Popular Posts!

Tuesday, August 21, 2018

ဦးသိန်းစိန်​ အစိုးရမှ nld အစိုးရကိုလက်​လွဲ​ပေးချိန်​မှာ ပြည်​ပ​ကြွေးမှီ သန်း​ပေါင်း ၁၀,၀၀၀ ​ကျော်​ပြန်​လွဲ​ပေးသွားတယ် ပြည်​ပ​မှ ​လျှော်​​ပေးလိုက်​တဲ့အ​ကြွေး သန်း ၆၀၀၀ ( အတိအကျဆို 5956 . 6 သန်း ) က ဘယ်​​ရောက်​သွားလဲ ...



ပြည်တွင်းဖြစ်ကို အစိုးရက အားပေးမှ မြန်မာဂျီဒီပီ (စီးပွားရေး) တိုးတက်မှာပါ။ ပြည်ပကို ကုန်ချော Export လုပ်နိုင်တဲ့ အကောင်းဆုံး ကမ္ဘာ့ အဆင့်မီ ပစ္စည်းကတော့ Grand Royal အရက်ပါပဲ။ နောက်တခု ကတော့ MYANMAR BEER  ဖြစ်လာမှာပါ။ ...တခြားအိတ်စပို့ export ကုန်တွေကတော့ အကြမ်းထည်တွေ ချည်းပါပဲ။ လယ်ယာသားငါး ထွက်ကုန်အားလုံး၊ နဲ့ ရေနံဓါတ်ငွေ၊ ကြေးနီ၊ နိကယ်၊ ရွှေ၊ ငွေ၊ ကျောက်စိမ်း၊ ပုလဲ၊ ပတ္တမြား အားလုံးနီးပါးက ကုန်ကြမ်း Raw Material တွေ နည်းပါပဲ။ ....
.
Ye Htut ပြန်ကြားရေးဝန်ကြီးဟောင်း ရှယ်လုပ်ထားတာ ကိုစစ် ဆိုသူ မေးမြန်းချက်ကို ဖြေလိုက်ပါတယ်။ 
.
အမေး 
Sitt Naing Aung ဒါ​လေး​ပြောချင်​​နေတာကြာပြီ ။ အခုကြုံ​တော့အဆင်​​ပြေသွားတယ်​ ။ ဒီဝန်​ကြီး​ဟောင်း​ပြောတဲ့ ​ငွေအ​မောင့်​ အတိုင်းဘဲ ​ပြောမှာပါ ....

1988 မတိုင်​မှီ ဦး​နေ၀င်းလက်​ထက်​မှာနိုင်​ငံခြား​ကြွေးမှီ 5288 သန်းရှိတယ်​ ။ 1988 က​နေ 2010 အထိ စစ်​အစိုးရလက်​ထက်​မှာ 4150 သန်းရှိတယ်​ ။ အဲ့ဒိအစိုးရ နှစ်​ရပ်​လက်​ထက်​မှာ စုစု​ပေါင်း​ကြွေးမှီ ​ဒေါလာ သန်း​ပေါင်း 9300 ​ကျော်​တင်​ခဲ့တယ်​ ။ 

ဦးသိန်းစိန်​လက်​ထက်​​ရောက်​​တော့ ပထမအ​စောပိုင်းကာလ​တွေမှာ ​ကြွေးမှီ​တွေကဘယ်​သူမှ ​လျှော်​​ပေးတာ ​လျှော့​ပေးတာမရှိ​သေးဘူး ။ ဒီမိုက​ရေစီအသွင်​ကူး​ပြောင်းတဲ့နိုင်​ငံတစ်​ခုမှာ အတိုက်​အခံနိုင်​ငံ​ရေးသမား​တွေကိုဖမ်းဆီအကျဉ်းချတယ်​ဆိုတဲ့လုပ်​ရပ်​က ပြဒါးတစ်​လမ်းသံတစ်​လမ်းဖြစ်​​နေတာရယ်​ ၊ နိုင်​ငံတကာမှယုံကြည်​မှု့ရ​အောင်​နိုင်​ငံတကာသိ DASSK ကိုလွတ်​လပ်​ခွင့်​​ပေးရင်​ ရရှိလာမဲ့ အ​ထွေ​ထွေအကျိုးအမြတ်​ကိုတွက်​ပြီး DASSK ကိုလွှတ်​​ပေးလိုက်​တာ​ကြောင့်​ နိုင်​ငံတကာက ဒီမိုက​ရေစီ တိုးတတ်​​ရေးအတွက်​ ဆန်​ရှင်​​တွေ​လျှော့​ပေးကြသလို တစ်​ခြား အကူအညီ​ပေးတဲ့အထဲမှာ အ​ကြွေး​တွေဝိုင်း​လျှော်​​ပေးခဲ့တာ​တွေလဲရှိခဲ ကြပါတယ်​ ။ အဲ့ဒိ​လျှော်​​ပေးတဲ့​ကြွေးမှီစုစု​ပေါင်း က ​ဒေါ်လာသန်း​ပေါင်း ၅၉၅၅ ။ သန်း​ပေါင်း ၆၀၀၀ နီးနီးလို့​ပြောလဲရတယ်​... ဆို​တော့ 

ယခင်​ မဆလ ဦး​နေ၀င်းနဲ့ စစ်​အာဏာရှင်​​အစိုးရ ၂ ရပ်​လက်​ထက်​မှာ တင်​ခဲ့တဲ့ သန်း​ပေါင်း 9300 ထဲက အခု​လျှော်​​ပေးလိုက်​တဲ့ သန်း ၆၀၀၀ ကိုနတ်​လိုက်​ရင်​ မြန်​မာပြည်​က ဦးသိန်းစိန်​လက်​ထက်​အ​စောပိုင်းကာလ မှာ ပြည်​ပ​ကြွေးမှီ သန်း ၃၀၀၀ ၀န်းကျင်​ဘဲ ကျန်​​တော့မယ်​ ။ ဒါ​ပေမဲ့ ဦးသိန်းစိန်​ အစိုးရမှ nld အစိုးရကိုလက်​လွဲ​ပေးချိန်​မှာ ပြည်​ပ​ကြွေးမှီ သန်း​ပေါင်း 10000 ​ကျော်​ပြန်​လွဲ​ပေးသွားတယ်​ ။ အဲ့ဒါဘယ်​လိုဖြစ်​တာလဲ ...

အခု ဒီဝန်​ကြီး​ဟောင်း​ပြော​တော့ ဦးသိန်းစိန်​လက်​ထက်​ သန်း ၂၀၀၀ ​ကျော်​ဘဲအ​ကြွေးယူခဲ့ပါတယ်​ တဲ့ ။ သူဆိုလိုချင်​တာက ယခင်​ အ​ကြွေး သန်း ၉၀၀၀ ​ကျော်​နဲ့ ဦးသိန်းစိန်​ သန်း ၂၀၀၀ ​ကျော်​​ပေါင်းလို့ သန်းတစ်​​သောင်း​ကျော်​လို့ဆိုလိုချင်​တာ ။ ဒါဆို သူယခု vdo file ထဲမှာ​ပြောခဲ့တဲ့ ပြည်​ပ​မှ ​လျှော်​​ပေးလိုက်​တဲ့အ​ကြွေး သန်း ၆၀၀၀ ( အတိအကျဆို 5956 . 6 သန်း ) က ဘယ်​​ရောက်​သွားလဲ ...

မရှင်းလို့ ​ဖြေ​ပေးပါ .... ။

အဖြေ (မိမိ အမြင်နှင့်ဖြေပါသည်)။ 
၂၀၁၈ ခုနှစ် ၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွှက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွှေစာရင်းနှင့် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍငွေငအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ငွေကြေးဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာ အမှတ်စဉ်(၃/၂၀၁၈)
.
ပြည်ထောင်စုလွှတ်တော် ၀က်ဆိုဒ်မှာ ဒေါင်းလုပ်ကြည့်နိုင်ပါတယ်။ 
.Link....
https://pyidaungsu.hluttaw.mm/uploads/pdf/post/O9ISFj_(3-2018)Budget%20Report%20Final%20All%20Down%20Update-ilovepdf-compressed.pdf
.
Attached အစိုးရ ပြည်တွင်း၊ ပြည်ပ ကြွေးမြီတွေ အစီရင်ခံစာကို လေ့လာနိုင်ပါတယ်။ အလွန်တာဝန်ရှိ၊ တာဝန်ယူသူ လွှတ်တော်ငွေကြေးကောမတီက တင်ပြထားခြင်းပါ။ ဒိ စာရင်းကို ကြည့်ရင် ကိုစစ် သိချင်တဲ့ ဒေါ်လာသန်း၆၀၀၀ ဘယ်ရောက်သွားသလဲ အကြမ်း သိနိုင်မှာပါ။ 
.
1.  အဲဒီ ဒေါ်လာသန်း၆ထောင်က ရှော်ပစ်တဲ့အတွက် ပေးစရာမလိုတဲ့ မဆလ အစိုးရ (ဦးနေ၀င်း ရဲ့အကြွေးတွေ) ဖြစ်ပါတယ်။ မြန်မာတွေကို သနားလို့ အခုခေတ် အစိုးရခေါင်းဆောင်များကို သနားလို့..အရှင်းဆုံးရေးရရင်.. ဒေါ်အောင်ဆန်းစုကြည်ကို သနားလို့ ရှော်ပစ်တာပါ။ 
2. ကြွေးဟောင်းတွေ ရှော်ပစ်တော့ ကြွေးအသစ်တွေ ယူလို့ရပါပြီ။ ဒါပေမဲ့ IMF ရဲ့ အကြွေးငွေကြေး စီမံခန့်ခွဲမှု အဖွဲ့ (လွှတ်တော် ငွေကြေးကော်မတီ နဲ့ အစိုးရ စီမံဘဏ္ဍာ ငွေကြေးကော်မတီ) တို့ကို စနစ်တကျ ဖွဲ့စည်းပြီး အကြွေးသစ် တွေ ယူရပါတယ်။ 
.
3. ပြည်ပအကြွေးတွေက ထက်စာရင် ပြည်တွင်းကြွေးတွေက ပိုများသလိုပါ။ ပြည်ထောင်စု လွှတ်တော် ငွေကြေးအစီရင်ခံစာ စာ-၁၁ ကို ကြည့်နိုင်ပါတယ်။ 

.
4/ အခု နောက်ပိုင်း အကြွေးတွေ ယူတာ အာဏာပိုင် (အထူးသဖြင့် လုပ်ပိုင်ခွင့်ရှိတဲ့ ညွန်မှုး၊ ညွန်ချုပ် တွေနဲ့ ပေါင်းပြီး ကုမဏီကြီးတွေက လုပ်စား လာကြပါတယ်။ B.O.T ဆိုတဲ့ P.P.P အကြွေးတွေ အများကြီး အထူးသဖြင့် အဆောက်အဦ၊ အထပ်မြင့်၊ကွန်ဒို၊ ရှော့ ပင်စင်တာများမှာ ဈေးကြီးကြီးနဲ့ ဘဏ်တိုးများများ နဲ့ လုပ်လာကြပါတယ်။ ဒါတွေကို ဥပမာ အတိုး ၁၃ရာနှုန်း နဲ့ ချေးပေး၊ ရောင်းပေးတာကို ပြည်တွင်း ကုမဏီလေးတွေ လိမ့်ပိန့်အောင် ခံနေရပါတယ်။ သွင်းကုန်-ထုတ်ကုန် ပေါ်လစီ၊ လျှပ်စစ်ပေါ်လစီ အစရှိတဲ့ ပေါ်လစီ နဲ့ ဥပဒေများက ဘယ်လိုပဲ ရေးထားပါစေ၊ စီးပွားရေးကို Macro (System) နဲ့ Micro (Man) လူနဲ့စနစ် ကောင်းစွာ မထိန်းချုပ်နိုင်သေးပါဘူး။ 
.
နိဂုံး .. အဖြေ ကတော့ နားလည်ပြီး၊ လောဘကြီးသူ ၀ိသမ သူဌေးကြီးများစွက ဌာနဆိုင်ရာ ၀န်ထမ်းအကြီးအကဲ တွေရဲ့ နားမလည်မှု + လောဘ + မလုပ်မရှုပ်မပြုတ် (အလုပ်ပြုတ်၊ ပင်စင်လေးပြုတ်မှာစိုး) တွေကို အသုံးချပြီး ပိုချမ်းသာနေတာ ..ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းရဲ့ သဘော သဘာဝ ဖြစ်ပါတယ်။ တရုပ်ပြည်၊ ဗီယက်နမ် ပြောင်းလဲချိန်လဲ အလားတူပါပဲ။ လူလည် စစ်ဗိုလ်ဟောင်းကြီးတွေ ကတော့ ကုမဏီပိုင်ရှင်ကြီး၊ သူဌေးကြီးတွေ ဖြစ်နေတယ် ..ဒါပါပဲ ဆရာ ကိုစစ်ရေ... TSP. series
......
.
မိမိ သုံးသပ်ချက် (တစ်ဦးချင်း ဘာလုပ်ရမလဲ)
လျှပ်စစ် ကဏ္ဍ နည်းပညာနဲ့ ပေါ်လစီအကြောင်းများ ရေးခြင်းကနေ ၊ ဘတ်ဂျတ်နဲ့ စက်မှုဖွံ့ဖြိုးရေး တိုးတက်မှုများကို သုံးသပ်ရေးသားရပါတယ်။ မိမိ ကိုယ်တိုင် ၀င်ငွေကို မထိမ်သိမ်းနိုင်တဲ့ ၊ မိမိ စုဆောင်းငွေကို တိုးပွားအောင် မလုပ်နိုင်တဲ့ အတွက် မိမိ ပြည်ပမှာ မိမိပညာရပ်နဲ့ အသက်မွေး ရငွေများ တိုးပွားသင့်သလောက် မတိုးပွားခဲ့ပါဘူ။ နိုင်ငံ တနိုင်ငံ ရဲ့ ဘဏ္ဍာရေး ကို ထိမ်းဖို့ ဆိုတာ မိမိ မိသားစု ဘဏ္ဍာရေးကို ထိမ်းကြောင်း နိုင်ခြင်းက အခြေခံပါတယ်။ ဒါကြောင့် အခု လူတွေ ဝေဖန်ခံနေရတဲ့ ပြန်ကြားရေး ၀န်ကြီး ဦးဖေမြင့် (ဆရာဝန်၊ စာရေးဆရာ) ဘာသာပြန်ခဲ့တဲ့ ဘေဘီလုန်မှ အချမ်းသာဆုံး ပုဂ္ဂိုလ် The Richest Man in Babylon တကယ့်အဖြစ်အပျက် စာအုပ်က စီးပွားထူးချွန်သူများ ရဲ့ လက်တွေ့ ကျင့်သုံးနည်းလမ်း ဖြစ်ပါတယ်။ 



.
မြန်မာနိုင်ငံကို လက်တွေ တိုးတက်ဖွံ့ဖြိုးဖို့ ကတော့ ပညာရေးနည်းလမ်း ပဲ ရှိတာကို လူတိုင်း သိကြပါတယ်။ လက်ရှိ DASSK အစိုးရလဲ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်နေပါတယ်။ ဆရာတွေကို တင်းကြပ်နေတယ်။ လုပ်ရင်း၊ အမှားတွေ ပြင်ရင်း ..ကောင်းသထက်ကောင်းအောင် လုပ်ရမှာပါ။ 
.
မိမိတို့လည်း မိမိ မိသားစုရဲ့ ပညာရေး၊ စီးပွားရေး တွေမှာ ကုမဏီ ဘတ်ဂျတ်တစ်ခုကို ကိုင်တွယ်သလို ကျင့်သုံးနိုင်ရပါမယ်။ ငွေဆိုတာ အလွန်တန်ခိုး ကြီးပါတယ်။ မိမိ ကိုယ်ပိုင်ငွေ မဟုတ်ပဲ ဌာနပိုင်ငွေ၊ ကုမဏီပိုင်ငွေ လက်ထဲ ခဏ ကိုင်လိုက်ရရင်ကို အိတ်ဖောင်းတော့ စိတ်ပြောင်း ဆိုသလို လူက လေထဲ တလူလူ လွင့်နေအောင် စိတ်ဘ၀င် မြင့်တတ်ပါတယ်။ 
.
မိမိ မိသားစု ငွေကြေးစီမံခန့်ခွဲမှု ဟာ ရေတိုမဟုတ်ပါ။ ရေရှည်ဖြစ်ပါတယ်။ မိမိ ကိုယ်တိုင်လဲ Rich Dad , Poor Dat စာအုပ်ကို အသက်၄၀ အရွယ်မှာ ဖတ်မိပြီး Do or Die စီးပွားရေး လုပ်ချင်လာမိပါတယ်။ မိမိ သားဖြစ်သူလဲ အဲဒီ စာအုပ်ကို ဖတ်မိတော့ သူ့ဘ၀ လမ်းကြောင်း ယိမ်းယိုင်သွားခဲ့တယ်။ အဓိကတော့ ငွေကို စီမံခန့်ခွဲမှု ညံ့ဖျင်းရင် အခုခေတ်ကြီးမှာ ကြီးပွားတိုးတက်ဖို့ မလွယ်ပါဘူး။ 
.
အကြွေးမယူမိကြဖို့၊ အကြွေးမှာ အိမ်ကြွေး၊ ပညာရေးအကြွေး တွေက ကောင်းပေမဲ့ လှချင်၊ ပချင်၊ ဖုန်း၊ တီဗွီ၊ အိမ်၊ ကား မတန်မရာ ၀ယ်မိရင် အကြွေးပိ သွားနိုင်ပါတယ်။ မြန်မာအစိုးရက Debt Management System ကို ဘဏ္ဍာရေး ၀န်ကြီးဟောင်း ဦးဝင်းရှိန် ပြောပြတာ တစ်ဦးချင်း မိမိ မိသားစုအတွက် သခန်းစာ ယူနိုင်ရင် ကောင်းကြောင်း၊ သုံးသပ်လိုက်ရပါတယ်။ 
.
ဇော်အောင် (မုံရွာ) ၂၁.သြဂုတ်. ၂၀၁၈







https://www.researchgate.net/profile/Myo_Myanmar/publication/308873941_MYANMAR_CITIZEN_BUDGET_2015-2016-2017_AFTER_50_YEARS_UNDER_MILITARY_REGIME/data/57f3b83e08ae8da3ce537308/MYANMAR-CITIZEN-BUDGET-2015-2016-2017.pdf

Friday, August 17, 2018

လက်တလော အမေရိကန်ဒေါ်လာဈေးတက်လာရခြင်းအကြောင့်နဲ့ တူရကီငွေကြေး Lira နောက်ဆက်တွဲသတင်း..



လက်တလော အမေရိကန်ဒေါ်လာဈေးတက်လာရခြင်းအကြောင့်နဲ့ တူရကီငွေကြေး Lira နောက်ဆက်တွဲသတင်း..

ပြီးခဲ့တဲ့သောကြာနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တူရကီနိုင်ငံကို ကုန်သွယ်ရေးအပြောင်းအလဲတစ်ခုကို ရက်စက်စွာတင်းကျပ်ခဲ့ပါတယ်။ တူရကီဘက်မှ အမေရိကန်သို့တင်ပို့နေသော Steel and Aluminum သွင်းကုန်တွေအပေါ် မြင့်မားသောအခွန်တိုးကောက်ခဲ့ပြီး ကုန်သွယ်ရေးတင်းမာမှုကြီးဖြစ်ခဲ့ပါတယ်။ ထိုအခွန်တိုးကောက်ခဲ့မှာကြောင့် တူရကီငွေကြေး Lira မှာ နိုင်ငံသမိုင်းတွင် အနိမ့်ဆုံးဈေးထိထိုးကျခဲ့ပီး ငွေကြေးပျက်ကပ်ဆိုက်ကာ တူရကီနိုင်ငံစီးပွားရေးကို များစွာထိခိုက်ခဲ့ပါတယ်။ ထိခိုက်မှုကြောင့် တူရကီဘဏ်မှ နိုင်ငံစီးပွားရေးကိုကာကွယ်ရန် ဘဏ်တွင် အရန်သင့်ဆောင်ထားသော အမေရိကန်ဒေါ်လာ၊ ယူရိုဒေါ်လာနှင့် ရွှေများထုတ်ရောင်းခဲ့ရပါတယ်။  
တူရကီငွေကြေးဆိုးရွားစွာကျဆင်းမှုကြောင့် ယူရိုငွေကြေးပါ ဖိအားဝင်ခဲ့ကာ အမေရိကန်ဒေါ်လာဈေးတက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးပါ ဆက်တိုက်ထိုးကျခဲ့ပါတယ်။ 

ထိုထိခိုက်မှူကြောင့် တူရကီသမ္မတ Erdogan နှင့် အမေရိကန်သမ္မတ Donald Trump ကြားတွင် ကြီးမားသောတင်းမာမှုများဖြစ်ခဲ့ပါတယ်။ Erdogan က ယနေ့မှာ နိုင်ငံအတွင်း အသုံးပြုနေသော  Iphone အပါအဝင် အမေရိကန်ထုတ်ကုန် လျှပ်စစ်ပစ္စည်းအားလုံးကို သပိန်မှောက်ရန် နိုင်ငံတွင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ အမေရိကနိဘက်မှ သွင်းသော ခရီးသည်တင် မော်တော်ယာဉ်များကို အခွန် ၁၂၀%၊ ယမကာများကို ၁၄၀%၊ အမေရိကန်ဆေးရွက်ကြီး ဈေးကွက်ကို အခွန် ၆၀% ဖြင့် အခွန်နှစ်ဆ တိုးကောက်မှာဖြစ်ပါတယ်။ ထို့အပြင် အမေရိကန်ဘက်မှသွင်းသော အခြား လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဆန် နှင့်ကျောက်မီးသွေးဈေးကွက်များအားလုံးကို အခွန်နှစ်ဆ တိုးကောက်ဖို့လဲ ပြောကြားခဲ့ပါတယ်။  

လက်ရှိ အမေရိကန်နှင့် တူရကီတင်းမာမှုကြောင့် နိုင်ငံတကာမှ ငွေကြေးရင်းနှီးမြှပ့်နှံမှုလုပ်သူများအနေဖြင့် ဈေးကွက်အတွင်းဖြစ်လာနိုင်သော Risk ကို ကာကွယ်ရန် Safe heaven product အဖြစ် ဒေါ်လာကို ပြောင်းလဲရင်းနှီးမြှပ်နှံမှုများလုပ်ခဲ့ခြင်းကလည်း ကမ္ဘာ့ရွှေဈေးအတွက် ဈေးကျဖို့ ဖိအားဖြစ်စေခဲ့ပါတယ်။ 

ထို့ကြောင့်ဈေးကွက်အတွင်း တူရကီငွေကြေး Lira ဈေးနှင့် စီးပွားရေးတင်းမာမှုများလျော့မကျခင်အချိန်အထိ ဒေါ်လာဈေးဆက်တက်ဖို့ရှိနေပြီး ကမ္ဘာ့ရွှေကတော့ အကျ ဘက်ပဲသွားဖို့ရှိနေပါတယ် ခင်ဗျာ။ 

Technical ပိုင်းအနေဖြင့် ကမ္ဘာ့ရွှေ 1165 - 1170 ဈေးတန်းကို ဆက်ဆင်းနိုင်ချေရှိနေပါတယ် ။

လေးစားလျက်...

မြန်မာ့ရွှေ ပြည်ပနှင့် တရားဝင်ကုန်သွယ်မှု စတင်နိုင်တော့မည်


ရွှေနှင့် ရွှေဖြင့်ပြုလုပ်သော လက်ဝတ်ရတနာအပြင် အခြားအနုပညာပစ္စည်းများကို ပြည်ပသို့တင်ပို့ခြင်း၊ တင်သွင်းခြင်းများအတွက် 

ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် One Stop Service Center ဖွင့်လှစ်၍ ခွင့်ပြုပေးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။
ရွှေကို ကုန်သွယ်မှုပြုနိုင်ရန်အတွက် လိုအပ်သည့် One Stop Service Center ကို ယခုလကုန် သို့မဟုတ် ရှေ့လဆန်းတွင် ဖွင့်လှစ်မှုစတင်ဆောင်ရွက်ရန် စီစဉ်နေပြီဟု ၄င်းက ပြောသည်။
အဆိုပါ ကုန်သွယ်မှုပြုခွင့်တွင် ဗဟိုဘဏ်နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ဗဟိုဘဏ်မှ စီမံခန့်ခွဲသည့် အဆင့်မီရွှေများပါဝင်မည်မဟုတ်ပဲ ဗဟိုဘဏ်က စီမံခန့်ခွဲခြင်းမရှိသည့် စံချိန်မီ မဟုတ်သော ရွှေများကိုသာ တင်ပို့/တင်သွင်းခွင့်ပြုမည်ဟု စီးပွား/ကူးသန်းမှ တာဝန်ရှိသူက ပြောသည်။
မြန်မာ့ရွှေကို ပြည်ပသို့ တရားဝင်တင်ပို့နိုင်ရေးကို မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းအပါအဝင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လွန်ခဲ့သော နှစ်နှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး ယခုအခါနောက်အဆုံးအဆင့်ရောက်ရှိနေပြီဖြစ်သည်။
ရွှေသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ပပို့ကုန်ထဲတွင် ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ထားသည့် ကုန်စည်တစ်မျိုးဖြစ်သော်လည်း နယ်စပ်ယိုပေါက်များမှ ပတ်ဝန်းကျင်ရှိနိုင်ငံများသို့ ထွက်နေခဲ့သည်။
ထို့ကြောင့် နိုင်ငံတော်က အခွန်ငွေများဆုံးရှုံးရပြီး အခြားနစ်နာမှုများလည်း ရှိနေခဲ့သည်။ မြန်မာနိုင်ငံပတ်ဝန်းကျင်ရှိ နိုင်ငံအားလုံးမှာ ရွှေကြိုက်နှစ်သက်သည့် နိုင်ငံများဖြစ်သည့်အတွက် မြန်မာနိုင်ငံက ရွှေဝယ်ယူနေကြောင်း၊ ယင်းအတွက်လည်း ယိုပေါက်များရှိနေကြောင်း အမည်မဖော်လိုသည့် ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထို့ကြောင့် ကန့်သတ်ကုန်စည်မှ ပယ်ဖျက်၍ ပြည်ပသို့ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က တရားဝင်ပြောဆိုထားပြီးဖြစ်သည်။
မြန်မာ့ရွှေကို တရားဝင်လမ်းကြောင်းပေါ်မှ ပြည်ပတင်ပို့နိုင်ပါက နိုင်ငံအတွက် လိုအပ်နေသည့် နိုင်ငံခြားငွေများ စီးဝင်လာမည့်အပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးကိုပါ အထောက်အကူပြုနိုင်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၊ ဥက္ကဌဦးကျော်ဝင်းက ပြောကြားခဲ့ပါသည်။
မြန်မာ့သယံဇာတထဲမှ တစ်ခုဖြစ်သော ရွှေသည် တရားဝင်တင်ပို့မှု လမ်းကြောင်းပေါ်ရောက်လာပါက နိုင်ငံတော်က အခွန်ရရှိလာမည်ဖြစ်ပြီး ပုံမှန်မဟုတ်သော မှောင်ခိုလမ်းကြောင်းက ရောင်းချနေခြင်းထက် ပုံမှန်လမ်းကြောင်းသည် အခွန်အပြင် ပြည်ပသို့ တင်ပို့နေသည့် အချက်အလက် ရရှိလာမည်ဖြစ်သည်။ 
ထို့အတူ ပို့ကုန်လုပ်၍ရပါက နိုင်ငံတော်လိုအပ်နေသည့် ဒေါ်လာများ ဝင်လာရန်အကြောင်းရှိ၍ ငွေလဲလှယ်နှုန်းများလည်း ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ငွေကြေးခဝါချမှုကိုလည်း အထိုက်အလျောက်ထိန်းသိမ်းနိုင်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း ဦးကျော်ဝင်းက ပြောသည်။ 
''အခု ဒါတွေက ဘာမှ (effect) မရှိဘူး။ အဂတိတိုက်ဖျက်ရေးအတွက် အန်ကယ်တို့အသင်းက နိုင်ငံတော်နဲ့ ပူးပေါင်းရမယ်။ ပူးပေါင်းဖို့လည်းရှိတယ်။ အခုက ပုံမှန်မဟုတ်တဲ့လမ်းကြောင်းက သွားနေတော့ နိုင်ငံတော်က အခွန်မရတာရှိတယ်''ဟု ၄င်းက လက်ရှိအခြေအနေကို ထောက်ပြသည်။
ပို့ကုန်၊ သွင်းကုန်လုပ်သူအားလုံးကို တရားဝင်လမ်းကြောင်းပေါ် ရောက်လာစေလိုပြီး အခက်အခဲရှိပါကလည်း အသင်းအနေဖြင့် ကူညီပေးမည်ဖြစ်ကြောင်း အရေးကြီးသည်မှာ အားလုံးက အမှန်တကယ်လုပ်ဆောင်ရန်သာ လိုအပ်သည်ဟု ဥက္ကဌက ပြောသည်။
ယခုအခါ မြန်မာနိုင်ငံမှ ရွှေကို အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ဟောင်ကောင်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံများက ကုန်သည်များကလည်း ဝယ်ယူလိုကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းထံ ပြောဆိုထားမှုများရှိသည်ဟု အသင်းဥက္ကဌ ဦးကျော်ဝင်းက ပြောသည်။
ထိုသို့ ပြည်ပမှ ကုန်သည်များက ဝယ်ယူရန် စိတ်ဝင်စားနေသော်လည်း လက်ရှိအနေအထားတွင် ရွှေကို ပြည်ပတင်ပို့ရောင်းချနိုင်ရန် ပို့ကုန်တင်ပို့မည့်သူနှင့် ဝန်ကြီးဌာနကပါ နှစ်ဖက်လုံး အဆင်သင့်မဖြစ်သေးဟု ၄င်းက သုံးသပ်သည်။
''ကုန်သည်တွေဘက်ကလည်း ဘယ်လောက်ပို့မယ်ဆိုပြီး တက်လာတာ မရှိသေးဘူး။ နှစ်ဦးနှစ်ဖက်က တစ်ပြိုင်နက်တည်းလုပ်တော့မှပဲ အဖြေက ထွက်လာမှာ''ဟု ဦးကျော်ဝင်းက ပြောသည်။
One Stop Service Center ပြီးမှ ပြည်ပတင်ပို့ခြင်း၊ တင်သွင်းခြင်းများကို စတင်လုပ်ကြည့်မည်ဖြစ်ပြီး လုပ်ပြီးမှ အခြေအနေသိရမည်ဖြစ်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီး ဌာနက Export လုပ်ပြီဆိုပါက တရားဝင် ဖြေလျော့ပေးမည်ဟု ပြောဆိုထားသော်လည်း စာဖြင့်ထုတ်ပြန်ထားခြင်း တရားဝင်မရှိသေးကြောင်းသိရသည်။

Friday, August 3, 2018

Trade War Trump

In a trade war, it's consumers who may lose

A battle between the U.S. and the rest of the world over tariffs could mean higher prices for shoppers later this year.
"American families are caught in the middle," says the National Retail Federation's Matthew Shay.

One estimate puts the effects of this trade conflict at 250,000 in lost jobs and $210 in higher costs for an average family.


Trade War

Trump 1  to  5

ကုန်သွယ်ရေးစစ်ပွဲဆိုတာ နိုင်ငံတစ်နိုင်ငံက မိမိနိုင်ငံထဲတင်သွင်းသော  ပြည်ပနိုင်ငံများ၏သွင်းကုန်အပေါ် အခွန်တိုးမြင့်ခြင်း သို့မဟုတ် သွင်းကုန်များကိုကန့်သတ်လိုက်ချိန် ပြိုင်ဘက်နိုင်ငံကအလားတူပုံစံများဖြင့် ပြန်လည်တုံ့ပြန် ချမှတ်တာကို ကုန်သွယ်ရေးစစ်ပွဲလို့ခေါ်ပါတယ်။ 

ဒါကြောင့် ကုန်သွယ်ရေးစစ်ပွဲအရှိန်ရလာသည်နှင့်အမျှ နိုင်ငံတကာကုန်သွယ်မှုလည်းလျော့နည်းလာရစမြဲဖြစ်တယ်။ 

နိုင်ငံတစ်နိုင်ငံက မိမိပြည်တွင်းရှိ စက်မှုလုပ်ငန်းများကို ကာကွယ်ပေးရန်နှင့် အလုပ်အကိုင်များဖန်တီးရန်ကြိုးစားသည့်အခါ ကုန်သွယ်ရေးစစ်ပွဲစတင်လေ့ရှိတယ်။ 
ဒါဟာ ရေတို အလုပ်ဖြစ်ပေမယ့် ရေရှည်မှာ ကုန်သွယ်ရေးစစ်ပွဲမှာ ပါဝင်သည့်နိုင်ငံများအနေဖြင့် အလုပ်အကိုင်ဖန်တီးပေးရာမှာ ကုန်ကျစရိတ်များပြားခြင်း နဲ့ စီးပွါးဖွံ့ဖြိုးမှုထိုင်းမိုင်းခြင်းကို ဖြစ်ပေါ်စေပါတယ်။  သွင်းကုန်များအပေါ် အခွန်တိုးမြင့်ကောက်ခံရတာကြောင့် နိုင်ငံရဲ့ငွေကြေးဖောင်းပွမှုကိုလည်း ဖြစ်စေပါတယ်။ 

၂၀၁၈ မတ်လ မှာ သမ္မတ Trump က သံမဏိသွင်းကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်း နှင့် အလူမီနီယံသွင်းကုန်အပေါ် အခွန်  ၂၅ ရာခိုင်နှုန်း ကောက်ခံဖို့ ကြေညာခြင်းဖြင့် ကုန်သွယ်ရေးစစ်ပွဲကို စတင်လိုက်တယ်။ 

အမေရိကန်ဟာ  ကမ္ဘာ့အကြီးဆုံးသံမဏိတင်သွင်းသူဖြစ်တာကြောင့် အဆိုပါအခွန်ကောက်ခံမှုဟာ အမေရိကန်ရဲ့ ၁၄၇၀၀၀ သော သံမဏိနှင့်လူမီနီယံစက်မှု လုပ်သားတွေရဲ့ အလုပ်အကိုင်ကိုကာကွယ်နိုင်မယ်လို့ Trump က ယုံကြည်နေပါတယ်။ 

ဒီရက်ပိုင်း ကုန်သွယ်ရေးစစ်ပွဲကို သုံးသပ်ထားတဲ့ !
ဆရာ M Kawn La  ရဲ့ သုံးသပ်မှုတွေကို အတော်လေးသဘောကျမိတယ်။
ဒါကြောင့် အပိုင်း မှ အထိ copy ယူပြီးတင်ပေးလိုက်ပါတယ်။ 
အချိန်ယူဖတ်ပါ၊အချိန်မရှိသေးရင် save ထားပါ၊ အကျိုးရှိမှာပါ။ 

Jan Khone

Trump (  )?

နိုင်ငံရေးမှာ  ငွေ ကြေးရံပုံငွေ ဟာ  အများကြီး အထောက်အကူပြုပါတယ်၊
ဒါကြောင့်  ငွေ ရှိတဲ့သူတွေ  နိုင်ငံရေးကို  ကျွမ်းကျင်ခဲ့ ရင်စွမ်းအားကြီးပိုကြီး  တတ်ပါတယ်..

အမေရိကန်သမ္မတ  Trump ဟာ  နဂိုကတည်းက  စီးပွားရေး လုပ်ငန်းရှင်ကြီးပါ၊
နိုင်ငံရေးကို  သမ္မတ  ၃ဆက်ခန့် လေ့လာလိုက်စားလိုက်တဲ့ အခါ ?
လစ်ဘရယ်ဆန်ပြီး နိုင်ငံရေး  သိပ်မပြတ်သားခဲ့တဲ့   သမ္မတ အိုဘားမားလက်ထက်  စတင်ယိမ်းယိုင်လာတဲ့  အမေရိကန်အတွက်  ပြတ်သားတဲ့Trump  ကို  အမေရိကန် လူဖြူ အများစုကြီးက  ရွေးကောက်တင်မြှောက်လိုက်ပါတယ်..

သူတို့အရွေးမှန်တယ်ပြောရမယ်!

Power ပြန်တက်စပြုလာတဲ့  ရုရှားစီးပွားရေးမှာ  အလွန်အမင်း  ပိုမိုအားသာစပြုလာတဲ့တ ရုတ်တို့ဟာ  အိုဘားမားလက်ထက်မှာ ယူကရိန်းရဲ့  ပင်လယ်နက်ထွက်ပေါက် ကရိုင်းမီးယား ကို ရုရှားတို့  သိမ်းတာ  ထိုင်ကြည့်ခဲ့ရသလို အာဖရိက နဲ့  အာရှ အတွင်း ပိုင်း  တောင် အာရှ တို့ကို   တရုတ်  လက်ဝါးကြီး  အုပ်တာကို  မတားဆီးနိုင်ခဲ့ပါဘူး!
ဒါ့အပြင်  ပိုဆိုးလာတာက တရုတ်အမေရိကန်ကုန်သွယ်ရေးမှာတရုတ်ဘက်ကကုန်သွယ်  ရေးပို ငွေ အလွန်အမင်း တစ်ဖက်သတ်ဖြစ်လာပြီးအမေရိကန်ရဲ့  ငွေတိုက်စာချုပ်အများအပြား တရုတ်တွေ  ဝယ်ယူလာတဲ့အပြင်  အမေရိကန်  ရဲ့  Trade mark ခရိုင်စလာ   GM  Apple စတဲ့  လုပ်ငန်း ရှယ်ယာတွေ  တစစ  တရုတ်တို့ လက်ထဲမသိမသာ လက်လွဲ ရောက် ရှိလာရာမှာ စီးပွားရေးသမား Trump ဟာ အန္တရယ်ကို  မြွေမြွေချင်း  ခြေမြင်ခဲ့ပါ  တော့တယ်။

တရုတ်တို့ဟာ  ဥရောပ  ဘယ်လ်ဂျီယံကစတင်ပြီး   နိုင်ငံပေါင်း ၆၅ နိုင်ငံ   US$ ပေါင်း 900 billion ရင်းနှီးမြုပ်နှံ ထားတဲ့  OBOR ကို  အောင်မြင်ဖို့အတွက်  သူတို့ရဲ့သမ္မတ  ရှိချင့်ဖျင်ကို  အာဏာ ဆွဲဆန့်ပြီး  ပြင်ဆင်လာတဲ့အခါ ပိုဆိုးတာက တရုတ်တို့ရဲ့အစဉ်အလာရန်ဘက် တွေဖြစ်တဲ့ ရုရှား နဲ့  အိန္ဒိယ တိုကို  ပူးပေါင်း  လာတဲ့အပြင်  ငွေကြေးအဖွဲ့ကြီးတစ်ခု BRICS ကို  Brasil  Russia India  China  SouthAfrica တို့နဲ့  US$ 50 billion နဲ့ထူထောင်ပြီး  အမေရိကန်  စီးပွားရေး  အင်ပါယာကို  ယှဉ်ပြိုင် လာခဲ့ပါတယ်၊
Goepolitics အရ  အမေရိကန်ရဲ့  ပိစိဖိတ် အင်အားစု  ကိုလွှမ်းမိုးဖို့   အရှေ့နဲ့  တောင်တရုတ်ပင်လယ်မှာ  စပရက်စလီ ကျွန်းကိစ္စတွေမှာ  အတင်း အဓမ္မ  အင်အားပြ နေရာယူလာ သလို  အိန္ဒိယ  သမုဒ္ဒရာ  ကို လည်း  တရုတ်တို့လက်  အပြည့်အဝထိန်းချုပ်နိုင်ရေးအတွက်  သီရိလင်္ကာ ဟမ်ဘန်တိုတာရေနက်ဆိပ်ကမ်း   ဘင်္ဂလားဒေခ့်ျ စစ်တကောင်းရေနက် ဆိပ်ကမ်းနဲ့  မြန်မာ ကျောက်ဖြူတို့ကို  ဖိုခနောက်ဆိုင်  ရယူထားသည့်အပြင်    မလက္ကာာရေလက်ကြားထိပ်  အင်ဒိုနီးရှားရဲ့  ဆာဘန်းကျွန်းကိုလည်း  တရုတ်မဟာမိတ်  အိန္ဒိယ မှ  လက်ဦး ခဲ့ပါတယ်၊
အဲဒါကို  အာဖရိက ကင်ညာ နိုင်ရိုဘီ  ဆိပ်ကမ်း နဲ့  ချိတ်ဆက်လိုက်တဲ့အခါ   စီးပွားရေးအရ  အိန္ဒိယ  သမုဒ္ဒရာကြီး  တစ်ခုလုံးကို  စီးမိလာပါတော့တယ်!

စစ်ရေးအရ  မထိန်းချုပ်နိုင်ခင်  အမေရိကန်က  လက်ဦးဖို့ လိုလာတယ်မဟုတ်လား?
ဒီတော့ Trump ဘာလုပ်ခဲ့သလဲ?
ခြေရာကောက်ကြည့်ရအောင်လား?
အဲဒီရဲ့အကျိုးဆက်က  ကျွန်တော်တို့မြန်မာကို  ဘယ်လို ထိခိုက်ခဲ့သလဲ ?

Trump ( ) ?

ခေတ်သစ်ကမ္ဘာ မှာ  ဦးဆောင်နိုင်ငံဖြစ်ဖို့ဟာ မိမိငွေကြေးစနစ်  လွှမ်းမိုးထားဖို့လိုတယ်ဆိုတာ  စီးပွားရေးသမား Trump ဟာ ကောင်းကောင်းသိပါတယ် သူ့ကို ရွေးပေးလိုက်တဲ့  အမေရိကန်လူဖြူ ဆင်းရဲသားများအတွက် ကံကောင်းတယ်ပြောရမလားပဲ!!

အမေရိကန်ရဲ့  ငွေကြေးစနစ် Dolor ကို တရုတ်ဟာ တဖြည်းဖြည်း  ဖဲ့ချွေနေရာယူလာတာကို  ဒီအတိုင်းကြည့်နေရင်? နောင်အနှစ်၂၀ ဆိုရင်  အမေရိကန် အင်ပါယာ ကျဆုံးတော့မှာပါ?
အဲဒီအတွက်  အရှိန်ယူစတရုတ်ရဲ့  OBOR နဲ့  ငယ်ရွယ်တဲ့  သမ္မတ  ရှီတို့ဟာ  အဓိက  မောင်းနှင်အားပါ!

ငွေကြေးဈေးကွက်ကို  အမေရိကန်တို့ထိန်းထားတာဟာ သိပ္ပံ နဲ့ နည်းပညာမြှင့်             ထုတ်ကုန် တွေ  ရောင်းစားရင်ငွေ + နည်းပညာ   အတွဲ အစပ်  စံနှုန်းနဲ့  ထိန်းထားခြင်း  ဖြစ်ပါတယ်!
တရုတ်ဟာ  အမေရိကန်ရဲ့  နည်းပညာတွေ  မသိမသာခိုးနေရင်း  သူ့ထုတ်ကုန်တွေကို  ကမ္ဘာ အနှံ အောက်ဈေးနဲ့  ထုတ်လာတဲ့အခါ?
၁၉၈၀ လောက်က  အရှိန်စခဲ့တာ နှစ်၃၀အတွင်း  ဂျပန်ကို ကျော်ဖြတ်ရင်း  ကမ္ဘာ စီးပွားရေး   ဖြစ်လာပါတော့တယ်..

Trump ဟာ  သူ့နိုင်ငံကို  Empire State အဖြစ်ဆက်ထိန်းဖို့ဆိုရင်?
တရုတ်ကို  သူ့ရဲ့ အင်ဂျင် OBOR  အရှိန်မရခင်  ထိန်းချုပ်ထားဖို့လိုနေပါတယ်,
ဒီအတွက်သူဟာ  တရုတ်ရဲ့  အိမ်နီးချင်း   သူ့ရဲ့  ပိစိဖိတ်အရှေ့ဖျား ဂျပန်နဲ့  တောင်ကိုးရီးယားကို  ချိတ်ဆက်အားယူထားဖို့ အရင်လိုအပ်ပါတယ်!
ဒါ့အပြင်  ကမ္ဘာ မှာ  နြူ လက်နက်နဲ့  ခြိမ်းခြောက်နေတဲ့  မြောက်ကိုးရီးယား ပြသနာပါ  ပူးတွဲကိုင်တွယ်ဖို့ရာ  ဆုံးဖြတ်ရပါတော့တယ် 
တရုတ်ဟာ  မြောက်ကိုရီးယားကတဆင့်  အမေရိကန်မဟာမိတ် စီးပွားဖက် ဂျပန်နဲ့တောင်ကိုရီးယားကို  ဟန့်တားထိန်းချုပ်နေတာကြာပါပြီ, Trump ဟာ  ရန်သူ့ရဲ့  ခြေလှမ်းကပဲ  တန်ပြန်ဝင်ဖို့ဆုံးဖြတ်ခဲ့တယ်..

Trump ဟာ  စစ်ရေး နဲ့  စီးပွားရေး ၂ခုကို  အဓိက ရွေးချယ်ခဲ့ရာမှာ  သူနည်းပညာအားသာတဲ့  စစ်ရေးကို  အရင်ရွေးချယ်ခဲ့တယ်၊
ဒီတော့  စစ်ရေးရွေးချယ်ရာမှာ  သူ့လက်နက်တွေနဲ့ ပစ်ခွင်းနိုင်တဲ့  လောလောဆယ်စစ်ဖြစ်နေတဲ့  နေရာကနေ  မြောက်ကိုရီးယားကို  ဖိအားပေး ခြိမ်းခြောက်ဖို့  စပြင်ပါတယ်.
ပထမ မြောက်ကိုရီးယားရဲ့  နြူ စမ်းသပ်မှု များ  ဒုံးပျံစမ်းသပ်မှု များ  ရပ်တန့်ဖို့  ဖိအားအရင်ပေးပါတယ်,တပြိုင်နက်ထဲမှာပဲ  တရုတ်ကိုလည်း  နိုင်ငံရေးအရ  ဖြောင်းဖျဖို့  အကူအညီ မပေးဖို့  တောင်းဆိုတယ်၊
ဒီအတွက်  ၂၀၁၈ ဖေဖေါ်ဝါရီမှာ မဟာဗျူဟာမြောက်  B1  နဲ့ B 52 ဗုံးကျဲ လေယာဉ်တွေ  ပိစိဖိတ် ဂူအမ်ကျွန်းကိုပို့တယ်၊
ပြီးတော့  USS Carl Vinson လေယာဉ်တင်သင်္ဘောကြီးကိုလွှတ်တယ်..နောက်ထပ်ပြီး  USS Wasp ကို ထပ်လွှတ်ပြီး  စစ်ရေးပြင်တယ်တောင်ကိုးရီးယားမှာ  အဲဒါအကြောင်းပြပြီး  စစ်အခြေစိုက်စခန်း အခိုင်အမာ တည်ဆောက်တယ်.. တရုတ်နဲ့အနီးစပ်ဆုံး နေရာမှာ  အမေရိကန်ရဲ့  နိုင်ငံပြင်ပ  အကြီးဆုံးစစ်အခြေစိုက်စခန်းကြီး   တောင်ကိုးရီးယားမှာ အကောင်အထည်ဖေါ်နိုင်ခဲ့တယ်.. ကမ္ဘာ ကို  ဇွန်လ ၂၉ ရက်မှာ  တရားဝင်ကြေညာခဲ့တယ်။

အဲလို  တရုတ်အနီးမှာ  မြောက်ကိုးရီးယားကို  အကြောင်းပြပြီး  အရှေ့ပိစိဖိတ် ရေပြင်မှာ  စစ်ရေးတည်ဆောက်ပြီးမှ  လက်နက်နည်းပညာကို  လောလောဆယ်ဖြစ်ပွားနေတဲ့  စစ်မြေပြင် ဆီးရီးယားမှာ  ပစ်ခတ်စမ်းသပ်  ခြိမ်းခြောက်ခဲ့တယ်၊
ဆီးရိးယားသမ္မတ အာဆတ်ရဲ့  ဓါတုအဆိပ်တိုက်ခိုက်မှု ကို  အခြေခံပြီးဓါတုဓါတ်ခွဲခန်းလို့ဆရတဲ့  ဒမတ်စကတ်အနီးက Barzah နဲ့ Him Shinsha ဓါတုစခန်းတွေကို ခရုဇ်ဒုံးပျံ ၁၀၅လုံးနဲ့  ပစ်ခတ်ရင်း  ရုရှားရဲ့  S300  ဒုံးပျံကာကွယ်ရေးစနစ်ကို  ဖျက်ပြခဲ့သလို  မြောက်ကိုးရီးယားနဲ့  တရုတ်ကို  အမေရိကန်စစ်လက်နက်နည်းပညာနဲ့  ခြိမ်းခြောက်ခဲ့ပါတယ် 

Trump ရဲ့ ပိရိယယ် အောင်မြင်တယ်ပြောရမယ်..
တရုတ်ကြီးလည်း တောင်တရုတ်ပင်လယ်မှာ  ဗိုလ်ကျနေတာငြိမ်သွားသလို  တောင်မြောက်ကိုးရီးယားပေါင်းစည်းမှု  အမေရိကန် မြောက်ကိုးရီးယား ထိပ်သီးဆွေးနွေးမှုများ   ဆက်တိုက်ဖြစ်လာပြီး  မြောက်ကိုးရီးယားလည်း  နြူလက်နက်စွန့်ဖို့  ကတိပေးလာခဲ့ရပြီမဟုတ်လား?
ဒါဟာ Trump ရဲ့  တရုတ်ရဲ့ စစ်ရေးလက်တံ တစ်ခုကို  ရိုက်ချိုးနိုင်ခဲ့ခြင်း နဲ့  နည်းပညာ အင်အားပြပွဲ တစ်ခုကို ကမ္ဘာ ကို  အောင်မြင်စွာ ချပြနိုင်ခဲ့တဲ့   လုပ်ဆောင်ချက်ပါ။

Trump ဟာ  ဒါလောက်နဲ့  မရပ်ပါဘူး..
တရုတ်ကို  အပြီးသတ်  ထိန်းချုပ်ဖို့က  စီးပွားရေးပါ  လုပ်မှ  အောင်မြင်မယ်ဆိုတာ  သူသိပါတယ်၊
သူ့ကို  ယှဉ်ပြိုင်လာတဲ့  တရုတ်ယွမ်ငွေကြေးကို  ကမ္ဘာ  သုံးယုံကြည်မှု မရမီ  တိုက်ခိုက်ရမယ်ဆိုတာသိပါတယ်၊
ဒါကြောင့် တရုတ်ယွမ်ငွေ ဈေးကွက်ပျက်အောင်ရယ်  ဒေါ်လာဈေးမာအောင်ရယ်  လုပ်ဖို့ စဉ်းစားခဲ့တယ်၊
အဲဒါရဲ့အဖြေက  ကုန်သွယ်ရေးပိုငွေ  မတရားဖြစ်နေတဲ့ တရုတ်ကုန်ပစ္စည်းတွေကို  $ 34 billionဖိုး ပထမအဆင့်  စတင်အခွန်တိုးကောက်ခဲ့တယ်..ဒုတိယအဆင့်  $ 200billion 
တတိယအဆင့် $300 billion ဖိုး ကောက်ဖို့ပါ  စီမံချက်ရေးဆွဲခဲ့တယ်..
ဒီအရင်  သံနဲ့အလျူမီနီယံ တင်သွင်းမှု တွေကို  ဖေဖေါ်ဝါရီလကတည်းက  အခွန်တိုးကောက်ပြီး  အကဲ စမ်းကြည့်ထားပါတယ်.. အဲဒါက  ကမ္ဘာ့အကြီးဆုံး  တရုတ်ရဲ့  Solor Panel ထုတ်လုပ်မှုကို  ထိခိုက်စေခဲ့တယ်.. အဲဒီရဲ့အဆက် $ 34billion ဖိုး  ခရီးသည်ကားများ  လေယာဉ်အစိတ်အပိုင်းများ  ကွန်ပြူတာ ဆက်စပ်ပစ္စည်းများ ကို  အဓိက ထားကောက်ခံခဲ့ပါတယ်..
ဒါတွေဟာ  သံနဲ့အလျူမိနီယံ  လုပ်ငန်းအဆက်အစပ်ကို  အရှိန်မြင့် တင်  ဖျက်စီးတာပဲ  ဖြစ်တယ်.. တရုတ်ရဲ့  ကမ္ဘာ့ အကြီးဆုံးဈေးကွက်ပစ္စည်းများကို  အခြေယိုင်စေခဲ့တယ်..

အဲဒီလုပ်ရပ်ဟာ?
လုပ်အားခသက်သာတဲ့  တရုတ် ကုန်ပစ္စည်းများ  ဈေးကြီးပြီး  ရောင်းမရအောင် နဲ့  တရုတ်ယွမ်ငွေ ဖေါင်းပွမှု ဖြစ်ပြီး  တရုတ်ဘီလျံနာတွေရဲ့ငွေတွေကို  အငွေ့ပျံစေတာဖြစ်တယ်..
ကမ္ဘာ အရပ်ရပ်က တရုတ် stock share တွေ ထိုးဆင်းကျစေပြီး   အရှိန်ရစ  OBOR ကို  ရပ်တန့်အောင်  ရည်ရွယ်တာ ဖြစ်ပါတယ်..

နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့   အရှည်ကို မျှော်ကြည့်ပုံယှဉ်ပြိုင်တဲ့ နည်းဗျူဟာ ရွေးချယ်ပုံ ရန်သူရဲ့အားနည်းချက်  အားသာချက်များ တွက်ဆပုံများဟာ လက်ရှိ  မြန်မာနိုင်ငံရေးသမားများ  လေ့လာသင့်လှပါတယ်..
ကချင်နိုင်ငံရေး လောကမှ သူများလည်း ကချင်ပြည်နယ်ဘောင်ထဲက  ကျော်ထွက်ပြီး  နိုင်ငံတကာ ဆက်စပ်သုံးသပ်မှု များ   ပြင်ဆင်ထားသင့်လှပါတယ်..

အခု ဆိုTrump ရဲ့ trade war ကြောင့်ပဲ  မြန်မာနိုင်ငံထဲမှာ  စတင်ရိုက်ခတ်နေပြီဖြစ်တယ်..ကချင်ပြည်နယ်သားများလည်း  မလွတ်ကင်းပါ,
ဘယ်လို ချိတ်ဆက်သလဲ?ဘယ်လိုပြင်ဆင်သင့်သလဲ? ဘယ်လို ဆောင်ရွက်သင့်သလဲ  ?
ဆက်လက် ဆွေးနွေးတင်ပြပါမယ်!

Trump ( ) ?

အခု  အမေရိကန်  ကုန်သွယ်ရေး  စစ်ပွဲကို  အမေရိကန်နိုင်ငံခြားရေး  ဝန်ကြီးဟောင်း Hilary Clinton က ၂၀၁၆ တုန်းကတည်းက  Trump အာဏာရခဲ့ရင် ?
trade war လုပ်လိမ့်မယ်လို့  ကြိုတင်ပြောခဲ့တယ်၊1930  ကမ္ဘာ စီးပွားပျက်ကပ်လို  အကြာကြီး ဖြစ်ပြီး  ဒုက္ခတွေ  ခံစားရနိုင်တယ်လို့  ခန့်မှန်းခဲ့တယ်!

သူပြောတာများ  မှန်နေမလား?
Trump  အာဏာ ရပြီး  ဘာလုပ်ခဲ့သလဲ?
ဆောင်းပါး  နဲ့ မှာ  ရေးခဲ့သလို..အဓိက က   Empire State တွေကို  ပြဌါန်းတဲ့  ငွေကြေးစနစ်ကို  အလဲ ထိုးဖို့  လုပ်ခဲ့တာပါပဲ..
အခု Trump လုပ်တာက  ?
ကမ္ဘာ ငွေကြေးစနစ်မှာ  တရုတ်ယွမ်ငွေ က ဦးဆောင်လို့မဟုတ်ဘူး တရုတ်ပြည်တွင်းမှာ  သူ့ရဲ ငွေကြေးစနစ် ဖရိုဖရဲ ဖြစ်ဖို့  အဓိကလုပ်တာဖြစ်တယ်.

၂၀၁၇ က  US က  တရုတ်ကို  သူ့ ထုတ်ကုန်ရောင်းရငွေ  US:$ 174 billion ရှိပြီး  တရုတ်က  US ကိုရောင်းတာ  US$ 478 US $ billion ရှိတယ်.. အဲလောက်ကွာတယ်,
အဲဒီရောင်းရငွေ တွေနဲ့  US ရဲ့  High Tech Firm တွေမှာ  ပြန်ရင်းနှီးမြုပ်နှံပြီး  အမေရိကန်ရဲ့  နည်ပညာကို  ခိုးပါတယ်..

တရုတ်ကလည်း  ငွေ + နည်းပညာ = Empire ဆိုတဲ့  သီအိုရီကို  သိတယ်..လက်ဦးဖို့ တာစူနေတယ်.

ဒါကိုTrump က   နားလည်တော့  အိုဘားမားလက်ထက်ကတည်းက   တရုတ်ကို  နှီမ်နင်းဖို့  တာစူထားတယ်..
သူလည်း  အာဏာရရော   1974အမေရိကန်  ကုန်သွယ်ရေး အက်ဥပဒေ  ပုဒ်မ 301အရ  နည်းပညာမြှင့်ထုတ်ကုန် ကာကွယ်ရေး  အကြောင်းပြပြီး    တရုတ်ရဲ့သွင်းကုန်   solar panel တွေ  လျှပ်ကာပစ္စည်းတွေ  ကွန်ပြူတာပစ္စည်းတွေ   အဝတ်လျှော်စက်တွေ  smart phone တွေရဲ့  အစိတ်အပိုင်းတွေ  ထရပ်ကားတွေ  july 6 ရက် မှာ  US$ 34 billion ဖို့းစပြီး အခွန်၂၅%   တိုးမြှင့်ကောက်ပြီး  trade war ကို  စပါတယ်၊
နောက် ၂ပတ်အတွင်း  US$ 16 billion ဖိုး ထပ်ပြီး  ကောက်ဖို့ရှိတယ်၊ ပထမ စစခြင်း  billion 50  ဖိုးဖြစ်တယ်၊ နောက် တရုတ်ဘက်က  အလျှော့ပေးမှု  မရှိရင်  septemberမှာ  400 billion ဖိုး ထပ် ကောက်ဖို့ရှိတယ်၊ ဒါဆိုရင်  စုစုပေါင်း  US $ 450 billion ဖိုး   Trump က  ဆောင်ရွက်ဖို့ရှိတယ်၊ ဒါဟာ  တရုတ်က  အမေရိက ကို  တင်ပို့တဲ့ တစ်နှစ် ကုန်သွယ်  ငွေ  ပမာဏ ပဲ လို့  အထင်းသားမြင်ရတယ်။

တရုတ်ကလည်း  အမေရိကန်ရဲ့ထုတ်ကုန်   မော်တော်ကားတွေ   soy bean တွေ  အသီးအနှ တွေ  စိုက်ပျိုးထုတ်ကုန်တွေ  ဝက်သားတွေ   Semi conductor တွေ  အဝတ်
အထည်  တွေ သူ့အတိုင်း  ပြန်လုပ်မယ်လို့  ကြေညာပါတယ်..
ဒီလိုနဲ့  US  China Trade War ဟာ  တကမ္ဘာ လုံး  ကူးစက်ပြန့်ပွားပြီး  တကမ္ဘာ လုံးရဲ့  GDP 2% လောက်  ထိခိုက်မယ်လည်း  ပညာရှင်တွေ  တွက်ဆလာပြီ  ဖြစ်တယ်..

ကျွန်တော်  တင်ပြလိုတာက ?
 Trump ရဲ့  trade war ဟာ  အာရှ  အရှေ့တောင်အာရှ နဲ့  မြန်မာကို ဘယ်လောက်ရိုက် ခတ်သလဲ နဲ့  ဘာတွေပြင်ဆင်သင့်သလဲ ဆိုတာ   တင်ပြလိုရင်းနဲ့  စဉ်းစားစေလိုရင်းပါ..

Trump အဓိက  လုပ်တာက   တရုတ်ပြည်ထဲက  စက်ရုံတွေကို  ထုတ်လုပ်မှု ( manufacturing ) နဲ့  ပံ့ပိုးမှု  ကွင်းဆက် ( supplier chain )  များ  ရိုက်ချိုးပစ်ဖို့ပဲ..
အဲလိုနည်းနဲ့  တရုတ်ရဲ့  ထုတ်ကုန်များ ပေါပေါ မထုတ်နိုင်တော့ပဲ  ရပ်ဆိုင်းသွားပြီး  တရုတ် ယွမ်ငွေ  ဖရိုဖရဲ  ဖြစ်ဖို့  ရည်ရွယ်ပါတယ်..

ဒါဆိုရင်  တရုတ်အစိုးရက  သူ့ယွမ်ငွေကို  ပြန်ထိန်းဖို့ တရုတ်ဗဟိုဘဏ်က  အရံငွေ ဒေါ်လာနဲ့  ပြန်ထိန်းဖို့လိုလာတယ်.. ဒီလိုနည်းနဲ့  အမေရိက ဆီက  ယူသွားတဲ့  ဒေါ်လာတွေ  သူ့ဆီ  ပြန်လာအောင်  Trump က  တစ်ဖက်သတ်လှည့်နည်းနဲ့  လုပ်တယ်..
အခုလောလောဆယ်ကို US $ 108 billion တရုတ်ဗဟိုဘဏ်က  ထုတ်နှုတ်သုံးစွဲ ပြီး သူ့ယွမ်ငွေ ကို  ထိန်းရပြီ မဟုတ်လား?

တော်တော်လည်တဲ့  Trump..!

Trump ဟာ   Manufaturing အတွက်  supply chain ကို  အဓီက ဖျက်ဖို့လုပ်ခဲ့တယ်.
အဲဒီအတွက် သူ့မဟာမိတ်တွေ လည်း ထိခိုက်ခဲ့ရပါတယ်၊
တရုတ်ရဲ့  စက်ရုံတွေ  အတွက်   အဓိက  supplier တွေက  ထိုင်ဝမ် , S Korea , မလေးရှား 
စင်္ကာပူ တို့ဖြစ်တယ်.  India လည်းပါတယ်၊
ဘာလို့လဲ ဆိုတော့ ?
 ကွန်ပြူတာ  အစိတ်အပိုင်းတွေ   smart  phone အစိတ်အပိုင်းတွေ  လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းတွေ  တော်တော်များများကို   လိုအပ်သလောက်  တရုတ်စက်ရုံတွေအတွက်  ထုတ်လုပ်တင်ပို့နေလို့ပဲ၊
ဒီတော့  တနွယ်ငင်  တစင်ပါ  အကုန် ရိုက်ခတ်ကုန်ပါတယ်..
အဲဒီနိုင်ငံတွေရဲ့  ငွေဈေးတွေ  ထိုးကျ  စက်ရုံ တွေ  မထုတ်နိုင်  stock share တွေ  ကျ ဆင်း  ဖြစ်ကုန်တယ်၊
တရုတ်ရဲ့  ရည်ရွယ်ချက်  2025 made in china မှ 2050 made by china   ဆိုတဲ့  အဓိက  ရည်မှန်းချက်ကြီး ကိုဖျက်ဖို့ လုပ်တာဖြစ်တယ်.
Trump တွက်ဆ တဲ့ အတိုင်း  ကမ္ဘာ လုံး ဆိုင်ရာ  တရုတ် Trade mark တွေ ဖြစ်တဲ့  Hwawei . Alibaba group .တွေ  အကြီးအကျယ်ထိခိုက်ကုန်တယ်..

အဲဒီမှာ  တရုတ်ဘက်က  ရှင်းရှင်းပြတ်ပြတ်  စဉ်းစားချက်  ထွက်ပေါ်လာတယ်..
၁။   နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တွေ  ချုံ့ ပစ်မယ်, နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းမယ်..
သူတို့ရဲ့  ပိုင်ဆိုင်မှု  ဒေါ်လာကို  အလဟသ  မဖြစ်စေချင်ဘူး!
၂။    စက်ရုံတွေ  ရွှေ့မယ် တရုတ်ပြည်ထဲ  ထားတာထက်  အာဖရိကလည်း  လုပ်အားခ
  ဈေးပါတယ် သူလည်းအခြေစိုက်ပြီးသားနေရာ အဲဒီကို ရွှေ့မယ်
  အဲလိုတွေ  တွေး လာတယ်၊ဒါ့အပြင် အရှေ့တောင်အာရှဆိုရင်  ထိုင်းနဲ့  ဗီယက်
  နမ်ကို  ရွေးလာတယ်၊ အဲဒီမှာ  မြန်မာကို မရွေးဘူး၊ သိပ်နစ်နာတယ်။

Trump  ( 4 ) ?

US  China trade war ဟာ ခေတ်သစ်  အကောင်းဆုံးခေါင်းဆောင်မှု များကို  မြင်တွေ့ သင်ခန်းစာယူရမယ်ပဲ  ပြောရပါမယ်၊
ဘာလို့လဲဆိုတော့ ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံး၂နိုင်ငံရဲ့   အတော်ဆုံးခေါင်းဆောင် ၂ယောက် ရဲ့  ယှဉ်ပြိုင်မှုကို  မျက်စိမှောက်တွင်  တရိပ်ရိပ် မြင်တွေ့နေရလို့ပဲ !

သင်ခန်းစာယူတတ်ရင်ဖြင့်!

Trade war ဟာ july 6 မှာ စတာနဲ့  တရုတ်ငွေကြေးဟာ  အလဲလဲ အကွဲကွဲ ဖြစ်တယ်၊
ကမ္ဘာ နဲ့ အဝှမ်း  stock share တွေ  တရုတ်နဲ့ဆက်စပ်တာတွေ  ထိုးကျကုန်တယ်၊
တရုတ် ဗဟိုဘဏ်က  သူ့ပြည်တွင်းက  ငွေကို  $ 108billion ထုတ်ပြီး  ဝင်ထိန်းရတယ်..
တရုတ်တို့ဟာ  အလျင်အမြန် ဆုံးဖြတ်ရတော့တယ်၊
သူ့ပြည်တွင်းကထုတ်ကုန်တွေ  အမေရိကန်ဈေးကွက်အစားထိုးဖို့  ဈေးကွက်သစ်ရှာတယ်၊
ဈေးပေါပြီး  သူ့သြဇာညောင်းမဲ့  နေရာအသစ်ကို  ရှာတယ်၊
အဲဒီမှာ  အာဖရိကဟာ  အကောင်းဆုံးလို့  ဆုံးဖြတ်တယ်..

ဒါပေမဲ့  တရုတ်တို့စဉ်းစားချက်ဟာ  မဟာဗျူဟာကျတယ်!
အာရှ သူ့နိုင်ငံကနေ  အာဖရိက အဝေးဆုံးအထိ  ကုန်သွယ်မှုလုပ်ဖို့ ကြားခံ အကွက်အကွင်းကျတဲ့  center point ကို ရွေးတယ်၊ UAE ရဲ့  Dubai ဟာ  အသင့်တော်ဆုံးဆိုတာ  သမ္မတ ရှီ ဆုံးဖြတ်နိုင်ခဲ့တယ်၊
ဘာလို့လဲ ဆိုတော့  နိုင်ငံရေးတည်ငြိမ်ပြီး  စီးပွားရေးကောင်းပြီးသား ကမ္ဘာ လေကြောင်း  ဆက်သွယ်ရေးမှာ  အာရှ   အရှေ့အလယ်ပိုင်း  ဥရောပ  အာဖရိက  တိုက်ကြီး ၃တိုက်နဲ့  ပင့်ကူမျှင် ဆက်သွယ်ထားပြီးသား အခြေခံ  အဆောက်အအုံ ပြည့်စုံပြီးသား  သူတို့နဲ့  ဓန အင်အားခြင်း  ပူးပေါင်းရင်ဖြင့်   ကမ္ဘာ ကုန်သွယ်ရေးကို  အလျင်အမြန် ထိန်းချုပ်ဖို့  ဖြတ်လမ်းနည်းပဲ လို့  ရှီက  တွက်ဆ တယ်၊
ဒါကြောင့်  Dubai မှာ  DMCC ( Dubai Multi Commodities Center) ကြီးကို   July 11 ရက်မှာ  MOU  ထိုးခဲ့တယ်၊ကုပ္မဏီပေါင်း  ၁၅၀၀၀  အခြေစိုက်ပြီး   စက်ရုံပေါင်းများစွာတည်မယ်၊ စွမ်းအင်စက်ရုံတွေ   အခြေခံ  သတ္တှု စက်ရုံတွေ စိုက်ပျိုးရေး ထုတ်ကုန်စက်ရုံတွေ  ငွေကြေးဝန်ဆောင်မှုတျွေ   ရွှေ နဲ့စိန် ကမ္ဘာ  အကြီးဆုံး ရောင်းဝယ်မှု တွေ  လုပ်ပြီး  သူ့ရဲ့  ငွေကြေးဈေးကွက်နဲ့  စက်ရုံများအတွက်  ကြိုးစားခဲ့တယ်၊

ဒါတွင်ပဲ လား?
သမ္မတ ရှီဟာ  July 22 ကနေ အာဖရိက  ၄နိုင်ငံ ကို  ထပ်ပြီးသွားတယ်၊ဒီ တစ်ခါ သူ့ရဲ့ ရွေးချယ်မှု က  အံ့သြစရာဖြစ်ခဲ့တယ်!
Senegal , Rwanda. , Moritius တို့  အာဖရိက  နိုင်ငံငယ်လေးတွေ  ဖြစ်ခဲ့လို့ပဲ.!!
Dubai နဲ့  ပြောင်းပြန်   ဘာဆိုဘာမျှ မရှိတဲ့  အာဖရိက  အနောက်ဘက် ကမ်းရိုးတန်းက  Senegal နဲ့  အရှေ့ဘက်  ကမ်းရိုးတန်း Rwandaတို့ကို ရွေးတယ်၊
ပြီးတော့  Indian Ocean ထဲက  ကျွန်းနိုင်ငံ  Moritius ကိုပါ  သွားခဲ့တယ်၊
တရုတ်တို့ရဲ့စဉ်းစားချက်ဟာ?
အခြေခံ  အဆောက်အအုံတွေ  အကုန်လုံးဆောက်ပေးပြီး  စီးပွားရေးအခွင့်အလမ်းတွေ  စီးမိဖို့ရည်ရွယ်တယ်.. အလုပ်သမားခဈေးပေါပြီး  သူ့စက်ရုံအချို့ကို  ပြိုင်ဘက်ကင်းကင်း  အလုပ်လုပ်နိုင်ဖို့ရယ်  အာဖရိက  တတိုက်လုံးကို  အရှေ့ဘက်ကနေ  အနောက်ဘက်ကမ်းရိုးတန်း အထိ  ပတ်လမ်း ချိတ်ဆက်ဖို့ရည်ရွယ်တယ်သူ့ထုတ်ကုန်တွေ  ဈေးကွက် ကြီးအတွက်  သေချာပြင်ဆင်တာတွေ့ရတယ်။

Senegal ဆိုရင်  အာဖရိက  အနောက်ဖက်ဆိပ်ကမ်ူကနေ  ဥရောပ စပိန်မက်ဒရစ်  ဆိပ်ကမ်းအထိ  ရေလမ်း OBOR  ချိတ်ဆက်နိုင်တယ်၊အရှေ့ဘက်  ကင်ညာ နိုင်ရိုဘီ ဆိပ်ကမ်းကနေ  Rwanda မြို့များ  ဆက်သွယ်ခြင်းဖြင့်  အာဖရိက  အတွင်းပိုင်း  ကုန်သွယ်ရေးကို  နိုင်ရိုဘီ ဆိပ်ကမ်းကနေ  Dubai ကို  ပြန်ထုတ်ယူနိုင်တယ်။

တရုတ်တို့လုပ်ပုံကြည့်ရင် ?

သူ့မှာ  အရံငွေ $  trillion နဲ့ချီပြီးရှိလို့   လောလောဆယ်ဂယက်ကိုထိန်းပြီး  နောင်အရှည်အတွက်  အမေရိကန်ကိုဖြို ဖို့   သေချာပြင်ဆင်တာကို  တွေ့ရတယ်၊
Marintime OBOR ကို  အကြီးကျယ်ဆုံးအောင်မြင်မှု ရအောင်    target ထားနေတာ တွေ့ရတယ်၊ ကြောက်စရာကောင်းတဲ့ပြိုင်ဘက်ပဲ!

အဲဒီနောက်  သမ္မ တရှီက  တောင်အာဖရိက ဂျိုဟန်နက်စ်ဘတ် မှာကျင်းပတဲ့  ၁၀ ကြိမ်မြောက် BRICS summit ကို ဇူလိုင် ၂၅ကနေ  မနေ့က ၂၇ ရက်အထိ  ကျင်းပတာ  သွားတက် တယ်၊
BRICS ဟာ  trump 1 ဆောင်းပါးက  ဖေါ်ပြခဲ့သလို  အမေရိကန်ငွေကြေးစနစ်ကို  ယှဉ်ပြိုင်ဖို့   တရုတ် အိန္ဒိယ ရှရှားတို့  ကြီး၃ ကြီး စဖွဲ့ခဲ့ပြီး  တောင်အာဖရိက နဲ့  ဘရာဇီးလ် က  နောက်မှ ပါခဲ့ကာ  ကမ္ဘာ လူဦးရေ ရဲ့  ၄၁နဲ့  ကမ္ဘာ GDP ရဲ့ 23%  ရှိတယ်၊
 သူတို့ရဲ့  ကြွယ်ဝမှုဟာ US$ 40.6 Trillion ရှိပြီး  ကမ္ဘာ့ ကုန်သွယ်မှုရဲ့  18%  ရှိနေတာဟာ  တရုတ်တို့အတွက် အခု trade warရဲ့  ထွကိပေါက်  နောက်ဈေးကွက်ကြီး  ဖြစ်လို့နေတယ်၊
တရုတ်သမ္မ   ရှီချင်ဖျင် ရဲ့  အာဖရိက နဲ့  အရှေ့အလယ်ပိုင်း UAE  ခရီးစဉ်တွေ  အတောအတွင်းမှာပဲ  Trump ဟာ  24.7.2918 မှာ  EU commision Chairman Jean Cloud Jancker နဲ့  ကုန်သွယ်ရေးစစ်ပွဲကို  US EU အဆုံးသတ်နိုင်ခဲ့တယ်။

ဒီဖြစ်စဉ်မှာ ငွေကြေးဈေးကွက် နဲ့  နည်းပညာ အသာစီးရတဲ့  အမေရိကဟာ  ချက်ချင်း အကျိုးပေးကာကွယ်နိုင်မဲ့  နည်းလမ်းကိုရွေးခဲ့ပြီး အောက်စီးက  ရှိနေတဲ့  တရုတ်တို့ဟာ  ရေရှည်အတွက်  ပိုဦးစားပေး  ပြင်နေတာ  တွေ့ရတယ်၊
Trump နဲ့ Xi တို့ ၂ဦးလုံး ရွေးချယ်တဲ့  Technic တွေ  မှန်တယ်ပြောရမယ်..
နောက်ဆံးမှာ  ဘယ်သူက  ပိုပြီး  အသာရမလဲ ? အလွန်စိတ်ဝင်စားစရာပါ!

မြန်မာ့အရေးနဲ့  ပြင်ဆင်သင့်တာတွေ  နောက်တစ်ပုဒ်မှ  ရေးပါတော့မယ်..

အခုလည်း  ကျွန်တော့်ပါတီ ခရီးစဉ်ရှိနေလို့  ရေးချိန်မရလို့ trump 3 နဲ့ရက်ကွာသွားတာ  စောင့်ဖတ်နေသောသူများအတွက်  စိတ်အနှောက်အယှက်ဖြစ်တာ  တောင်းပန်လိုပါတယ်!
နိုင်ငံရေးစိတ်ဝင်စားသူများအားလုံး  အကျိုးရှိရန်  ရည်ရွယ်လျက် !

Trump ( 5 ) ?

ဒီ အပိုင်းမှာတော့  မြန်မာအစိုးရနဲ့  ကချင်ပြည်နယ်အစိုးရ ဘာတွေ ဆောင်ရွက်သင့်သလဲ  ဆိုတာပြောပြဆွေးနွေးလိုပါတယ်..

US China trade war ဟာ  အခုဆိုရင်  US  EU  အုပ်စုနဲ့  China+ BRICS  +Africa ဆိုပြီး  သိသိသာသာကွဲထွက်လာပါတယ်၊
နည်းပညာဇောင်းပေးအုပ်စုနဲ့   ကုန်ထုတ် ဇောင်းပေး အုပ်စု  အားပြိုင်လာတယ်ပြောရမယ်..

အလွယ်ပြောရ ရင် ?
Trump အုပ်စုဟာ  ဒေါ်လာဈေးမာအောင်  လုပ်ပြီး   သူ့တို့တိုင်းပြည်ထဲမှာ  Investment တွေ  လှိမ့်ဝင်စေကာ  High Tech Firm.တွေ  ပိုမိုဖွံ့ဖြိုးစေတယ်၊
အဲဒီကနေ  နည်းပညာအသစ်အသစ်တွေ ထပ်ထုတ်ပြီး   ကမ္ဘာကိုတန်ဖို့မြင့်ပစ္စည်းတွေ  အများအပြားရောင်းစားဖို့ကြံတယ်၊အများစုဟာ  စစ်လက်နက်ပစ္စည်းနဲ့  IT ပစ္စည်းတွေ   ရောင်းဖို့ဖြစ်တယ်။

တလက်စတည်း  အခြားကမ္ဘာ့ငွေကြေးတွေ  တန်ဖိုးလျှော့ကျစေပြီး  စည်းပွားပျက်ကပ်ရောက်အောင် ကြံဆောင်တာဖြစ်တယ်၊ 
အထူးသဖြင့်  တရုတ်ရဲ့ Ywan ကို  Devalue ဖြစ်အောင် အဓိက  လုပ်တယ်၊တရုတ်ငွေ  ကျဆင်းလေ ပြည်တွင်း ကမောက်ကမ ဖြစ်လေ !
ပြည်တွင်းက  တရုတ်ကုပ္မဏီ  ကြီးတွေရဲ့ ပိုင်ဆိုင်မှု  အငွေ့ပျံလေ အာဖရိက မှာ  ခြေကုပ် ယူနေတဲ့  တရုတ်ရင်းနှီးမြုပ်နှံမှု မလုပ်နိုင်အောင်  တားဆီးလေ မဟုတ်လား?

အမေရိကက  သူ့ရဲ့မိတ်ဖက်  ဂျပန်  တောင်ကိုးရီးယား  ထိုင်ဝမ်   တို့ကို  ဘာလို့  သိပ်မစိုးရိမ်လဲဆိုတာ  သူတို့မှာ  နည်းပညာမြင့်  ထုတ်ကုန်တွေ  ကမ္ဘာ အနှံ့ ရောင်းဖို့ရှိတဲ့  တိုင်းပြည်တွေ  ဖြစ်လို့ပဲ၊
ဒေါ်လာဈေး တက်ချိန်  မှာ  နကိုသီအိုရီအရ  ပြည်တွင်းငွေ ချရပါတယ်, ပြီးရင်  ပြည်ပပို့ကုန် export မြှင့်ရတယ်၊
ဒီသီအိုရီ အရ ဆိုရင်  သူတို့နဲ့ အံကိုက်ပဲ၊ ဒါပေမဲ့  လိုတာထက်ပိုမကျအောင်တော့  ထိန်းရတယ်၊
အဲဒီအချက်ကို  ကျော်လွှားနိုင်တာက  EU  နဲ့  အာရှ သူ့မိတ်ဖက်နိုင်ငံတွေမို့   သူမစိုးရိမ်တာဖြစ်တယ်။

ထိတာက တတိယနိုင်ငံတွေနဲ့  import  သာရှိပြီး export မရှိတဲ့  ဆင်းရဲတဲ့နိုင်ငံတွေ ဖြစ်တယ်၊ တရုတ်နဲ့အတူ  ပါသွားမှာ  ဖြစ်တယ်.

လောလောဆယ်  Xi ကတော့ မှု ပုံမပေါ်ပါ သူ့ထုတ်ကုန်တွေ ကို  ဖြုန်းမဲ့  တတိယနိုင်ငံတွေ  အများအပြားရှိနေတာကိုး!
ဒါကြောင့်လဲ  အာဖရိက ကို  စီးမိအောင်  အာဖရိက  အရှေ့ဘက် Rwanda    အနောက်ဘက် Senegal လိုနိုင်ငံမျိုးတွေပတ်ပြီး  ချိတ်ဆက်မှု ခိုင်မာအောင်ပြင်နေတာဖြစ်တယ်။

ဒါပေမဲ့  စိုးရိမ်ရတာက  Xi ဟာ  စွမ်းအင်လိုအပ်ချက်  သိပ်ကြီးမားပြီး  သူ့ နိုင်ငံ ရဲ့  power ဟာ  စွမ်းအင်အပေါ်  လုံးလုံးမှိခိုနေရတာပါပဲ၊
ဒါကြောင့်  အီရန် လို  နိုင်ငံက  ရေနံ ၂၅% လောက်ကို  ပြေးဝယ်ထားရသလို  UAEလို နိုင်ငံ ကိုလည်း  ပေါင်းရတော့တယ်၊ အာဖရိက  ခြေကုပ်ကလည်း  ဒါအတွက်ပဲ..

လူလည် Trump က  ဒါကို မသိပဲ နေမလား?
သူ့ရန်သူကို  အပြီးတိုင် ခြေမှုန်းချင်ရင်  အဲဒီ supply chain ကြီး  တစ်ခုလုံးကို  ဆက်တိုက်ခိုက်မှာ ဖြစ်တယ်၊ကမ္ဘာ လုံးဆိုင်ရာ  တည်ငြိမ်မှု ကို  ပျက်ဆီးသွားမှာ ပဲ ကြောက်ရတယ်..
အဲလို trump ရှေ့ဆက်ရင် ဒေါ်လာဈေး ပိုတက်မယ်၊တတိယကမ္ဘာ့ ငွေဈေး  ပိုပြီးကျမယ် မြန်မာ  ဘာလုပ်မလဲ?

ဦးသိန်းစိန်အစိုးရ လက်ထက်နဲ့   NLD အစိုးရ  အစောပိုင်းကာလ တွေမှာ  အမှားကြီး  တစ်ခု  ကျူးလွန်ထားတယ်၊
ဒေါ်လာဈေး ပျော့ချိန်မှာ  Hot Investment လို့ခေါ်တဲ့  ပိုဆောင်းဒေါ်လာငွေတွေ  အများအပြား ရင်းနှီးမြုပ်နှံခွင့်ပေးခဲ့တယ်. အဲဒါတွေက  ထုတ်ကုန်ကဏ္ဍတွေ  မဟုတ်ခဲ့ဘူး,
အခု  ဒေါ်လာဈေးမာချိန်  ကိုယ့်ဆီက  များများပို့ဖို့  ဘာမှ မရှိဘူး.. စက်မှု ထုတ်ကုန်  ထူထောင်မှု အားနည်းခဲ့တယ်။

ဒီတော့ အကြံပြုချက်အနေနဲ့က ...

၁။ တိုင်းပြည်ဒေါ်လာအရံငွေ ကို  ထိန်းရမယ် , တစ်နှစ်လုံးပို့ကုန်ရဲ့  ၃ပုံ၁ပုံ  ထိန်းထား
ရမယ်
၂။  ပြည်တွင်းကျပ်ငွေ  ဝယ်လိုအားကို  မြှင့်တင်ပြီး  ကျပ်ငွေ  ထပ်မံ ရိုက်နှိပ်ခြင်းမှ 
 ရှောင်ရှားရမယ်,   နိုင်ငံခြားပို့ကုန်  ဈေးမကိုက်ရင်  ပြည်တွင်းကို  များများပြန်ဖြန့်ခိုင်းဖို့လိုမယ်.
၃။   ကျပ်ငွေနဲ့  ရင်းနှီးမြုပ်နှံနိုင်မဲ့  လုပ်ငန်းတွေ  လွယ်ကူအောင် ဖန်တည်းပေးရမယ်
မြေဈေး  အခန်းဌါးခဈေး တွေ  ထိန်းပေးချပေးရမယ်.
၎။ မလိုအပ်တဲ့  အပို သွင်းကုန်  ဇီမ်ခံ ပစ္စည်းများ  ပိတ်ရမယ်..
 ဇီမ်ခံကား  အလှကုန်  မလိုအပ်သော  တန်ဖိုးမြင့်  လျှပ်စစ်ပစ္စည်းများ, ဓါတ်ဆီ  ဒီဇယ်  အကြီးအကျယ်ဖြုန်းနေတဲ့  ကျောက်တွင်းများမှာ  အကြီးစားယန္တာားသုံးစွဲမှု
၅။  ဈေးကွက်ယှဉ်ပြိုင်မှု  အားကောင်းစေတဲ့  တန်ဖိုးမြှင့် ထုတ်ကုန်  ထွက်နိုင်အောင်  
နည်းအမျိုးမျိုး  အားပေးရမယ်.
၆။  အိမ်သုံးပစ္စည်း  အားလုံး  ကိုယ့်ဆီက  ထုတ်နိုင်အောင်  ကြိုးစားရမယ်, ဆပ်ပြာ  
သွားတိုက်ဆေး  အိမ်ရိုက်သံ  သဝတ်သုတ်သဘက်   အိုးခွက်ပန်းကန် ..etc...
၇။  ဗဟိုဘဏ်  ကူးသန်းစီးပွား  စီမံကိန်းနဲ့ ဘဏ္ဍာရေး  MIC စတဲ့ အရေးကြီးတဲ့
ဌာနတွေ  အထူးပူးပေါင်းဆောင်ရွက်ရမယ်..
၈။   နယ်စပ်တိုက်ရိုက်ကုန်သွယ်ရေးကို  ကမ္ဘာ့ရွှေပေါက်ဈေး ကို တန်းတူထား  တိုက် 
ရိုက်ငွေကြေးဖလှယ်စနစ်  ကျင့်သုံးသင့်တယ်, တရုတ်ငွေဈေးကျပေမဲ့  မြန်မာကျပ်ငွေဟာသူ့ထက်ကျတာမို့   အကျခြင်း  အမြတ်ထုတ်တာကို  ထိန်းဖို့လိုတယ်.
၉။   လျှပ်စစ် ထုတ်လုပ်ရေးကို  ပြည်သူမထိခိုက်စေပဲ  မြှင့်တင်တောင်ရွက်ဖို့ လိုမယ်.
ဒါတွေဟာ  အရေးကြီးတဲ့အချက်များဖြစ်တယ်.. Failed State ကို  ကာကွယ်ဖို့   ဖြစ်တယ်..

ကချင်ပြည်နယ်အတွက်ကရော...
၁။ ကုန်ကြမ်းထုတ်လုပ် ရောင်းစားတဲ့အဆင့်ကို  ကျော်ဖြတ်ဖို့  အထူးလိုအပ်တယ်..
စိုက်ပျိုးရေးထုတ်ကုန်တွေကို  ဈေးကွက်အသစ်ရှာဖို့လိုမယ်
၂။  ထုတ်ပိုးနည်းပညာမြင့်တွေ  တည်ဆောက်ဖို့  ကြိုးစားရမယ်.. ဂရိတ်ဖရု  ဝါရှင်တန်        
ကဗ္ပလာသီးများ  ထုတ်ပိုးမြှင့် ထုတ်စေချင်တယ်..
၃။  လယ်ယာထွက်ကုန်များကို  ကုန်ချော ထုတ်လုပ်နိုင်အောင်  ကြံဆောင်သင့်တယ်.
၎။  နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ  လက်ခံဖို့လိုပြီး  စာချုပ်များမှတရေး ပွင့်လင်းမြင်သာမှု
 ပြုရေး  လုပ်ရမည်.
၅။  လျှပ်စစ် ထုတ်လုပ်မှု ကဏ္ဍ အထူးစဉ်းစားရန်လိုပြီး  median နဲ့  Small hydrodam  
များ  တည်ဆောက်ရန်  စီမံကိန်းများ  ရှိသင့်နေပြီ , cluster grid များတည်ဆောက်ရန်လိုပါတယ်..  အားလုံးလက်ခံနိုင်အောင်  ကြိုးစားရန်  လိုပါတယ်။

US  China  trade war ဟာ  ၂၀၁၆ က  Hilary Clinton ပြောကြားသလိုပဲ  ၁၉၃၀  တုန်းကလို  ကမ္ဘာ့ စီးပွားပိက်ကပ်  လိုကြာတောင်းကြာခဲ  မဖြစ်ဖို့လိုပါတယ်..
Trump ရဲ့  Hot Strip Mill ရဲ့ မိန့်ခွန်းလို   ပိုမိုကောင်းမွန်သော အခြေအနေ  မကြာခင်လာမှာ ပါ  လို့ပဲ  မျှော်လင့် ပါတယ်,

ဘာပဲ ဖြစ်ဖြစ်  တတိယ ကမ္ဘာ့ နိုင်ငံ ဖြစ်တဲ့  မြန်မာနိုင်ငံဟာ  အထူးပြင်ဆင်ရမှာပဲ မဟုတ် လား?
ဖတ်မိသူတိုင်း  အကျိုးများ  ဆင်ခြင် နိုင်ပါစေ !
                 
M Kawn La


*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!