသုံးသူက ဈေးကွက်အတွင်း အလွယ်တကူ ရှာမရတော့ (ဓာတ်ပုံ – ဧရာဝတီ)


တရားမ၀င် တင်သွင်းထားသည့် အရက်များ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသော လက်လီအရောင်းဆိုင်များကို အငြင်းပွားဖွယ်ရာ ဖမ်းဆီးနှိမ်နင်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံခြားမှ တင်သွင်းသည့် ယမကာများအပေါ် တင်းကြပ်စွာ ကန့်သတ်ထားခြင်းများ ကို ဆက်လက်ထားရှိရန် သင့်မသင့် သုံးသပ်သည့်အနေဖြင့် အရက်တင်သွင်းမှု ဥပဒေကို ပြန်လည်လေ့လာသုံးသပ်ခြင်းများ စတင်ပြုလုပ်နေပြီဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဥပဒေပညာရှင်များနှင့် အဆိုပါလုပ်ငန်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများ ဖြစ်သော ပြည်တွင်း အရက်ထုတ်လုပ်ရေး လုပ်ငန်းရှင်များ၊ အကောက်ခွန်လွတ် အရောင်းဆိုင်ရှင်များ၊ ဟိုတယ် မန်နေဂျာများ၊ အကောက်ခွန်ဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဥပဒေမှ ပြောင်းလဲရန် ဖြစ်နိုင်သည့် အချက်များနှင့်  လတ်တလော ဖမ်းဆီး နှိမ်နင်းမှုများကြောင့် စီးပွားရေးကို မည်သို့ ထိခိုက်ခဲ့သည်ကို သိရှိနိုင်အတွက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

“ကျနော်တို့ ရေရှည်ကို ကြည့်ပြီးတော့ ဒီကိစ္စရဲ့ အကျိုးဆက် အားလုံးကို စဉ်းစားသုံးသပ်ရပါမယ်” ဟု ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က ဧရာဝတီသို့ ပြောသည်။ “အိမ်နီးချင်း နိုင်ငံတွေမှာ အရက်နဲ့ ပတ်သက်လို့ တင်သွင်းမှု ဥပဒေတွေ ဘယ်လို အသုံးချတယ်၊ သူတို့ ဘယ်လို အခွန်ကောက်တယ်၊ အကျိုးသက်ရောက်မှုက ဘယ်လိုရှိတယ် ဆိုတာတွေကို ကျနော်တို့ လေ့လာသွားပါမယ်” ဟု သူကဆိုသည်။

“တကယ်လို့ ကျနော်တို့က ၀ိုင်တင်သွင်းခွင့်ပြုမယ်ဆိုရင် ဘယ်သူ့ကို တင်သွင်းခွင့်ပြုမလဲ၊ ဘယ်လိုစစ်ဆေးမလဲ၊ ဘယ်လို အခွန်မျိုး ကောက်ခံမလဲ ဒီအချက်တွေက အတော်လေး ဆက်စပ်နေပြီးတော့ ထည့်သွင်း စဉ်းစားသင့်တာတွေ ဖြစ်ပါတယ်” ဟု ဦးသန်းအောင်ကျော် ကပြောသည်။
အပြောင်းအလဲများက မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာဖွယ်မရှိ ဟုလည်း သူက သတိပေးလိုက်သည်။

“၀ိုင်တင်သွင်းခွင့်ပြုတော့မယ်လို့ တချိုကပြောကြတယ်။ အဲဒါ မမှန်ပါဘူး။ ဒီအချက်တွေကို ကျနော်တို့ စဉ်းစား သုံး သပ်နေတုန်းပဲ ရှိပါသေးတယ်။ နောက်ပြီး ဒီကုန်ပစ္စည်းတွေကို ခွင့်ပြုသင့် မသင့်ဆိုတာကို ဆုံးဖြတ်ဖို့အတွက် အချိန်ယူပြီး စောင့်ကြည့်ဖို့လိုပါတယ်” ဟုလည်း သူကပြောသည်။

ထို့ပြင် ၀န်ကြီးဌာန အနေဖြင့်လည်း ဥပဒေက ပြည်တွင်းထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချသူများကို မည်သို့ သက်ရောက်မှုရှိသည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု ဦးသန်းအောင်ကျော်က ပြောသည်။ “ကျနော်တို့ ပြောနိုင်သမျှကတော့ သွင်းကုန် ဥပဒေနဲ့ ပတ်သက်တာတွေ အားလုံးကို ကျနော်တို့ ပြန်လည်သုံးသပ်လေ့လာနေတယ် ဆိုတာပါပဲ” ဟု သူကဆိုသည်။

၁၉၉၀ နှစ်များ အလယ်ပိုင်းလောက်ကစ၍ အစိုးရက အရက်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး နှင့် အခြားသော ဇိမ်ခံပစ္စည်းများ တင်သွင်းခြင်းကို ပိတ်ပင်တားမြစ်ခဲ့ပြီး သတ်မှတ်ပေးထားသည့် ဟိုတယ်များနှင့် အကောက်ခွန်လွတ် ဆိုင်များကိုသာ ထိုပစ္စည်းများတင်သွင်းခွင့်ပြုခဲ့သည်။ အဆိုပါ ပိတ်ပင်မှုသည် စစ်တပ်နှင့် ခရိုနီများပိုင်ဆိုင်သည့် ကုမ္ပဏီများကသာ စီးပွား ရေးကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ခွင့်ပြုထားသည့် ယခင်စစ်အစိုးရ၏ မူဝါဒများအနက်မှ အစိတ်အပိုင်းတခု ဖြစ်သည်။

သို့သော်လည်း လွန်ခဲ့သည့် လအနည်းငယ် အတွင်းတွင် ဥပဒေကို ပိုမိုတင်းကြပ်စွာ ကိုင်တွယ်လုပ်ဆောင်လာပြီး အောက်တိုဘာလမှ စ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန နှင့် ရဲတပ်ဖွဲ့ တို့ပါဝင် သည့် မိုဘိုင်းစစ်ဆေးရေး အဖွဲ့နှစ်ခုက လက်လီအရောင်းကုမ္ပဏီများ၏ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ကုန်လှောင်ရုံများကို အရက်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးနှင့် ပြင်ဆင် ထားသည့် အေးခဲအစားအစာများ ကို တရားဝင် တင်သွင်းခြင်း ဟုတ် မဟုတ် ၀င်ရောက်ရှာဖွေစစ်ဆေး သိမ်းဆည်းခဲ့သည်။

ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက်တွက် မြန်မာနိုင်ငံ၏ အကြီးဆုံး လက်လီအရောင်းကုမ္ပဏီတခု ဖြစ်သည့် City Mart Holding မှ ပိုင်ဆိုင်သည့် ထောက်ပံ့ရေးလုပ်ငန်း ဖြစ်သော Premium Food Service Products မှ ဒါရိုက်တာတဦးနှင့်  ရန်ကုန်ရှိ အရက်နှင့် အဖျော်ယမကာ ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းကြီးတခုဖြစ်သည့် Quarto Products မှ ဒါရိုက်တာတဦး ဖမ်းဆီး တရားစွဲဆိုခြင်း ခံခဲ့ရသည်။

လက်လီရောင်းချသူ အများက ဖမ်းဆီးသိမ်းယူခံရမည်ကို စိုးရိမ်ပြီး နိုင်ငံခြားအရက်များ ရောင်းချခြင်းကို ရပ်ဆိုင်း လိုက်သည့်အတွက် ဈေးကွက်တွင် အရက်ပြတ်တောက်မှုဖြစ်ပေါ်လာပြီး စားသုံးသူများနှင့် စားသောက်ဆိုင်များကလည်း ဝေဖန်ပြောဆိုမှုများ ရှိလာသည်။

အစိုးရက လက်ရှိပြုလုပ်နေသည့် ဖမ်းဆီးနှိမ်နင်းမှုသည် ၎င်းတို့ကိုသာ ဦးတည်ချက်ထားနေခြင်း ဖြစ်သည့် အတွက် တရားမျှတမှုမရှိ ဟု ခံစားရကြောင်း လက်လီရောင်းချသူများကပြောကြသည်။

Premium Food Service Products မှ သိုလှောင်ထားသည့် အရက်များကို ထူးကုမ္ပဏီ အုပ်စုနှင့် ACE ကုမ္ပဏီ အုပ်စုတို့ ပိုင်ဆိုင်သော ကုမ္ပဏီများမှ တဆင့်ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကုမ္ပဏီ အုပ်စုများကို လူသိများသည့် မြန်မာလုပ်ငန်းရှင် ဦးတေဇနှင့် အားကစားဝန်ကြီးဌာန ၀န်ကြီး ဦးတင့်ဆန်း၏ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းတို့က အသီးသီးပိုင်ဆိုင် ကြသည်။ ရှာဖွေဖမ်းဆီးမှုများ စတင်သည့်အချိန်မှစ၍ ထိုကုမ္ပဏီကြီးများကို အရေးယူခြင်း လုံးဝမရှိခဲ့ပေ။

မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်းက သွင်းကုန်ဥပဒေကို ပြန်လည်စဉ်းစား သုံးသပ်ပေးပါရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသို့ စာရေးသားတောင်းဆိုခဲ့သော်လည်း လတ်တလောပြုလုပ်သည့် ဖြစ်နိုင်ချေရှိသည့် ပြောင်းလဲမှုများနှင့် ပတ်သက်သော အစည်းအဝေးသို့ ၎င်းတို့ အသင်းကို ဖိတ်ကြားခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း မှ ပြောရေးဆိုခွင့် ရှိသူတဦးက “လက်ရှိအချိန်မှာတော့ ကျနော်တို့ အခက်အခဲတွေအများကြီး ကြုံတွေ့နေရတယ်။ ဖောက်သည် တွေကလည်း နေ့တိုင်း ပြောနေကြပြီ။ ၀ယ်လိုအားက အရမ်းတက်နေတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။

ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က ဥပဒေတွင် အပြောင်းအလဲအများလုပ်လိုက်ပြီး နောက်ပိုင်းတွင် တင်သွင်းသူများရော၊ လက်လီရောင်းချသူများပါ အကျိုးအမြတ် ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။ “ကျနော်တို့ ပြည်သူတွေရဲ့ အသံကိုလည်း နားထောင်ရပါမယ်” ဟု သူကဆိုသည်။

သို့သော် နိုင်ငံခြား ဧည့်သည်များ ၀င်ရောက်မှု အမြင့်ဆုံးအချိန်တွင် အရက်ရှားပါး ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ခြင်းကိုမူ အလေးထားနေမည် မဟုတ်ကြောင်း သူက ထပ်ပြောသည်။

Ref:irrwadduburmese




Sunday, December 29, 2013

မျက်စိ ကျန်းမာရေး အတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်

Photo: မျက်စိ ကျန်းမာရေး အတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်
=================================

၁။ကန်စွန်းဥစားပါ

ကန်စွန်းဥမှာ ညဘက် အမြင် အာရုံ အားကောင်းစေတဲ့ ဗီတာမင်အေ များစွာ ပါဝင်ပြီး မုန်လာဥ (Beetroot)မှ ပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြော ငယ်တွေ သွေးယို စိမ့်မှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် Retinopathy (မျက်စိ မမြင်ရတဲ့ အကြောင်းရင်း တစ်ခု) မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

၂။ ကွန်ပျူတာ ကြည့်တာ လျှော့ပါ။

အခန်း အပူချိန် လျှော့ထားပါ အသင့်မျက်လုံးနဲ့ လေထုကို ခြောက်သွေ့ စေနိုင်လို့ပါ။ ပတ်ဝန်းကျင် စွတ်စိုမှုရှိအောင် သစ်ပင် အနည်းငယ် စိုက်ထားပေးပါ။

၃။ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်း လုပ်တာကြောင့် မျက်စိအတွင်း ဖိအားတွေ လျှော့ချနိုင်ပြီး အတွင်းတိမ် မဖြစ်အောင် ကာကွယ် ပေးနိုင် ပါတယ်။ လေ့လာမှု တစ်ခုအရ တစ်ကြိမ်ကို မိနစ် ၄၀ ခန့်၊ တစ်ပတ်ကို လေးကြိမ် လမ်းလျှောက်တဲ့ လေ့ကျင့်ခန်း လုပ်သူတွေဟာ ရေတိမ် ဖြစ်နိုင်ခြေကို အများကြီး လျှော့ချနိုင်တယ်လို့သိရပါတယ်။

၎။ နံနက်စာ အတွက် ဘလူးဘယ်ရီစားပါ

ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်မှုများတဲ့ ဘလူးဘယ်ရီသီးကို နံနက်စာအဖြစ် စားသုံးပေးပါက အသက် ၅၀ ကျော်ရင် ဖြစ်တတ်တဲ့ အသက်အရွယ်နဲ့ ဆက်စပ်တဲ့ မျက်စိအမြင်အာရုံ ဆုံးရှုံးမှု (AMD) မဖြစ်အောင် ကာကွယ်နိုင်ပေးပါတယ်။ ကျန်းမာရေးကို မြှင့်တင်နိုင်ဖို့ ဒိန်ချဉ်နဲ့ အတူ တွဲစားပါ။

၅။ မွှေးရနံ့ ရှူပါ

စံပယ်ပန်းရနံ့ပါဝင်တဲ့ ရနံ့ဆီကို ပခုံးမှာ ဆွတ်ထားပြီး ရှူပေးပါ။ ဦးနှောက်အတွင်း ဘီတာလှိုင်း တွေ ပိုများလာပြီး ပိုမိုတက်ကြွမှု ရှိလာနိုင်တဲ့အတွက် အာရုံ စူးစိုက်မှုလည်း ပိုကောင်း လာပါတယ်။

ဒေါက်တာခင်မိုးမိုး

http://www.myawady.net.mm/preventing/item/4210-2013-01-12-10-51-51


၁။ကန်စွန်းဥစားပါ

ကန်စွန်းဥမှာ ညဘက် အမြင် အာရုံ အားကောင်းစေတဲ့ ဗီတာမင်အေ များစွာ ပါဝင်ပြီး မုန်လာဥ (Beetroot)မှ ပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြော ငယ်တွေ သွေးယို စိမ့်မှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် Retinopathy (မျက်စိ မမြင်ရတဲ့ အကြောင်းရင်း တစ်ခု) မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

၂။ ကွန်ပျူတာ ကြည့်တာ လျှော့ပါ။

အခန်း အပူချိန် လျှော့ထားပါ အသင့်မျက်လုံးနဲ့ လေထုကို ခြောက်သွေ့ စေနိုင်လို့ပါ။ ပတ်ဝန်းကျင် စွတ်စိုမှုရှိအောင် သစ်ပင် အနည်းငယ် စိုက်ထားပေးပါ။

၃။ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်း လုပ်တာကြောင့် မျက်စိအတွင်း ဖိအားတွေ လျှော့ချနိုင်ပြီး အတွင်းတိမ် မဖြစ်အောင် ကာကွယ် ပေးနိုင် ပါတယ်။ လေ့လာမှု တစ်ခုအရ တစ်ကြိမ်ကို မိနစ် ၄၀ ခန့်၊ တစ်ပတ်ကို လေးကြိမ် လမ်းလျှောက်တဲ့ လေ့ကျင့်ခန်း လုပ်သူတွေဟာ ရေတိမ် ဖြစ်နိုင်ခြေကို အများကြီး လျှော့ချနိုင်တယ်လို့သိရပါတယ်။

၎။ နံနက်စာ အတွက် ဘလူးဘယ်ရီစားပါ

ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်မှုများတဲ့ ဘလူးဘယ်ရီသီးကို နံနက်စာအဖြစ် စားသုံးပေးပါက အသက် ၅၀ ကျော်ရင် ဖြစ်တတ်တဲ့ အသက်အရွယ်နဲ့ ဆက်စပ်တဲ့ မျက်စိအမြင်အာရုံ ဆုံးရှုံးမှု (AMD) မဖြစ်အောင် ကာကွယ်နိုင်ပေးပါတယ်။ ကျန်းမာရေးကို မြှင့်တင်နိုင်ဖို့ ဒိန်ချဉ်နဲ့ အတူ တွဲစားပါ။

၅။ မွှေးရနံ့ ရှူပါ

စံပယ်ပန်းရနံ့ပါဝင်တဲ့ ရနံ့ဆီကို ပခုံးမှာ ဆွတ်ထားပြီး ရှူပေးပါ။ ဦးနှောက်အတွင်း ဘီတာလှိုင်း တွေ ပိုများလာပြီး ပိုမိုတက်ကြွမှု ရှိလာနိုင်တဲ့အတွက် အာရုံ စူးစိုက်မှုလည်း ပိုကောင်း လာပါတယ်။

ဒေါက်တာခင်မိုးမိုး


အိမ်တွင်းလေသန့် ပင်( ၆ )မျိုး

We don't need neither air fresher nor Ozonizer.
6 Air Purifying House Plants !!
အိမ်တွင်းလေသန့် ပင်( ၆ )မျိုး
**********************



1. Bamboo Palm: It removes formaldahyde and is also said to act as a natural humidifier.
ဝါးအုန်းပင်။ ။ အရောင်မဲ့ ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့ ဖယ်ထုတ်။
2. Snake Plant: It absorb nitrogen oxides and formaldahyde.
မြွေဂမုန်း။ ။ နိုက်ထရိုဂျင်အောက်ဆိုဒ် နှင့် အရောင်မဲ့ ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့ စုပ်ယူ။
3. Areca Palm: One of the best air purifying plants for general air cleanliness.
ကွမ်းသီးပင်။ ။အကောင်းဆုံး လေသန့် ပင်။
4. Spider Plant: Great indoor plant for removing carbon monoxide and other toxins or impurities. Spider plants are one of three plants NASA deems best at removing formaldahyde from the air.
ပင့်ကူ ဂမုန်း။ ။ အလွန်ကောင်းသော အိမ်တွင်းပင်။ ကာဘွန်မိုနော့ဆိုဒ် နဲ့ အခြား အဆိပ်ငွေ့ နဲ့ မသန့် စင်မှူတွေ ဖယ်ရှား။ NASA ရဲ့ သတ်မှတ်ချက် အဆင့် ၃။
5. Peace Lily: Peace lilies could be called the “clean-all.” They’re often placed in bathrooms or laundry rooms because they’re known for removing mold spores. Also know to remove formaldahyde and trichloroethylene.
ရှင်သီဝလိ ဂမုန်း။ ။ အားလုံးသန့် လို့ တောင်ခေါ်သင့်။ ရေချိုးခန်း အိပ်ခန်းတွေမှာထား။
မျိုးအောင်းစေ့ဘက်တီးရီးယားတွေတောင် ဖယ်ရှားနိုင်။ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့ တြိုင်ကလိုရို အီသိုင်လင်း ဓာတ်ငွေ့  ဖယ်ရှား။
6. Gerbera Daisy: Not only do these gorgeous flowers remove benzene from the air, they’re known to improve sleep by absorbing carbon dioxide and giving off more oxygen over night.
share with friends and family
ဂန္ဓမာ ဒေစီ။ ။အခန်းအနား အလှဆင်ပန်း သာမက လေထဲက ဘင်ဇိုင်းကို ဖယ်ရှားပြီး ကာဘွန်ဒိုင်အောက်ဆိုဒ် စုပ်ယူ အောက်စီဂျင် ထုတ်လွှတ်ပေး။
MTHN(UNIM) trsl & ref; i useful
=====================================


https://m.facebook.com/photo.php?fbid=569324093155806&id=554800734608142&set=a.554802261274656.1073741826.554800734608142&source=46&__user=100003941173332


Credit @ Ko Nge

Enervon C ရေရှည်စွဲမသောက်သင့်တဲ့ အားဆေး

Enervon C ရေရှည်စွဲမသောက်သင့်တဲ့ အားဆေး


မြန်မာနိုင်ငံဆေးဈေးကွက်ထဲမှာ သုံးစွဲသူ တော်တော်များတယ်။
ဆေးသောက်ပြီးရင် လူကိုကြည်လင်လန်းဆန်းစေတယ်။
အားအင်ပြည့်ဖြိုးစေတယ်။ အလုပ်ပိုလုပ်နိုင်တယ်။စွဲသောက်သူတချို့က ဒီဆေးသောက်မှလန်းတယ်ထင်ကြတယ်။တချို့က ဆေးမသောက်ရင် နေလို့မကောင်းတာမျိုးထိရှိတယ်။
ဒါ့ကြောင့် တခါဆေးပြတ်သွားတုန်းက တစ်လုံးကို ၂၀၀၊၂၅၀ထိ ပေးသောက်ကြတာပဲ။
ဒီအချက်တွေဟာ သုံးစွဲသူတွေအဖို့ မှန်ကောင်းမှန်ပါလိမ့်မယ်။
သို့သော် ပြဿနာတခုက ရေရှည်မသောက်သင့်တဲ့ဆေးကို စွဲသောက်နေကြတာပဲ။
Enervon-Cထဲမှာ vitamin C 500mg ပါဝင်တာကြောင့် ရေရှည်စွဲသောက်ရင် ဆီးကျောက်တည်တာမျိုးတွေ ဖြစ်တတ်တယ်။
စာထဲတင်မက လက်တွေ့ဆေးခန်းလာသူတွေထဲမှာပါ ဒီလိုလူနာတယောက်မက၊နှစ်ယောက်မက တွေ့နေရပါတယ်။
တရက် တစ်လုံးကို ၃နှစ်မှ ၅နှစ်ထိစွဲသောက်သူတွေမှာ ဒီလိုပြဿနာတွေ တွေ့ရတယ်။

Enervon-Cဟာ Caplet ပုံစံနဲ့လာတယ်။လိမ္မော်ရောင် အလုံးတောင့်လေးတွေဖြစ်တယ်။အလုံး ၃၀ပါဗူးနဲ့၁၀၀ပါဗူးဆိုပြီး နှစ်မျိုးလာတယ်။ဒီလိုပုံစံအားဆေးတွေဟာ လေဝင်ရင် အမဲပြောက်လေးတွေ ထင်ကျန်တတ်တယ်။
Enervon-Cဟာ packingပုံစံကောင်းတယ်လို့ ဆိုနိုင်တယ်။
အတွေ့အကြုံအရ တခြားဆင်တူဆေးတွေမှာ လေဝင်တဲ့အခါ အမဲပြောက်လေးတွေ တွေ့ရတတ်ပေမယ့် EC မှာတော့ သိပ်မတွေ့ရဘူး။အကယ်၍ ဒါမျိုးဖြစ်လာရင် ဆက်သောက်ဖို့ မကြိုးစားပါနဲ့။

အရပ်အခေါ် ECထဲမှာ ဘာတွေပါလဲ။
Vitamin C 500mg
Vitamin B1. 50mg
Vitamin B2. 20mg
Vitamin B3(niacinamide). 50mg
Vitamin B5(calcium pantothenate). 20mg
Vitamin B6. 5mg
Vitamin B12. 5mcg

Enervon-Cထဲမှာ အဓိကပါဝင်တဲ့ vitamin C 500mgဟာ စိတ်အာရုံကြည်လင် လန်းဆန်းစေတယ်။ ခုခံအားတက်စေတယ်။ စိတ်ဖိစီးမှု ကင်းဝေးစေတယ်။
ကျန်တဲ့ vitamin Bအုပ်စုတွေက အားအင်ပြည့်ဖြိုးစေတယ်။သက်လုံကောင်းစေတယ်။နေ့စဉ်လိုအပ်တဲ့ပမာဏ RDAထက် ပိုမိုထည့်သွင်းထားတယ်။ရောဂါကုသဖို့သုံးစွဲတဲ့ ပမာဏမျိုးဖြစ်တယ်။anti-stress formula အရ စိတ်ဖိစီးမှုအတွက် သီးသန့်ထုတ်လုပ်ထားတယ်လို့ ဆိုတယ်။

Vitamin Cဆိုတာ......
-သက်ရှိဆဲလ်တွေပုံမှန် ကြီးထွားဖွံ့ဖြိုးဖို့ ဗီတာမင်စီဓာတ် လိုအပ်တယ်။
-ဆဲလ်တွေ ပြုပြင်ပြောင်းလဲပေးရာမှာ အဓိကကျတယ်။
-သို့သော် လူ့ခန္ဓာကိုယ်က ဗီတာမင်စီကို မထုတ်လုပ်နိုင်လို့ အစားအသောက်၊ဆေးဝါးစတာတွေနဲ့ ဖြည့်တင်းပေးရတယ်။
-ဟင်းသီးဟင်းရွက်၊သစ်သီးဝလံတော်တော်များများမှာ ဗီတာမင်စီပါဝင်ကြတယ်။အထူးသဖြင့် အချဉ်ဓာတ်များတဲ့အစာတွေထဲမှာ ပိုမိုပါဝင်တယ်။
-အစားအသောက်က လုံလောက်အောင်မရရင် သောက်ဆေးပေးပြီး ပြန်ဖြည့်ရတယ်။
-သိပ်များသွားရင်လည်း လူကိုဒုက္ခပေးမယ်။
-water-soluble vitaminအရည်ထဲမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်တမျိုးဖြစ်တယ်။
-ရေထဲမှာ ပျော်ဝင်တာကြောင့် တော်ရုံ များတာလောက်ကို ဆီးထဲက စွန့်ထုတ်ပစ်နိုင်တယ်။
- ကြာရှည်သောက်သုံးရင် ကျောက်ကပ်က လုံလောက်အောင် စွန့်ထုတ်မပေးနိုင်ဘဲ အနည်ထိုင်ပြီး ဆီးကျောက်တည်တာမျိုးဖြစ်လာတယ်။
-တွေ့ရှိချက်တွေအရ သောက်သင့်တဲ့ပမာဏထက် ပိုမိုသောက်သုံးမှသာ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတယ်။

Vitamin Cရဲ့ကောင်းကျိုးတွေလဲ မနည်းလှဘူး။
-စိတ်ဖိစီးမှု လျှော့နည်းစေတယ်။
-သံဓာတ်စုပ်ယူမှု အားကောင်းစေတယ်။
-ကိုလက်စတောကျစေတယ်။
-လေဖြတ်နိုင်ချေ ကျဆင်းစေတယ်။
-နှလုံး၊သွေးတိုး စတဲ့ရောဂါတွေ ကာကွယ်ပေးတယ်။
-သွားဖုံးရောင်တာ၊သွေးထွက်တာတွေ အသုံးဝင်တယ်။
-အနာကျက်မြန်စေတယ်။အရောင်ကျစေတယ်။
-ခုခံအားတက်စေတယ်။
-အအေးမိ၊တုပ်ကွေး ကာကွယ်ကုသဖို့ အသုံးပြုတတ်ကြတယ်။

-antioxidant ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ လူသိများတယ်။
-ရေတိမ်စတဲ့ မျက်စိရောဂါတွေအတွက် အသုံးကျတယ်။
-ခဲဆိပ်သင့်သူတွေမှာ အကျိုးများမယ်။
-collagen များစေလို့ အသားရည်တွန့်သူတွေ သုံးစွဲသင့်တယ်။
-အရက်၊ဆေးလိပ်သောက်သူတွေမှာ ပိုလိုအပ်တယ်။

တနေ့ကို ပုံမှန် ဗီတာမင် စီ ဘယ်လောက်လိုလဲ။
အသက်အရွယ်၊ကျား မ၊ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်စတာတွေပေါ်မူတည်ပြီး မတူညီကြဘူး။
-ပုံမှန်အားဖြင့် ယောကျာင်္းလေးတွေဟာ 90mgလိုအပ်ပြီး မိန်းကလေးတွေဟာ 75mg လိုအပ်တယ်။
-နို့တိုက်မိခင်တွေမှာ ပိုလိုအပ်တယ်။တနေ့ကို 120mg လိုအပ်တယ်။
-ဆေးလိပ်သောက်တတ်သူတွေ အနည်းဆုံး vitamin C 100mgလိုအပ်တယ်။
-ကိုယ်ဝန်ဆောင်မှာ 75mg လိုအပ်တယ်။
-လူပျိုပေါက်(၁၂-၁၈နှစ်)တွေဟာ 70mg လိုအပ်တယ်။
-ကလေးတွေဟာ 30mgလောက် ပုံမှန်လိုအပ်တယ်။

ပုံမှန်လူတယောက်ဟာနေ့စဉ် vitamin C 75-90mg လိုအပ်တယ်လို့ သတ်မှတ်ထားတယ်။Maximum doseအများဆုံးသောက်သုံးနိုင်တဲ့ ပမာဏကို 2000mg လို့သတ်မှတ်ထားတယ်။ဒါကလည်း ရောဂါကုသဖို့သတ်မှတ်ထားတဲ့ ပမာဏသာဖြစ်ပါတယ်။တချို့ကလည်း နေ့စဉ် vitamin C 500mgထိ လိုအပ်တယ်လို့ အငြင်းပွားကြတယ်။လေ့လာမှုတွေလုပ်ကြည့်တဲ့အခါ Normal dose သောက်သုံးသူတွေမှာ side effectမရှိပဲ higher dose ပမာဏများများကို ကြာရှည်စွဲသောက်သူတွေမှာ ဒုက္ခပေးတတ်တယ်။

ဘေးထွက်ဆိုးကျိုး
Nauseaပျို့တာ၊
Diarrheaဝမ်းလျှောတာ
Gastritisအစာအိမ်ရောင်တာ
Fatigueအားအင်ကုန်ခန်းတာ
Heart burnရင်ပူတာ
Intestinal Crampsဗိုက်နာတာ
Flushingအသားရည် ရဲတာ
Insomniaအိပ်မပျော်တာ

ပိုပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုး
Kidney stonesကျောက်ကပ်မှာ ကျောက်တည်တာ၊
Teeth erosionသွားပျက်ဆီးတာ၊
Blood clot in leg ခြေထောက်သွေးကြောပိတ်တာ၊

သတိထားသုံးစွဲသင့်တဲ့ရောဂါတွေ
-goutဂေါက်ရောဂါ
-sickle-cell anaemia သွေးအားနည်းရောဂါ
-cirrhosisအသည်းခြောက်ရောဂါ

Vitamin C ကို အသုံးချခြင်း
အရင်ခေတ်က scurvyခေါ်တဲ့ ဗီတာမင်စီချို့တဲ့ရောဂါ ကာကွယ်ဖို့၊ကုသဖို့ အသုံးချခဲ့တယ်။သဘောင်္သားတွေ၊ရေကြောင်းလုပ်သား၊ပင်လယ်ဓားပြတွေမှာ အတွေ့များတယ်။အခုခေတ်မှာတော့ ရှားပါးသွားပြီ။အအေးမိတုပ်ကွေး ကာကွယ်ဖို့၊ကုသဖို့ အသုံးပြုလာကြတယ်။လိုတာထက် ပိုတာကပိုခေတ်စားလာတယ်။ကြော်ငြာတွေကောင်းတာလဲ ပါလိမ့်မယ်။အသားအရည်၊ဆံပင် ကောင်းခြင်းငါးဖြာနဲ့ပြည့်စုံတယ်ဆိုတာမျိုးတွေ။ antioxidant ဓာတ်တိုးဆန့်ကျင်သတ္တိကြောင့် ကင်ဆာမဖြစ်စေဘူးဆိုတာမျိုးထိပါတယ်။ လက်ရှိချိန်ထိတော့ သက်သေမပြနိုင်သေးဘူး။ခေတ်ကိုက အင်တီအောက်ဆီးဒင့် ဆိုတာတွေကို အလေးထားပြောလာကြတဲ့ခေတ်မဟုတ်လား။အားဆေးတွေထဲမှာ ကျန်တာတွေမပါရင်နေမယ်။ဗီတာမင် ဘီနဲ့ စီကတော့ ပင်တိုင်ပါဝင်တယ်။ နေ့စဉ်စွဲသောက်သင့်တယ်၊မသင့်ဘူးဆိုတာ ပါဝင်တဲ့ mgပေါ်မူတည်တယ်။ဆေးတခုသောက်မယ်ဆိုရင် ပါဝင်တဲ့ပမာဏကလည်း အရေးကြီးတာ သတိပြုပါ။မသိရင်၊မသေချာရင် ဆရာဝန်နဲ့ သေချာမေးပြီးမှ သောက်သင့်တယ်။

အကြံပေးချက်
-ပင်ပန်းတယ်၊မလန်းဘူးထင်ရင်သောက်ပါ။
-အမြဲစွဲသောက်ဖို့ မကြိုးစားပါနဲ့။
-အစာစားပြီးမှ သောက်သင့်တယ်။
-ရေများများနဲ့သောက်ပါ။
-ညဖက်ပိုင်းသောက်ရင် အိပ်မပျော်တာ တွေ့ရတတ်တယ်။
-တနေ့အလွန်ဆုံး သုံး၊လေးလုံးထက် မပိုသင့်ဘူး။
-နေ့စဉ်ရက်ဆက် သောက်တာမကောင်းဘူး။
-တပတ် ၂ကြိမ်၊၃ကြိမ်သောက်တာ ကိစ္စမရှိပါ။
-တခြားအားဆေးတွေလို နှစ်ချီပြီး စွဲမသောက်သင့်တဲ့ဆေးမျိုးဖြစ်တယ်။
Credit To >Dr. Aye Min Htoo

လွင်သန္တာစိုး  


မာလကာသီး စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားမှုနည်းစေ

Photo: 
မာလကာသီး စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားမှုနည်းစေ


မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။

အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

မာလကာသီး ပုံမှန်စားသုံးသူများကို လေ့လာခဲ့ရာ နှလုံးရောဂါ ဖြစ်ပွားမှု နည်းပြီး သွေးနှင့် ပတ်သက်သော ရောဂါများလည်း အဖြစ်နည်းကြောင်း ၎င်းတို့မှ ဆက်လက် ပြောကြား ခဲ့သည်။

http://www.myawady.net.mm/preventing/item/2946-2012-12-27-11-08-07
မာလကာသီး စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားမှုနည်းစေ





မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။

အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

မာလကာသီး ပုံမှန်စားသုံးသူများကို လေ့လာခဲ့ရာ နှလုံးရောဂါ ဖြစ်ပွားမှု နည်းပြီး သွေးနှင့် ပတ်သက်သော ရောဂါများလည်း အဖြစ်နည်းကြောင်း ၎င်းတို့မှ ဆက်လက် ပြောကြား ခဲ့သည်။

Thursday, December 26, 2013

သတိလစ်စေရန် ပြုလုပ်နှိင်သည့် ဆေးဝါးများ


Written by  
အခု ပြောချင်တဲ့ ဆေးတွေကတော့ မြန်မာ အခေါ်အဝေါ်နဲ့ ဆိုရင် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ စာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။
သတိလစ်စေရန် ပြုလုပ်နှိင်သည့် ဆေးဝါးများ အခုပြောမယ့် ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှု တွေကို အထောက်အကူ ပြုဖို့ အသုံးပြု ကြပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ် ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒ မပါသော လိင်မှုဆိုင်ရာ အပြုအမူတိုင်းကို ဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှ အစ (အရွယ် ရောက်သူတိုင်း သိကြပြီး ဖြစ်မည့် အမြင်ရိုင်းသော ရှင်းလင်းချက် စာသားများကို ဖျက်ထားပါသည်) ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်...........

ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့် ဆေးခတ် ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအား ငြင်းပယ် နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင် မှတ်မိနိုင်စွမ်း မရှိတော့ပေ။
ယင်းဆေးဝါး များသည် ယေဘုယျ အားဖြင့် အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲ အချိုရည် အတွင်းသို့ ထည့်ခတ် နိုင်ပေသည်။ Date rape drug အမျိုးအစား အနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ -
GHB (Gamma Hydroxybutyric Acid)
Rohypnol (Flunitrazepam)
Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။
Date rape (ချိန်းတွေ့ ကျင့်ကြံခြင်းလို့ ဘာသာပြန်ရင် ရမယ်ထင်ပါ့)ဟု အသုံး များသော်လည်း ပညာရှင် အများစုကတော့ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း (drug-facilitated sexual assault) ဟူသော အသုံးအနှုန်းကို ပိုမို နှစ်သက်ကြသည်။ ယင်းဆေးဝါးများအား ဓါးပြမှုနှင့် ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းများ ကဲ့သို့သော အခြား ရာဇ၀တ်မှု များတွင်လည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင် ပြနိုင်ပေသည်။
ဆေး၏ ပုံသဏ္ဍာန်
GHB သည် အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင် အမှုန့်နှင့် ဆေးပြားဟူ၍ ပုံစံအမျိုးမျိုး ရှိသည်။ Rohypnolသည် ဆေးပြား ပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင် နိုင်သည်။ ဆေးပုံစံ အသစ်သည် အရည်များတွင် ပျော်ဝင်သည့် အခါ အပြာရောင် သန်းသွား သော်လည်း အရောင် မရှိသည့် ဆေးပုံစံ ဟောင်းအားလည်း ရရှိနိုင် ပေသေးသည်။Ketamine မှာမူ အဖြူရောင် အမှုန့်ဖြစ်သည်။
ခန္ဓာကိုယ်အား အကျိုးသက်ရောက်ပုံ
ဆေးသည် လျှင်မြန်စွာ အာနိသင် ပြနိုင်သည်။ ဆေးအာနိသင် မပျယ်ခင်ခံသည့် အချိန်မှာမူ ကွဲပြားသည်။ ယင်းသည် ဆေးမည်မျှ အသုံးပြုသည် ဆိုသည့် အချက်နှင့် အရက် ကဲ့သို့သော အခြားပစ္စည်းများနှင့် ရောစပ်ထားသည့် အပေါ်တွင် မူတည်သည်။ အရက်သည် ထိုဆေးများ၏ အာနိသင်ကို ပိုမို ဆိုးဝါးစေပြီး ကျန်းမာရေးကို ပိုမို ထိခိုက် စေနိုင်ပါသည်။ ထို့ပြင်GHB ကို အိမ်တွင်ပင် အလွယ်တကူ ပြုလုပ် နိုင်ပေသည်။
GHB ၏ အာနိသင်များ
အာရုံ စူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူး ဖြစ်ခြင်း မူးဝေခြင်း မအီမသာနှင့် ပျို့ချင် အန်ချင် စိတ်ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ ဖြစ်ခြင်း ဆေးခတ်ခံ ရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန် ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း - coma) သေဆုံးခြင်း
Rohypnol ၏ အာနိသင်များ
ဆေးခတ် ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက် များအား မမှတ်မိခြင်း သွေးပေါင်ချိန် ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများ အားလျှော့ လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူး သကဲ့သို့ ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ် ဖြစ်ခြင်း စကား မပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါ ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာ ဖြစ်ခြင်းများ ဖြစ်ပါသည်။
Ketamine ၏ အာနိသင်များ
စိတ်အာရုံ ချောက်ခြားခြင်း အချိန်နှင့် အမှတ်အသား များအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း အမြင်နှင့် အကြား အာရုံများ မမှန်မကန် ဖြစ်လာခြင်း မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း လှုပ်ရှား နိုင်စွမ်းအား ထိခိုက်လာခြင်း အသက်ရှူရန် ခက်ခဲလာခြင်း အူတက်အောင်ရယ်ခြင်း အော့အန်ခြင်း ခန္ဓာကိုယ် ထိတွေ့ ခံစားနိုင်စွမ်း မရှိတော့ခြင်း မှတ်ဉာဏ် ထိခိုက်ခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း ထုံထိုင်းခြင်း လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း အမူအရာ ကြမ်းတမ်းလာခြင်း များဖြစ်ပါသည်။
စကားသံ ဗလုံးဗထွေးဖြစ်ခြင်း ဒီဆေးတွေ တရားဝင်သလား?
ဟုတ်ကဲ့။ တစ်ချို့ ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် သင့်ကို မထိခိုက်ဟု မဆိုလိုပါ။ တရားဝင် ဆေးဝါး ဖြစ်သော်လည်း ကျန်းမာရေး ၀န်ဆောင်မှု ပေးသူများ (ဆရာဝန် ကဲ့သို့သော ပုဂ္ဂိုလ်များ)၏ ညွှန်ကြားချက် မပါဘဲ အသုံး မပြုသင့်ပါ။
Rohypnol သည် တရားဝင် ဆေးဝါး မဟုတ်ပါ။ သို့သော် ဥရောပနှင့် မက္ကစီကိုတို့တွင် အိပ်မပျော်သည့် ရောဂါများ အတွက် သောက်ရန် ညွှန်လေ့ရှိပြီး ခွဲစိတ်ရာတွင် မေ့ဆေး အဖြစ်လည်း တရားဝင် အသုံးပြု တတ်ကြသည်။
Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များ အတွက် မေ့ဆေး တစ်မျိုး အဖြစ် တရားဝင် သုံးစွဲကြ သည်။ တိရစ္ဆာန်များတွင် အများဆုံး အသုံးပြု ကြသည်။ တိရိစ္ဆာန် ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏ လုယက် ခံကြရကြောင်း သိရသည်။
GHBအား narcolepsy ဟုခေါ်သည့် အိပ်မပျော်သည့် ရောဂါအား ကုသရန်အတွက် အမေရိကတွင် မကြာသေးမီက တရားဝင် ဆေးဝါး အဖြစ် သတ်မှတ်ခဲ့သည်။
ဆေးခတ် မခံရအောင် ဘယ်လိုကာကွယ်မလဲ?
ကိုယ်နှင့် မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေစသည့် အရည်များအား မသောက်ပါနှင့်။ အအေး သံဗူးများအား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူး များအား ကိုယ်နှင့်မကွာ ထား၍ အိမ်သာသွားလျှင်ပင် ယူသွားပါ။ အအေးနှင့် ရေအား အခြားသူနှင့် မျှဝေ မသောက်ပါနှင့်။ Punchဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံး သည့်ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။
(မိန်းကလေးတွေ သင်္ကြန်လို အချိန်မျိုး သတိထား ကြဗျို့။ အဲဒီဟာတွေ ထဲမှာ ဆေးခတ် ထားနိုင် ပါတယ်။) ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည် ကိုမျှ မသောက်ပါနှင့်။ များသောအားဖြင့် GHB တွင် ငန်သော အရသာ ရှိပါသည်။ အကယ်၍ ဆေးခတ် ခံရသည် သို့မဟုတ် မုဒိမ်း ကျင့်ခံရသည်ဟု ထင်ပါက ရဲစခန်း သို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။ ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည် အလွန် လျှင်မြန်စွာ ပျယ်သွား နိုင်ပါသည်။
Rohypnolသည် ခန္ဓာကိုယ် အတွင်းတွင် နာရီပေါင်း များစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီ အတွင်းတွင် ဆီးအတွင်း စစ်ဆေး တွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီ အထိသာ ခန္ဓာကိုယ် အတွင်း နေနိုင်ပါသည်။ တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပစ်ပါနှင့်။ ရေလောင်းဆေးခြင်း၊ရေချိုးခြင်း သို့မဟုတ် အ၀တ်အစားလဲခြင်း မပြုလုပ်ပါနှင့်။ ယင်းအရာများသည် မုဒိမ်း ကျင့်ခံရသည် ဆိုသည့် သက်သေများ ဖြစ်ပါသည်။
အရေးပေါ် ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊ အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်း တို့သည် ပုံမှန် ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏ အကြံဉာဏ် ရရှိရန် အရေးကြီး ပါသည်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့ သွားလျှင် တစ်ဦးတည်း မသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်းသွားခြင်းဖြင့် တစ်ဦးကို တစ်ဦး အပြန်အလှန် ကူညီ နိုင်ပါသည်။
သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာ နေပါ။ သင်အပြည့်အ၀ ယုံကြည်နိုင်ခြင်း မရှိသူထံမှ မည်သည့် တိုက်ကျွေးမှုကိုမျှ လက်မခံပါနှင့် သင်သောက်နေသော ခွက်အား စိတ်ချရသော စောင့်ကြည့် ပေးမည့်သူ မရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထား ခဲ့ပါနှင့်။ အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့် ချောကလက် ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ် နိုင်ပါသည်။ သင့်အား ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာ ရှိပြီး အများစုသည် သောက်သုံးသည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။ ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်း အ၀အား သင့်လက်မဖြင့် ပိတ်ထားခြင်းသည် အကောင်းဆုံး နည်းလမ်း ဖြစ်ပါသည်။ ထိုပုလင်းအား စောင့်ကြည့် ပေးမည့်သူ မရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူက မည်သည့် အရာများ ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။
အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊ ပုံစံပြောင်းနေခြင်း၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်း တို့ တွေ့ရှိရပါက ဆက်လက် သောက်သုံးခြင်း မပြုပါနှင့်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့် အတူ ပြန်ရမည် ဆိုပါက အထူး စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ ကလပ်မှ လုံခြုံရေး ၀န်ထမ်း သို့မဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံမှ အကူအညီ ရယူပါ။
လုံခြုံ စိတ်ချရသည့် နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန်ရောက်ရှိရန် အရေးကြီးပါသည်။ သင်အကူအညီ တောင်းမည့် သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူ လုံးဝ ယုံကြည်ရသူ ဟုတ်မဟုတ် သေချာစွာ ဆင်ခြင် သုံးသပ်ပါ။ ကျားမ မရွေး ဆေးခတ် ခံရနိုင်ပါသည်။
အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း အန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။ သင်အပြင် သွားသည့် အခါတိုင်း အထက်ပါ အချက် အလက်များ အား မှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့် မည်သည့် အချိန်တွင်မဆို အထူးဂရုပြု သင့်ပါကြောင်း။ ။
(အခုတော့ အဲဒီ Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထားစမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။ အသေးစိတ်ကို*http://www.csus.edu/alcohol/predatory_drugs.html* မှာ သွားရောက် ဖတ်ရှု နိုင်ပါတယ်။)

https://www.facebook.com/mwdmedia/posts/494711923979284:0

http://www.myawady.net.mm/healthknowledge/item/5513-2013-01-28-10-39-53


Credit @ Ko Nge

နဂါးမောက်သီး၏ အစွမ်း ( Dragon fruit)





Thursday, 24 January 2013 09:21

နဂါးမောက်သီး၏ အစွမ်း ( DRAGON FRUIT)



လျှားစောင်း လက်ပတ် အနွယ်ဝင် နားဂါးမောက်သီး ပင်ဟာ တောင်အမေရိက တိုက်နဲ့ မက္ကစီကို ဒေသတို့မှာ စတင် တွေ့ရှိခဲ့ကြပြီး ယခုအခါ မှာတော့ အာရှနိုင်ငံများ ဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊
ဖိလစ်ပိုင်တို့မှာ စီးပွားဖြစ် မြောက်မြားစွာ စိုက်ပျိုး လာကြပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာတော့ နဂါးမောက်သီးဟာ ခေတ်စားလာတာ မကြာသေးဘူးလို့ ဆိုရပါမယ်.. ယခင်ကတော့ နိုင်ငံခြားကနေသာ တင်သွင်းလာတာ ဖြစ်ပြီး ခုနောက်ပိုင်းမှာမှ ပြည်တွင်းမှာ အထူးသဖြင့် ရှမ်းပြည်နယ် ဘက်တွေမှာ စိုက်ပျိုးလာကြတာ တွေ့ရှိရပြီး ရန်ကုန် မှာတော့ မြေပဒေသာ ကျွန်းထဲမှာ အပင် တစ်ချို့ တွေ့ခဲ့ရပါတယ်..

အရသာ အနေနဲ့ ထူးထူးခြားခြား ကောင်းလှတယ် မဆိုနိုင်ပေမဲ့ ကျန်းမာရေး အတွက် ကောင်းမွန်တာမို့ ထင်ရှားလာတဲ့ အသီးလည်း ဖြစ်ပါတယ်.. အရည်ရွှမ်းပြီး အနည်းငယ်ချိုတဲ့ အရသာ ရှိပါတယ်။ အနက်ရောင် အစေ့လေးပေါင်း မြောက်မြားစွာ ပါဝင်ပြီး နဂါးမောက်သီး အမှည့် အခွံဟာ အများအားဖြင့် နီရဲတဲ့ အရောင်အဆင်း ရှိပြီး အ၀ါရောင်လည်း ရှိတတ်ပါတယ်.. အတွင်းသားမှာ အဖြူရောင်နဲ့ အနီရောင် နှစ်မျိုး ရှိပါတယ်။

နဂါးမောက်သီးဟာ သွေးတွင်းရှိ သကြားဓာတ်ကို လျော့ချပေးနိုင်စွမ်း ရှိသောကြောင့် သွေးတိုး ဆီးချိုး သမားအတွက် အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်.. ကင်ဆာ ဖြစ်စေနိုင်သော ဓာတ်တိုး ပစ္စည်း ကို လျော့ချ ပေးနိုင်သောကြောင့် ကင်ဆာကို ကာကွယ်ပေးခြင်း၊ ကိုလက် စထရောကို လျှော့ချပေးနိုင်ခြင်း၊ အသားအရေကို ချောမွတ် စိုပြေစေခြင်း၊ အစာစားချင် စိတ်ကို တိုးပွားစေခြင်း၊ အစာခြေဖျက်ခြင်းကို အားပေးခြင်း၊ အဆီ များကို ခြေဖျက်ခြင်း၊ သွားနှင့် အရိုးများကို ခိုင်မာစေခြင်း၊ မှတ်ဥာဏ်အားနှင့် မျက်လုံး အားကောင်းစေခြင်း၊ ဒဏ်ရာများကို သက်သာ ပျောက်ကင်းစေခြင်း စတဲ့ ကောင်းကျိုးများစွာ ပေးနိုင်တဲ့ အသီး ဖြစ်ပါတယ်.. နလံထ လူမမာများ အတွက် အထူးသင့်လျော်သော အသီး ဖြစ်ပါတယ်..

Ref:myawad

ဆိပ်ကမ်းအရောက်ကားတန်ဖိုး CIF နှုန်း အသစ်ထုတ်ပြန် နှုန်းအသစ်တွင် ဈေးလျှော့လိုက်သဖြင့် ကားဈေးများ ကျဆင်းဦးမည်

ဆိပ်ကမ်း အရောက်ကားတန်ဖိုး CIF နှုန်း အသစ်ထုတ်ပြန် နှုန်းအသစ်တွင် ဈေးလျှော့ လိုက်သဖြင့် ကားဈေးများ ကျဆင်းဦးမည်....



Tuesday, December 24, 2013



ကားလုပ်ငန်းရှင်များ မျှော်လင့်ထားသည့်အတိုင်း အခွန်ပေးဆောင်ရာတွင် ယခင်နှုန်းထားထက် ထက်ဝက်လျှော့ချ လိုက်သဖြင့် ကားဈေးများကျဆင်းသွားနိုင်ကြောင်း ရောင်နီဦးကားအရောင်းပြခန်းမှ မန်နေဂျာကပြောကြားသည်။



အထူးသဖြင့် ၁၅၀၀ အင်ဂျင်ပါဝါရှိသော ကားများ၏ CIF တန်ဖိုးကို ပို၍လျှော့ချလိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်သောစာရင်းများတွင် ဖော်ပြထားသည်။



အစိုးရသစ်လက်ထက်တွင် ကားတင်သွင်းခွင့်မူဝါဒများ ပြောင်းလဲပြီးနောက် ပထမဆုံးပြောင်းလဲလိုက်သည့် CIF နှုန်းထားအသစ်လည်း ဖြစ်သည်။ CIF တန်ဖိုးလျှော့ရာတွင် အထူးသဖြင့် မြန်မာနိုင်ငံ၌ တင်သွင်းမှု နည်းပါးနေသေးသော ၁၅၀၀ အင်ဂျင်ပါဝါကားများ၊ မော်ဒယ်မြင့်ဇိမ်ခံကားအများစုပါဝင်နေသည်ကို တွေ့ရသည်။ လူစီးများသော ကားများအတွက် CIF နှုန်းမှာ အနည်းငယ်သာ လျှော့ထားသည်။



ယခင် ၁၅၀၀ စီစီ အင်ဂျင်ပါဝါရှိသော တိုယိုတာ Axio တစ်စီးလျှင် ၂၀၀၈ မော်ဒယ်တင်သွင်းပါက အမေရိကန်ဒေါ်လာ ၁၅၀၀၀ (ကျပ် ၁၂၈ သိန်းကျော်) ကျော်ရှိပြီး ယခုထုတ်ပြန်လိုက်သော စာရင်းတွင် ၂၀၀၉ မော်ဒယ်မှာ အမေရိကန်ဒေါ်လာ ၈၅၀၀ (ကျပ် ၇၂ သိန်းကျော်)ဖြစ်သည်။ ထို့ကြောင့် ကားတစ်စီးချင်း၏တန်ဖိုးမှာ ငါးသိန်းမှ ဆယ်သိန်းနီးပါးအထိ ဈေးနှုန်းကျဆင်းသွားနိုင်ကြောင်း ကားဝယ်ရောင်း ကိုကျော်စွာဦးကဆိုသည်။



CIF တန်ဖိုးကို ကားတစ်စီးချင်းစီအလိုက် တွက်ချက်ရာတွင် ၂၀၀၀ စီစီအောက်နှင့် ၁၃၅၀ စီစီအထက်ဟု အမျိုးအစားနှစ်မျိုးခွဲခြားကာ အကောက်ခွန်၊ ကညန၊ ဆိပ်ကမ်းတို့တွင် ပေးဆောင်ရမည့်အခွန်တို့ကို ယာဉ်၏တန်ဖိုးအလိုက် တွက်ချက်ပေးဆောင်ရခြင်းဖြစ်သည်။



“မြန်မာပြည်နဲ့ကိုက်တဲ့ ၅၀၀ စီစီတွေကို အစိုးရက ဦးစားပေးသွင်းစေချင်တယ်နဲ့တူတယ်။ ဒါကြောင့် ဈေးတွေခေါက်ချိုးလျှော့လိုက်တာ”ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ကားအရောင်းပြခန်း ပိုင်ရှင်တစ်ဦးကဆိုသည်။



ထို့ကြောင့် ၁၃၀၀ စီစီကားငယ်များကို တင်သွင်းမည်ဆိုပါက ကညနသို့ သတ်မှတ်ဒဏ်ကြေး ကျပ်တစ်သိန်းပေးဆောင်ရမည်ဆိုခြင်းကြောင့် တင်သွင်းသူလျော့ကျသွားနိုင်ကြောင်း ကားလုပ်ငန်းရှင်များကသုံးသပ်သည်။



ထို့ကြောင့် နှစ်သစ်တွင် CIF တန်ဖိုး ပြောင်းလဲမှုအရ ၂၀၀၇ မော်ဒယ်မှစပြီး ၁၅၀၀ စီစီကားများကိုသာ ပြည်တွင်းလုပ်ငန်းရှင်များက အပြိုင်အဆိုင် တင်သွင်းတော့မည်ဖြစ်ကြောင်း ကားဝယ်ရောင်းများကပြောသည်။



ထို့အတူ ဆိပ်ကမ်းအရောက်တန်ဖိုးများ ထုတ်ပြန်ရာတွင် ဘယ်မောင်း၊ ညာမောင်း ကန့်သတ်သည့် ညွှန်ကြားချက် ပါဝင်လာခြင်းမရှိခြင်းကြောင့် ဂျပန်ကားများတင်သွင်းသည့် လုပ်ငန်းရှင်များ အထူးစိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။



ပြီးခဲ့သည့်လက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Free Permit ဖြင့် ကားအသစ်များကို တင်သွင်းမည်ဆိုပါက ဘယ်မောင်း၊ ညာမောင်းကိုသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။



ဓာတ်ပုံ- ငြိမ်းချမ်းနိုင်/အီးပီအေ-7Day News Journal





လွယ်ကူတွက်ချက် နိုင်ငံတော် CIF (2014)

မိမိ ၀ယ်ယူလိုသည့် ကားကို နိုင်ငံတော်အခွန်မည်မျှ ဆောင်ရမည်ကို သိရှိလိုသူများ အတွက် အလွယ်ကူဆုံး တွက်ချက်နိုင်ရန်ဖြစ်ပါသည်။ 
အောက်ပါဇယားကွက်မှ မိမိရွေးချယ်ထားသော ကား၏ အင်ဂျင်ပါဝါပေါ် မူတည်၍ (%) ရွေးချယ်ပြီး နိုင်ငံတော်မှသတ်မှတ် ထားသော CIF (USD) ဖြင့် မြှောက်ပါ… ရလာသော (USD) အား ကျပ်ငွေပေါက်ဈေးဖင့် တွက်ချက်နိုင်ပါသည်။
(%) များသည်နိုင်ငံတော် အခွန် အားလုံး ပေါင်း (Custom Duty+ Commercial Tax + KaNyaNa) 
၍ တွက်ပေးထားခြင်းဖြစ်ပါသည်။


*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!