Popular Posts!
Showing posts with label အလုပ်အကိုင်. Show all posts
Showing posts with label အလုပ်အကိုင်. Show all posts
Wednesday, May 8, 2019
EP လား၊ S pass လား? ရတဲ့ လခ မှန်ဖို့ အရေးကြီးတယ်
EP လား၊ S pass လား? ရတဲ့ လခ မှန်ဖို့ အရေးကြီးတယ်
စင်ကာပူမှာ WP နဲ့ S pass ပါမစ်ကိုတာရဖို့အရေး အလုပ်ရှင်တွေအတွက် စိန်ခေါ်မှုတွေ အရင်ထက် ပိုပြီးများလာပါပြီ။ အထူးသဖြင့် ဝန်ဆောင်မှုနဲ့ ထုတ်ကုန်လုပ်ငန်းတွေရဲ့ ကုမ္ပဏီ အလတ်စားနဲ့ အသေးစားများမှာ နိုင်ငံသားနဲ့ PR တွေအတွက် ဆွဲဆောင်မှုအားနည်းတဲ့ အလုပ်၊ လစာ နဲ့ အလုပ်ချိန်များကြောင့် မလေးရှားနဲ့ တရုတ်နိုင်ငံမှ ဝန်ထမ်းများကို ခန့်ထားနိုင်မှသာ အဆင်ပြေတာပါ။
ဒါပေမယ့် မလေးရှားနဲ့ တရုတ်ဝန်ထမ်းတွေအတွက် ပေးရတဲ့ လစာကလည်း မနည်းဘူး။ အမ်အိုအမ်ရဲ့ ပါမစ်ကန့်သတ်ချက်တွေဟာ ကုမ္ပဏီ အလတ်စားနဲ့ အသေးစားများအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတာမို့ အလုပ်ရှင်တွေလည်း ဒီကိစ္စအပေါ်အမြဲ ဝေဖန်လေ့ရှိပါတယ်။
လုံးဝ ထွက်ပေါက်မရှိတဲ့ အလုပ်ရှင်တွေအတွက်ကတော့ အမ်အိုအမ်ရဲ့ နိုင်ငံခြားသား အလုပ်ခန့်ထားရေးအတွက် ဥပဒေကို မျက်ကွယ်ပြုပြီး မသမာတဲ့ လုပ်ရပ်တွေ ဖန်တီးလာပါပြီ။ ဒါပေမယ့် ကံမကောင်းတဲ့ အလုပ်ရှင်တွေနဲ့အတူ ရွေးချယ်စရာအခြားနည်းလမ်းမရှိလို့ အလုပ်ဝင်ခဲ့တဲ့ နိုင်ငံခြားသားဝန်ထမ်းတွေလည်း နှစ်စဉ်လို အရေးယူခံရတာတွေ ရှိနေပါတယ်။
အဓိက အခက်အခဲကတော့ နိုင်ငံခြားသား ခန့်ထားဖို့ WP နဲ့ S Pass အတွက် ကိုတာ (Quota) မရကြတာပါ။ ကုမ္ပဏီမှာ ခန့်ထားတဲ့ နိုင်ငံသားနဲ့ PR ဦးရေ အချိုးအစားအရ ကိုတာချပေးတဲ့ စနစ်ဟာလည်း စင်ကာပူအစိုးရရဲ့ သူ့နိုင်ငံသား အကျိုးကာကွယ်ရေးနဲ့ နိုင်ငံခြားသား ဝန်ထမ်းဦးရေကို ထိန်းချုပ်တဲ့ စနစ်ပါဘဲ။
ဒီတော့ ကိုတာ ရဖို့ ဘာလုပ်သလဲဆိုရင် (Phantom Worker) ဟန်ပြ ဝန်ထမ်းတွေ ခန့်ကြတော့တာပါဘဲ။ နီးစပ်ရာကနေ နိုင်ငံသား နဲ့ ပီအာတွေကို အနည်းဆုံး လစာပမာဏတစ်ခုကိုပြပြီး CPF ထည့်ပေးကာ ကိုတာ ရအောင်လုပ်ကြတာဟာ အခုချိန်ထိ ရှိနေတုန်းမို့ မကြာခဏဆိုသလို အမ်အိုအမ်ရဲ့ အရေးယူတဲ့ သတင်းတွေကို ဖတ်နေရဆဲပါ။
ဒီလို ကိုတာရဖို့အတွက် နိုင်ငံသား နဲ့ ပီအာတွေကို မက်လုံးတစ်ခုပေး၊ CPF ထည့်ပေးရတာနဲ့ အလုပ်ရှင်တွေအတွက် ကုန်ကျစရိတ် တက်လာပါပြီ။ ဒီကုန်ကျစရိတ်တွေ ကာမိအောင် ဘာလုပ်မယ်ထင်သလဲ။ လက်ရှိကာလအထိ အပြင်မှာ တွေ့နေရတာကတော့ အဲ့ဒီကုန်ကျစရိတ်တွေ ကာမိအောင် ခန့်ထားတဲ့ နိုင်ငံခြားသားတွေဆီကနေ ရတဲ့နည်းနဲ့ ရသလောက် ပြန်ယူတာပါဘဲ။
WP သမားတွေဆိုရင်လည်း အလုပ်ရှင်တွေဟာ အလုပ်သမား အပြောင်းအလဲကို ၁ နှစ်တစ်ကြိမ်၊ ၂ နှစ်တစ်ကြိမ်လုပ်ပြီး အလုပ်သမားအသစ်တွေဆီကနေ ပွဲခကို အေးဂျင့်နဲ့ ပေါင်းပြီး ယူကြပါတယ်။ ဒီတော့ အလုပ်သမား တစ်ယောက်ကို ကြာကြာမခန့်တော့ပါဘူး။ တစ်ချို့တွေဆို ၆ လ လောက်ခန့်ပြီး ရမယ်ရှာ အလုပ်ဖြုတ်တာမျိုးတွေလည်း ရှိနေပါတယ်။ အလုပ်သမား အဝင်အထွက်များလေ ကိုတာအတွက် ကုန်ကျစရိတ်ကာမိလေပါဘဲ။ ဒါတွေက စင်ကာပူမှာ အခုမှ ဖြစ်နေတာမဟုတ်ဘူး၊ အရင်ကတည်းက အလုပ်ရှင်အချို့နဲ့အလုပ်အေးဂျင်တွေ ပေါင်းလုပ်နေတာပါ။ ဒါကို အမ်အိုအမ်ဘက်က သိတာနဲ့ စုံစမ်းစစ်ဆေး အရေးယူတာပါဘဲ။ 
အလုပ်ရှင်ဟာ အလုပ်သမားဆီကနေ အခကြေးငွေယူပြီး အလုပ်ခန့်တာကို Kickback ယူတယ်လို့ သတင်းတွေမှာ ရေးလေ့ရှိပါတယ်။ နှစ်စဉ်လို အရေးယူခံရတဲ့ အလုပ်ရှင်တွေရှိနေတာတောင် လုပ်နေသေးတဲ့ သူတွေ ရှိနေတုန်းပါ။
ဒီတော့ ကိုတာတွေရဖို့အတွက် မမှန်မကန်လုပ်ပြီး ရအောင်လုပ်ကြသလို၊ ကုန်ကျစရိတ် ကာမိအောင် Kickback ယူတယ်။ နောက်ထပ် အလားတူ လုပ်ရပ်တွေလည်း ရှိပါသေးတယ်။ ဒါကတော့ S pass အတွက် လစာကို အမ်အိုအမ်ရဲ့ ပြဌာန်းသတ်မှတ်ချက်မီအောင် Pass လျှောက်စဉ်မှာ အမှန်တစ်ကယ်ပေးတာထက် ပိုပြပြီး၊ အလုပ်ရာထူးကိုလည်း ကြီးကြပ်ရေးမှုးအဆင့်ထက် မနိမ့်တဲ့ ရာထူးနဲ့ လျှောက်ပြီး အမှန်တော့ ကာယအလုပ်သမား အဆင့်နဲ့ ခိုင်းနေတဲ့ လုပ်ရပ်တွေပါ။
ပါမစ်ကိုတာအရ WP နဲ့ S Pass ကို ခွဲပြီးချပေးတာပါ။ ဒီတော့ WP ကိုတာ မရှိတော့ရင် S Pass လျှောက်ရမှာဘဲပေါ့။ ဒါပေမယ့် အလုပ်မှာ အမှန်တစ်ကယ်လိုတာက အလုပ်သမား အဆင့်ပါ။ ဒါပေမယ့် S pass လျှောက်လို့ ရအောင် ရတဲ့ နည်းနဲ့ ဘောင်ဝင်အောင်လုပ်ကြတဲ့အခါမှာ ရာထူး၊ လစာ၊ ပညာအရည်အချင်းနဲ့ အရင်အလုပ်အတွေ့အကြုံတွေပါ မဟုတ်တရုတ်တွေ လုပ်ကြပါတော့တယ်။ အချို့တွေဆိုရင် ရာထူးကြီးကြီးတွေနဲ့ ကော်ဖီဆိုင်၊ ပေါက်စီဆိုင်တွေမှာ လုပ်နေတာတွေလည်း ရှိနေပါတယ်။ ထားပါတော့၊ ရရာ အလုပ် လုပ်ရမယ်ဆိုပေမယ့် ဒီလိုမျိုး အသား ငါးရောင်းတဲ့ ဈေးထဲက ကော်ဖီဆိုင်မှာ အရာရှိအနေနဲ့ ခန့်ပြီး S Pass ဒါမှမဟုတ် EP ရလာတာကတော့ ကျွန်တော်လည်း ရှင်းမပြတတ်ပါ။
အကယ်၍ လုံးဝ ကိုတာ မရှိရင်တော့ အလုပ်ရှင်တွေဟာ EP နဲ့ ခန့်ဖို့ ကြိုးစားကြပါတော့တယ်။ EP ဆိုတာ ကျွန်တော်သိသလောက် ရဖို့ အခွင့်အလမ်း အရမ်းနည်းပါတယ်။ ဒါကလည်း အမ်အိုအမ် သတ်ချက်အရ ကိုတာ မလို၊ WP နဲ့S Pass တွေလို အလုပ်ရှင်ဘက်က လဲဗီးပေးစရာမလိုတဲ့အတွက် တစ်နည်းတဖုန် နိုင်ငံခြားသား ခန့်ဖို့ အခွင့်အလမ်းတစ်ခုပေါ့။ 
EP ရဖို့ ခက်တယ်လို့ ကျွန်တော်ပြောနေပေမယ့် အလွယ်တကူရတာတွေလည်း တွေ့နေရပါတယ်။ လူမှန်၊ နေရာမှန်၊ လစာမှန်နဲ့ အားလုံး မှန်မှန်ကန်ကန်နဲ့ လုပ်နေတဲ့ EP ကိုင်ထားသူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် အဲ့လိုမျိုးမဟုတ်ဘဲ ပါမစ် ကိုတာ မရနိုင်တဲ့အခါမှာ ခန့်ချင်တာကလည်း အလုပ်သမားအဆင့်လောက် ဖြစ်နေတော့ EP အတွက် မန်နေဂျာရာထူး၊ လစာတွေ ထောင်ပေါင်းများစွာနဲ့ အလုပ်ရှင်ကနေ လျှောက်ပေးထားသူတွေအတွက် ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ရှိနေပါတယ်။
ရာထူးဟာ ကာယလုပ်သား မဟုတ်ဘဲ စီမံခန့်ခွဲရေးရာထူးနဲ့ ခန့်ထားပြီး လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရလို့ လက်ပြတ်တာမျိုး၊ စက်ညှပ်တာမျိုးတွေ ကြုံရတဲ့ အခါမှာ အလုပ်ရှင်အချို့ဟာ လုပ်ငန်းခွင်ထိခိုက်နစ်နာကြေးမလျှောက်ပေးဘဲ ဆေးကုပြီးတဲ့အခါ အလုပ်ကနေ ထုတ်ပယ်ခံရသူတွေလည်း တွေ့ဖူးပါတယ်။ 
လုပ်ငန်းခွင်ထိခိုက်နစ်နာကြေးလျှောက်တဲ့အခါမှာ မိမိရာထူး တာဝန် နေ့စဉ်အလုပ်တွေနဲ့ ခန့်ထားစဉ်က အမ်အိုအမ်ကို EP လျှောက်ထားတာနဲ့ ကွဲလွဲနေလို့ ထိခိုက်နစ်နာကြေးမတင်ရဲသူတွေလည်း ရှိပါတယ်။ ဒါတွေကတော့ မိမိ ရပိုင်ခွင့် ဆုံးရှုံးရတာပါဘဲ။ EP နဲ့ S Pass တွေကို ခန့်တဲ့ ရာထူးနဲ့ အမှန်တစ်ကယ် ခိုင်းတဲ့ အလုပ်ကွာခြားချက်ရှိတဲ့အထဲမှာ EP အလုပ်ကို ပိုပြီး ဆိုးရွားပါတယ်။ S Pass သမားတွေကတော့ကာယအလုပ်သမားအလုပ် ဝင်လုပ်ရင်း ထိခိုက်ဖဒဏ်ရာ ရတဲ့အခါမှာ အချို့တွေက ကျွမ်းကျင် ဝန်ထမ်းအဆင့်ဖြစ်နေတာမို့ EP ထက်စာရင် လုပ်ငန်းခွင်ထိခိုက်နစ်နာကြေးလျှောက်ရာမှာ အခက်အခဲ မရှိလှပါဘူး။
နောက်ထပ် အခက်အခဲကတော့ အမ်အိုအမ်မှာ ပတ်စ်တင်တုန်းက ဖော်ပြတဲ့ လစာနဲ့ အမှန်တစ်ကယ်ရတဲ့ လစာ ကွာနေတာပါဘဲ။ ဒါတွေက အလုပ်ရှင်နဲ့ ၂ ဦး သဘောတူ ရှင်းနေကြဆဲပါ။ ဒါပေမယ့် မတရားသဖြင့် အလုပ်ကနေ ထုတ်လိုက်တာမျိုး၊ လစာ မရလို့ အမ်အိုအမ် တိုင်ဖို့ ဆိုင်းပြင်တဲ့အခါမျိုးမှာ အချို့သူတွေအတွက် တိုင်ဖို့ နောက်ဆုတ်သွားတာတွေလည်း ရှိပါတယ်။ လစာမမှန်သလို အလုပ်ရာထူးကလည်း မမှန်တော့ ဒါတွေအတွက် အရဲစွန့်ဖို့လည်း လိုသေးတာကို။ အမ်အိုအမ် မသိလောက်ပါဘူးဆိုပြီး တိုင်ခဲ့သူတွေလည်း ရှိနေပါတယ်။ ဘယ်လို ဘယ်ပုံနဲ့ အဆုံးသတ်သလဲဆိုတာတော့ မသိပါ။ ဒါကလည်း အခွင့်အရေးဆုံးရှုံးမှု တစ်ရပ်ပါ။
ဒီလိုဖြစ်ရပ်တွေထဲမှာ လစာတွေ ရတာထက် ပိုပြီးဖော်ပြထားတဲ့အတွက် လစာ ဝင်ငွေခွန်အတွက် ကိုယ်မရတဲ့ လစာပေါ်မူတည်ပြီး အခွန်တွေဆောင်ရတဲ့ ပြဿနာပါဘဲ။ S Pass သမားတွေမှာ ဒီလိုပြဿနာ မရှိသလောက်နည်းပေမယ့် EP သမားတွေထဲမှာ အခွန်တွေ အဆမတန်ဆောင်နေရသူတွေ ဒုနဲ့ ဒေးပါ။ အချို့အလုပ်ရှင်တွေကတော့ သူတို့ဘက်ကနေ အခွန်ဆောင်ပေးတာတွေလည်း ရှိပါတယ်။ အကယ်၍ မဆောင်ပေးခဲ့ရင် ဘာလုပ်မလဲ။ ဒါကလည်း အလုပ်ရှင်နဲ့ ကိုယ် ယှဉ်တဲ့အခါမှာ သူဘက်က ဒဏ်ငွေနဲ့ ပြီးသွားနိုင်ပေမယ့် ကိုယ်ဘက်က နောင်မှာ စင်ကာပူမှာ အလုပ်လုပ်ခွင့် မရနိုင်လောက်တဲ့အထိ ကြုံတွေ့ရနိုင်မယ်ဆိုတာကို ပတ်ဝန်းကျင်မှ ကြားသိနေရတဲ့ သတင်းများမှ မျှဝေလိုက်ပါတယ်။
Tuesday, May 7, 2019
PUBLISHED 6 MAY 2019 ဖြိုးဝေ
  ဘဏ္ဍာနှစ်သုံးနှစ်အတွင်း ကျပ် ၁၈ ဘီလျံကျော် အရှုံးပေါ်ခဲ့သည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်း၏ လုပ်ငန်းလည်ပတ်မှု ၂၀၁၈ ခြောက်လဘဏ္ဍာနှစ်တွင်လည်း ကျပ် ၃ ဒသမ ၇ ဘီလျံကျော် လိုငွေဖြစ်ပေါ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆိုက်ကပ်ထားသည့် မြန်မာ့အမျိုးသားလေကြောင်းမှ လေယာဉ်ကိုတွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)
ဘဏ္ဍာနှစ်သုံးနှစ်အတွင်း ကျပ် ၁၈ ဘီလျံကျော်အရှုံးပေါ်ခဲ့သည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်း၏ လုပ်ငန်းလည်ပတ်မှုမှာ၂၀၁၈ ခြောက်လဘဏ္ဍာနှစ်တွင်လည်း ကျပ် ၃ ဒသမ ၇ ဘီလျံကျော် လိုငွေဖြစ်ပေါ်ကာ အရှုံးပြခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ သိရသည်။"
ကုမ္ပဏီအသွင်ကူးပြောင်း၍ လုပ်ငန်းဆောင်ရွက်နေသည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်းအနေဖြင့် အရှုံးပေါ်နေဆဲဖြစ်ပြီး ဘဏ္ဍာနှစ်သုံးနှစ်အတွင်း ကျပ် ၁၈ ဘီလျံကျော် အရှုံးပေါ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ “ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်” အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၃-၂၀၁၄ ခုနှစ်မှစ၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေပြင်ပမှ လုပ်ငန်းဆောင်ရွက်ခဲ့သည့် မြန်မာ့အမျိုးသားလေကြောင်းလိုင်း အနေဖြင့် မြန်မာ့လေကြောင်းက ပိုင်ဆိုင်ခဲ့သည့် ငွေကြေး၊ ရွှေ့ပြောင်း /မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများနှင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများ၏ ပင်စင်လစာများကိုလည်း တာဝန်ယူနေရပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၈ ဒသမ ၉၆၂ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၅ ဒသမ ၆၉၅ ဘီလျံနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၃ ဒသမ ၄၀၁ ဘီလျံ အရှုံးပေါ်ခဲ့ကြောင်း သိရသည်။
 ထို့ပြင် ၂၀၁၈ ဘဏ္ဍာနှစ်တိုတွင်လည်း  မြန်မာ့အမျိုးသားလေကြောင်းလိုင်းအနေဖြင့် မူလဝင်ငွေလျာထားချက်တွင် ကျပ် ၈၁၉၃၃ သန်းကျော် လျာထားပြီး အသုံးစရိတ်အဖြစ် ကျပ် ၇၈၅၁၁ သန်းကျော်လျာထားကာ ကျပ် သန်း ၃၄၀၀ ကျော် ပိုငွေပြရန် လျာထားခဲ့သော်လည်း ဝင်ငွေလျော့ကျမှုကြောင့် ယာယီစာရင်းတွင် ၂၀၁၈ ခြောက်လကာလအတွက် မြန်မာ့အမျိုးသားလေကြောင်းလိုင်း၏ ဝင်ငွေမှာ ကျပ် ၇၄၃၇၆ သန်းသာရှိခဲ့ပြီး အသုံးစရိတ်မှာ ကျပ် ၇၈၀၈၇ သန်းအထိရှိခဲ့သဖြင့် ကျပ်သန်း ၃၇၁၀ ကျော်လိုငွေပြကာ အရှုံးပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့အမျိုးသားလေကြောင်းလိုင်းအနေဖြင့် အရှုံးပေါ်နေဆဲဖြစ်သော်လည်း အရှုံးသက်သာမှုရှိလာနေပြီး လတ်တလောတွင် လေယာဉ် ၁၅ စင်းဖြင့် ပြည်တွင်းခရီးစဉ် မြို့ပေါင်း ၂၇ မြို့နှင့် ပြည်ပခရီးစဉ်များ ပြေးဆွဲမှုများ ပြုလုပ်နေသည်။ ထိုသို့ပြေးဆွဲနေမှုများကြောင့်  ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ခရီးသည် ၅၈၇ç၂၇၂ ဦး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ခရီးသည် ၁ç၀၂၇ç ၉၀၄ ဦး၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ခရီးသည် ၁ç၄၂၅ç၄၃၉ ဦးအထိ တိုးတက်စီးနင်းခဲ့သည်ဟု “ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက်အစီရင် ခံစာအပေါ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်” အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုသို့ အရှုံးပေါ်နေမှုများအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်က အကြံပြုရာတွင် ဝယ်ယူပြီးနှစ်နှစ်အတွင်း လေယာဉ်များပျက်စီးမှုမှာ မြန်မာ့အမျိုးသားလေကြောင်းအနေဖြင့် ဝယ်ယူရေးတွင် အားနည်းချက်များ ရှိနေသဖြင့် ဝယ်ယူရေးဆိုင်ရာမူဝါဒ၊ လုပ်ထုံးလုပ်နည်းအားနည်းချက်များကို ပြန်လည်သုံးသပ် စိစစ်သင့်ကြောင်းနှင့် မြန်မာ့အမျိုးသားလေ ကြောင်းလိုင်း၏ ငွေစာရင်းဖွင့်လှစ်မှုများအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာနှင့်အညီ လိုက်နာရန် လိုအပ်နေကြောင်း အကြံပြုခဲ့သည်။ ထို့ပြင် အရှုံးဖြစ်ပေါ်မှုလျော့နည်း၍ အမြတ်များ ပိုမိုရရှိလာစေရန် ကုန်ကျစရိတ်လျှော့ချ၍ ဝင်ငွေများ ပိုမိုရရှိလာစေမည့် ပိုမိုကောင်းမွန်သည့် နည်းလမ်းကောင်းများ၊ စျေးကွက်စီးပွားရေးစနစ် နှင့် လိုက်လျောညီထွေဖြစ်ပြီး ပိုမိုယှဉ်ပြိုင်နိုင်စေမည့် ကောင်းမွန်သောဝန်ဆောင်မှုများ၊ ဘေးကင်းလုံခြုံ၍ အများပြည်သူယုံကြည်စိတ်ချရသည့် လေကြောင်းလိုင်းအဖြစ် နာမည်ကောင်းရစေမည့် အစီအမံများ ရေးဆွဲချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည်။
Ref:https://news-eleven.com/article/105671
Monday, May 6, 2019
စင်ကာပူမှာ WP ကို ဘယ်လို ခွင့်ပြုသလဲ?
စင်ကာပူမှာ WP ကို ဘယ်လို ခွင့်ပြုသလဲ?
အခုရက်ပိုင်းထဲမှာ စင်ကာပူက စက်ရုံမှာ မြန်မာတွေ ခန့်မယ်ဆိုတဲ့ အလုပ်ကြော်ငြာတစ်ခု ဖေ့စ်ဘွတ်ခ်မှာ ဖတ်လိုက်ရတာနဲ့ စိတ်ဝင်စားသူတွေ တွေးတတ်အောင်လို့ အခုပို့စ်ကို ရေးလိုက်ပါတယ်။ ကျွန်တော်ရေးသားမှုဟာ လက်ရှိ MOM  ရဲ့ ဥပဒေအရ ကိုးကားပြီးရေးထားသလို့ လက်ရှိ အချို့သူတွေကို ခြွင်းချက်အရ WP ဘယ်လိုရထားတယ်ဆိုတာတော့ ရှိကြပါတယ်။ ဒါတွေက အငြင်းပွားစရာ မလိုပါ။ ဥပမာ သန့်ရှင်းရေးလုပ်ငန်းတွေအတွက် စမ်းသပ်ကာလအနေနဲ့ အမျိုးသမီးတွေ ခန့်နေပါတယ်။
(၁) စင်ကာပူမှာ WP ကို မြန်မာတွေအတွက် စက်ရုံ (manufacturing) နဲ့ ဝန်ဆောင်မှု (service) အတွက် ချမပေးပါဘူး။ တင်ထားတဲ့ MOM က screen shot ကိုသာ ကြည့်ကြပါ။
(၂) ဒါပေမယ့် Special Case အနေမျိုးနဲ့ WP ကို မြန်မာတွေအတွက် စက်ရုံ (manufacturing) နဲ့ ဝန်ဆောင်မှု (service) မှာ ချပေးတာတော့ တွေ့ဖူးပါတယ်။ အင်မတန်ရှားပါတယ်။ အမ်အိုအမ်မှာ အလုပ်ရှင်နဲ့ အမှုရင်ဆိုင်နေရစဉ် အမှုကာလရှည်ကြာတဲ့အတွက် အလုပ်သမား စားဝတ်နေရေးအဆင်ပြေစေဖို့  စက်ရုံ (manufacturing) မှာ WP ကို (၆) လ သက်တမ်းမျိုးနဲ့ အမှုပြီးတဲ့အထိ ထုတ်ပေးထာ တွေဖူးသလို၊ ဝန်ဆောင်မှု (service) အောက်မှာ သတ်မှတ်ထားတဲ့ ဘာသာရေးအဖွဲ့အစည်းတွေက ဘုန်ကြီးတွေကို WP ချပေးတာလည်း ရှိနေဆဲပါ။ ဒါပေမယ့် ဘာသာရေးအဖွဲ့အစည်းအတွက် သီးသန့်လို့သာ သိရပါတယ်။
(၃) မြန်မာတွေကို WP ထုတ်ပေးတဲ့ အလုပ်တွေက ဆောက်လုပ်ရေးနဲ့ သဘောင်္ကျင်းအပါအဝင် ရေနံ ဓာတု (process) လုပ်ငန်းတွေဖြစ်ပါတယ်။
(၄) စင်ကာပူက စီးပွားရေး အဓိကကဏ္ဍ (၅) ရပ်အတွက် (၃) ရပ်မှာသာ မြန်မာတွေအတွက် WP ချပေးတာပါ။ ဒီအထဲမှာ စက်ရုံနဲ့ ဝန်ဆောင်မှုမပါဝင်ပါ။
(၅) အကယ်၍ WP မဟုတ်ဘဲ S Pass နဲ့ ဒီစက်ရုံ အလုပ်ကို မြန်မာတွေ ရာဂဏာန်းနဲ့ ခန့်ဖို့ဆိုတာ အတော့ကို ကုန်ကျစရိတ်များပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကိုတာနဲ့ လဲးဗီးတွေကြောင့်ပါ။
(၆) အကယ်၍ မြန်မာ ဝန်ထမ်း ၁၀၀ ကို စက်ရုံမှာ S pass နဲ့ ခန့်မယ်ဆိုရင် နိုင်ငံသားနဲ့ ပီအာ အနည်းဆုံး ၅၀၀ ရှိမှ ကိုတာ ပြည့်ပါလိမ့်မယ်။
(၆) အကယ်၍ မြန်မာ ဝန်ထမ်း ၁၀၀ ကို ဝန်ဆောင်မှု လုပ်ငန်းမှာ S pass နဲ့ ခန့်မယ်ဆိုရင် နိုင်ငံသားနဲ့ ပီအာ အနည်းဆုံး  ၆၇၀ ရှိမှ ကိုတာ ပြည့်ပါလိမ့်မယ်။
(၇) ဒါတောင် ပထမအဆင့် ကိုတာနဲ့ ခန့်တာမို့ လဲးဗီးက ပုံမှန်နှုန်းနဲ့ ပေးရတာပါ။ အကယ်၍ ဒုတိယအဆင့်ဆိုရင် လဲးဗီးနှုန်းဟာ ပုံမှန်ထက် ၁ ဆ ခွဲ လောက် တက်သွားပါတယ်။ တတိယအဆင့်ဆိုရင် ၂ ဆ တက်ပါတယ်။
(၈) ဒါကြောင့် ဒီလောက် ဈေးကြီးတဲ့ S pass ကို ပုံမှန်အားဖြင့် မရှိမဖြစ်လိုအပ်တဲ့ နေရာတွေမှာသာ ခန့်ကြတာပါ။ အကယ်၍ စက်ရုံတွေမှာ ဒီလူ ၁၀၀ ကို S pass နဲ့ ခန့်မယ်ဆိုရင်လည်း ဥပဒေအရ သတ်မှတ်ထားတဲ့ လစာအတိုင်း အကျုံးဝင်အောင် မမှန်မကန် ဖြည့်စွက်ရမှာပေါ့။
ဒါကြောင့် စဉ်းစားကြပါ။ ရှယ်နေတဲ့သူတွေလည်း ကိုယ် ဘာတွေ ရှယ်နေတာ သဘောပေါက်ကြပါစေ။
စင်ကာပူမှာ WP ကို မြန်မာတွေအတွက် စက်ရုံ (manufacturing) နဲ့ ဝန်ဆောင်မှု (service) အတွက် ချမပေးပါဘူး။ တင်ထားတဲ့ MOM က screen shot ကိုသာ ကြည့်ကြပါ။
အကယ်၍ မြန်မာ ဝန်ထမ်း ၁၀၀ ကို စက်ရုံမှာ S pass နဲ့ ခန့်မယ်ဆိုရင် နိုင်ငံသားနဲ့ ပီအာ အနည်းဆုံး ၅၀၀ ရှိမှ ကိုတာ ပြည့်ပါလိမ့်မယ်။
အကယ်၍ မြန်မာ ဝန်ထမ်း ၁၀၀ ကို ဝန်ဆောင်မှု လုပ်ငန်းမှာ S pass နဲ့ ခန့်မယ်ဆိုရင် နိုင်ငံသားနဲ့ ပီအာ အနည်းဆုံး  ၆၇၀ ရှိမှ ကိုတာ ပြည့်ပါလိမ့်မယ်။
စင်ကာပူသံရုံးနှင့် မြန်မာအစိုးရတို့ ပူးပေါင်းပြီး ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းပညာ (အခမဲ့ )သင်တန်း
စင်ကာပူသံရုံးနှင့် မြန်မာအစိုးရတို့ ပူးပေါင်းပြီး ဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းပညာ   (အခမဲ့ )သင်တန်း 
V
အောက်ဖော်ပြပါ ဘာသာရပ်များကို ဖွင့်လှစ်သွားမည် ။
Courses For Hospitality and Tourism
1. Front Office Operations
2. HouseKeeping Operations
3. Restaurant Operations
4. Retail Operations
Courses for Engineering
1. Electronics ( Computer Networking)
2. Electrical Technology (Electrical Installations)
3. Residental Air Conditioning
4. Building Fixtures and Equipments
5. General Welding
6. Mechatronics (Basic Services)
Singapore နိုင်ငံ ITE College အသိအမှတ်ပြုသင်ရိုးများ အတိုင်း လက်တွေ့ ကျွမ်းကျင်စေရန်  ဦးစားပေးသင်ကြားမည်။
သင်တန်းကာလ ၆ လကို အချိန်ပြည့် တက်ေ၇ာက်ရမည် ။
၁၀ တန်းအောင် ပြီး အသက် ၁၆ နှစ်ပြည့်သော မည်သူမဆိုတက်ရောက်နိုင်သည်။
သင်တန်းကြေးပေးရန် မလိုပါ ။
သင်တန်းပြီးဆုံးပါက Singapore Myanmar ပူးပေါင်းအသိအမှတ်ပြု ကျွမ်းကျင်လက်မှတ် (SMVTI Certificate) ပေးအပ်မည်။
အောက်ပါအစီအစဉ်အတိုင်းဖွင့်လှစ်မည် ။
School of Hospilitality and Tourism : စက်တင်ဘာလ (၁၄ ) ရက် ၊ တနင်္လာနေ့ 
သင်တန်းချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီ                                    
School of Engineering : အောက်တိုဘာလ (၂၆) ရက် ၊ တနင်္လာနေ့ 
သင်တန်းချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီ 
ကျောင်းဝင်ခွင့်ပုံစံများကို ဇွန်လ (၂၃ ) ရက် အဂ်ါနေ့ မှ စတင်ပြီး လူကိုယ်တိုင်ထုတ်ယူနိင်ပါတယ် ဇူလိုင်လ ၁၅ ရက်နေ့  ညနေ ၅ နာရီ နောက်ဆုံးထား ပေးပို့ ရမည်ဖြစ်ပါတယ်။
Singapore- Myanmar Vocational Training Institute
အမှတ် (၁၂၃) ၊ နတ်မောက်လမ်း ၊ ဗဟန်းမြို့ နယ် ၊ ရန်ကုန်မြို့ ၊
စင်ကာပူမှာ အလုပ်ရချင်တာလား?
 သူနာပြု သွားလုပ်လေဆိုတဲ့ စကားတွေ ကြားနေရတဲ့ အတွက် ပြင်ဆင်ခွင့်လေးတော့ ပြုပါ!
     မြန်မာပြည်ကနေ စလုံးမှာ အလုပ်လာလုပ်နေကြတဲ့သူတွေ သူနာပြု အကူတွေ ရှိပါတယ်။ မြန်မာပြည်မှာ
အောင်ချမ်းမြေ့ အစရှိတဲ့ သူနာပြု အကူသင်တန်းတွေ တက်ပြီး စင်ကာပူမှာ အလုပ်လာလုပ်ကြတဲ့ အမတွေကို မြင်ဖူးပါတယ်။ ဒါပေမဲ့ နှုတ်ကနေ လွယ်လွယ်ကူကူ ပြောထွက်တိုင်း သူနာပြု ဆိုပြီး အလွယ် မပြောပါနဲ့ လား သူနာပြု အကူတွေ အလုပ်ရပါတယ်။
     စင်ကာပူမှာ Nursing Home အများစုမှာ လုပ်ရင်လုပ်မလုပ်ရင် Care Giver Training ဆိုပြီး MOH က တရားဝင်သတ်မှတ်ထားတဲ့ သင်တန်းတွေတက်ပြီး Patient Home Care ဆိုပြီး Basic Care ပေးတဲ့ အလုပ်တွေ ရကြပါ တယ်။ ဒါပေမဲ့ စင်ကာပူမှာ Registered Nurse တစ်ယောက်ဖြစ်ဖို့  Singapore Nursing Board က သတ်မှတ်ထားတဲ့ အချက်တွေ ပြည့်စုံရပါတယ်။ စလုံးမှာ သူနာပြု ဒီပလိုမာ ဒါမှမဟုတ် သူနာပြု ဒီဂရီဘွဲ့ ရရင်တော့ RN တစ်ယောက်တန်းဖြစ်ပါတယ်။RN တွေမှာလည်း မြန်မာ ဖိလစ်ပိုင်। တရုတ်।မလေးရှား နိုင်ငံပေါင်းစုံက သူနာပြု ဒီဂရီဘွဲ့ ရခဲ့တာတောင်မှ SNB က သတ်မှတ်ထားတဲ့ စာမေးပွဲကို သတ်မှတ်ပြီး မှာ MEDICATION serve လို့ ရတဲ့ RN ဖြစ်ပါတယ်။
      စလုံးမှာ ITE ပြီးရင်တောင် Enrolled Nurse ပဲ ဖြစ်ပါတယ်။ RN, EN, HCA ဆိုပြီး အဆင့်ဆင့်ရှိတာပါ। EN ဆိုသည်မှာလည်း သူနာပြုပါပဲ ဒါပေမဲ့ ဆေးဝါးတွေ Complicated Procedure တွေ လုပ်ခွင့်မရှိပါဘူး। ဒါပေမဲ့ မြန်မာတစ်ချို့ EN တွေ အရမ်းကိုတော်ပါတယ်। သူတို့ တွေက မြန်မာပြည်မှာ သူနာပြု တက္ကသိုလ်ဘွဲ့ ၎နှစ်ရထားတဲ့ သူတွေ များပါတယ်। SNB Rules ကြောင့်သာ EN တွေ ဖြစ်နေရတာပါ। ခုနက ပြောခဲ့တဲ့ အောင်ချမ်းမြေ့ တို့ က ပြီးလာရင် HCA လို့ ခေါ်တဲ့ Healthcare Assistant တောင် မသေချာနိုင်သေးပါဘူး। HCA မှာလည်း Competency တွေ ကြည့်ပါသေးတယ်। ဆိုလိုချင်တာက ကိုယ့်နှုတ်ဖျားက ထွက်လိုက်တဲ့ စကားတစ်ခွန်း က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့  သိက္ခာကျမှာ စိုးရိမ်နေတာလား သူများကို ထိခိုက်စေပါတယ်။
    သူနာပြုဆိုတာ အဘိုးကြီးတွေ အဖွားကြီးတွေ ပြုစုရတာလေ। စလုံးမှာ အဲလို အသံတွေကို ကြားနေရတော့ နည်းနည်းတော့ ခံပြင်းလာတယ်। သူနာပြု တစ်ယောက် ဖြစ်ဖို့ တစ်နှစ်စီပဲ လိုင်စင်ပေးတဲ့ တင်းကျပ်လှတဲ့ SNB နဲ့  အရမ်းကို STRUGGLE လုပ်ရတဲ့ Clinical setting , JCI လို့ ခေါ်တဲ့ Joint Commission Accreditation အတွက် ဘယ်လိုတွေ ပြင်ဆင်ထားရလဲ? ဘယ်လိုတွေ Professional ကျကျ Knowledge ရှိရှိ နေရမလဲ? ဘယ်လို ရုံးကန်ရမလဲ Career Tract အတွက် ဘယ်လို ပြင်ဆင်ပြီး ဘယ်လို update တွေ လုပ်နေရလဲဆိုတာ မသိဘဲနဲ့ တော့ သူနာပြုလား လွယ်လွယ်လေးပါကွာ။
      ဟုတ်ကဲ့ စလုံးမှာ Head to Toes Holistic Care ပါရှင့် Every entry/ signature/ action is legal ပါရှင့် အချိန်တိုင်း မျက်စိဖွင့် နားစွင့် နေရပါတယ်။ Punctuality အတွက် ဘယ်လောက် Training တွေ လုပ်ထားလဲ Honesty အတွက် ဘယ်လို စိတ်ဓာတ်တွေ ရိုက်ထည့်ပေးထားလဲ?  If I were patient ဆိုတဲ့ စိတ်ချင်းစာနာမှုတွေ စလုံးမှာ Training လုပ်ထားတဲ့ သူနာပြုတွေ စိတ်ထဲမှာ 100% မရှိရင်တောင် 80% ကတော့ ရှိနေတယ်။ မြင်မြင်လာသမျှ ဘယ်အရပ် ဘယ်ဌာနေက သူနာပြုတွေ မြင်လာလဲတော့ မသိဘူး မပုတ်ခတ်ပါနဲ့ ရှင် ပင်ပန်းပါတယ်။
 Service Excellent ဆိုတဲ့ စိတ်ကို ကျောင်းသားဘဝမှာတည်း က ရိုက်သွင်းထားခဲ့တယ်। Attendance တစ်ယောက်မှ မရှိပါဘူး Service ကို အပြည့်ပေး Complain ဆိုတာ မရှိအောင် Serve , လူနာလည်း Customer, ဒေါက်တာလည်း Customer ဆိုတဲ့ စိတ်နဲ့  Customer Service ကို ဘယ်လောက်ပေးနေရလဲ? အားလုံးက Nurse ဆိုတာခေါ်လိုက်တာ လွယ်လွယ်လေးပါ। ဒါပေမဲ့ သူနာပြု လို့ ပြောတဲ့ စကားရဲ့ အပေါ်မှာ တစ်ခွန်းလေညက်တော့ မေးခွင့်ပြုပါ ဘာသူနာပြုလဲဟင်လို့  ဟုတ်ပါတယ်। သူနာပြုဆိုတာ လူနာကို ပြုစုရတာပါ।
ဘယ်လို ပြုစုရတဲ့ သူနာပြုလဲဆိုတာလေးတော့ မေးခွင့်ပြုပါလို့ ......
Ref:Jessica FB: https://www.facebook.com/groups/myanmarsingapore/permalink/897550366962122?sfns=mo
The Singapore Nursing Board Registered Nurse Licensure Examination! 
Nanyang Polytechnic (NYP), School of Health Sciences(SHS), has been appointed by the Singapore Nursing Board (SNB) since 1999 to be the official body to conduct the Registered Nurse (RN) Licensure Examination.
The Licensure Examinations are conducted locally and overseas from January to October annually for nurses seeking registration with the Board. The Licensure Examinations reflect competencies for safe and current practice in Singapore and serve as a means for SNB to determine if the applicants can be registered for practice in Singapore.
Please log-in to SNB website for more details:
http://www.healthprofessionals.gov.sg/snb/registration-enrolment/application-for-registration-enrolment/snb-licensure-examinations
Professional Registration For Nurses
Nurses, midwives and Advanced Practice Nurses are required to have a valid practising certificate issued by the Singapore Nursing Board (SNB) to practice nursing or midwifery in Singapore. 
The SNB is a statutory board established under the Nurses and Midwives Act (Chapter 209) to register and enrol nurses, register midwives and certify Advanced Practice Nurses (APNs). It also regulates the standards of education, professional conduct and ethics, and scope of practice of nurses and registered midwives in Singapore.
For more information on registration procedures, please visit the Singapore Nursing Board website or contact them at :
Tel : +65 6478 5400/01/02/03/06/10
For enquiries on continuing nursing education (CNE), please call: +65 6478 5405
  • https://www.moh.gov.sg/hpp/nurses/career-practices/CareerNPracticesDetails/professional-registration-for-nurses
*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***
ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!