Popular Posts!

Friday, March 21, 2014

ရွှေဈေးကွက်ကို ကြိုးကိုင် ခြယ်လှယ်မှုဖြင့် Barclays Bank နှင့် HSBC အပါအဝင် ထိပ်တန်းဘဏ်ငါးခု တရားစွဲခံရ


နယူးယောက်၊ မတ် ၆
Barclays Bank နှင့် HSBC အပါအဝင် လန်ဒန် ရွှေဈေးကွက် ဗဟိုချက်မရှိ ထိပ်တန်း ဘဏ်ငါးခုသည် ရွှေဈေးကွက်ကို ကြိုးကိုင် ခြယ်လှယ်မှုဖြင့် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ တရားရုံး တစ်ခုတွင် တရားစွဲဆိုခြင်း ခံထားရသည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။
Barclays Bank၊ HSBC၊ Societe Generale ၊ Deutsche Bank နှင့် Bank of Nova Scotia ဘဏ်တို့သည် ရွှေနှင့် အခြားဆက်စပ်စာချုပ်၊ စာတမ်းများ အရောင်းအဝယ် ပြုလုပ်ရာတွင် အသုံးပြုသည့် တစ်ရက်လျှင်နှစ်ကြိမ် ထုတ်ပြန်သော စံရွှေဈေးနှုန်း (London Gold Fix) ကို ကြိုးကိုင် ခြယ်လှယ်လျက် ရှိသည်ဟုဆိုကာ ရွှေဈေးနှုန်း ကြိုတင်ခန့်မှန်း အရောင်းအဝယ် ပြုလုပ်သူ အမေရိကန် စီးပွားရေးသမား ကီဗင်မားဟ်က နယူးယောက်မြို့ရှိ တရားရုံး တစ်ခုတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါဘဏ်ကြီး ငါးဘဏ်သည် ရွှေနှင့် အခြားဆက်စပ် စာချုပ်စာတမ်းများ ဈေးနှုန်းကို ကြိုးကိုင် ခြယ်လှယ်ရန်အတွက် ၂၀၀၄ ခုနှစ်မှစတင်ကာ ပူးပေါင်း လုပ်ကိုင် ခဲ့ကြသည်ဟု ကီဗင်မားဟ် တင်သွင်းသည့် အမှုတွဲထဲတွင် ဖော်ပြထားသည်။
ရွှေဈေးနှုန်းသည် London Gold Fix ကြေညာမည့် အချိန်တစ်ဝိုက်တွင် ဈေးကစား ခံရမှုများ ရှိခဲ့ကြောင်းနှင့် လက်ရှိ အချိန်ထိလည်း ဈေးကစားခံရမှုများ ရှိနေဆဲ ဖြစ်သည်ဟု ကီဗင်မားဟ်က လတ်တလော ပြုလုပ်ထားသည့် လေ့လာမှုများနှင့် သရုပ်ခွဲ ဆန်းစစ်မှုများကို ကိုးကားပြီး ပြောကြားခဲ့သည်။
ထို့ပြင် ကီဗင်မားဟ်က အချို့တာဝန်ရှိသူများနှင့် ဘဏ်များသည် အခြားသူများကြောင့် ပေါ်ပေါက် လာနိုင်ခြေရှိသည့် ရွှေဈေး ကစားမှုများကို ၎င်းတို့ကိုယ်တိုင် စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ခဲ့သေးသည်ဟုလည်း စွပ်စွဲ ပြောကြားခဲ့သည်။
ရွှေဈေးကြိုး ကိုင်ခြယ်လှယ်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များက နယူးယောက် ဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်လျက်ရှိသောသူနှင့် အခြားရွှေ အရောင်းအဝယ်သမား များကို ထိခိုက် ခဲ့ကြောင်းနှင့် သူဖွင့်ထားသော အမှုတွဲတွင် အခြားသူများလည်း တရားလိုအနေနှင့် လာရောက် ပူးပေါင်းနိုင်ကြောင်း ကီဗင်မားဟ်က ပြောကြားခဲ့သည်။
ဘဏ္ဍာရေး ဈေးကွက်အတွက် အရေးပါလှသည့် ဘဏ်အချင်းချင်းကြား ငွေချေးယူသည့် စံအတိုးနှုန်းနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းများအပေါ် ထိပ်တန်းဘဏ်များမှ အရောင်းအဝယ်သမားက ကြိုးကိုင် ချယ်လှယ်နေခြင်း ရှိ၊ မရှိ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပြီးသည့် နောက်တွင် ယခုကဲ့သို့ ရွှေဈေးနှုန်းနှင့် ပတ်သက်သည့် ကီဗင်မားဟ်၏ တရားစွဲဆိုမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။
Societe General ဘဏ်ကမူ ရွှေဈေးနှုန်းကို ကြိုးကိုင် ခြယ်လှယ်နေသည်ဟူသော စွပ်စွဲမှုမှာ အခြေအမြစ် မရှိသော စွပ်စွဲမှု ဖြစ်ပြီး စွပ်စွဲချက်များကို ရင်ဆိုင် ဖြေရှင်း သွားမည်ဟု ပြောကြားခဲ့သည်။
The Voice Weekly

Ref:http://www.themeltingpot4u.com/2014/03/barclays-bank-hsbc.html?m=1


Credit @ Ko Nge

ယခင် နိုင်ငံခြားသားအမည် ပေါက် မြေပေါ်တွင် အဆောက်အအုံ ဆောက်လုပ် ခွင့်ပြုမည်


ယခင်က ခွင့်မပြုခဲ့သည့် နိုင်ငံခြားသားအမည်ပေါက်မြေပေါ်တွင် အဆောက်အအုံတည်ဆောက်ခွင့်အား ယခုနှစ်စပိုင်းမှ စတင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှ တာဝန်ရှိသူများက ပြောသည်။




"အရင်တုန်းက နိုင်ငံခြားသားအမည်ပေါက် မြေပေါ်မှာ အဆောက်အအုံအသစ်တည်ဆောက်တာဖြိုဖျက်တာတွေကို ခွင့်မပြုခဲ့ဘူး။ တစ်ကယ်လို့ ဆောက်လုပ်ခွင့် တင်ပြလာတာတွေက နိုင်ငံခြားသားအမည်ပေါက်ဖြစ်နေရင် စည်ပင်သာယာက ဆုံးဖြတ်လို့မရဘူး။ ပြည်ထဲရေးကို ပြန်တင်ပြရတယ်။ အခု ပြည်ထဲရေးကနေပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ဆက်လက်ဆောင်ရွက် ခွင့်ပေးလိုက်တာပါ" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအင်ဂျင် နီယာ (အဆောက်အအုံ) ဌာနမှ လက်ထောက်ဌာနမှူးဖြစ်သူ ဦးနေ၀င်းက ပြောသည်။



မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်လက်ထက်၌ နေထိုင်ခဲ့သည့် နိုင်ငံခြားသားများပိုင်ဆိုင်သောမြေဧကများပေါ်တွင် မြေဧကငယ်များ စိတ်ပိုင်းရောင်းချပြီး ရောင်းဝယ် သူအချင်းချင်း အရပ်စာချုပ်များဖြင့်သာချုပ်ဆိုကာ အဆင့် ဆင့် လက်ဆင့်ကမ်းပြောင်းရွှေ့နေထိုင်မှုများ သည် ရန်ကုန်မြို့နယ်များတွင် အများအပြား ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ထိ အဆိုပါမြေနေရာပေါ်တွင် အဆောက်အအုံ တည်ဆောက်ခွင့် မပြုခဲ့ပေ။



ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနတွင် ယင်းကဲ့သို့ နိုင်ငံခြား အမည်ပေါက်မြေများပေါ်တွင် နှစ်ထပ်နှင့် သုံးထပ်ရှိသော အဆောက်အအုံများဆောက်လုပ်ရန် ဆောက်လုပ်ခွင့်တင်ထားသည့်အဆောက်အအုံ အလုံး ၂၀၀ ခန့်ရှိကြောင်း၎င်းက ပြောသည်။



"ကျွန်တော်တို့ဆုံးဖြတ်တာကတော့ ဒီမြေကိုပိုင်ဆိုင်ခဲ့တဲ့နိုင်ငံခြားသားတွေလည်း အခုချိန်မှာမရှိတော့ဘူး။ လက်ရှိ အဲဒီမြေနေရာမှာနေထိုင်ကြတဲ့သူတွေကလည်း ၁၅ နှစ် အနှစ်၂၀ ရှိတယ်ဆိုတော့ သူတို့ကိုဆောက်ခွင့်ပေးလို့ရတယ် ဆိုပြီး ဆောက်ခွင့်ပေးလိုက် တာပါ။ လောလောဆယ်ကျွန်တော်တို့ အမြင့်ဆုံးသုံးထပ်ရှိတဲ့ အဆောက်အအုံလောက် ပဲပေးဆောက်ထားပါတယ်" ဟု၎င်းက ပြောသည်။



ရန်ကုန်မြို့၏ တွင်ကျယ်လျက်ရှိသော မြေအရောင်းအ၀ယ်များသည် ရောင်းဝယ်သူအချင်းချင်းသာ နားလည်မှုဖြင့်စာချုပ်ချုပ် ဆိုကာ ရောင်းချဝယ်ယူကြပြီး အစိုးရထံတွင် အခွန်ပေးဆောင်ကာမြေအားပိုင်ဆိုင်သူ အမည်ပေါက်ရအောင် ပြုလုပ်သူ နည်းနေသေးနည်းကြောင်း စည်ပင်သာယာမှ
တာဝန်ရှိသူများက ပြောသည်။



မူလမြေပိုင်ရှင်၏ မြေဧကများမှ တစ်စိတ် တစ်ပိုင်း မြေ၀ယ်သူများသည် မိမိဝယ်ယူထားသောမြေအား နှစ်ဦးသဘောတူ တရားဝင်အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုရပြီး ရန်ကုန် မြို့တော်စည်ပင်သာယာတွင် ၀ယ်ယူထားကြောင်းတင်ပြရသည်။



ထိုသို့စာရင်းသွင်းပြီးချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာမှ အင်ဂျင်နီယာများက ၀ယ်ယူထားသည့်မြေဧရိယာအတိုင်း တိုင်းတာသတ်မှတ်ပြီး ၀ယ်ယူသူအမည်ဖြင့် စာရင်းသွင်းသတ်မှတ်မှသာလျှင် ပိုင်ဆိုင်မှုမှန်ကန်ကာ အဆိုပါမြေမှာ ၀ယ်ယူသူ၏အမည်ပေါက်ဖြစ်ကြောင်း ဌာနမှတာဝန်ရှိသူများက ပြောသည်။



"တော်တော်များများက ဒီနေရာမှာ သားစဉ်မြေးဆက်နေလာကြတယ်။ ဒါပေမဲ့ အမည်ပေါက်အောင်မလုပ်ကြဘူး။ ရုံးလာ ရတာတို့ အခွန်ဆောင်ရတာတို့ကို မလုပ်ချင်ကြဘူး။ အဲဒီလိုမြေနေရာတွေကို ကျွန်တော်တို့က ပိုင်ဆိုင်မှုမမှန်ဘူးလို့ သတ်မှတ်ထားတယ်။ ပိုင်ဆိုင်မှုမမှန်တဲ့မြေက မြန်မာနိုင် ငံသားပိုင်တယ်ဆိုရင်တော့ ပြဿနာမရှိဘူး ။ ဆောက်ချင်ရင် သုံးထပ်ထိပေးဆောက်တယ်။ နိုင်ငံခြားသားအမည်ပေါက်ဆိုရင် အရင်က ဆောက်ခွင့်မပေးဘူး။ အခုတော့သူ့ကိုလည်း သုံးထပ်ထိဆောက်ခွင့်ပေးထားတယ်" ဟု ဦးနေ၀င်းကပြောသည်။



ယခုလက်ရှိ ရန်ကုန်မြို့တွင် နိုင်ငံခြားသားအမည်ပေါက်မြေများမှာ နည်းပါးသွားပြီဖြစ်သော်လည်းအချို့နေရာများတွင်မူ ကျန်ရှိသေးကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ အင်းစိန်မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်များတွင် ယင်းကဲ့သို့ မြေများကျန်ရှိသေးသော်လည်း ယခင်ပိုင်ဆိုင် ခဲ့သည့် ကျယ်ဝန်းသည့်မြေဧရိယာများပေါ်တွင် ယခုအခါတွင် မြေဧကများစွာ ခွဲစိတ်ရောင်းချမှုများကြောင့် နထိုင်သူများစွာဖြင့် နေထိုင်ကြကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်မှ အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။



"ကိုယ်ဝယ်ထားတဲ့မြေကို ကိုယ့်နာမည်ပေါက် လုပ်ထားတာ အကောင်းဆုံးပါပဲ။ ကိုယ့်မြေကလက်ဆင့်ကမ်းပြီး အရပ်စာချုပ်နဲ့ရောင်းထားတဲ့မြေဖြစ်ပေမယ့် ကိုယ့်လက်ထက်မှာတော့ ကိုယ့်နာမည်ဖြစ်အောင် လုပ်သင့်တယ်။ နိုင်ငံခြားသားအမည်ပေါက်ဖြစ်နေတယ်ဆိုရင်လည်း တရားရုံးမှာ ကိုယ့်အမည်ပြောင်းလျှောက်တင်ပြီး အခွန်ဆောင်မယ်ဆိုရင် ရတယ်။ ကိုယ့်မြေက ကိုယ်ဝယ်ထားပြီး ကိုယ့်အမည်မပေါက်ရင် တစ်ချိန်ချိန် မှာ အဆင်မပြေဖြစ်နိုင်တယ်" ဟု ၎င်းက ပြောသည်။



Myanmar Times


https://m.facebook.com/story.php?story_fbid=673805092682335&id=627625053967006


Credit @ Ko Nge

အခွန်နှုန်းထား အပြောင်းအလဲကြောင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်တက်နိုင်ဟုဆို

ပြည်ထောင်စုလွှတ်တော်က အခွန်ဥပဒေများကို အတည်ပြုလိုက်ပြီး ဝင်ငွေရလမ်း မဖော်ပြနိုင်သော အခွန် (စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန်) ပမာဏများကို လျှော့ချလိုက်သဖြင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ မြင့်တက်နိုင်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အချို့က ပြောကြားသည်။

ဝင်ငွေရလမ်း မဖော်ပြနိုင်သော (စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန်) ဥပဒေ ပြင်ဆင်ချက်တွင် ယခင် ပေးဆောင်ရသည့် ၃၀ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်ခြင်းကြောင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် တိုးလာမည် ဖြစ်ပြီး ဈေးနှုန်းလည်း လိုက်ပါ မြင့်တက်နိုင်ဖွယ် ရှိကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောဆိုသည်။

“ဈေးက ကျဖို့တော့ မဖြစ်နိုင်ပါဘူး။ အခွန်နှုန်းထားက လျှော့ပေးလိုက်တာ ဖြစ်တဲ့အတွက် အတက်ဘက်ကိုသာ သွားမှာပါ။ ပြီးတော့ အထူးကိုယ်စားလှယ် လွှဲစာတွေနဲ့ အရောင်းအဝယ် လုပ်တာတွေလည်း လျော့ကျသွားမှာပါ” ဟု ၎င်းကဆိုသည်။

အခွန်နှုန်းထား လျှော့ချ ပေးလိုက်သဖြင့် လတ်တလော အရောင်းအဝယ် အေးစက်လျက် ရှိသော အိမ်၊ ခြံ၊ မြေဈေးကွက် ကောင်းမွန်လာမည် ဖြစ်ပြီး အခွန်ဆောင်သူ ပမာဏလည်း များပြားလာမည် ဖြစ်ကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးနေမျိုးအောင်က ပြောဆိုသည်။

အဆိုပါ အခွန်နှုန်းထားများကို ပြည်ထောင်စုလွှတ်တော်မှ မတ်လ ၁၁ ရက်နေ့တွင် ပြောင်းလဲခဲ့ခြင်း ဖြစ်ပြီး ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ “ဝင်ငွေရလမ်း မဖော်ပြနိုင်သော အခွန်နှုန်း” ဆိုသည့် စကားရပ်အစား “စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန်” ဟူ၍ လည်းကောင်း၊ နှုန်းထား ပြင်ဆင်ချက်များမှာ တစ်ကျပ်မှ ကျပ်သိန်း ၅၀၀ အထိကို အခွန် ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၅၀၀ အထိကို ၁၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၅၀၀ မှ ကျပ်သိန်း ၃၀၀၀ အထိကို ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကာ တံဆိပ်ခေါင်းခွန်မှာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့တွင် ၅ ရာခိုင်နှုန်းနှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ၃ ရာခိုင်နှုန်းသာ ပေးဆောင်ရမည် ဖြစ်သည်။

ယခင် ဝင်ငွေရလမ်း မဖော်ပြနိုင်သော အခွန် (စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန်) နှုန်းထားများကို ၃၀ ရာခိုင်နှုန်းအထိ သတ်မှတ် ကောက်ခံလျက် ရှိပြီး တံဆိပ်ခေါင်းခွန်ကိုမူ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ခုနစ် ရာခိုင်နှုန်းနှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ငါးရာခိုင်နှုန်း အထိ ပေးဆောင်ခဲ့ရခြင်း ဖြစ်သည်။

Ref:thevoiceweekly

Credit @ Ko Nge

Tuesday, March 18, 2014

လေမလိုတော့တဲ့ နောင်အနာဂ ကားတာယာများ

လမ်းကြမ်းနဲ့ အံ့ကိုက်ဖြစ်မယ့် ကားတာယာ


အမေရိကန်မှာ ကျင်းပတဲ့ တောင်ကိုရီးယား Hankook Tire ရဲ့  တာယာ ဒီဇိုင်း ပြိုင်ပွဲမှာ ဆုရသွားသော တာယာအမျိုးအစား ဖြစ်ပါတယ်။



အမေရိကန်နိုင်ငံ၊ University of Cincinnati မှ ကျောင်းသား Ben Zavala ဦးဆောင်လို့ ကြိုးစားဖန်တီးထားတဲ့ လေမလို တာယာ ဖြစ် ပါတယ်။ ပြိုင်ကားနဲ့ လမ်းချောမှာ အသုံးပြုဖို့အတွက် အဆင်ပြေ သလို ကျောက်တောင် ၊ကျောက်ခဲ ပေါများတဲ့ လမ်းမှာ လည်း ပျော့ပျော့ပြောင်းပြောင်းနဲ့ အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

ယင်း တာယာ အတွက် အသုံးပြုမ့ယ် ကုန်ကြမ်းကလည်း အဆင်သင့် ရှိတဲ့အတွက် ယနေ့ လက်ရှိ အသုံးပြုနေတဲ့ တာယာတွေနေရာမှာ အစား ထိုးနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း လေလည်း ထည့်သွင်းအသုံးပြုစရာ မလိုပါဘူး။ အကြမ်း ခံပြီး ပျော့ပျောင်းသွားအောင် ဓာတုဓာတ်ပေါင်းများရောစပ်လို့ တာယာ ဘီးဖြစ်အောင် တစ်ခါတည်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Hankook ရဲ့  Airless တာယာ ဗီဒီယိုကို ကြည့်ရှု နိုင်ပါတယ်။


Airless tire test Humvee vs Hummer

Airless tire
From Wikipedia, the free encyclopedia
Airless tire
Non-pneumatic tires (NPT), or Airless tires, are tires that are not supported by air pressure. They are used on some small vehicles such as riding lawn mowers and motorized golf carts. They are also used on heavy equipment such as backhoes, which are required to operate on sites such as building demolition, where tire puncture is likely. Tires composed of closed-cell polyurethane foam are also made for bicycles and wheelchairs. The main advantage of airless tires is that they cannot go flat, but they are far less common than air filled tires.
Airless tires generally have higher rolling resistance and provide much less suspension than similarly shaped and sized pneumatic tires. Other problems for airless tires include dissipating the heat buildup that occurs when they are driven. Airless tires are often filled with compressed polymers (plastic), rather than air.
Michelin is currently developing an integrated tire and wheel combination, the "Tweel" (derived from "tire" and "wheel," which, as the name "Tweel" suggests, are combined into one new, fused part), that operates entirely without air. Michelin claims its "Tweel" has load carrying, shock absorbing, and handling characteristics that compare favorably to conventional pneumatic tires. Automotive engineering group of mechanical engineering department at Clemson University is developing a low energy loss airless tire with Michelin through the NIST ATP project.
Resilient Technologies and the University of Wisconsin--Madison's Polymer Engineering Center are creating a "non-pneumatic tire", which is basically a round polymeric honeycomb wrapped with a thick, black tread. The initial version of the tire is for the Humvee and is expected to be available in 2011.[1][2]



ERW - Airless Bicycle Tires


Welcome to the future of bicycle technology. ERW©

The benefits of removing the air from tires completely has been known since the beginning. ERW© Patented Airless Design make bicycling safer and more efficient. Obstacles slide under the ERW© wheels with precision and ideal comfort, and keeping the tread on the tire. Our design can be created to have fully adjustable tread ride comfort, road or trail conditions. 

The future is rolling forward, hitch a ride.

Pop on over to http://www.energyreturnwheel.com for more info on all of our patents and how to invest in this cutting edge technological breakthrough and become a pioneer of the airless revolution.

We are looking forward to licensing our patents, gaining friends and investors, as well as building partnerships. We are also looking forward to to hearing from you!

Music By Trevor Morris
song title "One Good Quality" the artist is 'Debunkerhttp://trevormorrissound.bandcamp.com/

ကိုယ်ဝန်ဆောင်စဉ် ခင်ပွန်းနှင့် အတူနေလျှင် ဘာဖြစ်မလဲ (၁၈နှစ် ပြည့်မှ ဖတ်ပါ)

Q 1: ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသား(ခင်ပွန်း)နဲ့ ဆက်ဆံလို့ ရပါသလား။ တကယ်လို့ ဆက်ဆံခဲ့ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ပါသလား။

Q 2: ဆရာ Post တခုမှာ ဖတ်လိုက်ရတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူတူနေလို့ မရဘူးဆိုပြီး။ အခု ကိုယ်ဝန်က ၂ လ လောက် ရှိနေပါပြီ။ သားဦးဆိုတော့ အတွေ့ အကြုံမရှိဘူး ဖြစ်နေလို့ပါ။
တကယ်လို့ အတူတူနေလို့ ရတယ်ဆိုရင် ဘယ်လို ပုံစံမျိုးက ကိုယ်ဝန်ဆောင်တွေ အတွက် အဆင်ပြေနိုင်မလဲ ဆိုတာပါ ပြောပြပါနော်။

A 1: ပုံမှန် ကိုယ်ဝန်ဆောင်နေစဉ် အတူနေတာ ပုံမှန်ပါ။ ပုံမှန်ကိုယ်ဝန်ဆိုရင် အထဲကကလေးမှာ လိုအပ်တဲ့ အကာအကွယ်တွေ အစုံရှိတယ်။ ရေမြွှာအိတ်က ပါးပေမဲ့ ခိုင်တယ်၊ ကာကွယ်နိုင်တယ်။ သားအိမ်အဝမှာလည်း မပွင့်သရွေ့ အချွဲနဲ့ ပိတ်နေတယ်။ ဒါ့ကြောင့် ကျားအင်္ဂါဖြစ်ဖြစ် တော်တော့တန်တန် ပိုးမွှားဖြစ်ဖြစ် ကလေးဆီ မရောက်နိုင်ပါ။ ဆက်ဆံတာ သာမက ဆန္ဇပြည့်ဝသွားခြင်းဆိုတဲ့ Orgasm ဖြစ်တာကြောင့်လည်း ကိုယ်ဝန်ကို ပြဿနာ မတက်ပါ။

ဒါပေမဲ့ “အရင်အတိုင်းသာ ဆက်လုပ်ပါ၊ ဘာမှ မဖြစ်ပါဘူး”လို့ တိုက်တွန်းတာတော့ မဟုတ်ပါ။ အတွင်းသိ လင်မယား ဆိုရင် ထားတော့ နောက်ကြောင်း ရာဇဝင် ဘာမှမသိသူနဲ့ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမိရင် လိင်ကတဆင့် ကူးစက်ရောဂါ ရှိလို့ကတော့ မအေသာမက ကလေးကိုပါ ကူးတော့မှာပါ။

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ တားဆေး၊ တားနည်းတွေအတွက် ဝါယမစိုက်စရာမလို၊ မရှိသင့်ဘဲ ရှိသွားမှာမျိုးလည်း စိုးရိမ်စရာ မရှိ၊ ရာသီရက်လည်း ကြည့်မနေနဲ့၊ ဆိုတော့ ပိုတောင် အဆင်ပြေသလို ဖြစ်လာ တယ်။ နောက်တခါ နှစ်ယောက်လုံးမှာ ရောဂါဘယ ကင်းနေရင် (ကွန်ဒွန်) မလို ဖြစ်နေလို့ အတူပိုနေတာ ဖြစ်လာနိုင်တယ်။

ပုံမှန် ကိုယ်ဝန်ဆောင် မဟုတ်တာ လာပါမယ်။ အထစ်အငေါ့ရှိတဲ့ အမျိုးသမီးရဲ့ မွေးဖွါးရာဇဝင် Bad Obstetric history တခုခုရှိနေရင်။ ဥပမာ Miscarriage/Abortion ကိုယ်ဝန်ပျက်တာ၊ Pre-term labor လမစေ့ (၃၇ ပါတ် ထက်စော) ကလေး မွေးဘူးတာမျိုး။ တချို့ အမျိုးသမီးတွေရဲ့သားအိမ်အဝဟာ မလုံဘူး၊ ကိုယ်ဝန် ရင့်လာတာကို ထိန်းမထားနိုင်ဘူး။ ဒီလိုဖြစ်ရင် သားအိမ်အဝကို မမွေးမချင်း ပိတ်ချုပ်ပေးတားရတယ်။ ဒီတော့ ဆက်ဆံလိုက်ရင် သေချာပေါက် စောမွေးလာနိုင်တယ်။ နောက်ထပ် ပုံမှန် မဟုတ်တာတွေက ကိုယ်ဝန်ဆောင်နေတုံး သွေးဆင်းလာတာ၊ အရည်ဆင်းတာ။ (အာလ်ထွာဆောင်း) ရိုက်လိုက်တော့ အမွှာကိုယ်ဝန်ဆောင်နေတာနဲ့ အချင်းက သားအိမ်အဝနား ရှိနေတာတွေကို ဆိုလိုတယ်။

အကြမ်းဖျင်း ပြောရရင် ကိုယ်ဝန်တခုကို ၃ လစီ၊ ၃ ပိုင်း၊ သတ်မှတ်တာမို့ “ဒုတိယ ၃ လမှာ ဆက်ဆံတာ ဘာမှ ဖြစ်စရာ မရှိဘူး” လို့ ပြောနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စ ပဌမ ၃ လမှာ အမျိုးသမီးဟာ Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ခံစားနေရလို့ ဆက်ဆံချင်စိတ် အပါအဝင် အာရုံငါးပါး၊ နည်းပါးနေလိမ့်မယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံး ရက်တွေမှာ အရှောင်ခိုင်းတာကတော့ လိုရမယ်ရ သဘောပါ။ သီအိုရီအရ ယောက်ျားရဲ့ Semen ထဲပါတဲ့ ဓါတ်က သားအိမ်ကို ညှစ်စေအောင် ဆွပေးမလားလို့ပါ။ ကိုယ်ဝန်သည်မှာ နေရထိုင်ရတာ လေးလံလာပြီ၊ အသွားအလာလည်း ခက်လာပြီမို့၊ စိတ်အလိုလည်း နည်းပါးနိုင်တယ် မဟုတ်လား။

ဇနီးသည် ကိုယ်ဝန်ရှိချိန် လိုက်ပြီး၊ ယောက်ျားသားတွေမှာလည်း စိတ်ကစားမှု ပြောင်းတတ်သေးတယ်။ သူငယ်ချင်း တယောက် ဆေးကျောင်းနဲ့ မနီးမဝေးက ကိုယ်ဝန်ဆောင် မိန်းကလေး တယောက်ကို “သိပ်လှတယ်ကွ” ဆိုပြီး၊ တဖွဖွ ပြောခဲ့ ဘူးတယ်။ တမျိုးမထင်ပါနဲ့ အပြောသက်သက်သာပါ။ ကာယကံရှင် ခင်ပွန်းတချို့မှာတော့ မွေးလာမဲ့ကလေး အနာဂတ်ရေး စဉ်းစားရ၊ ဇနီးသည် ကျန်းမာရေး အတွက် ကြောင့်ကြရနဲ့ သီလသာ စောင့်နေချင်ကြတယ်။

“ကျန်းမာရေးနဲ့ ဘာသာရေး ရှုဒေါင့်တွေ အသာထား၊ ကိုယ်ဝန်ဆိုတာ လိင်ဆက်ဆံတာက စတယ် မဟုတ်လား” လို့ ပြောကြတာလည်း ရှိတယ်။ အားပေးတဲ့ဘက်ကနေ ထပ်ပြောတာက “(ဗဂျိုင်းနား) ဟာ ပိုပြီး စိုစွတ်နေတယ်။ နေရာက အင်္ဂါမှန်သမျှ အမြင်အရ ပိုမို ဖေါင်းကြွနေတယ်။ ဒီအချိန်ကြမှ ပဌမ Climax ရောက်ရတယ်။” စသဖြင့်။

ကိုယ်ဝန်ဆောင်ရတာက ကိုယ်ခန္ဓာ အပြင်ပုံသဏ္ဌာန်သာမက အတွင်းစိတ်မှာပါ အပြောင်းအလဲတွေ ရှိလာတယ်။ ဟော်မုန်းတွေလည်း အပြောင်းကြီး ပြောင်းလာတယ်။ မတူတာက စိတ်အလို နည်းသူတွေက နည်းလာသလို၊ များချင်သူကလည်း များနိုင်တယ်။ အမှန်က ကိုယ်ဝန် မဆောင်ချိန်မှာလည်း စိတ်အလိုဆိုတာ အတက်အကျ ရှိတာပါ။ ခင်ပွန်းသည်က ပိုပြီး နားလည်မှု ရှိရပါမယ်။ ကာမပိုင်ဘဝ ရောက်ကြပြီဆိုတာနဲ့ “ငါပိုင်တာဘဲ ငါ့သဘောဘဲ” လို့ မဖြစ်သင့်ပါ။ သာယာမှုဆိုတာ ကျေနပ်မှုကင်း၊ ပျော်ရွှင်ခြင်းမပါ၊ တဖက်သတ် ချည်းသာဆိုရင် အကြင်လင်မယားရဲ့ ဓမ္မတာ မဟုတ်နိုင်တော့ပါ။

စုံအောင်ထည့် ရေးပါရစေ။ အတူနေတာမှာ “အကြမ်းဘရမ်း” ဆက်ဆံတာမျိုး ရှောင်ရပါမယ်။ အနေအထား Position ကို သင့်အောင် ရွေးတတ်ရမယ်။ (အိုရယ်လ်) နည်းသုံးရင် လေသွင်း မှုတ်တာမျိုး ဖြစ်မသွားစေ ရပါ။ Air embolism ဆိုတာ ရတတ်တယ်။ လေက သွေးကြောထဲ သွားပိတ်ပြီး၊ အသက်ကိုပါ အန္တရာယ်ပေးနိုင်လို့ပါ။

ဒီကျန်းမာရေးအကြောင်း ပြောတဲ့အခါ သူများဆီမှာတော့ နှစ်ယောက်သား စကားပြောကြပါ။ ဆွေးနွေးကြပါ။ (ဝပ်ရှော့ခ်) တက်ပါ စသဖြင့် အကြံပြုတာတွေ ရှိတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာ သူတို့ပြောသမျှ လိုက်လုပ်လို့ မရပါ။ မရတော့ “မကောင်းဘူး။ သိပ် အောက်တယ်” ဆိုချင်သူတွေက ဆိုမယ်။ အဲလိုမဟုတ်ပါ။ ခေတ်အမီဆုံး၊ ရှေ့ဆုံးရောက် တိုင်းပြည်တွေနဲ့ ပြောင်းပြန်သာရှိတဲ့ တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမှုကြောင့် ဖြစ်စေတဲ့ အပေါင်း-အနုတ်တွေဆိုတာ သိပ်ကြီးထူးတာ မဟုတ်ပါ။

သူများတွေ လုပ်တာကို လိုက်မလုပ်နိုင်လို့ စိတ်အား မငယ်သင့်ပါ။ မလုပ်နဲ့ဆိုတာကို ခေတ်နောက်ပြန် ဆွဲလို့ မထင်သင့်ပါ။ သစ်တိုင်း၊ ဆန်းတိုင်း၊ သူများတိုင်းပြည်တွေကလူတွေ ပြောတိုင်း-လုပ်တိုင်း-ခိုင်းတိုင်း အဟုတ်ကြီး မထင်သင့်ကြပါ။ သူများတွေ မလုပ်နိုင်တာတွေလည်း ကိုယ့်ဆီမှာ ရှိပါတယ်။ ရောဂါ အဆန်းတွေကို လက်ရပ်ခေါ်နေတဲ့ အကျင့်စရိုက် အဆန်း အပြားတွေဟာ ကိုယ့်ဆီမှာ ရှားတယ်။ မိသားစုရဲ့ နွေးထွေးမှုမျိုး၊ လူကြီးသူမ၊ အာစရိယတွေရဲ့ ထိန်းကွပ်မှုမျိုး ဆိုတာက ကိုယ့်ယဉ်ကျေးမှုမှာသာ ရှိပါတယ်။

အင်္ဂလိပ်လို တွဲခေါ်လို့ ကောင်းတဲ့ စာလုံးနှစ်လုံးရှိတယ်။ Intercourse ဆိုတဲ့ အင်္ဂါချင်းဆက်ဆံမှုကို အရှောင်ခိုင်းပြီး၊ Intimacy ဆိုတဲ့ နှစ်ဦးနှစ်ဝ ရင်းနှီးကြွမ်းဝင်ကြဘို့ကိုတော့ ကိုယ်ဝန်ရှိစဉ် တလျှောက်လုံး မဖြစ်အနေလုပ်ဘို့ အကြံပြုတယ်။

A 2: ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူနေရင် ပျက်ကျမှာ စိုးရတယ်၊ နောက်ဆုံး ၃ လ စောမွေးမှာ စိုးရတယ် ဆိုတာ ယေဘုယျ ပြောတာပါ။ ပုံမှန် ဆက်ဆံတာကြောင့် ပျက်မကျနိုင်ပါ။ ကိုယ်ဝန်ဆိုတာ (နော်မယ်) ဖြစ်နေရင် အလွန် လုံခြုံပါတယ်။ ရေမြွာရည်ကနေ ကလေးကို အကာအကွယ် ပေးနေတယ်။ “ကိုယ်ဝန်ရှိစဉ် ဆက်ဆံနိုင်တဲ့ (ပိုဇေရှင်) များ” ဆိုပြီး သပ်သပ် သိဘို့ လိုတာ အမှန်ပါ။ ကိုယ်တိုင် ကြံဆနိုင် ကြပါတယ်။ ဆက်ဆံသင့်တဲ့ အနေအထားတွေဆိုတာ အများဖတ်ဘို့ ရေးတင်တာ သိပ်မကောင်းလှဘူး ထင်လို့ မေးသူဆီကိုသာ တိုက်ရိုက် ပြန်လိုက်ပါမယ်။

ဒေါက်တာတင့်ဆွေ 
Ref:http://www.myanmarcnn.com/2014/03/blog-post_8220.html

မိမိချစ်မြတ်နိုးသူတွေရဲ့အရိုးပြာမှုန့်တွေကို အဖိုးတန်စိန်အဖြစ်ပြုလုပ်ပေးနိုင်ပါသတဲ့ဗျာ....


မခွဲမခွာနိုင်အောင်သဲသဲဖြစ်နေသူတွေ ရုတ်တရက်ဆုံးပါးသွားရင် သို့ ပူဆွေးနေသူတွေအတွက် စိတ်ဖြေစရာလေး တခုပေါ့လေ....
မိမိချစ်မြတ်နိုးသူတွေရဲ့အရိုးပြာမှုန့်တွေကို မိမိကိုယ်နှင့်မကွဲမကွာဝတ်ဆင်နိုင်တဲ့အဖိုးတန်စိန်အဖြစ် ပြုလုပ်ပးနိုင်ပါသတဲ့ဗျာ....
ကဲ.. အပေါင်းအသင်းလေးတွေစိတ်ဝင်စားကျလိမ့်မယ်ထင်တယ်..

လူသေ အလောင်း တွေကို အပူနဲ့ pressure ပေးပြီး စိန်ပွင့်လေး တွေအဖြစ် ပြောင်းလဲ ပေးနိုင်ပါတယ်

Switzerland က Algordanza ကုမ္ပဏီက လူသေ အလောင်း တွေကို အပူနဲ့ pressure ပေးပြီး စိန်ပွင့်လေး တွေအဖြစ် ပြောင်းလဲ ပေးနိုင်ပါတယ်။ ဒီလို ပြောင်းလဲဖို့ ဆိုရင် $5,000 ကနေ $22,000 အထိ ကုန်ကျတာကြောင့် မသာစရိတ်နဲ့ သိပ်မကွာဘူးလို့ ဆိုလို့ ရပါတယ်။ ပြာတွေကို ကာဗွန် အဖြစ် ပြောင်းလဲ ပြီးနောက် စက်ထဲထည့်ပြီး ရက်သတ္တပတ် များစွာ အပူနဲ့ ဖိအားပေး ပါတယ်။ ရလာတဲ့ စိန်အရိုင်း တုံးတွေကို လိုချင်တဲ့ ပုံစံရအောင် သွေးဖြတ် ပါတယ်။ စိန်တစ်ပွင့် ရဖို့ ပြာတစ်ပေါင် လောက်ပဲ လိုပြီး လူတစ်ယောက်ရဲ့ ပြာဆိုရင် စိန်ကိုးပွင့်ထိ ထုတ်လုပ် နိုင်ပါတယ်တဲ့။ စိန်ရဲ့ အရောင်အသွေးက ကွယ်လွန်သွားတဲ့ လူရဲ့ မျက်စိ အရောင်နဲ့ တူတယ်လို့ ကုမ္ပဏီရဲ့ CEO Willy ကဆိုပါတယ်။ ကျန်ရစ်သူ မိသားစု တွေက စိန်ပွင့် တွေကို မြင်တဲ့ အခါ သွားလေသူက သူတို့ဆီကို တဖိတ်ဖိတ် တောက်နေတဲ့ ပုံစံနဲ့ ပြန်လာတယ် ဆိုပြီး ပျော်ရွှင် သွားကြပါ တယ်တဲ့။ သူက ဒီစီးပွားရေးကို လုပ်နေတာ ဆယ်စုနှစ် တစ်ခုစာ လောက်ရှိနေပြီး နိုင်ငံပေါင်း ၂၄နိုင်ငံထိ ဖြန့်ကျက် ထားပါတယ်။



Myanmar Youth Media Club

http://www.algordanza.com/

Swiss Company Algordanza Makes Diamonds Out of Human Cremated Ashes

A wonderful and eternal connection between you and your loved ones. Called the third way of burial. Cremation Diamonds.

The Swiss company Algordanza is making buzz around social media for being able to come up with diamonds out of human cremated ashes. Now diamonds can be deemed a lot more personal since it can even come from the remains of your own dead relatives or other loved ones.o how is it done?
NPR.org reports that the company takes the human remains and puts it under high pressure and heat to a point that it greatly resembles that of the Earth's deepest core conditions. They then compress the cremated ashes to turn into valued diamonds.
The founder and CEO of Algordanza stated that the idea came to him about ten years ago. Rinaldo Willy did not fail his own vision since his number of patron customers has already increased and spread to a total of 24 countries around the globe.
Every year, they process the ashes of about 800 to 900 people. After a total of three months, the ashes come out as diamonds that can be presented in a box or even be designed as jewellery. According to Mr Willy, the diamonds usually result into a bluish colour. This is all due to the traced boron elements in the human body that is essential for the formation of bones.
On certain occasions, the diamonds the Swiss company produce turn out black, yellow or even white. To this, the founder has no explanation to present but to realise that every diamond produced from an individual proves to be unique from all the others. Just how every individual is uniquely different from another.
So who orders these diamonds out of cremated people and for how much?
Majority of those who order from Algordanza are relatives of the deceased. Others even make future arrangements of turning themselves into diamonds too once their time of death has arrived. Mr Willy added that 25 per cent of his customers are usually Japanese. As for the cost, it falls between the ranges of $5,000 to $22,000. These already cover the high end machinery used and quality process implemented in a similar kind of lab where synthetic diamonds are made.
Other companies have also followed the lead that Algordanza took in making diamonds out of human ashes.LifeGem, an American company is now offering similar kind of services along with other U.S. patents that perform the same procedures.
Will you spend as much to make your deceased loved ones turn into diamonds you can treasure or wear?
To contact the editor, e-mail: editor@ibtimes.comTo contact the editor, e-mail: editor@ibtimes.com


From Ashes To Ashes To Diamonds: A Way To Treasure The Dead

Most of the diamonds synthesized from cremated remains come out blue, due to trace amounts of boron in the body. These diamonds, made from the ashes of animals, were created through the same process used to make diamonds from human remains.
Most of the diamonds synthesized from cremated remains come out blue, due to trace amounts of boron in the body. These diamonds, made from the ashes of animals, were created through the same process used to make diamonds from human remains.
Courtesy Rinaldo Willy/Algordanza
Diamonds are supposed to be a girl's best friend. Now, they might also be her mother, father or grandmother.
Swiss company Algordanza takes cremated human remains and — under high heat and pressure that mimic conditions deep within the Earth — compresses them into diamonds.
Rinaldo Willy, the company's founder and CEO, says he came up with the idea a decade ago. Since then, his customer base has expanded to 24 countries.
Each year, the remains of between 800 and 900 people enter the facility. About three months later, they exit as diamonds, to be kept in a box or turned into jewelry.
Most of the stones come out blue, Willy says, because the human body contains trace amounts of boron, an element that may be involved in bone formation. Occasionally, though, a diamond pops out white, yellow or close to black – Willy's not sure why. Regardless, he says, "every diamond from each person is slightly different. It's always a unique diamond."
Most of the orders Algordanza receives come from relatives of the recently deceased, though some people make arrangements for themselves to become diamonds once they've died. Willy says about 25 percent of his customers are from Japan.
At between $5,000 and $22,000, the process costs as much as some funerals. The process and machinery involved are about the same as in a lab that makes synthetic diamonds from other carbon materials.
The basic process reduces the ash to carbon, then slides it into a machine that applies intense heat and pressure — for weeks. That's at least several hundred million years faster than diamonds are made in nature.
"The more time you give this process, the bigger the rough diamond starts to grow," Willy says. After the new diamond cools off, the crystal is ground and cut to shape, and sometimes engraved with a laser.
It only takes about a pound of ashes to make a single diamond, Willy says. His company has created up to nine diamonds from one individual's ashes.
Algordanza isn't the only company blinging out the afterlife, either. An American company called LifeGem offers the same services, and there are a number of U.S. patents for similar procedures.
Most of the time, Willy says, people take the diamonds to a jeweler to be made into rings or pendants.
"I don't know why, but if the diamond is blue, and the deceased also had blue eyes, I hear almost every time that the diamond had the same color as the eyes of the deceased," says Willy, who personally delivers the diamonds to his Swiss customers.
Each time, he says, the family is happy that their loved one has, in a sense, returned home. And in sparkling form to boot.

Credit @ Ko Nge

Sunday, March 16, 2014

One Village One Product (OVOP)

ကမ္ဘာနိုင်ငံကြီးတွေမှာ သဘာဝထုန်ကုန်တွေ ဈေးကြီးပေးဝယ်နေချိန်မှာ....
အမိနိုင်ငံကလဲ တပိုင်တနိုင်မိမိဒေသ သဘာဝထုန်ကုန်တွေရိုးရာ ခေတ်မှီနည်းစနစ်တွေနှင့် သေချာလေ့လာပြီး အမြင်ကျယ်ကျယ်ထုတ်လုပ်စေချင်....


ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး

Written by  အောင်ချိန်ဘွား

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (OVOP) ဆောင်ရွက်ရေး နိုင်ငံတော်သမ္မတကြီးက အမြင်ကျယ်စွာ စောစောစီးစီး တိုက်တွန်းခဲ့သည်မှာ ...


ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (OVOP) ဆောင်ရွက်ရေး နိုင်ငံတော်သမ္မတကြီးက အမြင်ကျယ်စွာ စောစောစီးစီး တိုက်တွန်းခဲ့သည်မှာ နှစ်နှစ်နှင့်သုံးလခန့်ပင် ကြာခဲ့ပါပြီ။ ယနေ့အထိ မည့်သည့်တိုင်းဒေသကြီး၊ မည်သည့်ပြည်နယ် ကမှ တုတ်တုတ်မျှမလှုပ်သေး။ အလွန်ဆောင်ရွက် သင့်ပါလျက် လေးကန် နှေးကွေးနေကြသဖြင့် ပြန်လည်ဖော်ထုတ်ကာ ထပ်မံ၍တပ် လှန့်နှိုးရပေ သည်။



နိုင်ငံတော် သမ္မတသည် ၂၀၁၁ ခုနှစ် မေလ ၂၀ ရက်မှ ၂၂ရက်နေ့အထိ ကျင်းပခဲ့သည့် အမျိုးသားအဆင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်၍ ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည်။ မိန့်ခွန်းတွင် အလွန်အချက်ကျများပြားလှသည့် လိုက်နာဆောင်ရွက် သင့်သော လုပ်ငန်းစဉ်များအနက်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပိုမိုထိရောက်စွာ ပြောင်းလဲ တိုးတက်အောင် အဖြေရှာဆောင်ရွက်သင့်သော လုပ်ငန်းစဉ် (၁၀) ရပ်ပါရှိသည်။ ယင်အနက် အမှတ်စဉ် (၁၀)မှာ “ကျေးရွာတစ်ရွာ ထွက်ကုန်တစ်မျိုး ဆောင်ရွက်ရာတွင် နယ်မြေဒေသနှင့် ကျေးရွာများအပေါ် မူတည်၍ လယ်ယာသီးနှံများသာမက အခြားလက်မှုပစ္စည်များ၊ အနုပညာပစ္စည်းများ၊ လူသုံးအိမ်သုံး ပစ္စည်းများ၊ ဈေးကွက်ဝင် ထုတ်လုပ်နိုင်အောင် အားပေးခြင်းဖြစ်သည်။ (ယွန်းထည်၊ စဥ့်ထည်၊ ပိုးလုပ်ငန်း၊ ငွေထည်ကြေးထည် လုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ စက်ချုပ်လက်ချုပ်လုပ်ငန်းစသည့် အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းများ၊ အသေးစားစက်မှုလုပ်ငန်းများ၊ အစုအဖွဲ့ဖြင့် စီးပွားရေးကုန်ထုတ်လုပ်ငန်းများအား ပေးမြှင့်တင်ခြင်း။) ဟူသောလုပ်ငန်းစဉ်ကို ဦးစားပေးဆွေးနွေးခြင်း ဖြစ်သည်။



အမှန်က One Village One Product (OVOP) ဟူသော ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး ဆောင်ရွက်ရေး လုပ်ငန်းစဉ်သည် ဂျပန် နိုင်ငံ၊ အိုအိတာ (Oita) တိုင်းစီရင်စု၏ အုပ်ချုပ်ရေးမှူး (ဂါဗနာခေါ်တိုင်းဒေသ ကြီး၏ အကြီးဆုံးဖြစ်သူ) မစ္စတာ ဟီရာမတ်ဆုမိုရီဟီကို (Hiramatsu Marihiko) က ၁၉၇၉ ခုနှစ်တွင် စတင်တီထွင် ထူထောင်ခဲ့သော နည်းစနစ်တစ်ခုဖြစ်သည်။ အိုအိတ တိုင်းစီရင်စုသည် ကျူရှုးကျွန်း၏ အ ရှေ့မြောက်ဘက် ချောင်ကျသော ရေးလက်ကြားတွင် ကျွန်းဆွယ်ပတ်လည် ပိတ်နေသည့်နေရာ ဖြစ်သည်။ တိုင်းအတွင်းရှိ ကျေးရွာ များမှပြည်သူတို့သည် ရင်းနှီးမြှုပ်နှံမှုလုပ်ရန် လုပ်ငန်းမယ်မယ်ရရမရှိခြင်း၊ အိမ်ထောင်စုများ ၀င်ငွေကျဆင်း၍ အလုပ်အကိုင်ရှားပါးခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ ဂျီဒီပီအ လွန်နည်း ခြင်း၊ မဖွံ့ဖြိုးမှုဒဏ်နှင့် ဆင်းရဲနွမ်းပါးမှုဒဏ် စသော ဒုက္ခခံရခြင်းစသည်တို့ကြောင့် တိုင်းစီရင်စုပြင်ပသို့ ထွက်ခွာပြောင်းရွှေ့စပြုလာသည်။ သို့ဖြင့်အုပ်ချုပ်ရေးမှုး ဟီရာမတ်စုအနေဖြင့် နည်းမျိုးစုံအကြံထုတ်ပြီး နောက်ဆုံး၌ OVOP ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး လုပ်ငန်းစဉ်ကို တီထွင်ဆောင်ရွက်ဖြစ်ခဲ့သည်။



တိုင်းအတွင်းကျေးရွာများတွင် ဖြစ်ထွန်းနိုင်ခြေရှိသော ရှီအိတာကဲမှိုတစ်မျိုးကို အဆင့်အတန်း၊ အရည်အသွေး၊ ထွက်ရှိ မှုအားပါကောင်းအောင် ဖန်တီးစေပြီး ဂျပန်နိုင်ငံအနှံ့ ဈေးကွက်ချဲ့ထွင်ရောင်းချရာ၊ မကြာမီအောင်မြင်ခဲ့သည်။ တစ်ပြည်လုံးရောင်းအား၏ ၂၈ ရာခိုင်နှုန်းအထိ အရောင်း တွင်ကျယ်ခဲ့သည်။



နောက်တစ်မျိုးဖြစ်သည့် ဒေသထွက်ကာဘိုးဆူရှောက်သီးတစ်မျိုးကိုလည်း အထွက်နှုန်းရော စိုက်ဧကပါ တိုးချဲ့ပြီး စပျစ်ဝိုင်ကဲ့သို့ ယမကာတစ်မျိုးကို ဘာလီအရက်နှင့် ရောချက်ကာဈေးကွက်ထွင်ခဲ့ရာ အလွန်အရသာ ထူးကဲသည့် ယမကာဖျော်ရည်အဖြစ် ကျော်ကြားကာကျေးရွာများဝင်ငွေ ကောင်းခဲ့ပြန်သည်။ ထို့ ပြင် သူတို့တိုင်းဒေသတွင် ဘက်ပူ(Beppu) နှင့် ယူဖူယင်(Yufuin) သတ္ထုနံ့သင်းသောရေ ပူစခန်းများရှိ ရာ၊ ရေပူစိမ်ရန်ကြိုက်လှသည့် ဂျပန် လူမျိုးများကို တစ်နိုင်ငံလုံးမှ လာရောက်ရေပူစိမ်ချင်အောင် ဆွဲ ဆောင်နိုင်ခဲ့သည်။ နှစ်စဉ်ရေလာစိမ်သူ လူဦးရေ ၁၃.၈ သန်းကျော်အထိ လာရောက်သည့်အတွက် ကျေး ရွာများဝင်ငွေတိုးတက်လာခဲ့သည်။ ဒေသအထူး ထုတ်ကုန်များလည်း ကျေးရွာတစ်ခုချင်းအလိုက် အမယ် တိုးမြှင့်ထုတ်လုပ်စေခဲ့ရာ ၂၀၀၁ ခုနှစ်တွင် အမယ်ပေါင်း ၃၃၆ မယ်ကို နိုင်ငံခြား တင်ပို့နိုင်သည်အထိ ထုတ်လုပ်ခဲ့ပြီး ၀င်ငွေအမေရိကန်ဒေါ်လာ ၁ ဒသမ၂ ဘီလီယံရရှိကာ ကမ္ဘာကျော်လာလေသည်။ 



ဤတွင် တရုတ်ပြည်သူ့သမ်္မတနိုင်ငံက မဆိုင်းမတွ ဆက်သွယ်အတုယူခဲ့သည်။ OVOP စနစ် တရုတ်ပြည်၌

အောင်မြင်သောအခါ ထိုင်းနိုင်ငံ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စသော အာဆီယံနိုင်ငံများ နှင့်မွန်ဂိုလီးယား၊ အာဖရိကတိုက်ရှိနိုင်ငံများစွာတို့ကပါ ဂျပန်နိုင်ငံဂျိုက်ကာနှင့် ဂျက်စရိုတို့၏ပံ့ပိုးကူညီမှုဖြင့် OVOP ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး လုပ်ငန်းစဉ်များ လုပ်ကိုင်ဖြစ်ကြလေသည်။ ယခုအခါ ဂျပန်နိုင်ငံနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများစွာကို အကျိုးပြုပြီး၊ ဖွံ့ဖြိုးမှု အနည်းဆုံး ၄၈ နိုင်ငံကိုပါ ဆက်လက်အကျိုးပြုလျက်ရှိသည်။ ၀မ်း နည်းဖွယ်ကောင်းသည်က၊ လွန်ခဲ့သည့်နှစ်ပေါင်း ၃၄ နှစ်ခန့်ကတည်းက စတင်ပေါ်ပေါက်ပြီး တစ်ကမ္ဘာ လုံးပြန့်နှံ့အောင်မြင်နေပြီ ဖြစ်သည့် OVOP ခေါ်ကျေးရွာ တစ်ရွာ ထုတ်ကုန်တစ်မျိုး လုပ်ငန်းစဉ်သည် ယခုတိုင် မြန်မာနိုင်ငံသို့ ခြေချနိုင်ခြင်းမရှိသေးအောင် နှောင့်နှေးအေးစက်နေသည့်အချက်ပင် ဖြစ်သည်။



နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က လွန်ခဲ့သည့် နှစ်,နှစ်ကျော်ကတည်းက အားပေးအားမြှောက်ပြုခဲ့ ပါလျက် ဤသို့အကောင်အထည်ဖော်သည့် တိုင်းဒေသနှင့် ပြည်နယ်များ မထွန်းပေါက်သေးသည်မှာ အံ့သြ ၀မ်းနည်းဖွယ်ကောင်းလှတော့သည်။ ယခုကဲ့သို့ ပြုပြင်ပြောင်းလဲရေးခေတ်တွင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ အကြီးအမှူး များသည် မိမိဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းစုံ ရှာဖွေ ဆောင်ရွက်ရမည် ဖြစ်သည်။ အမေရိကားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့ ကမ္ဘာ့ထိပ်ဆုံးအဆင့်မြင့်နိုင်ငံ ကြီးများအဖြစ်သို့ ရောက်ရှိခြင်းမှာ Provinces, Prefectures, States စသည့် ဒေသအသီးသီးတို့ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ယှဉ်ပြိုင်မှု အပြည့်ဖြင့် အားကြိုးမာန်တက် တီထွင်ကြံဆအောင်ရွက်ခဲ့ ခြင်းကြောင့် ဖြစ်သည်။



အမေရိကားမှ နီဗားဒါးပြည်နယ်သည် သဲကန္တာရနှင့် တောင်ကတုံးများသာရှိသော သယံဇာတပစ္စည်း မရှိသည့် ဒေသဖြစ်လင့်ကစား ယှဉ်ပြိုင်လိုစိတ်ကြီးစွာဖြင့် ဖန်တီးမှုများလုပ်ဆောင်မှုကြောင့် အံ့သြဖွယ်ကောင်းသော ကမ္ဘာကျော် လပ်စဗေးဂတ်စ်မြို့ကြီးသို့ တစ်နှစ်လျှင်ကမ္ဘာလှည့်ခရီးသည် သန်း ၄၀ ကျော် အထိဝင်ရောက်သော ထူးဆန်း အံ့သြဖွယ် မြို့တော်ကြီး ဖြစ်လာခဲ့ခြင်းမှာ အတုယူဖွယ် ကောင်းလှပေတော့သည်။

Ref:mizzimaburmese


What is OVOP?

local cereal producerOne Village One Product (OVOP) movements have been promoted in Oita since the 1970's. Advocated by Dr. Morihiko Hiramatsu, Governor of Oita prefecture in Japan (1979-2003), the OVOP movements are known to have contributed to revitalizing rural villages experiencing depopulation, as well as economic and social stagnation. The OVOP movements encourage and engender community initiatives to (re)discover and add value to local resources, and create a local specialty product (OVOP product) which can be considered as a unique local treasure. The OVOP movements have been adopted in a number of countries in the world. The Japanese government has been promoting the concept of the OVOP movements as a main pillar of its official development assistance directed to Africa.
The OVOP movements are founded upon three principles. (Please refer to the website of Oita OVOP International Exchange Promotion Committee in detail.)

(1) Local yet Global

Under the principle of "local yet global", emphasis is placed on reinforcing linkages between "local link" and "global reach", "Local link" implies reconsidering the value of resources existing in and around a community, while "global reach" suggests a possibility of an OVOP product made of and by such resources to attain recognition in urban or overseas markets. People in a community are expected to learn to add creativity to improve quality and design of OVOP products, in order to meet the needs of urban and overseas markets.

(2) Self-reliance and Creativity

“Self-reliance and creativity” reiterates the importance of concerted community initiatives in the identification and unitization of local resources, and in the production and marketing of OVOP products. By doing so, various sections of a community, including OVOP producers, are expected to understand the importance of a community‟s self-reliance in the management of these resources for the benefit of the community.

(3) Human Resource Development

“Human resource development” is a critical element of OVOP movements. This principle underlines the importance of raising capacities of human resources, for them to acquire knowledge and skills to reinforce linkages between “local link” and “global reach”.




Small and Medium Enterprises
In the APEC region, small and medium enterprises (SMEs) account for around 90 percent of all businesses and employ as much as 60 percent of the work force. At present, however, they generate only around 30 percent of exports. APEC’s Small and Medium Enterprises Working Group (SMEWG) therefore works to encourage the development of SMEs and build their capacity to engage in international trade.
First established in February 1995 as the Ad Hoc Policy Level Group on SMEs' (PLGSME), the objective was to assist SMEs improve their competitiveness and to facilitate a more open trade and investment environment. In 2000, the group was renamed the SMEWG and granted permanent status.
The SMEWG works towards the achievement of the Bogor Goals by fostering enabling business environments for SMEs to grow and develop into export-ready (internationalized) firms, through the sharing of information on best practice initiatives and conducting capacity building activities.
A meeting of ministers responsible for SMEs has been held annually since 1994. In August 2012, the ministers, at their 19th Meeting in Saint Petersburg, Russia endorsed the SMEWG Strategic Plan for 2013-2016 which will provide a roadmap to address critical issues and concerns pertaining to the growth of SMEs and micro enterprises (MEs) in the APEC region,  with the following priority areas for action:
  1. Building Management Capability, Entrepreneurship and Innovation;
  2. Financing; and
  3. Business Environment, Market Access and Internationalization.
The SMEWG meets twice a year. The most recent meeting was held in Makati City, the Philippines, on 13-14 March 2013.
The SMEWG collaborates with other APEC fora, in particular the Economic Committee (EC), the APEC Business Advisory Council (ABAC) and APEC's Policy Partnership on Women and the Economy (PPWE).

  • Current Activities
  • Achievements
  • Contacts
  • News
  • Events
The 37th Small and Medium Enterprises Working Group (SMEWG) Meeting was held in Nusa Dua, Bali on 4-5 September 2013. The SMEWG members reviewed their activities in relation to the endorsed priorities of this year: (1) Building Management Capacity, (2) Entrepreneurship and Innovation, (3) Finance, (4) Business Environment, Market Access and Internationalization.
In 2013, the SME Working Group completed 11 projects covering all Strategic Plan priorities and objectives, provided 13 workshops, seminars and trainings for several hundred of trainers, government officials and SMEs. 13 reports, papers, databases and other deliverables have been made available to APEC economies in 2013-2014, making this group one of the most active groups under the SOM Steering Committee for Economic and Technical Cooperation.
The SME Working Group agreed to work together and provided four key indicators for the SME Monitoring Index to assess outcomes of the 2013-2016 Strategic Plan. These four indicators include: (i) SMEs share of GDP; (ii) SMEs share of total business population; (iii) SMEs contribution to employment; (iv) SMEs contribution to exports.
Key Deliverables and Projects for 2013:
APEC Seminar on the Dynamics of SME: Informality and Women Entrepreneurship (Indonesia)
The APEC Workshop on The Dynamics of SME: Informality and Women Entrepreneurship was successfully conducted in September 2013 in Nusa Dua Bali. The workshop was attended by 64 participants from 14 member economies and was organized by Indonesian SMEWG/R&D for Cooperatives and SMEs Resources, Ministry of Cooperative and SME, with the Center for Industry, SME and Business Competition Studies University of Trisakti as the co-organizer. Invited speakers presented their ideas and thoughts about factors determining the dynamics of SMEs and their key constraints and some key issues related to women entrepreneurship. The seminar also covered specific actions that APEC member governments could implement to address this issue, and provided a list of specific recommendations for SME policymakers.
Levelling the Playing Field (Chile)
Chile emphasized their high growth rate and high GDP, which is the highest in Latin America. Inflation has been also been controlled. In terms of entrepreneurship and innovation, Chile has implemented a program called “Bee Capital” which is a funding program that provides non-repayable grants to women entrepreneurs for amounts ranging from US $1000 to $6000. The program has already funded 2,600 business projects led by women. Chile has also implemented changes in procedures that have reduced the amount of work needed to start and formalize a business. Chile also provides legal assistance to SMEs and has prioritized innovation among SMEs. There have also been efforts to institute regional entrepreneurship centers and One Village One Product (OVOP)-type activities throughout the economy.
Workshop on Promotion of New Business by Women’s One Village One Product (Japan)
The APEC Women’s One Village One Product (OVOP) Seminar was held in September in Bali, Indonesia. The seminar aimed to disseminate ideas/information on how to facilitate women’s entrepreneurship with the use of the “One Village One Product (OVOP)” method. In the seminar, Japan made a report on the result of the “OVOP Movement Utilizing Women’s Possibilities” survey, which Japan conducted for the seminar, highlighting the best practices of women’s OVOP groups. Experts from different sectors were also invited to share their experiences and views on key success factors for facilitating women’s entrepreneurship.
Green Technology Initiative: Establishing Green Technology Innovation Network to Support SME Development (Indonesia)
The Green Technology Initiative was held in Bali, Indonesia in September 2013. The workshop aimed to carry out the recommendations made by the 2011 APEC International Training and Workshop on Green Technology Business Incubation in Indonesia to develop a green technology network that would benefit SMEs in the region. The network would facilitate interaction between green technology-based SMEs and technology innovation providers; and provide an avenue for sharing best practices on the promotion and development of green technology-based SMEs in APEC economies.
APEC Green Business Forum (Korea)
The APEC Green Business Forum was held in Bali, Indonesia in September 2013. The forum followed up on the APEC Carbon Labelling Workshop held in March 2013 and was attended by 49 participants from 16 member economies. The project focused on ways for SME policymakers to provide an enabling environment for SMEs by raising awareness about the global green supply chain and closing the capacity gap in carbon labelling schemes within APEC.
Business Ethics Compliance Train-the-Trainer Workshop and Workshop on Stakeholder Awareness for the Healthcare sector (USA)
This year the Multi-Year Project on "Business Ethics for APEC SMEs" organized two events:
  • A train the trainer workshop with 125 trainees, creating ethics champions and change agents who will return to their home economies and carry out local ethics training.
  • A high-level meeting that convened key stakeholders critical to creating an ethical healthcare ecosystem (leaders from physician and hospital organizations, anti-corruption agencies, health ministries and health regulatory agencies, and industry) to build awareness on the high standard APEC principles for codes of ethics (the KL and Mexico City Principles). The high-level group issued a "Bali Statement," calling on APEC to carry out sustained capacity building and dialogue on business ethics issues for all healthcare stakeholders by creating an on-going "APEC Business Ethics Forum" to foster regional cooperation. In addition, the Initiative's public-private monitoring groups reported that over 15 associations across the APEC region created or updated a codes of ethics this year that are aligned with the high standard APEC Principles.
Directory of initiatives available in APEC Economies to Assist SMEs’ access to Global Markets (Australia)
The Project, led by Australia, aimed to create a directory of initiatives that APEC economies have in place to assist their SMEs’ access global markets.  SME participation in global markets can be either as a direct exporter of goods and services or as part of a global supply chain.  Australia noted that nine economies have already contributed to the directory and issued a further invitation to other economies that would like to participate. 
APEC Startup Accelerator Initiative - Startup Leadership Summit (Chinese Taipei)
Within the framework of the project, Chinese Taipei organized two events: the “APEC Startup Accelerator Leadership Summit 2013” and the “Intel APEC Challenge.” Chinese Taipei also proposed an “APEC Accelerator Network” concept note to establish stronger regional resources to support startups in terms of cross-border incubation, mentorship, early-stage investment, and business matching. The first phase of the APEC Accelerator Network will establish a forum to be held back to back with the 38th SMEWG Meeting in March 2014, and the second phase of the project will host a start-up competition in August, 2014 in Chinese Taipei.
Improving Natural Disaster Resilience of APEC SMEs to Facilitate Trade and Investment (Chinese Taipei)
The APEC Train-the-Trainer Workshop on Promoting SME Business Continuity Planning was held in August 2013 in Chinese Taipei, as a part of its multi-year project to enhance SMEs’ natural disaster resiliency. Chinese Taipei also presented the “Guidebook on Promoting SMEs’ Business Continuity Plans” as one of the key deliverables of the project for 2013.
SME Seminar on Cross Border Trade (CBT) in APEC Region (Indonesia)
The APEC Workshop on Cross Border Trade in the APEC Region will take place in February 2014 in Bali, Indonesia. The workshop will be organized by the Indonesian SMEWG/R&D for Cooperatives and SMEs Resources, Ministry of Cooperative and SME in cooperation with the Center for Industry, SME and Business Competition Studies, USAKTI. It will address key issues related to SMEs' involvement in cross border trade in the region, focusing specifically on key constraints for doing business across borders.
Next Meeting
The 38th APEC SMEWG Meeting will be held March/April 2014 in Chinese Taipei.
The 20th APEC SMEMM will be held in the second half of 2014 in Nanjing China.

http://www.apec.org/Groups/SOM-Steering-Committee-on-Economic-and-Technical-Cooperation/Working-Groups/Small-and-Medium-Enterprises.aspx

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!