Popular Posts!

Wednesday, September 28, 2011

ကားသွင့်ခွင့်ပါမစ်နောက်ဆင်တွဲ(၄)

သက်တမ်းရင့် ကားဟောင်းများ အစားထိုး ဝယ်ယူ လိုသူများ အွန်လိုင်းမှ တစ်ဆင့် ကြည့်ရှုဝယ်ယူ နိုင်ပြီး မြန်မာ နိုင်ငံ အရောင် တင်သွင်း ပေးမည်

သက်တမ်းရင့် ကားဟောင်းများ အစားထိုး ဝယ်ယူ လိုသူများ အွန်လိုင်းမှ တစ်ဆင့် ကြည့်ရှုဝယ်ယူ နိုင်ပြီး မြန်မာ နိုင်ငံ အရောင် တင်သွင်း ပေးမည်


ပြည်ပ နိုင်ငံများရှိ အွန်လိုင်း ၀က်ဘ်ဆိုက် များတွင် ရောင်းချပေး လျက်ရှိသော မော်တော်ယာဉ် အသစ် များ၊ တစ်ပတ်ရစ် များအား အွန်လိုင်း တွင် စိတ်ကြိုက်ကြည့်ရှု ရွေးချယ်ဝယ် ယူနိုင်မည်ဖြစ်ကြောင်း ယင်းအား ၀န် ဆောင်မှု ပေးလျက်ရှိသော DE FAMILYအွန်လိုင်းစတိုးမှ သိရသည်။
ယာဉ်သက် တမ်းကြာမြင့်သော ယာဉ်များ အားအပ်နှံကာ ပြည်ပနိုင်ငံ များမှ ၁၉၉၅ နှင့်အထက် မော်ဒယ်လ် မော်တော်ယာဉ် အသစ်များတင်သွင်း ခွင့်အား စက်တင်ဘာ ၁၉ ရက်မှစတင် ဆောင်ရွက် ပေးလျက်ရှိပြီး ယင်းသို့ လုပ်ဆောင် ရာတွင် အချိန်မပေးနိုင် သော သူများအတွက် ကားဟောင်းအပ် နှံသည့် အချိန်မှစတင်ကာ မော်တော် ယာဉ် အသစ်ရောက်ရှိချိန် နံပါတ်ထွက် ရှိသည့် အချိန်အထိ ၀န်ဆောင်မှုပေး လျက် ရှိကြောင်း DE FAMILYအွန်လိုင်း စတိုးမှ CEO ကို Lဒေးရောင်ကပြော သည်။ “အလုပ် စအပ်တဲ့နေ့မှာ စရံငွေ တစ်သိန်းကား ပိုင်ရှင်ကပေးရပါမယ်။ အဲဒိက မှစပြီး ကားနဲ့ပတ်သက်တဲ့ စာရွက် စာတမ်းတွေစုမယ်။ ပြီးရင် က.ည.နမှာ ကားသွား အပ်မယ်။ ကားတင် သွင်းခွင့် ပါမစ် ရဖို့အတွက် စပြီး ဆောင်ရွက်ပေးမယ်။ ပါမစ်ကျ လာပြီဆိုရင် ပြည်ပက မော်တော် ယာဉ် တွေကို အွန်လိုင်း ကတစ်ဆင့်ကြည့်ရှုပြီး မိမိနှစ် သက်တဲ့ ဒေါ်လာ ၃,၅၀၀ တန်ဖိုး အောက်ကား တွေကို စိတ်ကြိုက်ရွေး ၀ယ်ယူ နိုင်အောင် ၀န်ဆောင်မှု ပေးပါ တယ်။ အွန်လိုင်း မှာ စပြီးကားမှာယူ တဲ့နေ့မှာ ကားဖိုး ငွေကို အွန်နီ (Earning) ပြည်ပပို့ကုန် ရငွေတန်ဖိုး လက်ရှိ ပေါက်ဈေး နဲ့ တွက်ချက်ပေး ချေရမှာ ဖြစ်ပါတယ်။ ကားဝက်ဘ် ဆိုက်ကတော့ www.tradecarview.com ကရှာပေးပါ တယ်။ တခြား ၀က်ဘ်ဆိုက် တွေက ၀ယ် ချင်ရင် လည်းရပါတယ်။ ဒီက ဆိပ်ကမ်း ရောက်တဲ့ အထိ ဘယ်လောက်ကျသင့် မယ်ဆို တာတွေကိုလည်း တွက်ချက် ပေး ပါတယ်။ ကားတန်ဖိုး ကိုလည်း ဈေးထပ် ဆစ် လို့ရရင် ဆစ်ပေးပါတယ်။ တချို့ကား တွေ ကျတော့ လျှော့ပေး သလိုတချို့ကျ တော့လည်း ကပ်ထားတဲ့ ဈေးထက် ထပ်မ လျှော့ တာလည်းရှိတယ်။ ဒါကတော့ ကားပေါ်မှာ မူတည်ပါတယ်”ဟု ကို Lဒေး ရောင်က ဆက်ရှင်းပြသည်။
ကားစတင် အပ်နှံသည့်အချိန်မှ ကားသစ်ရရှိသည့် အချိန်အထိ ၀န်ဆောင် မှုပေးပြီး ၀န်ဆောင် ခမှာကျပ်ငွေ ၁၀ သိန်း ပေးချေရမည်ဖြစ်ကြောင်း၊ ကား အသစ်၏ တန်ဖိုးငွေ၊ သင်္ဘောတင် ဆောင်ခ နှင့် သက်ဆိုင်ရာ ဌာနအလိုက် ပေးသွင်းရမယ့် အခွန် အခများကို ပိုင်ရှင် မှ ပေးသွင်းရပြီး အခြား ကိစ္စရပ်များ အတွက် ကုန်ကျစရိတ် ကိုမူ ၀န်ဆောင်ခ ငွေထဲတွင် တစ်ပါ တည်းပါရှိသောကြောင့် ယာဉ် ပိုင်ရှင်မှ ပေးဆောင်ရန် မလိုအပ် ဟု ကိုLဒေးရောင်က ရှင်းပြသည်။
“အားလုံး ပေါင်းဝန်ဆောင်ခက မြန်မာငွေကျပ် ၁၀ သိန်းပဲ ကုန် ကျမှာပါ။ ကျွန်တော်တို့ဆီကို ကားဟောင်း ရယ်၊ ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း အပြည့်အစုံ ပဲလာအပ်ထားရုံပါ။ ကားသစ် ဒီကို ရောက်တဲ့ အထိကို ၀န်ဆောင်မှုပေး မှာပါ။ ကျွန်တော်တို့ ကုမ္ပဏီတစ်ခုတည်း က လုပ်တာ မဟုတ်ပါဘူး။ Export Earning ရှိတဲ့တခြား ကျွန်တော်တို့ရဲ့ ညီနောင် ကုမ္ပဏီနှစ်ခုလည်းပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံခြား ကုန်သွယ် မှုဘဏ်မှာလည်း အကောင့် ရှိပါတယ်။ Myanmar National Service ကုမ္ပဏီ လီမီတက်နဲ့ Myanmar Yoshida Trading ကုမ္ပဏီနှစ်ခု အပါအ၀င် ကုမ္ပဏီသုံး ခုပါ။ နောက်တစ်ခု ကတော့ လိုင်စင် လျှောက် ထားပါတယ်။ သုံးခု ပူးပေါင်းပြီး ၀န်ဆောင်မှု ပေးတာပါ။ အကယ်၍ ယာဉ် ပိုင်ရှင် ဘက်က ယုံကြည်မှုအရ ကုမ္ပဏီ က MD တွေနဲ့တိုက်ရိုက် စာချုပ်ချုပ် မယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က လုပ်ပေး ပါတယ်”ဟု ပြောပြသည်။
သက်တမ်းရင့် ကားအိုကားဟောင်း များလဲလှယ်ရာတွင် သက်တမ်းနှစ် ၄၀ ကျော် အတွင်းပါဝင် သောကားများ အား စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ လ အတွင်းလည်းကောင်း၊ သက်တမ်းနှစ် ၃၀ မှ ၄၀ ကြား ကားများအား နိုဝင်ဘာ လမှ ဒီဇင်ဘာ လတွင်လည်းကောင်း၊ သက် တမ်းနှစ် ၂၀ မှ ၃၀ ကြား ကားများအား ၂၀၁၂ခုနှစ် ဇန်န၀ါရီလမှ မတ်လ အတွင်း လည်းကောင်းလဲလှယ် ပေးသွားမည် ဖြစ်ကြောင်း ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်ထုတ် ပြန်ကြေညာ ထားကြောင်း သိရသည်။
ယင်းသို့ လဲလှယ်ရာတွင် မော် တော်ယာဉ်အသစ် မှာယူတင်သွင်းသူ ထက် မော်တော် ယာဉ်အဟောင်းများ အား လာရောက် ရောင်းချသည့်သူများ သာ များပြားကြောင်း သိရသည်။
“ကားဟောင်း ရှိတဲ့ယာဉ်ပိုင်ရှင် တော်တော်များများ က အသစ်ထပ် ၀ယ်ဖို့အတွက် လုံလောက် တဲ့ငွေမရှိတဲ့ သူတွေ ရှိတယ်။ နောက်ပြီး ထပ်ပေး ဆောင်ရမယ့် အခွန်တွေ ကိုလည်း မတတ်နိုင်တော့ ကား အဟောင်း ကို လာရောင်းလာကြတဲ့သူ တွေကများ တယ်။ လက်ရှိမှာလေးဘီး တစ်စီးကို ကျပ်သိန်း ၈၀ ကျော်လောက် ပေါက် ဈေးရှိတော့ ရောင်းတဲ့သူ ကများတယ်။ ကျွန်တော်တို့ အနေနဲ့ လာရောင်းတဲ့ ကားတွေကို ၀ယ်နိုင်ရင် ၀ယ်ထား လိုက် တယ်။ မ၀ယ်နိုင် ရင်လည်း တခြားဝယ် ချင်တဲ့သူ၊ ကားအသစ် သွင်းချင်တဲ့ သူနဲ့ ချိတ် ပေးတယ်။ ဒီလိုမျိုး လည်း လုပ်ပေး ရတာ တွေရှိတယ်”ဟု ကိုLဒေးရောင်က ဖြည့်စွက် ပြောပြသည်။
ကားဟောင်း အပ်နှံပြီး ကားသစ် တင်သွင်းရာတွင် Saloon, Van, Station Wagon စတဲ့အိမ်သုံးယာဉ် အမျိုးအစား တွေအတွက် အင်ဂျင်ပါဝါ ၂၀၀၀ ခခ နှင့် အထက်ကို အကောက် အခွန် ရာခိုင်နှုန်း ၄၀နှင့် ကုန်သွယ်လုပ် ငန်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံ သွား မည်ဖြစ်ပြီး အိမ်သုံး ယာဉ်အမျိုးအစား များထဲတွင် အင်ဂျင်ပါဝါ ၂၀၀၀ ခခ အောက်ယာဉ်များ အား အကောက် အခွန် ရာခိုင်နှုန်း ၃၀ နှင့် ကုန်သွယ် လုပ် ငန်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွား မည်ဟု သိရသည်။

သူရ

 သက်တမ်းရင့် မော်တော်ယာဉ်များ အပ်နှံ၍ အစားထိုး တင်သွင်းရန် သွင်းကုန် ပါမစ် စိစစ် လျှောက်ထားရာတွင် စိစစ် ခွင့်ပြု ထုတ်ပေးပုံ အဆင့်ဆင့်

၁။ လာရောက်လျှောက်ထားသူ သည် ပထမဆုံး မှတ်ပုံတင်ဌာန တွင် မှတ်ပုံတင် စာရင်းရေးသွင်းပြီး application လျှောက်လွှာဖြည့် သွင်းရပါမည်။
၂။ မှတ်ပုံတင်ပြီးပါက ကညန၊ MFTB / MICB အကောက်ခွန်၊ ကုန် သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ပါ ၀င်သည့် one stop services အဖွဲ့ကိုယ်စားလှယ်အရာရှိများမှ လက်ခံစိစစ်ပါမည်။
၃။ one stop services အဖွဲ့မှ စိစစ် ပြီးပါက ဒုတိယညွှန်ကြားရေး မှူးမှ တစ်ဆင့် ညွှန်ကြားရေး မှူးထံ တင်ပြ အတည်ပြုချက် ရယူပါမည်။
၎။ ညွှန်ကြားရေးမှူး အတည်ပြု ပြီးပါက ပါမစ်ကြေး ပေးသွင်းစေပြီး ပါမစ် ထုတ်၍ ညွှန်ကြားရေးမှူး ချုပ်ကိုယ် စား ညွှန်ကြားရေးမှူးမှ လက်မှတ် ရေးထိုးပြီး ကာယ ကံရှင်သို့ထုတ် ပေးပါမည်။
၅။ ဖျက်သိမ်း၊ အပ်နှံသည့် အစား ထိုးယာဉ် တစ်စီးချင်း အတွက် မူလ အမည်ပေါက် ယာဉ်ပိုင်ရှင် အမည်ဖြင့် ပါမစ် တစ်စောင်စီ ထုတ်ပေးပါမည်။
Ref:themyanmarpost

Are You Looking for Jobs for Foreigners in Singapore?

Singapore is an attractive destination for foreigners to work in and if you are one of the people looking for jobs for foreigners in Singapore, then the following questions will probably cross your mind:

- How easy is it for foreigners, living outside of Singapore, to get a job here?

- How does one go about looking for a job?

The short answer is – It is not as easy as it seems for foreigners to get jobs in Singapore and you will need to put in a lot of effort to get a job. Singapore does have/demand a lot of foreign talent but this is for specific skills/industries/levels and there is a good amount of competition from foreigners/locals already living in Singapore.

If you search online job boards/sites for Singapore, you will notice most job postings state that only Singaporeans or Permanent Residents should apply. There will be fewer listing for jobs for foreigners in Singapore, on the job sites. The reason for this simple – It is easier and more cost effective for companies to hire people who are already in Singapore, especially when these people have the talent/skills they need.
So if you are looking to find jobs for foreigners in Singapore and move here, below are a few suggestion for your job search:

1) I have come across many foreigners/people who just land-up in Singapore for a very short time and without having any meetings/interviews. They hope to get interviews while they are here and/or plan to attend a career fair. In my experience this approach does not yield much success to get jobs for foreigners, unless you spend enough time here (a few months). If you are coming for a short visit, then it is much better to have a few meetings/interviews scheduled with potential employers and recruiters before you arrive. Also please be aware that career fairs are not catering to people living outside of Singapore and will not help much

2) Don’t dismiss the online job boards altogether. You will find jobs where foreigners are eligible to apply, however, you will need to spend extra time searching for these

3) Use ALL your contacts (friends, family, colleagues, association members and so on). This is probably your best bet to get leads for jobs for foreigners. Make the process easier by using online networking sites like LinkedIn

4) Be clear on your knowledge, skills and abilities and make sure that you apply to matching jobs. This will save you the time spent on applying to every job under the sun and also increase your job search success rate. Keep this in mind when contacting recruiters for jobs also

5) Prepare your marketing material very well. Your resume, cover letter and other job search material must be relevant and of high quality

6) Practice, practice and practice your interview responses and also what you will say during various other meetings

7) Be ready to compromise and take jobs which may not be your first preference, or pay you as much as you want. It is important to first get your foot in the door

Good luck!
Ref:singaporejobsmarket

Tuesday, September 20, 2011

မြန်မာပြည်သွားမည့်ကားများ ရေတိမ်နစ်

ဧရာဝတီ Monday, 19 September 2011 16:12 

တပတ်ရစ်ကား တင်သွင်းမှုကို မြ၀တီနယ်စပ်တွင် ပိတ်ပင်ထားသဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်စပ်ကားဈေးတွင် စုဝေးနေရသော မော်တော်ယာဉ် အများအပြားသည် မကြာသေးမီက မြစ်ရေကြီးမှုဒဏ်ကို အပြင်းအထန် ခံလိုက်ရသည်။

Car_and_water_1
သောင်တင်နေသော မော်တော်ယာဉ်များ ရေကြီးမှုဒဏ်ကို ခံခဲ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)

ယခုလ ၁၁ ရက်နေ့က မိုးကြီးပြီးနောက်ပိုင်း မြ၀တီ နှင့် မဲဆောက်မြို့ကြားရှိ သောင်ရင်းမြစ်ရေ လျှံသဖြင့် မော်တော်ယာဉ် သုံးထောင်ဝန်းကျင်ရှိနေသော ကားဈေးအတွင်းသို့ ရေများ ၀င်ရောက်ခဲ့သည်။

"ကားအစီး တထောင်လောက် ရေမြှုပ် ပျက်စီးသွားတယ်" ဟု ကားလုပ်ငန်းရှင်တဦးက ပြောသည်။

ရေကျသွားပြီဖြစ်သောကြောင့် မဲဆောက်ရှိ ကားကုမ္ပဏီများက ရေကြီးမှုဒဏ် ခံလိုက်ရသည့် မော်တော်ယာဉ်များကို ပြုပြင်မွမ်းမံနေကြသည်။

ယခုလဆန်းပိုင်းမှ စတင်ပြီး တပတ်ရစ်ကားစီးဆင်းမှု ရပ်တန့်နေသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသော မဲဆောက်ရှိ ကားကုမ္ပဏီ ၄၀ ခန့်သည် နေ့စဉ် အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ယခင်က နယ်ခြားမြစ်ကို ဖြတ်ပြီး မြန်မာပြည်ဘက်သွားသော တပတ်ရစ်ကား အရေအတွက်မှာ နေ့စဉ် အစီးရေ ၂၀၀ ၀န်းကျင် ရှိသည်ဟု မဲဆောက်မှ အကောက်ခွန်ဌာန ၀န်ထမ်းတဦးက ပြောသည်။

မြ၀တီသို့ကားတင်သွင်းမှုသည် ယခုလဆန်းတွင် ဖွင့်ချီပိတ်ချီ ဖြစ်နေရာမှ လုံးဝ ပိတ်ပင်လိုက်သည်မှာ ယနေ့ဆိုလျှင် တပတ်တိတိရှိပြီဟု မဲဆောက်မြို့မှ ကားလုပ်ငန်းရှင်တဦးက ဧရာဝတီကို ပြောသည်။

"ဒီဘက်ကကူးသွားတဲ့ကား ၁၆ စီး ကိုလည်း မြ၀တီက ဖမ်းထားတာ ၃ ရက်လောက်ရှိပြီ" ဟု သူက ဆိုသည်။

နေပြည်တော်မှာလာသည့်အမိန့်ဖြင့် ဖမ်းဆီးခြင်း ဖြစ်သောကြောင့် ထိုကားများ ပြန်လည်ရရှိရေးကို ဒေသခံအာဏာပိုင်တို့နှင့် ညှိနှိုင်း၍ မရသေးကြောင်း မြ၀တီမှ ကုန်သည်တို့ကို ကိုးကားပြီး သူက ရှင်းပြသည်။

မြ၀တီမြို့ခံ ယာဉ်မောင်းတဦးကလည်း "ကျနော်က ဂျပန်ကားတွေကို မြ၀တီကနေ ဘားအံအထိ အငှားမောင်းပို့တဲ့ အလုပ်ပဲ လုပ်တာပါ။ အခု ကားမပို့ရတာတပတ်ကျော်သွားပြီ" ဟု ပြောသည်။

နယ်စပ်ကားဈေးကွက်တွင် ရှိနေသော ကားများမှာ ဂျပန်နိုင်ငံမှ လာသော တပတ်ရစ်ကားများ ဖြစ်သည်ဟု သိရသည်။
Ref:irrawaddy.org

ရန်ကုန်မြို့တွင် Wimax Internet အား ကျပ် ၆၃၀,၀၀၀ ဖြင့် ရောင်းချမည်

ရန်ကုန်မြို့တွင် Wimax Internet အား ကျပ် ၆၃၀,၀၀၀ ဖြင့် ရောင်းချမည်Wimax Internet Service ကို ရန်ကုန်မြို့တွင်း၌ ယခင်ဈေး နှုန်းကျပ် ၈၁၀,၀၀၀ မှ ယခုကျပ် ၆၃၀,၀၀၀ ဖြင့် အထူး ဈေးနှုန်းဖြင့် ရောင်းချ ပေးမည်ဖြစ်ကြောင်း Red Link Communications Company မှ သိရသည်။
အထူး ဈေးနှုန်းအနေဖြင့် စက် တင်ဘာလ ၁၂ ရက်မှ ၂၃ ရက်အ တွင်း မည်သည့် Service Plan ကို ၀ယ်သည်ဖြစ်စေ ကနဦး တပ်ဆင်ခ (နှစ်စဉ်ကြေး ပစ္စည်းဖိုးအပါအ၀င်) ကျပ် ၆၃၀,၀၀၀ ဖြင့် ရောင်းချပေး သွားမည်ဖြစ်သည်။
ယင်းကဲ့သို့ ရောင်းချပေးရာတွင် လက်ရှိ PoP ငါးခု၏ site အချို့ တွင် သုံးစွဲမှု သိပ်သည်းဆမြင့်မား သော် လည်း အခြား Cell Site များ တွင် သုံးစွဲမှု သိပ်သည်းဆအနည်း ငယ်သာ ရှိနေခြင်းနှင့် ထပ်မံတိုးချဲ့ ထားသော PoP နှစ်ခု၏သုံးစွဲနိုင်မှု Capacity အရ အကျုံးဝင်သောမြို့ နယ်များကိုသာ အဆိုပါ ဈေးနှုန်းများ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ကျန်မြို့နယ် များအား ယခင်ဈေးနှုန်း ကျပ် ၈၁၀,၀၀၀ နှင့် ဆက်လက်ရောင်း ချပေးသွားမည်ဟုလည်း သိရသည်။
အကျုံး ၀င်သောမြို့နယ်များမှာ ရန်ကုန်တိုင်း ဒေသကြီးစည်ပင်နယ်န မိတ်အတွင်းရှိ ရန်ကင်း၊ မြောက်ဥက္က လာပ၊ တောင်ဥက္ကလာပ၊ တာမွေ၊ မင်္ဂလာဒုံ၊ ဒဂုံမြောက်၊ ဒဂုံတောင် ဒဂုံအရှေ့၊ သင်္ဃန်းကျွန်း၊ သာကေ တ၊ ပုဇွန်တောင်၊ မရမ်းကုန်း၊ လှိုင်၊ အင်းစိန်၊ မင်္ဂလာ တောင်ညွန့်၊ ပန်း ဘဲတန်း၊ ကျောက်တံတား၊ လမ်းမ တော်၊ ဗိုလ်တထောင်၊ လသာ၊ ဆိပ် ကမ်းတို့ဖြစ်ကြောင်း ဏမသာသအငသည ကာလအတွင်း အရေ အတွက်ကန့် သတ်ရောင်းချ သွားမည်ဟု Red Link မှတာဝန်ရှိသူတစ်ဦးက ပြော သည်။ Red Link ကုမ္ပဏီအနေနှင့် Internet ၀န်ဆောင်မှုများအား ၂၀၀၈ ခုနှစ်မှ စတင်ဝန်ဆောင်မှုပေး ခဲ့သည့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်ပြီး Wimax Service စတင်ချိန်တွင် ရန်ကုန်မြို့တွင် PoP သုံးခု၊ မန္တလေး မြို့တွင် PoP နှစ်ခုဖြင့်ဝန်ဆောင်မှု ပေးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် PoP နှစ်ခု ယခုနှစ်တွင် PoP ငါးခုမှ PoP ခုနစ် ခုအထိ တိုးချဲ့ထားပြီးဖြစ်ကြောင်း သိ ရသည်။
“မြန်မာ့ဆက်သွယ်ရေးနဲ့ ရတ နာပုံတယ်လီပို့စ်တို့ရဲ့ ခွင့်ပြုချက်ရ ယူပြီး 2 STMI International Bandwidth တွေကိုချိတ်ဆက် ထား ပါတယ်။ ရောင်းပြီးရင် လည်း တစ် နှစ်ကိုနှစ်ကြိမ် အခမဲ့စစ်ဆေးပေးပါ တယ်။ နောက်ပြီး လျှောက်ထား သူ တွေ အနေနဲ့ သတ်မှတ် လျှောက်လွှာ နဲ့ နေ့ချင်းပြီး လျှောက်ထား ငွေသွင်း လို့ရတယ်။ ငွေသွင်းပြီးငါးရက် အ တွင်းအမြန်ဆုံး တပ်ဆင်ပေးပါတယ်” ဟု Red Link မှတာဝန်ရှိသူကပြော သည်။ ထို့ပြင် ၂၄ နာရီအခမဲ့ Call Center (Help Desk) အားရှိခြင်း On Call Service ဖြင့်သုံးစွဲသူများ အခက်အခဲ ရှိပါက သွားရောက်ဖြေ ရှင်းပေးခြင်းများ ပြုလုပ် ပေးလျက်ရှိ ကြောင်း သိရသည်။
သားလတ်
Ref:themyanmarpost

ကားသွင်းခွင့်ပါမစ်နောက်ဆက်တွဲသတင်း(၃)

တင်သွင်း၍ရနိုင်သည့် မည်သည့်နိုင်ငံမှမဆို ကားသွင်းနိုင်၊ တင်သွင်းသည့် နိုင်ငံ၏သံရုံးများ၊ ကားလေလံ ၀က်ဘ်ဆိုက်များမှ တစ်ဆင့် နေ့စဉ်ကားပေါက်ဈေးကို ရယူကာ သတ်မှတ်တန်ဖိုးထက် ပိုသည့် မော်ဒယ် ဟုတ် မဟုတ် စိစစ်မည်
Saturday, 17 September 2011 19:05
6513

သက်တမ်းရင့် ကားအို ကားဟောင်းများအား ပယ်ဖျက်ကာ ကားသစ်များဖြင့် အစားထိုးတင်သွင်း ခွင့်ပြုရာတွင် မြန်မာနိုင်ငံအနေဖြင့် တင်သွင်းပါက တင်သွင်း၍ ရနိုင်သည့် မည်သည့်နိုင်ငံမှ မဆို ကား သွင်းနိုင်ကြောင်း ရထားပို့ဆောင် ရေးဝန်ကြီးဌာန တာဝန်ရှိသူများထံ မှ သတင်းရရှိပါသည်။
အမေရိကန်ဒေါ်လာ ၃၅၀၀ ထက်မပိုသော ကားများ ဟုတ်မဟုတ်ကို စိစစ်သွားမည်ဖြစ်ပြီး စိစစ်ရာတွင် အဓိကအားဖြင့် ကားတင်သွင်းရာ နိုင်ငံရှိ ကားဝက်ဘ်ဆိုက်များမှ လည်းကောင်း၊ သံရုံးများဖြင့် ဆက်သွယ်၍လည်းကောင်း အဆိုပါနိုင်ငံတွင် နေ့စဉ်ဖြစ်ပေါ်နေသည့် ကားပေါက်ဈေးကိုရယူကာ စိစစ်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။
“မြန်မာနိုင်ငံကနေ တင်သွင်းလို့ရနိုင်တဲ့ ဘယ်နိုင်ငံကမဆို ကားတင်သွင်းခွင့် ပြုသွားမှာပါ။ တင်သွင်းတဲ့အခါ ဒေါ်လာ ၃၅၀၀ ထက် မပိုတဲ့ ကားဟုတ်မဟုတ်ကို စီးပွား ကူးသန်းနဲ့ Customs က အဓိကစစ် သွားပါလိမ့်မယ်။ ၃၅၀၀ ထက်မပိုတဲ့ ကားဆိုပြီး မော်ဒယ်မြင့်ကို စာရင်းလိမ် တင်သွင်းလာတယ် ဆိုရင်တော့ ဆိုင်းငံ့ခံရမှာပါ။ ဈေးနှုန်းနဲ့ မော်ဒယ်ကိုက်မကိုက်ကတော့ တင်သွင်းတဲ့နိုင်ငံက မြန်မာသံရုံးတွေက တစ်ဆင့် အဲဒီနိုင်ငံရဲ့ နေ့စဉ်ကား ပေါက်ဈေးတွေ ရယူသလို နိုင်ငံတကာ ၀က်ဘ်ဆိုက်တွေက နေ့စဉ်ပေါက် ဈေးတွေရယူသွားမှာပါ။ ၀န်ဆောင်ခယူပြီး လုပ်ပေးမယ့် ကုမ္ပဏီတွေကိုလည်း ဒီဈေးနှုန်းမျိုးတွေနဲ့ပဲ စိစစ် သွားဖို့ရှိပါတယ်။ ဥပမာ ဂျပန်မှာ အမျိုးရှိလို့ အမျိုးက ဒါကို ဒေါ်လာ ၃၅၀၀ နဲ့ပို့ပေးတာပါဆိုပြီး မော်ဒယ်မြင့်ကားကို သွင်းလာလို့တော့ မရဘူးပေါ့”ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ပါမစ်ချထားပေးမှုနှင့် ပတ်သက်၍လည်း “တရားဝင် မှတ်ပုံတင်ယာဉ်သက်တမ်းက သတ်မှတ်တဲ့ သက်တမ်းပြည့်မီတယ်ဆိုရင် နိဗ္ဗာန်ယာဉ်တောင်မှ အစားထိုးပယ်ဖျက်ပေးဖို့ အထိ အများပြည်သူ စိတ်ချမ်းသာ အောင်လုပ်တဲ့ အစီအစဉ်ပါ။ လေးဘီး မပါဘူး၊ ဟိုဟာမပါဘူးဆိုပြီးအပြင် မှာ ပြောချင်တာပြောနေတာတွေက မဟုတ်ပါဘူး။ စ၊ ဆ၊ ဇ အက္ခရာ တန်းတွေ အားလုံး စက်တင်ဘာလ ၁၉ ရက်နေ့မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ယာဉ်လက်ခံပေးဖို့ ညွှန်ကြားထားပါတယ်။ ဘာကြောင့် နှစ် ၄၀ ကျော်လို့ မပြောဘဲ စ၊ ဆ၊ ဇ ပြောရတာလဲဆိုတော့ တချို့ ဇ အက္ခရာတန်းက နှစ် ၄၀ ကျော်ထဲ မှာလည်း ပါသလို နှစ်ပေါင်း ၃၀ နဲ့ ၄၀ ကြားမှာလည်း ပါနေတယ်။ ဒါပေမယ့် လုပ်ရလွယ်သွားအောင် နှစ် ၄၀ မကျော်ပေမယ့် ဇ အက္ခရာ ဖြစ်တယ်ဆိုရင် အားလုံးကို စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး လုပ်မယ့် စာရင်းထဲ ထည့်ပေးထားပါတယ်။ ကားအပ်ပြီးရင် သက်ဆိုင်ရာ တိုင်း ဒေသကြီးနဲ့ပြည်နယ်အလိုက်စစ်ဆေး လက်ခံရေးအဖွဲ့တွေက စလစ်ထုတ် ပေးမယ်။ စလစ်ရတဲ့သူက နေပြည် တော် စီးပွား/ကူးသန်း ၀န်ကြီးဌာန ရုံးမှာ ပါမစ်လာထုတ်ရပါမယ်”ဟု ၎င်းင်းကဆက်လက်ရှင်းပြခဲ့ပါသည်။
“Toyota, Mitsubishi, Nissan အုပ်စုတွေထဲမှာ Toyota အုပ်စု ကတော့ Saloon ပဲရဖို့များတယ်။ ၂၀၀၀၊ ၂၀၀၁ မော်ဒယ်လောက်အထိ ဆလွန်းရနိုင်တယ်။ Mark II ဆိုရင်လည်း ၂၀၀၁ မော်ဒယ်အထိလောက်ပဲ ရမယ်။ ဒီက သတင်းကြောင့် ဂျပန် မှာတောင် ကားဈေးတွေက တက်နေတာ။ Toyota ပဲမရတာပါ။ Mazda, Nissan တွေထဲက SUV တွေကတော့ ရနိုင်တယ်။ တင်သွင်းခွင့်ပေးတဲ့ အခါမှာလည်း ၁၉၉၅ ကနေ ဘယ်မော်ဒယ်အထိ ဆိုတာကိုတော့ သတ်မှတ်ထားသင့်တယ်။ Cherokee, Mercedes, BMW လို ကားမျိုးတွေ လည်း တင်သွင်းလို့ရမယ့် အထဲမှာ ပါတာ ၀က်ဘ်ဆိုက်က ဈေးတွေအရ တွေ့ရတယ်။ နာမည်ကျော် ၀က်ဘ် ဆိုက်တစ်ခုဖြစ်တဲ့ alibaba.com က ဈေးတွေအရဆိုရင်တော့ Cherokee, Mercedes, BMW လိုကားမျိုးတွေ က ဒီကသတ်မှတ်ထားတဲ့ တန်ဖိုးနဲ့ အများစု ကိုက်ညီတာတွေ့ရတယ်” ဟု နိုင်ငံတကာ ကားဈေးနှုန်း ၀က်ဘ်ဆိုက်များအား လေ့လာထား သူတစ်ဦးက ဆိုသည်။
“ကားအများအပြားသွင်းမှာ ဖြစ်ပေမယ့် ကားဈေးကအရမ်းတော့ မကျတော့ဘူး။ တဖြည်းဖြည်းချင်း ထိုက်သင့်တဲ့ဈေးကိုရောက်သွားနိုင် ပါတယ်။ ကားသစ်သွင်းမယ်ဆိုပါတော့ ၂၀၀၇ မော်ဒယ်အထက် ဘယ်မောင်းသွင်းဖို့ သတ်မှတ်ထားတဲ့ အတိုင်းသွင်းရမှာပဲ။ အခုသွင်းရမယ့် ကားသစ်ဝယ်ရင်းဈေး၊ ဆောင်ရမယ့် အခွန်နှုန်း၊ သယ်ယူစရိတ်တွေပေါင်းရင် မော်ဒယ်မြင့်ပြီး အင်ဂျင်ပါဝါ ကြီးတဲ့ကားတွေကတော့ ကျပ်သိန်း ၁၅၀၀ နဲ့ ၂၀၀၀ အထက်မှာရှိနေမှာပါ။ ဥပမာ Lexus LX 570 ဆိုရင် မြန်မာနိုင်ငံအရောက် ဒေါ်လာ ၉၀၀၀၀ လောက် ကျမယ်။ အကောက်ခွန်က ၄၀ ရာခိုင်နှုန်း၊ ကညန က ၁၀၀ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန်က ၂၅ ရာခိုင်နှုန်း စုစုပေါင်း ၁၆၅ ရာ ခိုင်နှုန်းနဲ့ ကားအရင်း ဈေးပေါင်းရင် ဒေါ်လာ ၂၃၀၀၀၀ ၀န်းကျင်လောက် ကျသင့်တဲ့အတွက် ကျပ်သိန်း ၂၀၀၀ ရှိတယ်။ ဒါကဈေးရင်းဖြစ်လို့ ဒီဈေး က နောက်ထပ် ကျစရာမရှိဘူးလေ။ ဒီလိုပဲ Camry ဆိုလည်း ကျပ်သိန်း ၇၀၀-၈၀၀ လောက်မှာရှိနေမှာပဲ။ အများစီးတဲ့ ကားကလည်း ဒီသတ် မှတ်ချက်တွေအတိုင်း သွင်းရင် ကျပ် သိန်း ၅၀၀ လောက်မှာရှိနေသလို အခု ကားအိုကားဟောင်းလဲလို့ သွင်းလာမယ့် အောက်ကားလေးတွေက လည်း ကျပ်သိန်း ၂၅၀၊ ၃၀၀ လောက်တော့ ရှိနေမှာပါ။ တစ်နှစ်အတွင်းမှာ ရောင်းသာဝယ်သာတဲ့ မျှတတဲ့ အနေအထား ရောက်သွားမှာပါ။ အကောက်ခွန်နဲ့ ကုန်သွယ်ခွန်က မ ပြောင်းနိုင်ပေမဲ့ ကားတင်သွင်းမှုများ ပြားလာတဲ့အပေါ် မူတည်ပြီး ကညန အနေနဲ့အခွန်နှုန်း ပြင်ဆင်သွားလိမ့်မယ်လို့ ယူဆပါတယ်”ဟု လုပ်ငန်းရှင်တစ်ဦးကလည်း ပြောကြားခဲ့သည်။
“ကားအစီးရေ ၅၀၀၀၀ ကနေ ၁၀၀၀၀၀ ကြားမှာ ၀င်လာမှာပဲ။ ကားဟောင်းအစီးရေက ၅၀၀၀၀ ဆိုပေမယ့် အားလုံးက လမ်းပေါ်မှာ သွားနေတာမဟုတ်ဘူး။ ကားဟောင်း အစီးရေ ၅၀၀၀၀ ထဲမှာ လမ်းပေါ်မှာ သွားနေတာက ၂၀၀၀၀၊ ၃၀၀၀၀ လောက်ပဲရှိတာ။ အဟောင်းလဲတာ ကနေ အစီးရေက တိုးဦးမယ်၊ ကား သစ်လည်း သွင်းမှာမို့လို့ များလာမှာ ပဲ။ ကားနဲ့ သင့်တင့်တဲ့ လမ်းတွေပြင်တာ၊ ချဲ့တာ အပြင် ကားပါကင်တွေလည်း လုပ်ထားသင့်ပါတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ဒေါ်လာ ၃၅၀၀ ဖြင့် ကိုက်ညီသည့် နိုင်ငံတကာဈေးကွက်ရှိ Used Card ဈေးနှုန်းအချို့(FOB ဈေး)
အမျိုးအစား တန်ဖိုး(US$)
Pajero V26 ၁၉၉၆ ၃၂၀၀
Mark II ၁၉၉၉ ၂၂၉၀
Mark II ၁၉၉၈၁၅၅၀
Mark II ၁၉၉၇၁၅၅၀
Mark II ၁၉၉၅၁၀၀၀
Mark II ၂၀၀၁ ၃၁၀၀
Mark II ၂၀၀၀၂၅၀၀
RAV 4 ၁၉၉၅ ၃၃၃၈
RAV 4 ၁၉၉၆၃၃၅၂
RAV 4 ၁၉၉၇၃၄၅၃
Crown Royal ၁၉၉၉ ၃၀၂၀
S E Saloon ၁၉၉၇ ၂၅၅၀
Caldian Van ၂၀၀၂ ၃၅၀၀
Caldian Van ၂၀၀၁ ၂၇၀၀
Caldian Van ၁၉၉၆ ၂၅၀၀
Caldian Van ၁၉၉၇ ၂၅၅၅
Caldian Van ၂၀၀၂ ၂၆၅၀
Corolla Van ၁၉၉၇ ၁၈၀၀
Corolla Van ၂၀၀၂ ၃၅၀၀
Corolla Van ၂၀၀၁ ၂၇၅၀
Corolla Van ၁၉၉၈ ၂၅၂၀
Corolla Fielder ၂၀၀၀ ၂၄၈၅
Corolla Fielder ၂၀၀၁ ၂၆၂၅
Corolla Fielder ၂၀၀၂ ၂၉၀၀
Corolla Fielder ၂၀၀၃ ၃၄၇၅
Carina ၁၉၉၈ ၁၇၀၀
Estima ၂၀၀၀ ၃၃၃၈
Estima ၂၀၀၁ ၃၄၅၀
Estima ၁၉၉၈ ၂၀၀၀
Estima ၁၉၉၇ ၁၅၀၀
Estima ၁၉၉၆ ၉၅၀
Cherokee ၂၀၀၀ ၃၁၉၀
Cherokee ၁၉၉၇ ၂၈၈၈
Cherokee ၁၉၉၆ ၂၃၀၀
Mercedes A class ၂၀၀၂ ၃၄၅၀
Mercedes A class ၂၀၀၁ ၂၅၀၀
BMW 525 ၁၉၉၉ ၂၁၁၀
BMW 525 ၁၉၉၈ ၂၅၀၀
BMW 323 ၁၉၉၈၃၄၅၀
Nissan Mistral ၁၉၉၅ ၂၆၇၀
Nissan Terrano ၁၉၉၇ ၂၉၅၀
Sunny FB15 ၂၀၀၁ ၁၉၈၀
Sunny FB15 ၂၀၀၂ ၂၄၀၀
Sunny FB15 ၂၀၀၄ ၃၀၀၀
Sunny EX saloon ၂၀၀၃ ၂၂၂၇
Super Saloon ၁၉၉၆ ၂၀၂၀
Honda CR-V ၁၉၉၆ ၂၂၀၀
Honda CR-V ၁၉၉၇ ၃၁၁၀
Honda CR-V ၅၁ ၁၉၉၈ ၃၅၀၀
Ref:alibaba.com
နိုင်ငံတကာဈေးကွက်မှ ကားသစ်များ တင်သွင်းပါက ကျသင့်နိုင်သည့် ဈေးနှုန်းအချို့(အမေရိကန်ဒေါ်လာ)
အမျိုးအစား တန်ဖိုး(CIF) အကောက်ခွန်ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်ကြေးစုစုပေါင်းတန်ဖိုး
Lexus LX570 2011 ၈၉၄၅၅ ၃၁၇၈၂ ၂၇၈၀၉ ၇၉၄၅၅၂၂၈၅၀၁
Mercedes S550 2011 ၁၀၃၆၅၀ ၃၇၄၆၀ ၃၂၇၇၇ ၉၃၆၅၀ ၂၆၇၅၃၇
Range Rover 2011 ၁၀၄၆၁၅ ၃၇၈၄၆ ၃၃၁၁၅ ၉၄၆၁၅ ၂၇၀၁၉၁
BMW X6 2011 ၉၉၂၀၀ ၃၅၆၈၀ ၃၁၂၂၀ ၈၉၂၀၀ ၂၅၅၃၀၀
BMW X6 2011 ၉၆၄၀၀၃၄၅၆၀ ၃၀၂၄၀ ၈၆၄၀၀ ၂၄၇၆၀၀
BMW 760LI 2011 ၁၄၇၃၀၀ ၅၄၉၂၀၄၈၀၅၅၁၃၇၃၀၀၃၈၇၅၇၅
BMW 740I 2011 ၈၀၆၅၀ ၂၈၂၆၀ ၂၄၇၂၇ ၇၀၆၅၀၂၀၄၂၈၇
Mark X 3500cc 2011 ၅၅၈၀၀ ၁၈၃၂၀၁၆၃၂၀ ၄၅၈၀၀ ၁၃၆၂၄၀
Camry LE 2011 ၃၁၆၅၀ ၈၆၆၀ ၇၅၇၇ ၂၁၆၅၀ ၆၉၅၃၇

မှတ်ချက်။ ။ အကောက်ခွန် ၄၀%၊ ကုန်သွယ်လုပ်ငန်းခွန် ၂၅%(ကုန်းပေါ်ရောက် တန်ဖိုးပေါ်တွင် တွက်သည်)၊ ယာဉ်မှတ်ပုံတင်ကြေး(ကညန)အခွန် ၁၀၀% များကို ပြည်ပမှဝယ်ရင်းဈေး FOB ဈေးနှုန်းပေါ်တွင် တွက်ချက်ထားခြင်းဖြစ်သည်။ ကားတစ်စီး တင်သွင်းမှု ဈေးအရင်းမှန်ကန်စေရန် CIF (Car Cost, Insurance, Freight) ဈေးဖြင့်ထည့်သွင်း တွက်ချက်ခြင်း ဖြစ်ပါသည်။
Ref:motortrend.com-Weeklyeleven

Saturday, September 17, 2011

ပုသိမ်တွင် လယ်သမားများ ချီတက် ဆန္ဒပြ

ရန်ကုန် စက်တင်ဘာ ၁၅

လယ်မြေသိမ်းယူခြင်း ခံထားရသည့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ လယ်သမားများသည် ယနေ့မနက် ၁ဝ နာရီခန့် က ပုသိမ်မြို့ပေါ်တွင် ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း ပုသိမ်မြို့ခံ တစ်ဦးထံမှ သိရှိရသည်။
ဆန္ဒပြ လယ်သမား အယောက် တစ်ရာခန့်သည် ပုသိမ် ကမ်းနားလမ်း တစ်လျှောက် တန်းစီ လမ်းလျှောက်လာကြပြီး နာရီစင် အနီးတွင်ရှိသည့် တိုင်းအုပ်ချုပ်ရေးမှူး ရုံး (ယခင် တယက) ရုံးရှေ့တွင် နာရီဝက်ခန့်ကြာ ထိုင်ပြီး ငြိမ်သက်စွာ ဆန္ဒပြခဲ့ ကြသည်ဟုလည်း အဆိုပါ ဒေသခံ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ယင်းနောက် မကြာမီ လယ်သမားများသည် ရွှေမောဓော ဘုရားပေါ်သို့ ရောက်ရှိလာကြပြီး ကြွေးကြော်သံများ၊ အော်ဟစ်ခြင်း၊ ဆူပူခြင်း မရှိဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်ကို တွေ့မြင်ရသည်ဟုလည်း ၎င်းတို့က ပြောကြားသည်။
အဆိုပါ လယ်သမားများသည် ပုသိမ်နှင့် မိုင် ၃ဝ ကျော် ဝေးသည့် ငွေဆောင်နှင့် ချောင်းသာ ကြားတွင် တည်ရှိသော သဇင်ရွာမှဖြစ်ပြီး အစိုးရ၏ ငွေဆောင် လေယာဉ်ကွင်း စီမံကိန်း အပါအဝင် အခြား စီမံကိန်းဒေသတွင်း လယ်မြေများ သိမ်းပိုက်ခြင်း ခံခဲ့ရသောကြောင့် လာရောက် ချီတက်ဆန္ဒပြခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရှိရသည်။
သဇင်ရွာ အနီးတွင်ရှိသည့် ငွေဆောင်ဒေသတွင် လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်ပိုင် ယုဇန ကုမ္ပဏီသည် ဒေသခံ လယ်သမားများ၏ လယ်မြေများကို ထိုက်သင့်သည့် နစ်နာကြေး မပေးဘဲ အတင်း အဓမ္မ သိမ်းပိုက်ထားသည်ဟု ငွေဆောင်ဒေသခံများထံမှ သိရှိရသည်။
နောက်ဆုံး ရရှိသော သတင်းများအရ ဆန္ဒပြ လယ်သမားများသည် ရွှေမောဓောဘုရား ပေါ်တွင် နေရာယူဆဲ ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးက လွှတ်တော် ကိုယ်စားလှယ် တစ်ဦးသည် ဆန္ဒပြ လယ်သမားများနှင့် တွေ့ရန် စီစဉ်နေကြောင်း သိရှိရသည်။

Ref:thevoicemyanmar

ရန်ကုန်ဟိုတယ်ဇုန်တည်ဆောက်ရန် မြေနေရာရွေးချယ်

မောင်ပိုင်
နေပြည်တော်၊ စက်တင်ဘာ ၆- ရန်ကုန် တိုင်းဒေသကြီးအတွင်း ရန်ကုန်ဟိုတယ်ဇုန် ကြီးတည်ဆောက်ရန်အတွက် အကြမ်းဖျင်း မြေနေရာများရွေးချယ်ထားကြောင်း မြန်မာ နိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်အသင်း
(ရန်ကုန်ဇုန်)တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။
“ရန်ကုန်ဟိုတယ်ဇုန်ကြီးတည် ဆောက်ရန်အတွက် အကြမ်းဖျင်းမြေနေရာများ ရွေးချယ်ထားပါတယ်။ ဟိုတယ်ဇုန် ဖော် ထုတ်ဖို့ဆိုတာကလဲ ၀န်ကြီးဌာနရဲ့ညွှန်ကြား ချက်နဲ့အတူ ဒေသအာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်ရမှာပါ။ အကြမ်းဖျင်းအနေနဲ့ မင်္ဂလာဒုံရယ်၊ ကိုးမိုင်ရယ်၊ သာကေတရယ်၊ ဗိုလ်တထောင်ရယ်လို့သတ်မှတ်ထားပြီး အခု လောလောဆယ်တော့ မင်္ဂလာဒုံနဲ့ ကိုးမိုင် နေရာတွေကို ကွင်းဆင်းကြည့်ပြီးပါပြီ။ ဘယ်နေရာမှာ လုပ်ဖြစ်မယ်ရယ်လို့ အတိအကျ ပြောလို့မရသေးပါဘူး”ဟု ယင်းတာဝန်ရှိသူ က ပြောသည်။
ရန်ကုန်ဟိုတယ်ဇုန်အောက်တွင် ဟိုတယ် ၁၇၂လုံးရှိပြီး အသင်းဝင်ဟိုတယ် ၁၄၆လုံးရှိကာ အသင်းမ၀င်ရသေးသော ဟိုတယ်၂၆လုံးရှိကြောင်း သိရသည်။
ထိုဟိုတယ်များတွင် နိုင်ငံခြား ဧည့်သည်တည်းခိုနိုင်သော ဟိုတယ်အရေအတွက်မှာ ၄၀၊ ၅၀ခန့်သာရှိပြီး ကျန်ဟိုတယ်များ အနေဖြင့် ဟိုတယ်ဟုသတ်မှတ်ထားသော်လည်း တည်းခိုခန်းအဆင့်သာရှိနေသေးသဖြင့်
ရန်ကုန်ဟိုတယ်ဇုန်အသင်းကြီးအား ရန်ကုန်ဟိုတယ်ဇုန်ဟိုတယ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး အလုပ်အမှုဆောင်၂၃ဦးဖြင့် ၂၀၀၅ခုနှစ် ဇွန် ၂၈ရက်တွင် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
Ref:theyangontimes

ရန်ကုန်တွင် မြေအောက်ကားလမ်းဖောက်လုပ်ရန် စီစဉ်

အေးမြမြထွန်း
ရန်ကုန်၊ စက်တင်ဘာ-၉
မြန်မာနိုင်ငံ၏ ပထမဆုံးမြေအောက်ကားလမ်းကို ရန်ကုန်မြို့တွင်ဖောက်လုပ်ရန် အကောင်အထည်ဖော်ဆောင်ရွက် နေကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို လှည်းတန်းလမ်းဆုံနှင့် ရွှေဂုံတိုင်လမ်းဆုံတို့တွင် ဖောက်လုပ်ရန် မြေပြင်တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီး ယင်းနေရာများတွင်Under Pass နဲ့ Over Pass တည်ဆောက် ရေးစီမံကိန်းများကို ဆောင်ရွက်မည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။
““မြေပြင်တိုင်းတာခြင်းကို စတင် ဆောင်ရွက်နေပါပြီ။ ပုံစံထုတ်ပြီးတဲ့အခါမှ Under Pass နဲ့ Over Pass သင့်တော်တာ ကို တည်ဆောက်သွားမှာပါ။ မြန်မာနိုင်ငံ အနေနဲ့ Under Pass လုပ်ဖြစ်ခဲ့ရင် ပထမဆုံးလို့ပြောလို့ရပါတယ်””ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ(လမ်းတံတား)ဌာနမှ တာဝန်ရှိသူက ပြောသည်။
ယင်းစီမံကိန်းကို ယာဉ်သွားလာမှုလွယ်ကူမြန်ဆန်စေရန်အတွက် ဆောင် ရွက်ခြင်းဖြစ်ပြီး ကုန်ကျစရိတ်ကို နိုင်ငံတော် ဘတ်ဂျက်မှ ကျခံသုံးစွဲမည်ဟု သိရသည်။
““စီမံကိန်းကကြီးတဲ့အတွက် စည်ပင်ဘတ်ဂျက်နဲ့မရဘူး။ နိုင်ငံတော် ဘတ်ဂျက်သုံးမှရမှာ။ ပုံစံထုတ်ပြီးလို့ Under Pass ကျိန်းသေရင် နည်းပညာ လိုအပ်တာတွေရှိမှာပါ””ဟု အဆိုပါဌာနမှ တာဝန်ရှိသူက ဆက်လက်ပြောသည်။
အဆိုပါစီမံကိန်းအပြင် ရန်ကုန်မြို့ရှိ အချက်အချာကျသော နေရာများတွင် လူကူးခုံးကျော်တံတားများ ထပ်မံ တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
““လှည်းတန်းဆိုရင် လူဦးရေထူထပ်တယ်။ ကျောင်းသား၊ ကျောင်းသူအလုပ်သမားတွေလဲ သွားလာမှုများတယ်။ ဒီနေ ရာမှာ ကားအသွားအလာအရမ်းကျပ်တယ်။ ဒါပေမဲ့ လူကူးမျဉ်းကျား၊ လူကူးတံတား မရှိဘူးလမ်းကူးတဲ့အခါ အရမ်းအန္တရာယ်များတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာဆိုရင် လူကူးတံတားတွေ၊sub laneမြေအောက် လမ်းတွေလုပ်ပေးတာ တွေ့ရတယ်။ အခု စီမံကိန်းက မြို့ပြရဲ့ Image ကိုတက်စေ တယ်။ အန္တရာယ်လဲ ကင်းစေတယ်။ မြန်မြန်လုပ်လေ အကျိုးရှိလေပဲ။ ကြိုဆိုရမယ့် အစီအစဉ်လို့ ပြောချင်ပါတယ်””ဟု လှည်းတန်း(ဗဟို)လမ်းတွင် နေထိုင်သူဦးကိုလတ်က ပြောသည်။
ammtun@yangonmedia.com

Virtual Visa Card ပြည်တွင်း၌ ယခင်က ထက် ပိုမိုတွင်ကျယ်စွာအ သုံးပြုလာကြောင်း

ပြည်ပရှိ အွန်လိုင်း ၀က်ဘ်ဆိုက် များမှ Data များအား Online Payment စနစ်ဖြင့်ဝယ်ယူနိုင်သော Virtual Visa Card ပြည်တွင်း၌ ယခင်က ထက် ပိုမိုတွင်ကျယ်စွာအ သုံးပြုလာကြောင်း ယင်း card အား ၀န်ဆောင်မှုပေးသည့် Web Host မှကိုလွင်မျိုးကပြောသည်။

အဆိုပါ Virtual Visa Card အား ယခင်က online ပေါ်တွင်သာ ရောင်းချပေးခဲ့ရာမှ သုံးစွဲသူများ ပိုမို ကြိုက် နှစ်သက်ကြခြင်း ဖြစ်ကြောင်း သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ တပ်မတော် ခန်းမ၌ ကျင်းပခဲ့သော Monsoon ICT Fair တွင်ဈေးကွက် တွင် စတင် မိတ်ဆက်ရောင်းချခဲ့ခြင်း ဖြစ်သည်။

“အရင်ကတော့ ဒီကတ်ကို အွန် လိုင်းပေါ်မှာပဲ ရောင်းချ တယ်။ အခု နောက်ပိုင်း စိတ်ဝင်စားတဲ့ သူတွေ များ လာတော့ ပြီးခဲ့တဲ့ ICT ပွဲမှာ offline အနေနဲ့ အပြင်မှာ ထုတ် ရောင်းတာပါ။ ဒီ card က ပြည်ပ ၀က်ဘ်ဆိုက် တွေမှာရှိတဲ့ ပိုက်ဆံနဲ့ ၀ယ်ရတဲ့ data တွေ၊ software တွေကို ဒီကနေ အွန်လိုင်းပေါ်က ၀ယ်ပြီး သုံးလို့ရတဲ့ card ပါ။ ပြပွဲကာ လမှာ ၀ယ်တဲ့သူတွေ အတွက် နှစ်စဉ် ကြေး တစ်နှစ်စာ ကျပ် ၁၀,၀၀၀ ကိုမယူဘဲ ၀န်ဆောင်မှု ပေးတယ်။ အခုကတော့ ပြပွဲပြီးသွားပြီဆိုတော့ ဒီ card လုပ်ချင်တယ် ဆိုရင် ခမေိ ကြေးက ကျပ် ၁၀,၀၀၀၊ နှစ်စဉ် ကြေးက တစ်နှစ် ကိုကျပ် ၁၀,၀၀၀ ကျသင့် ပါတယ်။ card အထဲက ပိုက် ဆံအတွက်ကတော့ သတ်မှတ် ထား တဲ့ပမာဏတွေ ဖြည့်သွင်း ထားနိုင်ပါ တယ်” ဟု ကိုလွင်မျိုးကရှင်းပြသည်။

card အတွင်းဖြည့်သွင်းနိုင် သော deposit fee များမှာ USD 20, USD 50, USD 100, USD 200 ဟူ၍ဖြစ်ပြီး USD 20 အတွက် ၀န်ဆောင်ခရာခိုင်နှုန်း ၂၀၊ USD 50 အတွက် ၁၅ ရာခိုင်နှုန်း၊ USD 100 အတွက် ၁၃ ရာခိုင်နှုန်း၊ USD 200 အတွက်ဝန်ဆောင်ခ ၁၂ ရာ ခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

သားလတ်၊ စိန်ဝင်း-theyangontimes

ကားသွင်းခွင့်ပါမစ်နောက်ဆက်တွဲ(၂)

ကားဟောင်းဖျက် ကားသစ်သွင်းခွင့် ကြေညာချက် ကားဈေးကွက်ကို အကြီးအကျယ်လှုပ်ခတ် အေးသီတာကျော်  အတွဲ ၂၇ ၊ အမှတ် ၅၃၅
( ၁၆-၂၂ ၊ ၉ ၊ ၂၀၁၁)




ဖျက်သိမ်းမည့်အုပ်စုတွင် ပါဝင်သော ဘောက်စ်ဝက်ဂွန် ကားနှစ်စီးကို တွေ့ရစဉ်။
ဓာတ်ပုံ - ကောင်းထက်

မှတ်ပုံတင်ယာဉ်သက်တမ်း နှစ် ၄၀ နှင့် အထက် ရှိသည့် အိုမင်းဟောင်း နွမ်းယာဉ်များကို ဖျက်ဆီး ပစ်ပြီး ယာဉ်သစ်များဖြင့် အစားထိုးရန် ကားတင် သွင်းခွင့်ပြုမည်ဟု ရထားပို့ဆောင်ရေးဝန်ကြီး ဌာနက နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် စက်တင်ဘာလ ၁၁ ရက်နေ့က ကြေညာသည့် အချိန်မှ စပြီးကားဈေးကွက်အတွင်း ကြီးမားသောလှုပ်ခတ်မှုများ ဖြစ်ပေါ်လာသည်။
အဆိုပါ နှစ် ၄၀ နှင့်အထက် သက်တမ်းရှိ ကားများတွင် 'စ'၊ 'ဆ'၊ 'ဇ' အက္ခရာတို့ဖြင့် စသည့် ယာဉ်များ ပါဝင်ပြီး ယင်းတို့ကို ပထမအုပ်စုဟု သတ်မှတ်ကာ ဒုတိယအုပ်စုတွင် နှစ် ၃၀ နှင့် ၄၀ ကြား ရှိယာဉ်များ၊ တတိယအုပ်စုတွင် နှစ် ၂၀ နှင့် ၃၀ ကြားရှိ ယာဉ်များ စသည်ဖြင့် သတ်မှတ်ပြီး တစ်ဆင့်ချင်း ဖျက်သိမ်းမည်ဟု နေပြည်တော်၌ ပြုလုပ်သည့် သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
တွေ့ဆုံပွဲကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာနတို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။
"အမိန့်ကြော်ငြာစာ ထွက်ပြီဆိုကတည်းက စီးပွားရေးဈေးကွက်ကို လိုက်ရှာနေတဲ့ ကုမ္ပဏီတွေ၊ ဒီကား(ဈေးကွက်) ကို ခြယ်လှယ် စိုးမိုး ထားတဲ့အုပ်စု တွေကနေ စီးပွားရေးအမြတ် ဘယ်လောက်ထွက် အောင်ဆိုပြီး ဒါကိုကြိုးစားနေကြတယ်"ဟု ၀န်ကြီးက ပြောကြား သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ၀ယ်ယူခွင့်ပါမစ်ပေးသည့်မူအရ ၂၀၀၃ ခုနှစ်နှင့်အထက်ထုတ် ဘယ်မောင်း ကားဖြစ်ရန် လိုသော်လည်း ယခု ရထားပို့ဆောင်ရေးဝန်ကြီး ဌာန၏မူအရ ၁၉၉၅ နှင့်အထက် မော်ဒယ် ဘယ်၊ ညာမောင်း နှစ်မျိုးစလုံး သွင်းခွင့်ပြုကြောင်း ၀န်ကြီးက ပြောသည်။
"ကားဈေးကွက်မှာ နည်းနည်းလေး လှုပ်ခတ်သွားတာမျိုးမဟုတ်ဘူး။ အများကြီး လှုပ်သွားတယ်။ အများစုက သုံးပုံတစ်ပုံ လျှော့ရောင်း သွားကြတယ်"ဟု ရန်ကုန် ဟံသာဝတီယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်း ဦးအောင်ဝင်းက ပြော ကြားသည်။
မတ်ခ်တူး ၂၀၀၄ မော်ဒယ် (ရွှေငါး) တစ်စီးလျှင် ယခင်က ကျပ်သိန်း ၈၀၀-၉၀၀ ရှိခဲ့ရာမှ ကျပ်သိန်း ၅၀၀ ကျော်၊ ဆူဇူကီး ၀က်ဂွန် R+ တစ်စီးလျှင် ယခင် ကျပ်သိန်း ၃၀၀ မှ ၂၀၀ သို့ ယင်းနေ့ မနက်မှာပင် အသီးသီး ကျဆင်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် စီးပွားရေး လုပ်ငန်းရှင် အချို့က ပယ်ဖျက်ခံရမည့် ယာဉ်အဟောင်းများကို လိုက်လံဝယ်ယူ လာမှုကြောင့် ယခင် ကျပ် ၁၅ သိန်း၊ သိန်း ၂၀ သာ ဈေးရှိသော ဘီ ၆၀၀ လေးဘီး ကားတစ်စီး၏ ဈေးမှာ ယခုလ ၁၂ ရက်နေ့တွင် ကျပ် ၄၅ သိန်းအထိပင် ပေးဝယ်၍မရတော့ကြောင်း ပဲမျိုးစုံပို့ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
"ကျွန်တော်တို့ ဒီသတင်းကြားတာ နောက်ကျ သွားတဲ့အတွက် လိုက်ဝယ်ဖို့ တောင် မမီတော့ဘူး"ဟု ၎င်းက ပြောသည်။
အစားထိုးလဲလှယ်ရာတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသော မော်တော်ယာဉ်အဟောင်းများကို သံရည်ကျိုစက်သို့ ပို့ဆောင်ဖျက်ဆီး သွားရမည်ဟု ယင်းကြေညာချက်တွင် ပါရှိသည်။ မှတ်ပုံတင်ပြီးပါက အပ်နှံမှုအမှတ်အသား တစ်စောင်ထုတ်ပေးမည်ဖြစ်ပြီး ယာဉ် ဟောင်းကို ဆက်လက်အသုံးပြုနိုင်သလို ထုတ်လုပ်သည့် မူလနိုင်ငံ၏ ရောင်းဈေး ဒေါ်လာ ၃,၅၀၀ ထက်မပိုသော ယာဉ်တစ်စီးကို ၀ယ်ယူခွင့်ပြုမည်ဟုလည်း ဖော်ပြပါရှိသည်။
အသစ်တင်သွင်းလာသည့် ယာဉ်များအပေါ် အကောက်ခွန် ၄၀ ရာခိုင်နှုန်းနှင့် ကုန်သွယ် လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း စုစုပေါင်း ၆၅ ရာခိုင် နှုန်း ကောက်ခံမည်ဖြစ်ရာ ယင်းအခွန်ပမာဏမှာ များလွန်းသည်ဟု ဝေဖန်မှုများရှိသော်လည်း ၂၀၁၅ ခုနှစ်တွင် အာဆီယံ အတားအဆီးမဲ့ ကုန်သွယ် မှုသဘောတူညီချက်အရ သွင်းကုန်များအပေါ် အခွန်ကင်းလွတ်ပေးရမည်ဖြစ်သဖြင့် ၀င်ငွေ လျော့နည်း သွားမည့်အချက်ကို ကြိုတင်ထည့်သွင်း စဉ်းစားခြင်းဖြစ်သည်ဟု ၀န်ကြီးက ပြောသည်။
ထို့ပြင် ပယ်ဖျက်မည့်ကားများအစား တင်သွင်း မည့်ကားများမှစပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)က 'လမ်းအန္တရာယ် ကင်းရှင်းရေး' ခေါင်းစဉ်ဖြင့် ကားတန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို ထပ်မံကောက်ခံပေးမည် ဖြစ်သော်လည်း ကားဟောင်း ကို လာရောက်အပ်နှံသည့်အခါ ကားဟောင်းတန်ဖိုးကိုဖြတ်၍ အဆိုပါ ၁၀၀ ရာခိုင် နှုန်းထဲမှ ပြန်ခုနှိမ်ပေးမည်ဖြစ်သည်ဟု ၀န်ကြီးက ပြောသည်။
ထို့ကြောင့် ဥပမာ ကျပ်သိန်း ၃၀ တန် ကားဟောင်းအစား သိန်း ၁၀၀ တန် ကားသစ်တင် သွင်းသူတစ်ဦးသည် အကောက်ခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန် ၆၅ ရာခိုင်နှုန်းအပြင် ကညန၏ ၁၀၀ ရာခိုင်နှုန်း (ကျပ် ၁၆၅ သိန်း)တို့ထဲမှ ကားဟောင်းတန်ဖိုး ကျပ်သိန်း ၃၀ ကိုနုတ်၍ ကျပ် ၁၃၅ သိန်း ပေးသွင်းရမည်ဖြစ်သည်။
ကားတင်သွင်းခွင့် ပါမစ်ရရှိရန် ပို့ကုန်လုပ်ငန်းရှင်များနှင့် ဟိုတယ်ခရီးသွားလာမှုလုပ်ငန်း၊ ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများ၌ ဘဏ်အပ်ငွေ ဒေါ်လာ ၁၀၀,၀၀၀၊ သင်္ဘောသားနှင့် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် ဒေါ်လာ ၃၀,၀၀၀ စီ အနည်းဆုံး ဖွင့်ထားရမည် ဖြစ်သည်ဟု သိရသည်။
"အခုစနစ်ကြောင့် ခိုးသွင်းတဲ့ကားတွေ၊ ခိုးပြီး လုပ်ရတဲ့ အလုပ်တွေ လျော့သွားမယ်လို့ ယုံကြည်တယ်။ ဒီအခြေအနေတွေ ဖန်တီး မပေးဘဲနဲ့ 'ခိုးမသွင်းနဲ့' ဆိုတော့လည်း မဖြစ်ပြန်ဘူး"ဟု စက်မှုဝန်ကြီးဌာနနှစ်ခု၏ ၀န်ကြီးက ပြောသည်။
ပြည်တွင်း၌ အနှစ် ၄၀ ကျော်နှင့် အထက် မော်တော်ယာဉ်စီးရေ ၁၀,၀၀၀ ကျော်၊ အနှစ် ၃၀ နှင့် ၄၀ ကြား ၈၃,၀၀၀ ကျော်နှင့် အနှစ် ၂၀ နှင့် ၃၀ ကြား ၃၇,၀၀၀ စီးခန့် ဖြစ်ရာ ပယ်ဖျက် ရမည့် ယာဉ်စုစုပေါင်း ၅၅,၀၀၀ ကျော်ရှိရာ ယင်း အတွက် တင်သွင်းမည့် ကား များအတွက် ၀ယ်လို အားကြောင့် ကျဆင်းနေသည့် အမေရိကန် ဒေါ်လာဈေးအပေါ်လည်း သက်ရောက်လိမ့်မည် ဟု မျှော်လင့် ရသည်။
ပြုပြင်ထားပြီးဖြစ်သဖြင့် မိမိယာဉ်ကို အစားထိုး မလဲလှယ်လိုသူများအနေဖြင့် မိမိယာဉ်ကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် ယာဉ်ကြံ့ခိုင်မှုစစ်ဆေးပြီး ဆက်လက်စီးနင်း ခွင့်ရှိသော်လည်း ယာဉ်တင်သွင်းခွင့်ပါမစ်ကိုမူ ရရှိတော့မည်မဟုတ်ဟု သိရသည်။

Ref:myanmartime
- Posted using BlogPress from my 4GiPhone

ကားသွင်းခွင့်ပါမစ်နောက်ဆင်တွဲသတင်း(၁)

ကားဟောင်းများအား ပယ်ဖျက်ကာ အစားထိုးလဲလှယ်မည့်ရက်၊ကားသွင်းလျှင်အမျိုးအစားအလိုက်ပေးဆောင်ရမည့် အခွန်နှုန်းများ သတ်မှတ်
 WEDNESDAY, 14 SEPTEMBER 2011 11:43

သက်တမ်းရင့်ကားအိုကားဟောင်းများ လဲလှယ်ရာတွင် သက်တမ်း အနှစ် ၄၀ ကျော် အတွင်းပါဝင်သောကားများအား စက်တင်ဘာလ ၁၉ ရက်နေ့မှ အောက်တိုဘာလအတွင်းလည်းကောင်း၊ သက်တမ်းအနှစ် ၃၀ မှ ၄၀ ကြားကားများအား နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်းလည်းကောင်း၊ သက်တမ်း အနှစ် ၂၀ မှ ၃၀ ကြား ကားများအား ၂၀၁၂ ခုနှစ်ဇန်န၀ါရီလမှ မတ်လအတွင်း လည်းကောင်းလဲလှယ်ပေးမည် ဖြစ်ကြောင်းသိရသည်။

စစ်ကျန်ဘတ်စ်တစ်မျိုးတည်းသာ ဘတ်စ်ကားအဖြစ်ပြန်လည်တင်သွင်းရမည်ဖြစ်ပြီး ကျန်ကားများအနေဖြင့် မိမိနှစ်သက်ရာ အိမ်စီးကားများကို တင်သွင်းလဲလှယ်နိုင်ကြောင်း၊ ဘယ်မောင်း၊ ညာမောင်းကန့်သတ်ချက်မရှိကြောင်း လည်းသိရသည်။

အိမ်စီးကားများဆိုပါက ယာယီမှတ်ပုံတင်ကြေးအား ကားမူရင်း တန်ဖိုး ပေါ်တွင် ၁၀၀ ရာခိုင်နှုန်း၊ ကားတင်သွင်းလာသည့်အခါ အကောက်ခွန်မှာ ၄၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ဘတ်စ်ကားများဆိုပါက ယာယီမှတ်ပုံတင်ကြေးအား ကားမူရင်းတန်ဖိုးပေါ်တွင် ၃၀ ရာခိုင်နှုန်း၊ ကားတင်သွင်းလာသည့်အခါ အကောက်ခွန်မှာ ၄၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်းသိရသည်။

မီးသတ်ယာဉ်ကဲ့သို့ လှူဒါန်းနိုင်သည့်ကားများဆိုပါက ယာယီမှတ်ပုံတင်ကြေးအား ကားမူရင်းတန်ဖိုးပေါ်တွင် ၁ ရာခိုင်နှုန်း၊ ကားတင်သွင်းလာသည့်အခါအကောက်ခွန်မှာ ၄၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင် နှုန်းကောက်ခံမည်ဖြစ်ကြောင်းသိရသည်။

"ဒေါ်လာ ၃၅၀၀ ထက်မပိုတဲ့ အိမ်စီးကားသွင်းဖို့ သတ်မှတ်ထားတယ်။ ၃၅၀၀ တန်အိမ်စီးကားတစ်စီးသွင်းရင် ဥပမာ-မူရင်းတန်ဖိုး ၃၅၀၀ အမေရိကန်ဒေါ်လာ၊ အကောက်ခွန်က ၄၀ ရာခိုင်နှုန်းဆိုတဲ့အတွက် ၁၄၀၀ ဒေါ်လာပေးဆောင်ရမယ်ဆိုရင် ကားတစ်စီး ကုန်းပေါ်ရောက်တန်ဖိုးက ဒေါ်လာ ၄၉၀၀ ရှိသွားပြီ။ အဲဒီ ကုန်းပေါ်ရောက်တန်ဖိုး ပေါ်မှာပဲ ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာ ခိုင်နှုန်းပေးဆောင်ရမယ်မှာဖြစ်လို့ ဒေါ်လာ ၄၉၀၀ ရဲ့ ၂၅ ရာခိုင်နှုန်းက ဒေါ်လာ ၁၂၂၅ ဆိုတဲ့အတွက် ကားတစ်စီးတင်သွင်းလာပြီး ကုန်သွယ်လုပ်ငန်းခွန်ဆောင်ပြီးတဲ့အထိ ဒေါ်လာ ၆၁၂၅ ဒေါ်လာရှိတယ်။ အဲဒါပြီးရင် ယာယီမှတ်ပုံတင်ကြေးက မူရင်းကား တန်ဖိုးအပေါ် ၁၀၀ ရာခိုင်နှုန်းဆိုတဲ့အတွက် ၃၅၀၀ ဒေါ်လာ။ အဲဒါကို ၆၁၂၅ နဲ့ပေါင်း ၉၆၂၅ ဒေါ်ဆိုတာ အခွန်အားလုံးပါပြီးဖြစ်ပြီ။ သယ်ယူစရိတ် ဒေါ်လာ ၂၀၀၀ ထည့်ပေါင်းရင် ၁၁၆၂၅ ဒေါ်လာရှိတယ်။ ဒီနေ့ငွေလဲနှုန်းက တစ်ဒေါ်လာကို ၇၈၀ ၀န်းကျင်ဖြစ်လို့ ကားတစ်စီးတင်သွင်းပြီး အခွန်အရပ်ရပ်ဆောင်ပြီးတဲ့အထိ ကုန်ကျစရိတ်က ကျပ်ငွေနဲ့ဆို ကျပ် သိန်း ၉၀ ၀န်းကျင်ကျသင့်ပါတယ်။ မူရင်း ကားဟောင်းတန်ဖိုးမပါ၊ တင်သွင်းပေးတဲ့ ကားကုမ္ပဏီဝန်ဆောင်စရိတ်မပါဘူး"ဟု ကားလုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။ အမည်ပေါက်ကိုယ်တိုင် လဲလှယ်ပါက အခွန်စုစုပေါင်းမှ ၃၀ ရာခိုင်နှုန်းဝန်းကျင် ပြန်လည်လျှော့ချပေးမှုရရှိနိုင်ရန်၊ အခြားအမည်ဖြင့် ဆိုပါက အခွန်စုစုပေါင်းမှ ၁၀ ရာခိုင်နှုန်း ၀န်းကျင်လျှော့ပေါ့ခွင့်ရရှိနိုင်ရန် ဆွေးနွေးထားကြောင်းသိရသည်။

Ref:weeklyeleven

Monday, September 12, 2011

Leng of the first Chen Zhen(Donnie Yen)

funny hilarious baby ad yoga

ကားသွင်းခွင့်ပါမစ်သတင်း

ယာဉ်မှတ်ပုံတင် သက်တမ်းကြာမြင့်သည့် ကားအို၊ ကားဟောင်းများ ဖျက်သိမ်းမှုအား လာမည့်နှစ်ပတ်အတွင်း စတင်လုပ်ကိုင်နိုင်ရန် စီစဉ်နေ
Sunday, 11 September 2011 12:18
ယာဉ်မှတ်ပုံတင်သက်တမ်း ကြာမြင့်သည့် ကားအို၊ ကားဟောင်းများ ဖျက်သိမ်းမှုအား လာမည့် နှစ်ပတ်အတွင်း စတင်လုပ်ကိုင်နိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိပါသည်။

စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြန်လည်ဖြေကြားခဲ့သည်။

"ယာဉ်မှတ်ပုံတင် သက်တမ်းကြာမြင့်တဲ့ ကားအိုကားဟောင်းတွေ ပယ်ဖျက်တဲ့ အစီအစဉ်ကို နောက်နှစ်ပတ်လောက်မှာစဖို့ စီစဉ်နေပါတယ်။ အဲဒီကားတွေကို တိုင်းဒေသကြီးအလိုက် ကညနရုံးတွေမှာ အပ်တာလက်ခံဖို့ စဉ်းစားထားတာ ရှိပါတယ်" ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

ယင်းအပြင် ပြည်ပမှ ကားတင်သွင်းခွင့်ရရှိသူများအားလုံး ကားတင်သွင်းမည်ဆိုပါက လက်ရှိကားအပေါ် ကောက်ခံနေသည့် အခွန်နှုန်းထားများ၊ အခွန်အမျိုးအစားများအတိုင်း ပေးဆောင်ရမည်ဟုလည်း သတင်းရရှိပါသည်။

တင်သွင်းသူများအနေဖြင့် မိမိတင်သွင်းသည့် ကားအမျိုးအစားအလိုက် ကျသင့်သည့်အကောက်ခွန် Custom Duty၊ ကုန်သွယ်လုပ်ငန်းခွန်၊ ကညနယာဉ် မှတ်ပုံတင်ရာတွင် ကောက်ခံသည့် အခွန်အပါအ၀င် လက်ရှိကားအပေါ် ကောက်ခံသည့် အခွန်များအတိုင်း ပေးဆောင်ရမည်ဟု လက်တလော စီစဉ်ထားမှုများအရ သိရသည်။

"အခုယာဉ်မှတ်ပုံတင် သက်တမ်းအနှစ် ၄၀ ကျော်ယာဉ်တွေ အနှစ် ၃၀ နဲ့ ၄၀ ကြားယာဉ်တွေ အနှစ် ၂၀ ကျော်ကနေ အနှစ် ၃၀ ကြားယာဉ်တွေကို ပယ်ဖျက်ပြီး အစားထိုးယာဉ်တင်သွင်းဖို့ ပါမစ်တွေ ထုတ်ပေးသွားမှာပါ။ တရားဝင်မှတ်ပုံတင်ထားတဲ့ စာရင်းအရ ပယ်ဖျက်ရမယ့်အထဲမှာ အနှစ် ၄၀ ကျော် ယာဉ်အမျိုးအစားက အစီးရေ ၁၀၂၁၁ ရှိတယ်။ အဲဒီအထဲမှာ 'စ၊ ဆ၊ ဇ' အက္ခရာတန်းတွေ ပါတယ်။ နှစ် ၃၀ နဲ့ ၄၀ ကြားယာဉ်က အစီးရေ ၈၃၃၁ ရှိတယ်။ အဲဒီအထဲမှာ 'ဈ၊ ည' အက္ခရာတန်းတွေပါတယ်။ နှစ် ၂၀ နဲ့ နှစ် ၃၀ ကြားယာဉ်က အစီးရေ ၃၆၈၇၅ ရှိတယ်။ အဲဒီအထဲမှာ 'ဏ' ကနေ 'ပ'အထိ အက္ခရာတန်းတွေပါတယ်။ စုစုပေါင်းပယ်ဖျက်ရမယ့် စာရင်းထဲမှာပါတာ ၅၅၄၁၇ စီးရှိတယ်။ ဒါတွေကမှတ်တမ်းတင်ထားပြီးသား ယာဉ်တွေပါ"ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

Ref:weeklyeleven

ကားပါမစ်တွေ တကယ်ချပေးရင်တော့ ကားဈေးတွေ???

ဘဏ်စာရင်းတွင် ဒေါ်လာတစ်သိန်း အထက်ရှိသည့် လုပ်ငန်းရှင်များနှင့် ဘဏ်စာရင်းတွင် ဒေါ်လာသုံးသောင်းစုဆောင်းထားသည့် နိုင်ငံရပ်ခြားတွင်အလုပ်လုပ်ကိုင်နေသူများ ကားတင်သွင်းခွင့်ရမည်

Sunday, 11 September 2011 11:52


ဘဏ်စာရင်းတွင် ဒေါ်လာတစ်သိန်း အထက်ရှိသည့် လုပ်ငန်းရှင်များနှင့် ဘဏ်စာရင်းတွင် ဒေါ်လာသုံးသောင်း စုဆောင်းထားသည့် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင် နေသူများကို ကားတင်သွင်းခွင့် ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန အစည်းဝေးခန်းမတွင် မှတ်ပုံတင်သက်တမ်း ကြာမြင့်ယာဉ်များအား ပယ်ဖျက်ရေးနှင့် အစားထိုးယာဉ်တင်သွင်းရေးနှင့် သက်ဆိုင်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးဝင်းသန်းမှ အထက်ပါအတိုင်း ပြောကြားခဲ့ပါသည်။

"ပို့ကုန်လုပ်ငန်းရှင်၊ ဟိုတယ်ခရီးသွားလာမှု လုပ်ငန်းလုပ်ကိုင်သူ၊ ရင်းနှီးမြှုပ်မှုလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ဆိုရင်တော့ ကိုယ့် Account ထဲမှာ အမေရိကန်ဒေါ်လာ တစ်သိန်းနဲ့အထက်ပြနိုင်ရင် ကားတစ်စီး တင်သွင်းခွင့်ပေးမယ်။ နိုင်ငံခြားမှာ တရားဝင်သွားရောက် လုပ်ကိုင်တဲ့သူ၊ သင်္ဘောသားတွေ အနေနဲ့ကတော့ ကိုယ့် Account ထဲမှာ ဒေါ်လာသုံးသောင်း ပြသနိုင်ရင် ကားဝယ်ယူတင်သွင်းခွင့် ပါမစ်ပေးဖို့ စဉ်းစားဆွေးနွေးထား ပါတယ်။ တကယ်လို့ ကိုယ့် Account ထဲမှာ ကားဝယ်ဖို့အတွက် မလုံလောက်ဘူးဆိုရင် အခြား Account ထဲက ပြောင်းထည့်ပြီးလည်း ၀ယ်လို့ရပါတယ်။ ကားအဟောင်းပ ယ်ဖျက်ပြီး ကားသစ်သွင်းမယ့်သူတွေကိုလည်း ဘဏ် Account လုပ်ပေးပါမယ်။ သူတို့တွေအနေနဲ့လည်း အခြား Account ထဲကနေ ပြောင်းယူလို့ရပါတယ်။ ကားဝယ်ဖို့ ပေးသွင်းခြင်းဆိုပြီး ငွေလွှဲပေးလို့ရပါတယ်" ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးဝင်းသန်းက ပြောကြားခဲ့ပါသည်။
လက်ရှိမြန်မာနိုင်ငံတွင် သင်္ဘောသားဦးရေ ၇၀၀၀၀ ကျော် ရှိပြီး နိုင်ငံရပ်ခြားတွင် လုပ်ကိုင်နေသည့် သင်္ဘောသားဦးရေမှာ ၂၅၀၀၀ ၀န်းကျင်ရှိကြောင်း၊ သက်ဆိုင်ရာဘဏ်တွင် Account ဖွင့်ထားသူမှာ ၉၂ ဦးသာ ရှိကြောင်းလည်း သိရသည်။

Ref:weeklyeleven

(ကားအဟောင်းတစီး U$ 100,000 = ဒီမှာတင် သိန်း၇၅၀ရှိနေပြီ) ပါမစ် + ကားတန်ဖိုး = ? ကျပ်


= ?


Tuesday, September 6, 2011

သွားကိုက်သက်သာအောင်နှိပ်နယ်နည်း

စိုးရိမ်မှုတွေ လွှမ်းမိုးနေတဲ့ ကမ္ဘာ့စတော့ခ်ရှယ်ယာ ဈေးကွက်

သြဂုတ်လ ၂၂၊ ၂၀၁၁-စီးပွားရေး ကျဆင်းမှုတွေ တကျော့ပြန် ပေါ်လာမှာ စိုးရိမ်မှုတွေနဲ့အတူ ရင်းနှီးမြှုပ်နှံမှု ဈေးကွက်တွေမှာ ပြဿနာတွေ ကြုံနေရပါတယ်။

ဓာတ်ပုံ - အေပီ
စီးပွားရေး အခြေအနေတွေအပေါ် စိုးရိမ်မှုတွေနဲ့အတူ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေမှာ ကမောက်ကမတွေ ကြုံနေရပါတယ်။

"စီးပွားရေး အရှိန်အဟုန်တွေ ဒီလောက်မြန်မြန်ဆန်ဆန် ဆုံးရှုံးရတာမျိုး ကျနော်လုပ်သက် အနှစ် ၂၀ အတွင်း တခါမှာ မတွေ့ဖူးပါဘူး။"
ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ဘဏ္ဍာရေး ပြဿနာတွေကြောင့် စီးပွားရေး ကျဆင်းမှုတွေ နောက်တကြိမ် ကြုံရမှာကို စိုးရိမ်ပူပမ်မှုတွေနဲ့အတူ၊ ကမ္ဘာတ၀န်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဈေးကွက်တွေမှာ ကမောက်ကမ အခြေအနေတွေ ပေါ်ပေါက်နေပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ (EU) နိုင်ငံတွေက စီးပွားရေး တိုးတက်မှု နှေးကွေးနေတဲ့ အခြေအနေတွေနဲ့ အကြွေးပြဿနာတွေကို အစိုးရတွေရဲ့ ကိုင်တွယ်ပုံတွေအပေါ် ရင်းနှီးမြှုပ်နှံသူတွေ စိတ်မချဘဲ ဖြစ်နေကြတာပါ။
စီးပွားရေး ခိုင်မာတဲ့ နိုင်ငံတွေမှာ ကြုံနေရတဲ့ စီးပွားရေးပြဿနာတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအကြောင်း ဗွီအိုအေ သတင်းထောက်တွေ သတင်းပေးပို့ထားတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦးက စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
စီးပွားရေးဆိုင်ရာ မူဝါဒ အမှားအယွင်းတွေကြောင့် အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ နောက်ထပ် အကျပ်အတည်း ကြုံရလုနီးနီး စိုးရိမ်စရာ အခြေအနေကို ရောက်နေပြီလို့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ငန်းတွေမှာ ထင်ရှားတဲ့ မော်ဂန် စတန်လေ (Morgan Stanley) ဘဏ်ကြီးက သတိပေး လိုက်ပါတယ်။ ဘဏ္ဍာရေး ၃ လပတ်ကာလ ၂ ခုဆက်တိုက် စီးပွားရေး တိုးတက်မှု နှေးကွေးတဲ့ အဖြစ်တွေ ကြုံခဲ့ရတဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အဖွဲ့ဝင် (၁၇) နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂ (EU) နိုင်ငံတွေအနေနဲ့ နောက်နှစ်ထဲလောက်မှာ စီးပွားရေး အကျပ်အတည်းဆိုက်မယ့် အလားအလာတွေ မြင်နေရတယ်လို့ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီးက ခန့်မှန်းလိုက်တာပါ။

Trader Gregory Rowe and specialist Jennifer Klesaris work on the floor of the New York Stock Exchange, Friday, Aug. 12, 2011
ဓာတ်ပုံ - အေပီ
အမေရိကန် Wall Street စတော့ခ်ဈေးကွက်မှာတော့ ၄ ပတ်ဆက်တိုက် ကျဆင်းမှုတွေ ကြုံခဲ့ရတာပါ။

ဥရောပတိုက်က ခေါင်းဆောင်တွေ အနေနဲ့ အဖွဲ့ဝင် တိုင်းပြည်တွေမှာ ရင်ဆိုင်နေရတဲ့ အကြွေး ပြဿနာတွေကို တုန့်ပြန်ဆောင်ရွက်ရာမှာ နှေးကွေးပြီး ထိရောက်မှု မရှိတာ၊ အမေရိကန် ပြည်ထောင်စုမှာ ဆိုရင်လည်း အစိုးရရဲ့ ကြွေးမြီ သုံးစွဲနိုင်တဲ့ ပမာဏကို တိုးမြှင့်ရေး ကိစ္စအတွက် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့တာတွေက ရင်းနှီးမြုပ်နှံသူတွေနဲ့ ၀ယ်ယူစားသုံးသူတွေအဖို့ ယုံကြည်စိတ်ချမှုတွေကို ပျက်ပြား စေခဲ့တာလို့လည်း ဘဏ္ဍာရေး လုပ်ငန်းက ကျွမ်းကျင်သူတွေ မြင်နေကြတာ ဖြစ်ပါတယ်။
TD Securities ဘဏ္ဍာရေးလုပ်ငန်းက စီးပွားရေးပညာရှင် အဲရစ် ဂရင်း (Eric Green) ကဆိုရင် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေမှာ မကြုံဘူးလောက်အောင် စိတ်ပျက်စရာ အခြေအနေတွေ ကြုံနေရတယ်လို့ ပြောပါတယ်။
“မြင်နေရတာကတော့ ယုံကြည်စိတ်ချမှုနဲ့ ပတ်သက်လို့ အမေရိကန်မှာလည်း အကျပ်ရိုက်နေသလို၊ ဥရောပမှာလည်း တွေ့ရမှာပါ။ ယုံကြည်မှုနဲ့ ပတ်သက်လို့ ပြဿနာ ကြုံနေရတာတွေရဲ့ အကျိုးဆက် အဖြစ်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးနေတာတွေ ပိုပြီးမြန်ဆန် လာနေတာပဲ ဖြစ်ပါတယ်။ စီးပွားရေး အရှိန်အဟုန်တွေ ဒီလောက်မြန်မြန်ဆန်ဆန် ဆုံးရှုံးရတာမျိုး ကျနော်လုပ်သက် အနှစ် ၂၀ အတွင်း တခါမှာ မတွေ့ဖူးပါဘူး။ ဒါက စိုးရိမ်စရာပါ။”
ဥရောပက အကြွေးပြဿနာတွေနဲ့ ပတ်သက်လို့ သြဂုတ်လထဲမှာ ပြင်သစ်သမ္မတ နစ်ကိုလတ် ဆာကိုဇီ (Nicolas Sarkozy) နဲ့ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာခဲလ် (Angela Merkel) တို့တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး၊ စီးပွားရေးနဲ့ နိုင်ငံရေးလုပ်ငန်းတွေမှာ ပိုပြီးညီညွတ်မှု ရှိစေဖို့ တိုက်တွန်းပြောဆို ခဲ့ကြပေမဲ့လည်း၊ ရင်းနှီးမြုပ်နှံသူတွေရဲ့ စိုးရိမ်ပူပမ်မှုတွေကိုတော့ သက်သာအောင် လုပ်မပေးနိုင်ခဲ့ပါဘူး။

People are reflected at an index board inside the Athens stock exchange August 9, 2011.
ဓာတ်ပုံ - ရိုက်တာစ်
ဥရောပက ကြွေးမြီပြဿနာဟာလည်း ရင်းနှီးမြုပ်နှံသူတွေ စိုးရိမ်စရာ အကြောင်းတခု ဖြစ်နေပါတယ်။

ယူရိုငွေကြေးသုံး နိုင်ငံတွေထဲမှာ စီးပွားရေး အင်အားအကောင်းဆုံး ဂျာမဏီနိုင်ငံဟာ ဆိုရင်လည်း ဒုတိယဘဏ္ဍာရေး ၃ လပတ် ကာလမှာ ဖွံ့ဖြိုးမှု ပမာဏဟာ ၀.၀၁% သာ ရှိခဲ့တာကြောင့် အခြေအနေတွေ ပိုပြီး ဆိုးစေခဲ့တယ်လို့လည်း ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ Sica Wealth စီမံခန့်ခွဲမှု ကုမ္ပဏီက ဂျက်ဖရီ ဆိုက်ကာ (Jeffrey Sica) က ပြောပါတယ်။

“အများက မြင်နေကြတာကတော့ စီးပွားရေး အခိုင်မာဆုံး တိုင်းပြည်တခု အဖြစ်နဲ့ ဂျာမဏီနိုင်ငံမှာ တိုးတက်မှုတွေ တန့်နေမယ်ဆိုရင်၊ တခြားအားနည်းတဲ့ တိုင်းပြည်တွေ အနေနဲ့ ဘယ်လိုလုပ်ကြမလဲ ဆိုတာပါပဲ။ ဥရောပတလွှားက အထူးသဖြင့် စပိန်နဲ့ အီတလီ နိုင်ငံတွေက ဘဏ်လုပ်ငန်းစနစ်မှာ ကြုံနေရတဲ့ ပြဿနာတွေကလည်း စီးပွားရေးကို တဖြည်းဖြည်းချင်း ထိခိုက်နေတယ်လို့ ကျနော်ထင်ပါတယ်။”
မော်ဂန် စတန်လေ ဘဏ်ကတော့ အမေရိကန် ပြည်ထောင်စုရဲ့ ဒီနှစ်အတွက် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ၄.၅% ရှိမယ်လို့ မူလက တွက်ဆထားတာကို ၃.၉% သာရှိမယ်လို့ သြဂုတ်လလယ်မှာ ပြင်ဆင်ခန့်မှန်းခဲ့သလို၊ ရှေ့နှစ်ထဲမှာလည်း စီးပွားရေး တိုးတက်မှုတွေ နှေးကွေးနေလိမ့်ဦးမယ်လို့ တွက်ချက်ခဲ့တာပါ။ တကယ်တော့ အမေရိကန်နဲ့ ဥရောပတလွှားမှာ ဘဏ္ဍာရေး ပြဿနာတွေနဲ့ စီးပွားရေး ကျဆင်းမှုတွေကို ၂၀၀၈ ခုနှစ်မှာတုန်းကလည်း ကြုံခဲ့ရဖူးပြီး၊ ၂၀၀၉ ခုနှစ် တနှစ်လုံးလိုလို အကျပ်အတည်းတွေက ရုန်းထွက်နိုင်အောင် ကြိုးပမ်းခဲ့ရာက အတော်အသင့် တိုးတက်မှုတွေ ရလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်မှာ လူပေါင်း ၁၄ သန်းလောက် အလုပ်လက်မဲ့ ဖြစ်နေဆဲ အခြေအနေတွေနဲ့ အိမ်ခြံမြေ အရောင်းအ၀ယ် ဈေးကွက်မှာလည်း ပြဿနာတွေနဲ့ ကြုံနေရဆဲ ဖြစ်သလို၊ ဥရောပတလွှား အစိုးရတွေ ကြွေးမြီပြဿနာတွေနဲ့ ရင်ဆိုင်ရလို့ နိုင်ငံတကာက အကူအညီပါ ယူနေရတာတွေက စိမ်ခေါ်မှုတွေအဖြစ် တကျော့ပြန် ပေါ်လာတာ ဖြစ်ပါတယ်။
ဒီလို အခြေအနေတွေကပဲ ဘဏ္ဍာရေး ဈေးကွက်မှာ ရှေ့လျှောက် အခက်အခဲတွေ ဖန်တီးပေးလိမ့်ဦးမယ်လို့ စီးပွားရေး ပညာရှင် ဂျက်ဖရီ ဆိုက်ကာ က သုံးသပ်ပါတယ်။
“ဥရောပတိုက်ဟာ သတင်းခေါင်းကြီးပိုင်းမှာ ပြန်ပါလာလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ ဒီအခြေအနေတွေကပဲ ကျနော်တို့ရဲ့ စီးပွားရေး တိုးတက်မှု နှေးကွေးနေတာတွေကို ပိုဆိုးအောင် လုပ်လိမ့်မယ်၊ ရင်းနှီးမြုပ်နှံသူတွေအဖို့ ကြမ်းတမ်းတဲ့ နှစ်တနှစ် ဖြစ်လာမယ်လို့လည်း ကျနော်ထင်ပါတယ်။”
စီးပွားရေး အင်အားကြီး နိုင်ငံတွေက အခြေအနေတွေကို စိုးရိမ်ပူပမ်ရာက ကမ္ဘာတ၀န်း ငွေကြေးရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဈေးကွက်တွေမှာ အခုကိုပဲ ပြဿနာတွေနဲ့ ကြုံနေရတာပါ။ အမေရိကန် ပြည်ထောင်စုက ဘဏ္ဍာရေးဈေးကွက်ဖြစ်တဲ့ Wall Street မှာ ဆိုရင်လည်း ၄ ပတ် ဆက်တိုက်အဖြစ် စတော့ခ် ရှယ်ယာဈေးတွေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လ တတိယပတ်ထဲမှာ ဆိုရင်တော့ အဓိကအစုရှယ်ယာတွေ ဖြစ်ကြတဲ့ Dow Jones အညွှန်းကိန်းက ၄% S&P က ၄.၇% နဲ့ Nasdaq ကတော့ ၆.၆% အထိ အသီးသီး ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ အလားတူ ဥရောပနဲ့ အာရှတလွှား ဈေးကွက်တွေထဲမှာလည်း သောကြာနေ့ ဈေးပိတ်ချိန်မှာ ရှယ်ယာဈေးတွေ ကျဆင်းခဲ့တာပါ။

်ဓာတ်ပုံ - အေပီ
ရင်းနှီးမြုပ်နှံသူတွေ ရွှေကို အလုအယက် စုဆောင်းလာတာကြောင့် ရွှေဈေးလည်း စံချိန်ချိုအောင် တက်လာပါတယ်။

ဒီအတွက်လည်း စိုးရိမ်ပူပန်နေကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ပိုပြီး စိတ်ချရမယ့် ရွှေလိုခိုင်မာတဲ့ကုန်တွေကို အလုအယက် စုဆောင်းလာကြလို့ ရွှေဈေးဟာလည်း တရိပ်ရိပ် တက်လာခဲ့ပါတယ်။ သောကြာနေ့ ဈေးပိတ်ချိန်မှာတုန်းက ကမ္ဘာ့ရွှေဈေးဟာဆိုရင် ၁ အောင်စကို ဒေါ်လာ ၁,၈၀၀ ကျော်အထိ ဈေးပေါက်ခဲ့တာဖြစ်ပြီး၊ ဈေးကွက်ထဲက ဆန်းစစ်သူတွေကတော့ ဒေါ်လာ ၂,၀၀၀ လောက်အထိ ဆက်တက်နိုင်တယ်လို့လည်း ခန့်မှန်းနေကြတာပါ။
ဒါပေမဲ့လည်း အားတက်စရာတခုအဖြစ် မော်ဂန် စတန်လေ ဘဏ်ရဲ့ ခန့်မှန်းချက်ထဲမှာတော့ တကယ်လို့သာ စီးပွားရေး အကျပ်အတည်းတွေ နောက်တကြိမ် ကြုံလာရင်တောင်မှ အခုအချိန်ဟာ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ဘဏ္ဍာရေး ပြဿနာတွေ ရင်ဆိုင်ခဲ့ရတုန်းကနဲ့စာရင် စီးပွားရေး အခြေအနေတွေ အထိုက်အလျောက် ကောင်းမွန်နေတာမို့ အရင်လောက် ဆိုးဆိုးရွားရွား မဖြစ်နိုင်ဘူးလို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလိုပဲ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း တိုင်းပြည်မှာ အလုပ်လက်မဲ့ ပြဿနာလို ဖြေရှင်းစရာ ကိစ္စတွေ ရှိနေပေမဲ့ နောက်တကြိမ် စီးပွားရေး အကျပ်ဆိုက်မယ့် အဖြစ်ရောက်မယ်လို့ မမြင်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။ ဥရောပသမဂ္ဂ (EU) ရဲ့ ဥက္ကဋ္ဌ ဟာမန် ဗန်ရွန်ပေ (Herman Van Rompuy) ကလည်း စီးပွားရေး ချည့်နဲ့မှုတွေနဲ့ ကြွေးမြီပြဿနာတွေ ရင်ဆိုင်နေရတဲ့တိုင်အောင် စီးပွားရေး အကျပ်အတည်းနဲ့ ကြုံရတဲ့အထိ မဖြစ်နိုင်ဘူးလို့ ပြောဆိုထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

Ref:voaburmese

မြန်မာနဲ့ အာရှဒေသ အလုပ်အကိုင် ပြဿနာ

စက်တင်ဘာ ၅၊ ၂၀၁၁-မြန်မာနဲ့ အာရှမှာ အစဉ်အလာ လုပ်ငန်းတွေကိုသာ အားထားနေလို့ မဖြစ်တဲ့အကြောင်း ကျွမ်းကျင်သူတွေက သတိပေးပါတယ်။

ဓာတ်ပုံ ဓာတ်ပုံ - အေပီ
အာရှမှာ စီးပွားရေး တိုးတက်လာပေမဲ့ အရေအသွေးပြည့်တဲ့ အလုပ်အကိုင်တွေကတော့ ရှားပါးနေဆဲ ဖြစ်ပါတယ်။

"အာရှက ဖွံ့ဖြိုးမှု အရှိန်အဟုန်တွေကို ထိန်းထားနိုင်အောင် အားလုံးခံစားခွင့် ရှိဖို့နဲ့ အရည်အသွေးရှိတဲ့ အလုပ်အကိုင်တွေ ရရှိဖို့ လိုပါတယ်။"
မြန်မာနိုင်ငံ အပါအ၀င် အာရှနိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ရှေ့အလားအလာတွေဟာ အရည်အသွေးရှိတဲ့ အလုပ်အကိုင် ရရှိမှုတွေအပေါ် မူတည်မယ်လို့ ဒေသတွင်း စီးပွားရေး ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ စီးပွားရေး တိုးတက်မှုတွေမှာ ရှေ့တန်းရောက် လာနေတဲ့ အာရှတိုက်အနေနဲ့ ဖွံ့ဖြိုးမှုတွေကို ဆက်လက် ထိန်းသိမ်းဖို့ မိရိုးဖလာ လုပ်ငန်းတွေ အပေါ်မှာသာ အားကိုးနေလို့ မရဘူးလို့လည်း ထောက်ပြနေကြတာပါ။ မြန်မာနိုင်ငံနဲ့ အာရှဒေသက အလုပ်အကိုင် ရရှိရေး အခြေအနေတွေမှာ ဘယ်လို လိုအပ်ချက်တွေ ရှိနေသလဲ ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
အာရှဒေသမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ကြီးထွားလာတဲ့ စီးပွားရေးကနေ အကျိုးခံစားနေရတာတွေကို ထိန်းထားနိုင်ဖို့ သာမက တိုးချဲ့သွားနိုင်ဖို့ အတွက် အရည်အသွေးပြည့်တဲ့ အလုပ်အကိုင် ရရှိဖို့လို၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရလိမ့်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ အစီရင်ခံစာက သတိပေးပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေကစလို့ စီးပွားရေး အရှိန်အဟုန် ကောင်းလာတဲ့ ဒေသတခု ဖြစ်လာနေတဲ့ တချိန်တည်းမှာပဲ ဒေသတွင်း လူဦးရေရဲ့ ၄၀% ကျော်ဟာဆိုရင် တနေ့ကို ၀င်ငွေ အမေရိကန် ၂ ဒေါ်လာအောက်နဲ့ ဆင်းရဲမွဲတေတဲ့ အဆင့်မှာ နေထိုင်နေကြရဆဲ ဖြစ်တယ်လို့ ၂၀၁၁ ခုနှစ် အာရှ-ပစိဖိတ် ဒေသအတွက် အဓိကကျတဲ့ တိုင်းတာချက် အဖြစ် ထုတ်ပြန်လိုက်တဲ့ နှစ်စဉ်အစီရင်ခံစာက ဖော်ပြလိုက်တာပါ။
ဒေသတွင်းက တိုးတက်မှုတွေဟာ စီးပွားရေး အင်အားကြီး အနောက်နိုင်ငံတွေ ထက်တောင်သာလာတဲ့ အခြေအနေကို ရောက်လာနေပေမဲ့ အခြေခံကျတဲ့ အလုပ်အကိုင် ကိစ္စလို ပြဿနာတွေဟာ စိမ်ခေါ်မှုတွေအဖြစ် ရှိနေတုန်းပဲလို့ ADB ရဲ့ ထိပ်တန်းစီးပွားရေး ပညာရှင် ချန် ယုံယီး (Chang Yong-rhee) က ပြောပါတယ်။
“အာရှတိုက်မှာ ဖွံ့ဖြိုးမှုတွေ ကြီးထွားနေပေမဲ့လည်း၊ ၀င်ငွေရှိသူနဲ့ မရှိသူကြား ကွာဟနေပါတယ်။ ဒီအခြေအနေက လူမှုရေးအရ တင်းမာမှုတွေ ဖြစ်လာနိုင်သလို၊ ရေရှည်တိုးတက်မယ့် အလားအလာတွေမှာလည်း အဟန့်အတား ဖြစ်နိုင်ပါတယ်။ အာရှက ဖွံ့ဖြိုးမှု အရှိန်အဟုန်တွေကို ထိန်းထားနိုင်အောင် အားလုံးခံစားခွင့် ရှိဖို့နဲ့ အရည်အသွေးရှိတဲ့ အလုပ်အကိုင်တွေ ရရှိဖို့ လိုပါတယ်။”

Source: ADB
၁၉၉၀ ပြည့်နှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း ဒေသအလိုက် အလုပ်အကိုင် ရရှိမှု အခြေအနေ

တခြားဒေသတွေနဲ့ယှဉ်ရင် အာရှဒေသဟာ အတည်တကျ မဟုတ်တဲ့ အလုပ်အကိုင်တွေကို လုပ်ကိုင်နေကြရသူ အရေအတွက် သိသိသာသာ များပြားနေတယ်လို့လည်း ADB က ပြောပါတယ်။ ဒေသတွင်းက တိုင်းပြည်တခုဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ အလုပ်လက်မဲ့ အရေအတွက်ဟာ ၆% တ၀ိုက်မှာ ရှိမယ်လို့ ဆန်းစစ်သူတွေက ခန့်မှန်းထားကြတာပါ။ ဒါဟာလည်း လူဦးရေရဲ့ အများစု အစဉ်အလာအားဖြင့် လုပ်ကိုင်နေကြတဲ့ စိုက်ပျိုးရေးလို လုပ်ငန်းတွေကို အားထားနေတာ၊ အလုပ်အကိုင်တွေ ရနိုင်မယ့် တခြား အခွင့်အလန်းတွေ မရှိတာတွေကြောင့် ဖြစ်တယ်လို့ မြန်မာ့စီးပွားရေး အခြေအနေတွေကို ဆန်းစစ်လေ့လာနေတဲ့ သြစတြေးလျနိုင်ငံ မက်ကွာရီ (Macquarie) တက္ကသိုလ်က ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) က ပြောပါတယ်။
“မြန်မာနိုင်ငံသား အများစုဟာ ဥပမာအနေနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှာ လုပ်ကိုင်နေကြတာပါ။ စက်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း စတာတွေလို လူအများအပြားကို အလုပ်ပေးနိုင်တဲ့ လုပ်ငန်းကြီးတွေ ဖန်တီးထားတာ မရှိသေးပါဘူး။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့တွေ အများအပြားရှိနေပြီး အချိန်ပြည့် အလုပ်အကိုင်တွေရဲ့ အကျိုးကျေးဇူးကိုလည်း မခံစားကြရပါဘူး။”
အရည်အသွေး ပြည့်မီတဲ့ အလုပ်အကိုင်တွေနဲ့ အတည်တကျ သင့်တင့်လျှောက်ပတ်တဲ့ လစာ၊ လုပ်ငန်းခွင် အခြေအနေတွေ ဖန်တီးပေးနိုင်ဖို့ အာမခံချက် ရနိုင်မယ့် အခြေအနေတွေကတော့ အာရှဒေသမှာ သိပ်အားရစရာ မကောင်းလှဘူးလို့လည်း ADB က သတိပေးထားတာပါ။ လတ်တလော ဖန်တီးပေးနိုင်တယ်ဆိုတဲ့ အလုပ်အကိုင်တွေ ဆိုတာဟာလည်း စားရိတ်သက်သာပြီး၊ လစာနည်းတဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာသာ ဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ - အေပီ
မြန်မာနိုင်ငံလို မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းအပေါ် အားထားနေတာတွေ ပြောင်းလဲဖို့ လိုနေတယ်လို့လည်း ကျွမ်းကျင်သူတွေက သတိပေးနေတာပါ။

ADB က စီးပွားရေး ပညာရှင်တွေရဲ့ အကြီးအကဲဖြစ်တဲ့ ချန် ယုံယီး ကတော့ ဆင်းရဲတဲ့ တိုင်းပြည်တွေက အလုပ်သမား ပြဿနာတွေကို အာရုံစိုက် ဖြေရှင်းဖို့ လိုနေပြီလို့ ပြောပါတယ်။
“စက်မှုတိုင်းပြည်အဖြစ် အသွင်မပြောင်းနိုင်သေးတဲ့ ၀င်ငွေနိမ့်ကျတဲ့ တိုင်းပြည်တွေ အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ အစဉ်အလာ လုပ်ကိုင်ကြတဲ့ လုပ်ငန်းတွေမှာ အလုပ်သမားတွေ ပိုလျှံနေတဲ့ ပြဿနာတွေ ရှိပါတယ်။ ဒီလို ၀င်ငွေနိမ့်တဲ့ တိုင်းပြည်တွေ အနေနဲ့ အလုပ်အကိုင်တွေ ပိုမိုဖန်တီးပေးတာ၊ မိရိုးဖလာ လုပ်ငန်းတွေမှာ လိုတာထက် ပိုနေတဲ့ လုပ်သားတွေကို ပြောင်းရွှေ့ အလုပ်လုပ်ကိုင်ဖို့ အားပေးတာတွေကို အဓိက လုပ်ကြရမှာပါ။”
မြန်မာနိုင်ငံလို ၀င်ငွေနိမ့်ကျတဲ့ တိုင်းပြည်တွေမှာတော့ အလုပ်အကိုင်တွေ ဖန်တီးနိုင်ဖို့ ကုန်သွယ်မှုတွေနဲ့ ပြည်ပက တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုလက်ခံတာ၊ ကျေးလက်ကနေ မြို့ပြဒေသတွေကို ရွှေ့ပြောင်းနေထိုင်တာမျိုးတွေနဲ့ ကုန်ထုတ်လုပ်မှုတွေကို တိုးမြှင့်တာတွေ လုပ်ဆောင်နိုင်မယ်လို့လည်း ADB ရဲ့ အစီရင်ခံစာက အကြံပြုထားပါတယ်။ တချိန်တည်းမှာပဲ ကျေးလက်ဒေသနေ လူထုအနေနဲ့ အစဉ်အလာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေကြရဦးမှာ ဖြစ်တဲ့အတွက် ဘဏ္ဍာရေးအရ သာမက၊ နည်းပညာနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှုတွေနဲ့ ပံ့ပိုးမှုတွေကိုပါ လုပ်ဆောင်ပြီး တိုးတက်မှုရအောင် လုပ်ဖို့ လိုမယ်လို့လည်း ဖော်ပြခဲ့တာပါ။
ဒီနှစ်ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြည်ပပို့ကုန်တွေ တိုးမြင့်လာတာ၊ ၀င်ငွေရတဲ့ ကောက်ပဲသီးနှံ ဈေးနှုန်းတွေ တက်လာတာကြောင့် ကျေးလက်နေ လူတန်းစားတွေရဲ့ ၀င်ငွေဟာ အသင့်အတင့် ပိုလာမယ်လို့လည်း ပြောပါတယ်။ ဒီလိုပဲ ရာသီဥတု အခြေအနေတွေ ပုံမှန်ရှိနေတာ၊ ဒီနှစ်မတ်လထဲမှာ တက်လာတဲ့ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ စတင်အကောင်အထည် ပေါ်လာလိမ့်မယ်လို့လည်း မျှော်လင့်ရကြောင်း ADB ရဲ့ စီးပွားရေး ခန့်မှန်းချက် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

ဓာတ်ပုံ - အေပီ
ကုန်ထုတ်လုပ်မှုနဲ့ စက်မှုလုပ်ငန်း အသွင်ကူးပြောင်းမှုတွေနဲ့ အလုပ်အကိုင်ကောင်းတွေ ဖန်တီးဖို့လည်း စီးပွားရေး ကျွမ်းကျင်သူတွေက တိုက်တွန်းနေပါတယ်။

သြစတြေးလျနိုင်ငံ မက်ကွာရီ တက္ကသိုလ်က ပါမောက္ခ တာနဲလ် ကတော့ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့ တိုင်းပြည်စီးပွားရေးပုံစံကို အခြေခံကျကျ ပြောင်းလဲဖို့ လိုနေသလို၊ လူများစု အကျိုးခံစားခွင့်ရှိတဲ့ အခြေအနေမျိုး ဖန်တီးနိုင်ဖို့ လိုတယ်လို့ မြင်ပါတယ်။
“စီးပွားရေးဖွံ့ဖြိုးမှုဆိုတာက စီးပွားရေး လုပ်ငန်းတွေမှာ ပြောင်းလဲဖြစ်ထွန်း လာတယ်ဆိုတဲ့ သဘောပါ။ ဒီထက်ပိုပြီး အရေးကြီးတာကတော့ စီးပွားရေးပုံစံဟာ စိုက်ပျိုးရေးလို လုပ်ငန်းတွေကနေ စက်မှုလုပ်ငန်းတွေကို ကူးပြောင်းတာမျိုး၊ ၀န်ဆောင်မှု လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်တာမျိုးတွေ ဖြစ်ရပါမယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး တည်ဆောက်ပုံကို ကြည့်မယ်ဆိုရင်၊ တွေ့နိုင်တာကတော့ လူတချို့အနေနဲ့ သတ္ထုတွင်းတူးလုပ်ငန်း၊ တခြားဒီလို စက်မှုလုပ်ငန်းတွေမှာ အကျိုးအမြတ်တွေ အကြီးအကျယ် ခံစားနေရတာမျိုး ရှိတယ်ဆိုပေမဲ့လည်း စီးပွားရေးမှာတော့ အခြေခံကျကျ ပြောင်းလဲတာတွေ မရှိပါဘူး။”
မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်မှုအတွက် အလားအလာတွေ ရှိနေပေမဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်သွားဖို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အကြံပြုထားတာပါ။ မြန်မာနိုင်ငံရဲ့ လူနေမှု အဆင့်အတန်းနဲ့ ဆင်းရဲမွဲတေမှု လျော့ကျရေး အခြေအနေတွေဟာ အိမ်နီးချင်း တိုင်းပြည်တွေရဲ့နောက်မှာ ပြတ်ကျန်နေတဲ့အတွက် စီးပွားရေး အခြေအနေတွေ တိုးတက်ဖို့၊ နိုင်ငံသားတွေကြား ၀င်ငွေမျှတမှုရှိစေဖို့နဲ့ ဆင်းရဲချမ်းသာ ကွာဟမှု ကျဉ်းမြောင်းအောင် လုပ်ဖို့လိုတယ်လို့လည်း ပြောပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရာမှာလည်း ရင်းနှီးမြုပ်နှံမှုတွေအတွက် စိတ်ချရတဲ့ အခြေအနေတွေ ဖန်တီးတာ၊ လူမှုဖူလုံရေးနဲ့ အခြေခံအဆောက်အအုံ လုပ်ငန်းတွေအတွက် ဘဏ္ဍာရေးအရ ပံ့ပိုးမှုတွေ ပိုမိုပေးအပ်သွားဖို့ စတာတွေ လုပ်ဆောင်ရလိမ့်မယ်လို့ စီးပွားရေးခန့်မှန်းချက် အစီရင်ခံစာက ဖော်ပြထားတဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

Ref:voaburmese

မြန်မာပြည်မှာ ငွေလဲလှယ်နှုန်း တကယ်ပြင်မှာလား (အပိုင်း ၁)


burmamoney
ဒေါက်တာဦးမြင့်ရဲ့ စာတမ်းကို ဖတ်မိပြီး အတွေးပေါင်းများစွာ ခေါင်းထဲဝင်လာတယ်။ ပထမ အချက်က ဒီလို ငွေအလဲအလှယ် ပြဿနာကို ဗြောင်လူပုံအလည်မှာ တင်ပြ ဆွေးနွေးခွင့် ပြုတာကို ကျေးဇူးတင်ရမယ်။ ဘာကြောင့်လဲဆိုတော့ လောလောဆယ် ကမ္ဘာကြီးမှာ တွေ့ကြုံနေရတဲ့ ဒေါ်လာနဲ့ ယူရို (Euro) ပြဿနာဟာ ပိုဆိုးဖို့ပဲရှိတယ်။ ဒီငွေကြေးတွေ တန်ဖိုးကျလေ၊ မြန်မာကျပ်ငွေ တန်ဖိုးကြီးတဲ့ ပြဿနာက ရှင်းရခက်လေပဲ။

အမေရိကန်မှာ အမေရိကန် နိုင်ငံရေးသမားတွေဟာ အရက်မူးလွန်တဲ့ သင်္ဘောသားလို စည်းမရှိကမ်းမရှိ ငွေချေး
သုံးတဲ့ အကျင့်ကို မစွန့်လွှတ်နိုင်ကြဘူး။ ဒါကြောင့် စီးပွားရေး နလန်ထူဖို့ လမ်းမမြင်နိုင်ဘူးလို့ ကမ္ဘာ့ စီးပွားရေး ပညာရှင်တွေက ဝိုင်းပြောနေကြပြီ။

တချိန်တည်းမှာ ဥရောပမှာ နိုင်ငံရေး ပေါင်းစပ်မှု မပြည့်စုံသေးဘဲ ယူရိုဇုံဆိုပြီး ဥရောပငွေကြေးစံနစ်ကို
ထူထောင်ခဲ့တာ ဂရိလို အကြွေးနဲ့ ပိနေတဲ့နိုင်ငံတွေက ပြဿနာတက်လိုက်တာ ပြင်သစ်နဲ့ ဂျာမဏီတို့က
ငွေပံ့ပိုးကြရင်း အခု စပိန်၊ အီတလီအထိ ကူးစက်လာစရာရှိနိုင်ပြီး ပြင်သစ်ဘဏ်တွေပါ ထိပါးလာပြီလို့ သတင်း
တွေ ထွက်လာပြီ။ လက်ရှိ ကမ္ဘာ့အခြေအနေက တောင်မင်းကို မြောက်မင်း မကယ်နိုင်ပါဆိုတဲ့ အခြေအနေပဲ။

ဦးနေဝင်းရဲ့ မဆလ စီးပွားရေးစံနစ်မှာ ဦးဘငြိမ်းရဲ့
ဦးဘငြိမ်းရဲ့ကောင်းမှုနဲ့ မြန်မာ(ကျပ်) ငွေကို IMF က SDR(Special Drawing Rights) နဲ့ ချိတ်ဆက်ပြီး ၁၉၇၇ ကတည်းက နှုန်း သတ်မှတ်ထားခဲ့ပါတယ်။ အကြမ်းဖျင်း ၆ ဒေါ်လာ ကျော်ကျော် သတ်မှတ်ခဲ့တာ။ ဒို့မြန်မာ့ ဆိုရှယ်လစ်ကွ ဆိုတဲ့၊ မာနနဲ့ နည်းနည်းမှ မလျော့တန်း ကိုင်ထားခဲ့တာ ၂၁ ရာစုထဲ ဝင်လာတဲ့အထိပဲ
ကောင်းမှု နဲ့ မြန်မာ(ကျပ်) ငွေကို IMF က SDR (Special Drawing
Rights) နဲ့ ချိတ်ဆက်ပြီး ၁၉၇၇ ကတည်းက နှုန်း သတ်မှတ် ထားခဲ့ပါတယ်။ အကြမ်းဖျင်း ၆ ဒေါ်လာ ကျော်ကျော် သတ်မှတ်ခဲ့တာ။ ဒို့မြန်မာ့ဆိုရှယ်လစ်ကွဆိုတဲ့၊ မာနနဲ့
နည်းနည်းမှ မလျော့တန်း ကိုင်ထားခဲ့တာ ၂၁ ရာစုထဲ ဝင်လာတဲ့အထိပဲ။

ဒီတော့ (ကျပ်) နဲ့ ဒေါ်လာ လဲလှယ်နှုန်း (၃) မျိုးဖြစ် လာပါတော့တယ်။ တသက်လုံး မပြောင်းနိုင်တော့တဲ့ တရားဝင် နှုန်းက တခု၊ ကပ်စတန် (Custom) နှုန်းက တဒေါ်လာ ၄ဝဝ ဝန်းကျင်နှုန်းကတစ်ခုနဲ့ တကယ် အသုံးပြရတဲ့ မှောင်ခို နှုန်းရယ်လို့ ဖြစ်လာပါတယ်။ ဒီကြားထဲ FEC လို့ခေါ်တဲ့ ဒေါ်လာအတုက ဝင်လာပြန်တော့ သူ့ရဲ့ လဲလှယ်နှုန်းကလည်း ပါလာရပြန်တာပေါ့။


ကမ္ဘာ့ငွေကြေးစံနစ်

နိုင်ငံတိုင်းမှာ ဗဟိုဘဏ်ဆိုတာရှိပါတယ်။ တိုင်းပြည်ရဲ့ ငွေစက္ကူ (သို့) ပိုက်ဆံကို ဒီဗဟိုဘဏ်ကပဲ ရိုက်ထုတ်ရ
ပါတယ်။ အရင်က ရိုက်ထုတ်ချင်တိုင်း ရိုက်ထုတ်လို့မရပါ။ ၁၉၂ဝ ခုနှစ်များအထိ နိုင်ငံတခုရဲ့ ငွေစက္ကူကို
ထောက်ပံ့နိုင်ဖို့ (ရွှေ) နောက်ခံထားတဲ့ စံနစ်ကို အသုံးပြုခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၄ ခုနှစ်၊ ဇူလိုင်လ မှာ အမေရိကန်နိုင်ငံ နယူးဟန်ရှယ်ပြည်နယ် ဘရန်တင်ဝုဒ်
(Bretton Woods) ဆိုတဲ့ နိုင်ငံတကာ အစည်းအဝေးပွဲက IMF နဲ့ ကမ္ဘာ့ဘဏ်တို့ကို ထူထောင်ခဲ့ကြပြီး ကမ္ဘာ့
ငွေစက္ကူတွေက အမေရိကန် ဒေါ်လာကို ပြောင်းနိုင်ပြီး၊ အမေရိကန် ဒေါ်လာက (ရွှေ)ကို ပြန်ပြောင်းပေးနိုင်တယ်
ဆိုတဲ့ “ကမ္ဘာ့ငွေကြေးစံနစ်” ပေါ်ပေါက်ခဲ့ပါတယ်။ အမေရိကန် ဒေါ်လာဟာလည်း ကမ္ဘာ့ငွေစက္ကူ Global Currency အဖြစ် ရပ်တည်နေနိုင်ခဲ့တာ ယနေ့အထိပါပဲ။ ၁၉၇၁ ခုနှစ်မှာ သမ္မတနစ်ဆင်က ရွှေကို ပြန်ပြောင်း နိုင်တယ်ဆိုတဲ့ သဘော တူညီချက်ကို ရပ်ဆိုင်းလိုက်တယ်။

တခြားနိုင်ငံတွေက မြန်မာနိုင်ငံက ဓါတ်ငွေ့တွေဝယ်ရင် ဒေါ်လာပေးပြီး မြန်မာနိုင်ငံက တခါ တခြားနိုင်ငံက ထွက်ကုန်ပစ္စည်းပြန်ဝယ်ရင် ဒေါ်လာပဲ ပေးရပါတယ်။ လွယ်လွယ်ပြောရရင် အမေရိကန် နိုင်ငံဟာ ကမ္ဘာမှာ
အကြီးဆုံး စီးပွားရေးနိုင်ငံ၊ အခိုင်မာဆုံး၊ အတည်ငြိမ်ဆုံးနိုင်ငံ၊ ဒါ့ကြောင့်ဒေါ်လာကို (စံ) အဖြစ်ထားပြီး၊ ဒေါ်လာကို ကြားခံထားကာ နိုင်ငံတကာ ကုန်သွယ်မှု ပြုကြရပါတယ်။ နောက်တနည်းပြောရရင် မြန်မာကျပ်ဆိုရင် လူတွေ အားမကိုးရဲ၊ မယုံရဲဘူး၊ ဒေါ်လာဆိုရင် ယုံတယ်၊ ကိုင်ရဲတယ်ပေါ့။


ဗဟိုဘဏ်

နိုင်ငံရဲ့ ငွေစက္ကူကို ရိုက်ထုတ်ရတဲ့ တာဝန်ကြောင့် တိုင်းပြည်အတွင်းမှာ လည်ပတ်နေတဲ့ ငွေသား ပမာဏ
(Liquidity) ကို ဗဟိုဘဏ်က ထိန်းချုပ်ရပါတယ်။ ဥပမာ ဝိုင်တူးကေ (Y2K) လို့ ခေါ်ကြတဲ့ ရာစုနှစ်ပြောင်းတဲ့
အနှစ် ၂ဝဝဝ ပြဿနာ ကာလက အမေရိကန်ဗဟိုဘဏ်က အကယ်၍များ လူတွေလန့်ပြီး ငွေကြေး လည်ပတ်မှု
ပြဿနာပေါ်ခဲ့သော် ငွေကြေး လုံလုံလောက်လောက်ရှိအောင် ဗဟိုဘဏ် ခွဲတွေမှာ အပိုဒေါ်လာတွေ အဆင်သင့်
ပြင်ထားခဲ့ ရတယ်။

တခါအမေရိကန် စီးပွားရေး တဟုန်ထိုး တိုးတက်နေတဲ့ (Boom) ကာလကနေ လေပူပေါင်း ပေါက်ကွဲသွားသလို
(Bust) ကာလ ရောက်ခဲ့ရင် ဗဟိုဘဏ်တွေကပဲ အတိုးနှုန်းကို လျော့ပေးရပြန်တယ်။ အတိုးနှုန်း နည်းရင် ငွေချေးခ
လျော့သွားတော့ ငွေများများ ချေးလာကြတော့ ငွေလည်ပတ်မှုများလာပြီး စီးပွားရေး ပြန်ဦးထောင် လာတာပေါ့။

အကြောင်းက ဝုန်းဆို စီးပွားရေး ပူပေါင်းပေါက်တာဖြစ်ပြီး စီးပွားရေးကျပြီ ဆိုတာနဲ့ ကုမ္ပဏီတွေဟာ အသုံးရပ်၊ အလုပ်သမားတွေလျော့၊ ရှိတဲ့လက်ကျန်ငွေကို ခြိုးခြံ ကြရတာကြောင့် အရောင်းအဝယ်တွေထိုင်း၊ အလုပ်လက်မဲ့
တွေ ပေါလာတော့ လူတွေကလည်း စိုးရိမ်စိတ်နဲ့ အသုံးလျော့ကြကာ တိုင်းပြည် စီးပွားရေးကျပြီး မကိုင်တတ်ရင် စီးပွားရေးကပ် ဆိုက်တတ်ပါတယ်။

ငွေကြေးလည်ပတ်မှု များနေရင်လည်း ငွေကြေးဖေါင်းပွမှု (Inflation) ဖြစ်တတ်ပါတယ်။ ငွေကြေး ဖေါင်းပွမှုဟာ စီးပွားရေးတိုးတက်မှုနဲ့ ဒွန်တွဲပါမလာရင် ကုန်ဈေးနှုန်းတွေတက်၊ လစာကမတိုးနဲ့ တိုင်းသူ ပြည်သားတွေ ဒုက္ခရောက်တတ်ပါတယ်။ ဒါကြောင့် ဗဟိုဘဏ်တိုင်းရဲ့ အဓိကပစ်မှတ်ဟာ ငွေကြေးဖေါင်းပွမှု ကို နိုင်အောင်
ကိုင်နိုင်ဖို့ အကြောင်းဖြစ်လာရပါတယ်။

နောက်တခါ စီးပွားရေး ကောင်းလို့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုများလို့ နိုင်ငံခြားငွေ များများဝင်လာရင် မိမိငွေစက္ကူနဲ့
ပြန်လဲလှယ်ပေးရတော့ ပြည်တွင်း လည်ပတ်ဖို့ ငွေလျော့သွားရင် မိမိရဲ့ ငွေတန်ဖိုးဟာ မြင့်တက် လာတတ် ပါတယ်။ ဈေးကွက် စီးပွားရေးမှာ အားလုံးဟာ ဝယ်အား၊ ရောင်းအား Supply & Demand အပေါ်မူတည်တာပဲ။ တိုင်းပြည်ထဲမှာ ငွေလည်ပတ်မှုဟာ အတိုင်းတာတခု အထိပဲရှိတယ်။ ဒီမှာတိုင်းဝြည် ငွေသား (ငွေစက္ကူ)
အဝယ်အား Demand များလာရင်၊ ဝယ်အားတက်လာရင်၊ ငွေတန်ဖိုးလည်း တက်လာတာပါ။

ဒီလိုမြင့်တက်လာရင် ပြည်ပပို့ကုန်ဈေးကွက်ကို ထိခိုက်လာပါတယ်။ ဥပမာ ဆန်ဝယ်တဲ့ နိုင်ငံခြား ကုမ္ပဏီဟာ တလဆန်တန်ချိန် ၁ဝဝ ဝယ်တယ်ဆိုပါစို့။ တဒေါ်လာ ၁,ဝဝဝ ကျပ်ကနေ တဒေါ်လာ ၈ဝဝ ကျပ်ဖြစ်သွားရင် သူ့အတွက် မြန်မာဆန်ဟာ ဈေးကြီးသွားပြီ။ ဒါဆို မြန်မာဆန်ဟာ ထိုင်းဆန်နဲ့ ဈေးတူသွားရင် ထိုင်းဆန်ကို ဝယ်ချင် ဝယ်မှာပေါ့။ မြန်မာဆန်က ဈေးအသာ မရတော့ဘူး။ ၂ဝ၁၁ ၊ ဇူလိုင်လ ၂၂ရက်နေ့ သတင်းတခုမှာ မြန်မာနိုင်ငံရဲ့ စပါးထွက်နှုန်း တိုးလာသော်လည်း ပြည်ပသို့ ဆန်တင်ပို့မှုဟာ သုံးပုံနှစ်ပုံ ကျဆင်းလာခဲ့တယ်လို့ ဖတ်လိုက်ရပါတယ်။
မြန်မာကျပ်ငွေ တန်ဖိုးတက်မှုရဲ့ ရလဒ်တခုပါပဲ။

ဒီလိုပဲ မြန်မာပြည်မှာ မော်တော်ဆိုင်ကယ်ထုတ်တာ တစီးကို ၁ဝဝ,ဝဝဝ ကျပ် ကုန်ကျစရိတ်ရှိတယ် ဆိုပါစို့။ ဒါက တရုတ်မော်ဒယ်တွေ။ ထိုင်းကသွင်းလာတဲ့ ဟွန်ဒါ စီးချင်ပေမဲ့ ၁၂ဝ,ဝဝဝ၊ မို့ ဝယ်သူကမတတ်နိုင်။ မြန်မာပြည်ထုတ် တရုတ်မော်ဒယ်၊ မြန်မာဖြစ်ကိုပဲ ကြိတ်မှိတ် စီးနေရတယ်။ ဟော ဒေါ်လာဈေးကျပြီး၊ ဒေါ်လာ ဈေး ၈ဝဝ ကျပ်
ဖြစ်တော့ ဟွန်ဒါ ဈေးလည်း ကျပ် ၁ဝဝ,ဝဝဝ၊ မြန်မာပြည်ထုတ် တရုတ်မော်ဒယ်လည်း ၁ဝဝ,ဝဝဝ ဆိုတော့ အရင်စီးချင်နေတဲ့ ဟွန်ဒါပဲ ဝယ်တော့မပေါ့။ ဒီတော့ မြန်မာပြည်ထုတ် မော်တော်ဆိုင်ကယ်တွေ အရောင်း ကျလာ
တော့၊ အလုပ် သမားတွေလျော့ရတော့မယ်။ မိအေးနှစ်ခါနာ လာဖြစ်မနေဘူးလား။

ဒီတော့ ဗဟိုဘဏ်တွေက မိမိအရံ၊ ရန်ပုံငွေထဲကငွေနဲ့ ဒေါ်လာတွေလိုက်ဝယ်ပေါ့။ ဒါကို Intervention၊ ဗဟိုဘဏ် ဝင်ပါ၊ ဝင်ကယ်ခြင်းလို့ ခေါ်ပါတယ်။ လောလောဆယ် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ အကြွေး ထူလာပြီး သူတို့ငွေစက္ကူတွေ ဈေးကျလာတော့ ဂျပန် ယန်း Yen က ဈေးတက်လာတာကြောင့် ဂျပန် ဗဟိုဘဏ်က ဝင်ပါလာရတယ်။

ဗဟိုဘဏ်က အတိုးနှုန်းကို ကစားပြီး ငွေလည်ပတ်မှု လက်နက်ကို ကိုင်ပြီး ငွေကြေးလည်ပတ်မှု မျှတအောင်
လုပ်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးကို ပဲ့ထိန်းပေးတာ၊ ငွေလဲလှယ်နှုန်း မျှတတည်ငြိမ်အောင် လုပ်ဆောင်တာတွေကို
ငွေကြေးပေါ်လစီ (Monetary Policy) လို့ ခေါ်ပါတယ်။

ငွေကြေးတည်ငြိမ်ဖို့ဟာ အစိုးရကလည်း ဝင်ငွေနဲ့ထွက်ငွေ မျှမျှတတ သုံးတတ်ဖို့လိုပါတယ်။ အစိုးရ အတွက် ဝင်ငွေဟာ နှစ်နည်းပဲရှိပါတယ်။ အခွန်ကောက် ဒါမှမဟုတ် ငွေချေး။ ငွေချေးတာများရင် ဒုက္ခတွေ့ပြီး စီးပွားရေး ထိလိုက်လာတတ်တယ်။ စီးပွားရေးကျရင် လူတွေရဲ့ ယုံကြည်မှုမရရင် အရင်းရှင် စံနစ်မှာ ငါးပါးမှောက်တာပဲ။

အစိုးရဘတ်ဂျက်က ဝင်ငွေနဲ့မမျှရင် ဘတ်ဂျက် လိုငွေ ပြရင် ငွေချေးရတော့မယ်။ တခါ အစိုးရ လိုငွေကြောင့် အခွန်တိုးကောက်ပြန်ရင် လုပ်ငန်းတွေ ဝင်ငွေထိခိုက်ရင် အလုပ်သမားတွေလျော့ စီးပွားရေး ကျဆင်းနိုင်ပါတယ်။
ဒီလို အစိုးရသုံးငွေ၊ အခွန်ကောက်ခြင်းနဲ့ ပတ်သက်တဲ့ စီးပွားရေး ပေါ်လစီကို Fiscal Policy လို့ ခေါ်ပါတယ်။

အစိုးရသုံးငွေဟာ ဝင်ငွေထက်များပြီး ငွေလိုလို့ ငွေချေးတာများလာရင်၊ တိုင်းပြည်ရဲ့စီးပွားရေး အခြေမခိုင်ရင်
ငွေတန်ဖိုးကို ထိခိုက်စေနိုင်ပါတယ်။ ဂရိမှာ ဖြစ်တာဒါပါပဲ။ အရင်အစိုးရတွေက ဝင်ငွေနဲ့ထွက်ငွေ မမျှအောင်
ချေးပြီး၊ ချေးငွေတွေကို တဘက်လှည့်နဲ့ ဝင်ငွေဆိုပြီး လိမ်ပြခဲ့ကြတယ်။

အမေရိကန် အရင်းအနှီးဘဏ် (Investment Banks) တွေက ပညာပါပါ ငွေချေးပြီး အစိုးရတွေလိမ်နိုင်အောင် ဝိုင်းကူကြပေါ့။ ခုမှ ပေါ်တော့၊ ပြဿနာက လွန်နေပြီ။ ပြဿနာပေါ်တော့ ဒီအစိုးရ မယုံရဘူးဆိုပြီး ငွေချေးသူတွေက အတိုးနှုန်းတွေတင်လာတာ၊ အတိုးနှုန်း ၇ ရာခိုင်နှုန်း ကျော်သွားတယ်။ ချေးထားတာများ၊ နိုင်ငံက သေးတော့ အတိုးနှုန်း ၇ ရာခိုင်နှုန်းကျော်ရင် အတိုးပေးရတာ များတာမို့ အစိုးရကမခံနိုင်တော့ဘူး။ ဒါကြောင့် ဂျာမန်နဲ့
့ပြင်သစ်တို့က ဦးဆောင်ပြီး အီးယူးက ဝင်ကူ၊ ငွေဝင်ချေးရတာ။ ဂရိပြဿနာ မရှင်းနိုင်ရင် ယူရိုပါ ထိလာတော့မယ်
လေ။ အရင်းရှင်စံနစ်မှာ ယုံကြည်ရမှု (Credibility) ဟာ သိပ်တန်ဖိုးကြီးပါတယ်။


မက်ခရို စီးပွားရေး (Macro Economy)

ဒီလို တိုင်းပြည်ရဲ့ စီးပွားရေးကို တတိုင်းပြည်လုံး အတိုင်းအတာနဲ့ကြည့်ပြီး ကိုင်တွယ်တာကို မက်ခရိုအဆင့်
စီးပွားရေး (Macro Economy) လို့ခေါ်ပါတယ်။ ဒီအဆင့်မှာ ဗဟိုဘဏ်က ငွေကြေးပေါ်လစီ (Monetary Policy) အတွက် တာဝန်ရှိပြီး အစိုးရကတော့ အစိုးရသုံးငွေ ဘတ်ဂျက်နဲ့ (Fiscal Policy) အတွက် တာဝန်ယူရပါတယ်။ ဒီပေါ်လစီနှစ်ခု ဟန်ချက်ညီမှ တိုင်းပြည်ငွေကြေး တည်ငြိမ်ပြီး စီးပွားရေးလည်း တည်ငြိမ်ရုံမက တိုးတက်မှုရှိမှ အရင်းရှိသူ၊ ရင်နှီးမယ့်သူတွေက စိတ်ဝင်စားကြတော့ မှာပေါ့။ ဒါမှ FDI (Foreign Direct Investment) လို့
ခေါ်တဲ့ နိုင်ငံခြားမှ ငွေရင်းမြှုပ်နှံမှုတွေ ပေါများလာပြီး စက်ရုံတွေဆောက်၊ အလုပ်သမားတွေအလုပ်ရ၊ ခေတ်မီ အတတ်ပညာတွေ ပြန့်ပွားလာ၊ စီးပွားရေး ခေါင်းထောင်လာနိုင်မှာပေါ့။


အများနဲ့မတူတဲ့ မြန်မာပြည်

နိုင်ငံအများအားဖြင့်မှာ ပြည်တွင်းလည်ပတ်တဲ့ ငွေသားဟာ ဗဟိုဘဏ်နဲ့ပဲ ဆိုင်ပါတယ်။ လွပ်လပ်တဲ့ နိုင်ငံတွေမှာ ဗဟိုဘဏ်တွေဟာ သီးခြား ရပ်တည်ခွင့် ရှိပါတယ်။ ဥပမာ အမေရိကန် ဗဟိုဘဏ်၊ ဂျပန်ဗဟိုဘဏ်၊ ထိုင်း ဗဟိုဘဏ်တွေဟာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်လုပ်ဆောင်ခွင့် ရှိကြတယ်။ အာဏာရ အစိုးရက အမိန့်ပေးပိုင်ခွင့်
မရှိ။ တရုတ်နိုင်ငံကတော့ အားလုံး ကွန်မြူနစ်ပါတီက အုပ်စီး ဦးဆောင်တာဆိုတော့ နောက်ဆုံးပါတီ ခေါင်းဆောင်
တွေပဲ ပါဝင်လာတာပါပဲ။ မြန်မာနိုင်ငံကတော့ ၁၉၆၂ ခုနှစ်ကစပြီး စစ်အစိုးရက အုပ်ချုပ်တာဆိုတော့ကာ စစ်ဗိုလ်ချုပ်တွေ စေခိုင်းရာ လုပ်ကြရတာပါပဲ။ ပြဿနာက မြန်မာစစ်ဗိုလ်တွေက စီးပွားရေး နားမလည်ကြ။

ချစ်တီးတွေဆီက ငွေလွှဲစံနစ် ဟွန်ဒီ ဟာလည်း မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့တယ်။ Remission လို့ ခေါ်တဲ့ ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံငွေပြန်ပို့ရင် တခြားနိုင်ငံတွေမှာလို ဘဏ်ကနေပဲ ငွေမလွှဲ
ကြဘဲ ဟွန်ဒီနဲ့ လွှဲကြတာများပါတယ်။ ဒါကြောင့် ငွေလည်ပတ်မှုမှာ တရားဝင် ဘဏ်စံနစ် အပြင်မှာရှိတဲ့ ဟွန်ဒီ စံနစ်ကိုလည်း မေ့ထားလို့ မရ။


မဆလ အမွေ

ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ စီးပွားရေးလမ်းစဉ် ပေါ်လစီအတွက် ဦးဘငြိမ်းရဲ့ စာတမ်းနဲ့ ဦးချမ်းအေး (မောင်စူးစမ်း)ရဲ့ စာတမ်း နှစ်ခု ပြိုင်တင်ရာ ဗိုလ်ချုပ်နေဝင်းက ဦးဘငြိမ်း စာတမ်းကိုရွေးချယ်ခဲ့ ပါတယ်။ ဦးဘငြိမ်းဟာ ထိုစဉ်က တော်လှန်ရေးကောင်စီမှာ နံပတ်နှစ် အဆင့်ရှိတဲ့ ဗိုလ်မှူးချုပ်တင်ဖေရဲ့ ဆရာ၊ ဗိုလ်မှူးချုပ် တင်ဖေဟာ ကုန်သွယ်ရေး ဝန်ကြီးလည်း ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဦးဘငြိမ်း လက်ထဲဝကွက် အပ်ခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။

ဦးဘငြိမ်းရဲ့ ချုပ်ကိုင်မှုအောက်မှာ စက်ရုံအလုပ်ရုံ စီးပွာရေး ထုတ်ကုန်မှုတွေ အားလုံးကို မာ့စ်ဆိုရှယ်လစ် အသိနဲ့ အားလုံးပြည်သူပိုင် သိမ်းလိုက်တာ၊ တိုင်းပြည်ရဲ့ ထုတ်ကုန်တွေကျ၊ ပစ္စည်းတွေ ရှားပါး၊ ပြည်သူတွေ ဒုက္ခရောက် လိုက်ကြတာ။ ဖဆပလ ဒီမိုကရေစီခေတ်က ကမ္ဘာ့ဆန်အထွက်ဆုံး နိုင်ငံစာရင်းဝင်၊ အရှေ့တောင်အာရှမှာ အလား အလာအရှိဆုံး နိုင်ငံကနေ ဦးနေဝင်း ဆိုရှယ်လစ်ခေတ် ဆုံးကာနီးမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲ ဆုံးနိုင်ငံ စာရင်းဝင်အဖြစ် နှစ်ပြန်ဂျွမ်းထိုးပြီး သက်ဆင်းခဲ့ရပါတယ်။

ပြည်တွင်း ထုတ်ကုန် မရှိပေမယ့် လူရှိရင်သုံးစွဲမှု ဆိုတာရှိမှာပဲ။ ဒါကြောင့် ဦးနေဝင်း၊ ဦးဘငြိမ်းတို့ ကျေးဇူးနဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံအတွက် ပစ္စည်းတွေထုတ်ဖို့ စက်ရုံကြီးတွေပေါ်၊ ထိုင်း အီလစ်တွေ ချမ်းသာသည်ထက် ချမ်းသာဖို့ အကြောင်းတခု ဖြစ်လာပါတယ်။ Outsourcing လို့ခေါ်တဲ့ တခြားတနေရာကို ပြောင်းမှာတဲ့ စံနစ်ဟာ အမေရိကားမှာ နောက်မှ ခေတ်စားလာတာ ဦးနေဝင်းတို့က ၁၉၆ဝ၊၁၉၇ဝ ခုနှစ်တွေကတည်းက တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ထိုင်းကို Outsource လုပ်ခဲ့ကြတာ။

ဒါကြောင့် မဆလ ခေတ်မှာ တရားဝင် စီးပွားရေးက ရုပ်ပြ၊ တကယ်ပြည်သူတွေ အသက်ဆက် နေနိုင်တာက
မှောင်ခို စီးပွားရေး ဈေးကွက်ကြောင့်လို့ ငြင်းချက် ထုတ်နိုင်ပါတယ်။

စီးပွားရေးကို မကိုင်တွယ်တတ်၊ တည်ငြိမ်အောင် မထိန်းနိုင်ရင် အဲဒီနိုင်ငံရဲ့ ငွေစက္ကူကို ဘယ်သူ ယုံကြည်မှု ရှိမလဲ။ ဒီတော့ မြန်မာကျပ်ရဲ့တန်ဖိုးဟာ ကျသထက်ကျ၊ ပစ္စည်းတန်ဖိုးတွေ တက်ပေါ့။ ဒီတော့ ဦးနေဝင်းရဲ့ ဝါဇီ စက်ရုံကနေ အစိုးရ မင်း အာဏါနဲ့ လိုသလောက် ရိုက်ထုတ်လိုက်တာ ဘိုးဘိုးအောင် တန်ခိုးနဲ့ ဝလုံးတွေ တိုးသထက် တိုးလာပါတော့တယ်။

တဘက်က လည်ပတ်ငွေ ကျပ်တွေက ဖေါင်းပွ၊ တဘက်ကလည်း မဆလစိတ်ဓါတ်နဲ့ မှောင်ခိုတွေ ချမ်းသာလာ
တာကို မနာလိုစိတ်နဲ့ Demonetization လို့ခေါ်တဲ့ ငွေစက္ကူတချို့ တရားမဝင်တော့ဆိုပြီး ကြေညာခဲ့တယ်။ အမှန်က လုပ်ကွက် မရှိတော့ အစိုးရ အာဏာနဲ့ မတရားဗိုလ်ကျပြီး ပိုလျံနေတဲ့ ငွေတွေကို ပြန်သိမ်းတာပဲ။ ငွေကြေးဖေါင်းပွမှု Inflation ကို အာဏာနဲ့ ကိုင်တာပဲ။ ဆင်းရဲရခြင်း ဇစ်မြစ်ကို ဝါဒဆွဲနဲ့ အရင်းက မကိုင်ဘဲ ရှည်လာတဲ့ အကိုင်းတွေကို လိုက်ဖြတ်တော့ ပြန်ထွက်၊ တခါပြန်ဖြတ်နဲ့ မြန်မာနိုင်ငံသားတွေ ခါးစည်းခံခဲ့ကြရတယ်။

တခါ ဦးဘငြိမ်းက နောက်ဆုံး လိုချင်တဲ့ နံပတ်တွေကိုရွေးပြီးမှ သူ့တပည့်တွေကို ကြားက နံပတ်တွေ ရအောင်
ဖြည့်ခိုင်းပြီး တိုင်းပြည်နဲ့ ကမ္ဘာကြီးကို တွင်တွင်ညာခဲ့ပါတယ်။ ဥပမာ ပြည်တွင်းထွက်ကုန် (GDP) ဟာဒီနှစ်မှာ
တနှစ် ရှစ်ရာခိုင်နှုန်း တိုးစေသတည်းလို့ ဦးဘငြိမ်းက ဆုံးဖြတ်ရင် တပည့်တွေက ရှာကြံပြီး ရှစ်ရာခိုင်နှုန်းရအောင် လိုက်ဖြည့်ကြပေါ့။ လက်တွေ့ မကျတဲ့ ငွေလဲလှယ်နှုန်းကို ဆိုရှယ်လစ် မာနနဲ့ အသေကိုင် ထားပြီး ဒီလဲလှယ်နှုန်းနဲ့
ဖေါ်ပြထားတဲ့ စာရင်းဇယားတွေဟာ ဘယ်မှာ အဓိပ္ပါယ်ရှိမှာလဲ။

စစ်တပ်ခေတ် အဆက်ဆက် ဒီငွေလဲလှယ်နှုန်းကို ဆက်ကိုင်ထားကြတယ်။ အဆိုးဆုံးက ဦးဘငြိမ်းရဲ့ စာရင်း
လိမ်ပြတဲ့ ဇာတ်ကို ဆက်ကနေကြရတယ်။ ဈေးကွက် စီးပွားရေး စံနစ်မှာ ဝယ်သူက ရွေးပိုင်ခွင့် ရှိပါတယ်။ ဆိုရှယ်လစ်စံနစ်နဲ့ မတူတာက ဆိုရှယ်လစ် စီးပွားရေးစံနစ်မှာ အစိုးရကသာ အားလုံးကို ဆုံးဖြတ်တာ။

ဈေးကွက် စီးပွားရေးစံနစ်မှာ ဝယ်သူ ဝယ်ချင်လာအောင်၊ ငွေရင်းရှိသူတွေ မြန်မာနိုင်ငံမှာ ရင်းနှီး ချင်လာအောင် ဆိုင်ရှင်တွေဟာ သူတို့ပစ္စည်းတွေကို ခင်းကျင်းပြသရသလို အစိုးရသော်လည်းကောင်း၊ ကုမ္ပဏီသော် လည်းကောင်း သူတို့ရဲ့ စီးပွာရေး အခြေအနေကို ဗြောင်လူသိရှင်ကြား သိသာအောင် ခင်းကျင်းပြကြရပါတယ်။

တခါ နိုင်ငံခြားက ရင်းနှီးငွေလိုချင်ရင် သူတို့အမြတ်ရလို့ ငွေပြန်ထုတ်လိုလျှင် လွယ်လွယ်ကူကူ ထုတ်နိုင်အောင်
နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးနိုင်ရပါတယ်။ ဦးဘငြိမ်း အသေ ဆွဲကိုင်ထားတဲ့ ငွေလဲလှယ်နှုန်းနဲ့ စာရင်းဇယား အလိမ်တွေမျိုးနဲ့ဆို ဘယ်သူလာပြီးယုံပြီး မြန်မာနိုင်ငံမှာ ရင်းနှီးချင်တော့မှာလဲ။

ဒါကြောင့် စီးပွားရေးကို နည်းမှန်လမ်းမှန်ဖြစ်အောင် ကြံဆောင်တော့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကျပ်ငွေလဲလှယ်နှုန်း
ကို မကိုင်လို့မရပါ။ လက်တွေ့ကျတဲ့၊ သဘာဝကျတဲ့ ငွေလဲနှုန်းနဲ့ တွက်ထားတဲ့ အစိုးရ ဘတ်ဂျက်၊ ပြည်တွင်းထုတ်ကုန် (GDP)၊ နိုင်ငံခြားတင်ပို့မှုထွက်ကုန်၊ သွင်းကုန်စာရင်းဇယားတွေဟာ မှန်ကန်မှုရှိပြီး၊ ယုံကြည်စဖွယ်ရှိကာ ထင်သာ
မြင်သာရှိလာမှ အရင်းအနှီးရှိသူတွေက မြန်မာနိုင်ငံမှာ လာရင်းနှီးလိုကြတော့မှာပါ။ ဒါကြောင့် ဦးမြင့်ရဲ့ စာတမ်းမှာ မက်ကရိုစီးပွားရေး ပြင်ဆင်မှုလို့ ပါတာပါ။


လက်ရှိပြဿနာ

လက်ရှိ ကျပ် ငွေဈေးတက်ပြီး စီးပွားရေးပြဿနာပေါ်ရတာ လူလုပ်တဲ့ပြဿနာလို့ ပြောရပါတယ်။ အဓိက အကြောင်းက ပေါ်လစီချတဲ့ တာဝန်ရှိသူတွေ ချမှတ်တဲ့ပေါ်လစီတွေကြောင့်လို့ ငြင်းဆိုလို့ ရနိုင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဦးဘငြိမ်းလက်ထက် ကတည်းက စီးပွားရေး ပေါ်လစီတွေ ချမှတ်တဲ့ နေရာမှာ
တိုင်းပြည် အထိနာမယ် ၊ မနာဘူး၊ နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်တဲ့ ပြဿနာတွေကို ထည့်သွင်း စဉ်းစားတာ ထက်၊ ပေါ်လစီ ချမှတ်သူတွေ ဖြစ်လိုတာကို ဖြစ်သလို ချမှတ်ကြတဲ့ အကျင့်ဟာ အရိုးထိဆွဲနေကြတယ်။ သုံးဆွဲနေတဲ့ ငွေစက္ကူတချို့ တရားမဝင်တော့ဘူးလို့ ကြေငြာရဲတာက သက်သေထူခဲ့ပြီပဲ။

နိုင်ငံတိုင်းဟာ မိမိတို့နိုင်ငံကို ယုံကြည်မှုရှိအောင် ကြိုးစားကြရတယ်။ ကမ္ဘာ့ဘဏ်တို့လို အိုင်အမ်အက်စ် (IMF)
တို့လို ကမ္ဘာ့အဖွဲ့အစည်းတွေဆီက ငွေချေးကြရင် ကြိုးစားပြီး ပြန်ပေးကြတယ်။ ဦးနေဝင်း အုပ်ချုပ်တဲ့ နှစ်ဦးကာလ
တွေမှာ မာနနဲ့ ဒီကမ္ဘာ့ အဖွဲ့အစည်းတွေဆီက ငွေမချေးဘူး။ အဆုံးပိုင်းမှာ ငွေချေးတာ ဒေါ်လာ ၆ဘီလျံ ဖိုးလောက် အကြွေးတင်တယ်။ အကြွေးများလာရင် ဘယ်သူမဆို အတိုး ပေးရတဲ့ ဝန်ပိလာတယ်။ ဒီတော့ ဦးဘငြိမ်းက ခပ်မိုက်မိုက်ပဲ မပေးဘူးကွာဆိုပြီး ဆုံးဖြတ်ခဲ့တယ်။

ရလဒ်က ဒီနေ့အထိ မြန်မာနိုင်ငံကို ကမ္ဘာ့ငွေးကြေး အဖွဲ့အစည်းတွေက ငွေမချေးနိုင်တော့ဘူး။ စီးပွားရေး ပိတ်ဆို့မှု (Sanction) ကြောင့် တချို့ဘဏ်တွေက ငွေမချေးရဲဘူး။ ချေးရဲတဲ့ တရုတ်ဘဏ်တွေကလည်း သာမန်ထက် အတိုး ပိုယူတယ်။ ဒီလိုအခြေအနေမှာ ကမ္ဘာ့ဘဏ်တို့ ဆီကသာ ငွေချေးနိုင်ရင် အတိုး သက်သာနိုင်ပါတယ်။ ဒါပေမယ့်
ရှေ့နောက်မစဉ်းစားဘဲ၊ ဦးနေဝင်းတို့ခေတ်က လူကြီးတွေက မိမိအလိုနဲ့ မိမိမာနကိုသာ ရှေ့ထားပြီး ဆုံးဖြတ်ခဲ့ကြ
တဲ့ အတွက် တိုင်းပြည် နာခဲ့ရတယ်။


ပြည်တွင်းဘဏ်အတိုးနှုန်း

ကျနော်တို့ မြန်မာနိုင်ငံသားတွေဟာ ငွေကြေးနှုန်းနဲ့ ပတ်သက်
ငွေကြေးတည်ငြိမ်ဖို့ဟာ အစိုးရကလည်း ဝင်ငွေနဲ့ ထွက်ငွေ မျှမျှတတ သုံးတတ်ဖို့ လိုပါတယ်။ အစိုးရ အတွက် ဝင်ငွေဟာ
နှစ်နည်းပဲ ရှိပါတယ်။ အခွန်ကောက် ဒါမှ မဟုတ် ငွေချေး။ ငွေချေးတာများရင် ဒုက္ခ
တွေ့ပြီး စီးပွားရေး ထိလိုက်လာတတ်တယ်။ စီးပွားရေးကျရင် လူတွေရဲ့ ယုံကြည်မှုမရရင် အရင်းရှင် စံနစ်မှာ ငါးပါးမှောက်တာပဲ
လာရင် အနာဘက်ကချည်းပဲ။ ချစ်တီးတွေ လက်ထက် ကတည်းက အတိုးနှုန်းဟာ ခေါင်ခိုက်နေတယ်။ ခုထိ လက်သိပ်ထိုး ငွေချေးစားတဲ့ သူတွေဟာ တနှစ်မဟုတ်၊တလ အတိုးနှုန်း ၁ဝ ရာခိုင်နှုန်း ယူကြတယ်။ ရက်ရက်စက်စက်ပဲ။ အမေရိကန် ဂျပန်နိုင်ငံတို့မှာ စီးပွားရေး ကျလို့ဆိုပြီး ဗဟိုဘဏ်တွေက ချမှတ်ထားတဲ့ အတိုးနှုန်းတွေဟာ သုည နားကပ်နေကြပြီ။ အတိုးနှုန်းနဲတော့ ငွေချေးခ ပေါတာ
ကြောင့် လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ ငွေမျာများ လွယ်လွယ်ကူကူ ချေးနိုင်ရင် လုပ်ငန်းတွေ များလာပြီး
အောင်မြင်လာရအောင်။ ဒါမှ လူတွေ အလုပ်ရနိုင်အောင်။ မြန်မာနိုင်ငံမှာတော့ ဘဏ်အတိုးနှုန်းက ၁ဝ ရာခိုင်နှုန်း
တဲ့။ မများလွန်းဘူးးလား။

ဒီတော့ ပြည်ပကငွေတွေ ပြည်တွင်းဝင်လာပြီး အတိုးထိုင်စားရုံပဲပေါ့။ နောက် ကြောက်စရာ ကောင်းတာက ဘဏ်တွေက ဒီလောက်ကြီးမားတဲ့ အတိုး မပေးနိုင်ပေမယ့် နောက်ဝင်လာတဲ့ ငွေနဲ့ ရှေ့ကလူတွေကို ဣနြေ္ဒရရ မပျက်ပေးလို့ ရတယ်။ ပြဿနာပေါ်တာနဲ့ အားလုံးငါးပါးမှောက်နိုင်တယ်။ ဒါကို ပွန်ဇီ အကောက်ကြံမှု (Ponzi Scheme)လို့ ခေါ်တယ်။ အင်မတန် ကြောက်စရာကောင်းတယ်။ ဘဏ်တခုစ ပြိုရင် တောက်လျေက် လိုက်ပြိုရင် စီးပွားရေး ကမောက်ကမ ဖြစ်နိုင်တယ်။


စီးပွားရေး ပေါ်လစီ

နောက်စီးပွားရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီချတဲ့ အာဏါရှိ လူစုဟာ မိမိတို့ချလိုက်တဲ့ ပေါ်လစီရဲ့ နောက်ဆက်တွဲကို နက်နက်မတွေးကြတာ အတိတ်မှာ သာဓက တွေအများကြီးရှိခဲ့တယ်။ နိုင်ငံအများဟာ ကမ္ဘာ့ရေနံဈေး တက်တာ
တောင် ပြည်တွင်းဓါတ်ဆီဈေး မတက်အောင် ကြိုးစားကြရတယ်။ အကြောင်းက ဓါတ်ဆီဈေး တက်တာနဲ့ သယ်ယူ ပို့ဆောင်ခ တက်ပြီး ကုန်ဈေးနှုန်းတက်တာပဲ။ ချက်ချင်း ပြည်သူတွေ ခံစားရတာပဲ။

ထိုင်းနိုင်ငံမှာ နိုင်ငံရေး မငြိမ်သက်မှုကြောင့် ဓါတ်ဆီဈေး မတက်ရအောင် အစိုးရက ဝင်ထိန်းရတယ်။ အခုလည်း
အစိုးရ အသစ်က ဓါတ်ဆီ အခွန်ကောက်ခံတာကို လျော့ပြစ်လိုက်တယ်။ နိုင်ငံအစိုးရ အများစုဟာ ဓါတ်ဆီဈေး ၁ဝ ရာခိုင်နှုန်း ၂ဝ ရာခိုင်နှုန်း တက်မှာကို ပူနေကြရတယ်။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံမှာတော့ ဓါတ်ဆီဈေး တိုးမယ်ဆိုရင်
ဖြစ်ချင်တာပဲသိတယ်၊ ဝုန်းဆို ၁၀၀ ရာခိုင်နှုန်း (တဆ) တိုးပစ်လိုက်ဖို့ လက်မတွန့်ဘူး။ စီးပွားရေးကို နားမလည်ရုံ တင်ပဲလား၊ ပြည်သူတွေခံစားရမယ် ဆိုတာကို ဂရုမစိုက်တာပဲလားဆိုတာ မစဉ်းစားတတ်အောင်ပဲ။

နအဖ အစိုးရ ပြီးဆုံးကာနီးမှာ ဦးနေဝင်း လက်ထက်က ပြည်သူပိုင် သိမ်းထားတဲ့ မြေနဲ့ အဆောက်အဦးတွေကို
လေလံတင် ရောင်းချ ခဲ့တယ်။ လေလံ အောင်မြင်သူတွေဟာ အခုအစိုးရအသစ် ကာလမှာ ငွေပေးချေရတယ်။ အဆောက်အဦးတွေ ဖြစ်တာကြောင့် တန်ဖိုးကြီးတယ်။

ဒေါ်လာကိုင်ထားတဲ့ ငွေရှင်တွေ ငွေဖေါ်တော့ ဒေါ်လာတွေ ဈေးကွက်ထဲ ပြုံဝင်ရုံမက လည်ပတ်နေတဲ့ ကျပ်တွေ လည်ပတ်မှုက ထွက်သွားတော့ ကျပ်တွေ ရှားကုန်တာပေါ့။ အစိုးရက ဒီ ကျပ်တွေ သိမ်းထားပြီး နိုင်ငံခြားက ပစ္စည်း
ပြန်ဝယ်တော့ ဒေါ်လာနဲ့ ပြန်ဝယ်ရမှာ။ တခါလိုမှ ပြန်လဲတော့ နှစ်ခါလဲ နေရတယ်။ ဒါကြောင့် ဒေါ်လာနဲ့ ချေခွင့်ပြုပြီး အရံငွေ (Reserve) အဖြစ် ကိုင်ထားရင် ငွေလဲမှုကြောင့် မနာတဲ့အပြင် မြန်မာကျပ်ငွေ ရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ အထောက်အကူ မပြုနိုင်ဘူး။

တခါ အစိုးရက ငွေရနိုင်တာကိုသာ ကြည့်ပြီး ကျောက်မျက်ရတနာနဲ့ တခြား လေလံတင်ပွဲတွေ အကြိမ်ကြိမ် ကျင်းပခဲ့တယ်။ ဒီလိုလေလံတင်ပွဲတွေ ကျင်းပသူတွေက ဝင်ငွေကိုသာ ကြည့်နေကြတာ ဝင်ငွေက ဒေါ်လာဆိုတော့ ကျပ်နဲ့ လဲရပြန်ရော။ ဒီအပြင် နိုင်ငံခြားကလာတဲ့ အင်ဂျီအိုနဲ့ ကျန်တဲ့ အဖွဲ့အစည်းတွေသုံးဖို့ အက်ဖ်အီးစီ (FEC)
ဆိုတာ အတွက်လည်း ကျပ်ငွေ လဲပေးရပြန်တယ်။ တရုတ်တွေက (FEC) ကို အချိန်တိုလေး သုံးပြီး ပြဿနာကို
မြင်လို့ထင်ပါရဲ့ ချက်ချင်း ရုပ်သိမ်း သွားတယ်။ မြန်မာနိုင်ငံမှာ (FEC) ဖေါ်ထုတ်လာတာ (၁ဝ) နှစ်ကျော်ပြီ။

ပြဿနာက ငွေရှာတဲ့ ဌာနတွေက မိမိတို့ ကဏ္ဍအတွက် မိုက်ကရို အဆင့် (Micro Level)နဲ့သာ ကြည့်ကြပြီး မက်ကရိုအဆင့်မှာ (Macro Level) ပါ ဘယ်လို သက်ရောက် ထိခိုက်နိုင်တယ် ဆိုတာကို စဉ်းစားမိကြပုံ မပေါ်ဘူး။ အစိုးရအများစုဟာ ဘယ်လက်ကလုပ်တာကို ညာလက်ကမသိကြဖူး။

လွပ်လပ်တဲ့ ဗဟိုဘဏ် တည်ရှိတဲ့ တိုင်းပြည်တွေမှာ လည်ပတ်ငွေ၊ စုငွေ၊ စတဲ့ MB, M1, M2, M3 ဆိုတာတွေကို
ဗြောင်ကြေငြာလေ့ ရှိပါတယ်။ အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန် ယန် တို့လို ကမ္ဘာသုံး ငွေမာတွေက လွဲလို့ နိုင်ငံ
အများအားဖြင့်ဟာ မိမိတို့ တိုင်းပြည်အတွင်း လည်ပတ်တဲ့ ငွေသားဟာ အတိုင်းအတာတခု အထိပဲ ရှိပါတယ်။ အကြောင်းကြောင်းကြောင့် နိုင်ငံခြားငွေ ဝင်လာနှုန်းဟာ များလာရင် မိမိရဲ့လည်ပတ်မှုကို ထိခိုက်လာတယ်။

တနည်းအားဖြင့် ပြည်တွင်းငွေကြေး လိုအားကောင်းလာရင် မိမိရဲ့ ငွေရှားပါးမှုကြောင့် မိမိတို့ရဲ့ ငွေဈေးတက်လာ ပါတယ်။ ဒီအချိန်မှာ ဗဟိုဘဏ်က ဝင်ပြီး ပိုနေတဲ့ အရံ ရန်ပုံငွေ (Reserve) နဲ့ နိုင်ငံခြားငွေ၊ ဥပမာ ဒေါ်လာကို ဝင်ဝယ်ရပါမယ်။ ဒါမှ ကျပ်ငွေ ပြန်တည်ငြိမ်လာပါမယ်။ ဥပမာ ယနေ့ဈေး ၆ဝဝ၊ ၇ဝဝ နဲ့ဝယ်သိမ်းခဲ့လို့ ဝယ်အား၊
ရောင်းအား မျှတလာလို့ ၈ဝဝ၊ ၉ဝဝ ပြန်ဖြစ်ခဲ့ရင် အစိုးရက အမြတ်တောင် ရနိုင်ပါသေးတယ်။ ဒါမှမဟုတ် တန်ဖိုးကြီးသော အတိုးးအခများကို ဒေါ်လာနဲ့ ပေးချေ ခွင့်ပြလျှင်လည်း ကျပ် လိုအပ်မှု လျော့သွားရင် ကျပ်ဈေး
ပြန်တက်လာစရာ အကြောင်းရှိပါသည်။ နောက်တနည်းမှာ (FEC) ကို ရပ်ဆိုင်းခဲ့ပါ လျှင်လည်း သက်သာစရာ ရနိုင်ပါသည်။


မိတ်ပြန်ရှာရတာ ခက်တယ်နော်

မြန်မာပြည်တွင်း လုပ်ငန်းရှင်တွေဟာ အရှုံးခံ ရပ်တည်နေကြရတယ်လို့ သိရပါတယ်။ ဘယ်လုပ်ငန်းမဆို ကြာကြာ အရှုံးမခံနိုင်ပါ။ စီးပွားရေးမှာ ဖေါက်သည် ပြန်တည်ဆောက်ရတာ အခက်ဆုံးပါ။ မြန်မာနိုင်ငံရဲ့ အားသာချက်က
ဈေးအသာရမှုပဲ။ ဒီအားသာချက် ပျောက်သွားရင် ပြည်တွင်း လုပ်ငန်းရှင်တွေ ပြန်ခေါင်းထောင်နိုင်ဖို့ အခက်ရှိနိုင် ပါတယ်။ မြန်မာနိုင်ငံရဲ့ ထွက်ကုန်တွေဟာ အရည်အချင်း (Quality) မှာ အားနည်းနေသေးတယ်။ ဥပမာ မြန်မာနိုင်ငံ
က ဆန်ဟာ လက်ရှိအခြေအနေမှာ ထိုင်းနိုင်ငံက ဆန် ကို မမီဘူး။


အရှင် ထားမလား၊ ဒေါ်လာနဲ့ ချိတ်ဆက် (pegged) ထားမလား

မြန်မာနိုင်ငံရဲ့ ကျပ်ငွေစက္ကူကို စီးပွားရေးအရ ဘာအဓိပ္ပပါယ်မှမရှိတဲ့ နှုန်းကနေ တကယ်မှန်တမ်း တန်ဖိုးကိုရွှေ့
ပြီးတာနဲ့ ကျပ်ကိုအရှင်ထားမလား၊ ဒေါ်လာနဲ့ချိတ်ဆက် ထားမလား ဆိုတာကို အစိုးရအနေနဲ့ ဆုံးဖြတ်ရပါလိမ့်
မယ်။ စီးပွားရေးစကားအရ ချိတ်ဆက်ထားမှု လုပ်တယ်ဆိုတာက ဒေါ်လာဟာ Global Currency ကမ္ဘာ့ငွေကြေး
ငွေစက္ကူဖြစ်တာကြောင့် ဒေါ်လာကျရင် မိမိငွေစက္ကူ လိုက်ကျမယ်၊ ဒေါ်လာဈေးတက်ရင် မိမိငွေစက္ကူ တန်ဖိုးလည်း လိုက်တက်နိုင်အောင် မိမိငွေသားကို ဒေါ်လာနဲ့ ချိတ်ထားခြင်းဖြစ်ပါတယ်။

ဒေါ်လာအတက်အကျကြောင့် မိမိငွေသားမထိခိုက်အောင် ကာကွယ်တဲ့နည်းပါပဲ။ ဥပမာ တရုတ်ပြည်ရဲ့ စီးပွားရေး
ဟာ မိမိရဲ့ ထုတ်ကုန်အပေါ်မှီတဲ့ စီးပွားရေး ဖြစ်တာကြောင့် တရုတ်တွေဟာ သူတို့ရဲ့ စီးပွားရေးထူထောင်တဲ့
အနှစ် ၃ဝ ကာလမှာ ငွေစက္ကူ ယွမ် Yuan ကို ဒေါ်လာနဲ့ ချိတ်ဆက်လုပ်ထားပြီး တခြားနည်းတွေသုံးပြီး ယွမ် တန်ဖိုး
ကို ထိန်းထားပါတယ်။

ဒေါ်လာနဲ့ ချိတ် ထားတဲ့အတွက် ငွေကြေးပေါ်လစီ Monetary policy ကစားခွင့် ပျောက်သွားပါတယ်။ တချို့က တလွဲမာနထားကာ ဒါမိမိတို့ရဲ့ အုပ်ချုပ်ခွင့်အာဏာ Sovereign rights ပျက်သုဉ်းတယ်ဆိုပြီး မလိုလားကြဘူး။ တရုတ်ကွန်မြူနစ်တွေက လက်တွေ့ကျတယ်။ အလွတ်ဈေးကွက် Forex Open market မှာသာ ယွမ်ကို လွတ်လွတ် လပ်လပ် အရှင် လုပ်စေခဲ့ရင် ဒေါ်လာနဲ့ယှဉ်တဲ့ ယွမ်အတက်အကျဟာ ထွက်ကုန်တင်ပို့မှု Export ကို ထိခိုက်
စေနိုင်ပါတယ်။ ဒေါ်လာနဲ့ ချိတ်ထားခြင်းဖြင့် ယွမ် တန်ဖိုးဟာ တည်ငြိမ်တဲ့အတွက် ထွက်ကုန်တင်ပို့မှု ဈေးကွက် လှုပ်လှုပ်ရှားရှား မဖြစ်စေတော့ပါ။

တရုတ်အစိုးရဟာ ယွမ် အရောင်းအဝယ် ပြုခြင်းကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းထားပြီး တခြား နည်းလမ်းများ သုံးကာ ယွမ်ဈေးမတက်ရေးကို ထိန်းနိုင်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံရေးသမားတွေနဲ့ တချို့သော စီးပွးရေး ပညာရှင်တွေက တရုတ်အစိုးရဟာ မတရားနည်းနဲ့ ယွမ်ရှိသင့်တဲ့ တန်ဖိုးထက် ၁၅၊ ၂ဝ ရာခိုင်နှုန်းလောက် နှိမ့်ထား တယ်လို့ စွပ်စွဲကြပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်လာသည်နှင့်အမျှ ထိုတိုင်းပြည်ရဲ့ ငွေစက္ကူဟာလည်း တန်ဖိုးတက် လာတာ
ဓမ္မတာပါ။ အနှစ် ၃ဝ မျှ တောင့်ခံခဲ့ပြီးမှာ တရုတ်အစိုးရက ဒေါ်လာအစား ကမ္ဘာ့အသုံးများတဲ့ ငွေကြေးများ (ဒေါ်လာ၊ပေါင်၊ ဂျပန် ယန်၊ ယူရို) တို့နဲ့ တရုတ် ယွမ်ကို ပြောင်းလဲ ချိတ်ခဲ့ပြန်ပါတယ်။ စီးပွားရေးစကားအရ
Pegged to a Basket လို့ ခေါ်ပါတယ်။ ဒေါ်လာတခုတည်း မဟုတ်တော့ဘဲ ကမ္ဘာ့ငွေမာတွေကို ရောသမ
မွှေချိတ်ဆက်ခြင်းပေါ့။ ကမ္ဘာ့အရံငွေရဲ့ ၆ဝ ရာခိုင်နှုန်းကျော်ကျော်ဟာ ဒေါ်လာဖြစ်တာမို့ နားလှည့်ပါးရိုက် လူလည်ကျတာပါပဲ။


ဘီလူးဂုမ္ဘာန်တွေရဲ့ရန်

အကယ်၍ ယွမ် ကိုပဲဖြစ်ဖြစ်၊ ကျပ် ကိုဖြစ်ဖြစ် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက် Forex မှာ အရှင်ထားပြီး၊ အတက်အကျကို ဈေးကွက်ကသာ ဆုံးဖြစ်စေသော်လို့ဆိုရင် စီးပွားရေးစကားအရ ဒါကို Float လုပ်တယ်
ခေါ်ပါတယ်။ ဒီလို အရှင်ထားကစားစေလျှင် တဘက်က အန္တရာယ်ရှိပါတယ်။

အရင်းရှင် စီးပွားရေးလောက မှာ Speculators ငွေကြေးကစားသူလို့ခေါ်တဲ့ ခေတ်သစ် ချစ်တီးတွေ ရှိပါတယ်။ သာမန်အားဖြင့် အရင်းရှင်စံနစ်ဆိုတာ ငွေကိုအရင်းတည်ပြီး ငွေဖေါ်ယူတာပဲ။ သို့သော် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တယ် ဆိုတာ၊ သေသေချာချာလေ့လာ သုံးသပ်ပြီး အချိန်အတိုင်းအတာ တခုအတွင်းမှာ အရင်းအပြင် အမြတ်ပါရအောင်
ပြုလုပ်ခြင်းပဲ။ အရမ်း မလုပ်ဘူး။ Risk မယူ၊ အရမ်းမစွန့်စားဘူး။

ငွေကြေးကစားတာကတော့ ရင်းနှီးမြှုပ်နှံမှုကနေ သွေဖယ်ပြီး ဖြစ်နိုင်ခြေကို မူတည်ပြီး အရောင်းအဝယ် လုပ်တာ။ အန္တရာယ်ကြီးတယ်။ Risk ယူပြီး ကစားတာပဲ။ ဥပမာ ရွှေဈေးတက်မယ် ထင်ပြီး ရွှေတွေ ဝယ်ထားမယ်။ ရေနံဈေး တက်မယ် ဆိုပြီး ရေနံ ဝယ်ကစားမယ်ပေါ့။ ဈေးတက်မှပြန်ရောင်း၊ မြက်မြက်လေး အမြတ်ရအောင်ပေါ့။ အမှန်
ကတော့ တရားဝင် လောင်းကစားးတာပဲ။

ပြဿနာက ဒီ လောင်းကစား လုပ်တဲ့ ငွေကြေး ကစားသူတွေဟာ ဖြစ်နိုင်ခြေကိုသာ ကံစမ်းကြတာ မဟုတ်ဘဲ
ဈေးကွက်ကိုလှုပ်ပြီး ဈေးကွက်ပျက်အောင် ဝင်ရမ်းပြီးမှ ရိုက်စားတတ်တာပဲ။ ဥပမာ ၁၉၉၇ ခုနှစ်မှာ အာရှငွေကြေး
ပြဿနာ ပေါ်ပေါက်ပြီး အာဆီယံနိုင်ငံတွေနဲ့အတူ ကိုးရီးယားနိုင်ငံတို့ စီးပွားရေး ဒုက္ခ ပင်လယ်ဝေခဲ့ကြရတယ်။

ပြဿနာက ထိုင်းနိုင်ငံက စတာပဲ။ ထိုင်းဘတ်ငွေကို ဒေါ်လာနဲ့ ချိတ်ထားရာက ငွေကြေးဖေါင်းပွမှုကို တိုက်ဖို့ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တော့ ဒေါ်လာဈေးတက်လာပြီး ဘတ်ဈေးလည်း လိုက်တက်လာတာပေါ့။ ထိုင်းနိုင်ငံက နိုင်ငံခြားငွေ များများရအောင် ဆိုပြီး ဘဏ်အတိုးနှုန်း (ကာလတို) များများပေးပြီး မြူဆွယ်ခဲ့တယ်။
ချေးထားတာကလည်း နိုင်တာထက်ပိုနေတယ်။ အမေရိကန် ဘဏ်တိုးတွေမြှင့်တော့ ငွေရှင်တွေက ထိုင်းကငွေတွေ
ပြန်ထုတ်ကြတယ်။

ဒီမှာဘတ်ငွေ ကမှောက်ကမဖြစ်တော့ လူတွေကကြောက်ပြီး ငွေတွေပြန်ထုတ်ကြတော့ ထိုင်းဗဟိုဘဏ်က
ဝင်စွက် ဝင်ကူ ပေမယ့် နောက်ဆုံးမနိုင်တော့ ဒေါ်လာနဲ့ ချိတ်ထားတာကို ရပ်လိုက်ပြီး၊ အရှင် Float လုပ်ရတော့ ပိုမတည်မငြိမ် ဖြစ်လာပါတယ်။ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယားတို့ကိုပါ ကူးကုန်ကြတယ်။ IMF က ဒေါ်လာ
ဘီလျံ ၄ဝ ချေးပြီး ဝင်ကူခဲ့ရတယ်။

ဘာကြောင့် Asian Financial Crisis အာရှငွေကြေးပြဿနာ ပေါ်ရသလဲဆိုတာ စီးပွးရေး ပညာရှင်တွေက အမျိုးမျိုး
ကောက်ချက်ချ ကြပေမဲ့ အာဆီယံ ခေါင်းဆောင်တချို့က ငွေကြေး ကစားသမားတွေ ဝင်ကစား ဝင်မွှေကြတာ
ကြောင့်လို့ စွပ်စွဲကြတယ်။ (မှတ်ချက်။ အစွပ်စွဲခံရတဲ့သူတဦးဖြစ်တဲ့ ငွေကြေးကစားသူ ဂျော့ဆိုရော့စ်က သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အုပ်ချုပ်မှုဆိုင်ရာ ညံ့ဖျင်းမှုတွေကြောင့်
ဖြစ်တာပါလို့ ပြန်လည်ချေပတယ်။)

ဥပမာ ငွေကြေးကစားသူတွေက တဖြည်းဖြည်းခြင်း မြန်မာနိုင်ငံမှာ ဝင်ရင်းနှီးကြမယ် ဆိုပါစို့။ ဒါဆိုရင် မြန်မာနိုင်ငံက
ဒေါ်လာတွေရမယ်။ မြန်မာကျပ်ကို လဲပေးပြီး ဒီငွေတွေဟာ ပြည်တွင်းငွေလည်ပတ်မှုထဲ ဝင်သွားမယ်ပေါ့။ ဒီတော့
မြန်မာနိုင်ငံခြားငွေ လဲလှယ်ရေးဘဏ်က ဒီဒေါ်လာတွေကို ဘဏ်တွေ လုပ်နည်းအတိုင်း တခြားမှာရင်းနှီးမယ်ပေါ့။ သာမန်ဆိုရင် ပုံမှန် လည်ပတ်သွားစရာရှိတယ်။ ဒါပေမဲ့ ငွေကြေးကစားသမားတွေက အကြံနဲ့ဝင်လာပြီး ဝုန်းဆို တပြိုင်တည်း ဒေါ်လာတွေပြန်လဲပေးဆိုရင် ပြဿနာ ပေါ်ပြီပေါ့။ ရုတ်ချည်းအပြောင်းအလဲနဲ့ ဝရုန်းသုန်းကားဖြစ်ရင် ကျန်တဲ့လူတွေကလည်း ကြောက်ပြီး ဒေါ်လာပြန်ထုတ်ကြ၊ ဒီတော့ ကျပ်ဈေးကျ။ ကျပ်ဈေးကျမှ အောက်ဈေးနဲ့
shot လုပ်ပြီး အမြတ်ယူကြတယ်။

ဒါကြောင့် အကွက်ဆင်ဈေးကစားတယ်လို့ စွပ်စွဲကြပြီး၊ ဒီလို ဝင်မကစားနိုင်အောင် Capital control ရင်းနှီးမြှုပ်နှံငွေ ထိန်းချုပ်မှုလုပ်ရတယ်။ တကြိမ် ငွေအရင်းအနှီးပြုရင် ငွေဘယ်လောက်ပဲ ဝင်နိုင်တယ်၊ ထွက်နိုင်တယ်။ ဘာမလုပ်
နိုင်ဘူးဆိုတဲ့ ထိန်းကွပ်မှုတွေကို အစိုးရတွေက ပြုလုပ်လာရပါတယ်။

၁၉၉၇ တုန်းက ခေတ်မရှိခဲ့တဲ့ ကြိုပွိုင့်ရန်ပုံငွေ Hedge Funds ဆိုတာတွေဟာ အခု အမေရိကားမှာ မှိုလိုပေါက်
နေပါတယ်။ ဥပမာ ရေနံဈေးဆက်တိုက်တက်မယ်လို့ ယုံကြည်ရင် လေယာဉ်ကုမ္ပဏီတွေဟာ ဓါတ်ဆီဈေး မတက်ခင် ကြိုပွိုင့်ဈေးနဲ့ဝယ်ပြီး ဈေးကိုလက်ရှိဈေးနဲ့ချီပြီး နောက် ၆ လစာ၊ တနှစ်စာ ဝယ်ယူစာချုပ်၊ ချုပ်ထားရပါတယ်။ ဒါကို Hedge လုပ်တယ်လို့ ခေါ်ပါတယ်။ ထင်တဲအတိုင်း ရေနံဈေး မတက်ခဲ့ရင်ရှုံးပြီပေါ့။ ဒီလိုအန္တရာယ်ရှိတဲ့ ဝယ်ယူမှုမျိုးကို အများနဲ့ဆိုင်တဲ့ ပင်စင်ရန်ပုံငွေ Pension Fund မန်နေဂျာတွေဟာ လုပ်ပိုင်ခွင့်မရှိပါ။ အစိုးရက စည်းမျဉ်းစည်းကမ်း
တွေနဲ့ ထိန်းထားပါတယ်။ စွန့်ရဲရင် မြက်မြက်ကလေးမြတ်နိုင်သလို ဝက်ဝက်ကွဲအောင်လည်း ရှုံးနိုင်တယ် မဟုတ်ပါလား။

ပိုက်ဆံ ရှိသူတွေအဖို့က ရှုံးလည်း အရှုံးခံနိုင်ကြသူများ ဖြစ်တာမို့ ပိုက်ဆံရှိသူတွေအတွက် အမြတ်များများရအောင် ကြိုပွိုင့်ရန်ပုံငွေ Hedge Funds တွေပေါ်လာပါတယ်။ ငွေရှင်တွေရဲ့ ငွေတွေဖြစ်တာကြောင့် အစိုးရက ဝင်မစွက်ပါ။ ဒါကြောင့် ကြိုပွိုင့်ရန်ပုံငွေ မန်နေဂျာတွေဟာ စွန့်ရဲတယ်။ ရမ်းရဲတယ်။ ဥပမာ ရာသီဥတု ဖေါက်ပြန်လို့ ကမ္ဘာမှာ ဂျုံ သော်၎င်း၊ စပါးသော်၎င်း အထွက်နည်းမယ်၊ ဈေးတက်မယ်ထင်ရင် ငွေပုံပြီးဝယ်လိုက်ကြတော့ ပိုရှားကုန်ရော။ ဒီတော့မှ ဒီလောဘသားတွေက ဈေးကြီးကြီးနဲ့ရောင်း အမြတ်များများရတာပါ။ ကမ္ဘာမှာ ရေနံဈေးမတရားတက်တာ သူတို့လက်ချက်လည်း ပါတယ်။ ဆန်ဈေး၊ ဂျုံဈေးတက်တာကြောင့် ဆင်းရဲသားတွေ ဒုက္ခပိုကြုံ ရတာလည်း ဒင်းတို့အပြစ် မကင်းဘူး။

Currency imbalance လို့ခေါ်တဲ့ ငွေကြေးမညီမျှမှုကို ကောင်းကောင်း နားလည်တဲ့သူတွေက ငွေကြေးကစားကွက်
ကို ဝင်ကစားနိုင်တယ်။ ယ္ခုအခါမှာ ကြိုပွိုင့်ရန်ပုံငွေ Hedge Funds ကများလာတာကြောင့် ဒီအထဲက ငွေကစားသူ များလာနိုင်တာကြောင့် အန္တရာယ်ကြီးလာတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် မိမိငွေ ကျပ်ကို အရှင်ထားတော့မယ် ဆိုရင် capital market လို့ခေါ်တဲ့ ငွေပင်ငွေရင်းဈေးကွက်နဲ့ Forex လို့ခေါ်တဲ့ ငွေလဲလှယ်ဈေးကွက်ကို ကောင်း
ကောင်းနားလည်တဲ့ ပညာရှင်တွေ လိုပါတယ်။ ဒါမှ ငွေပင်ငွေရင်း ချုပ်ကိုင်မှု Capital control ရင်းနှီးမှု ချုပ်ကိုင်ခြင်း ကို ကောင်းကောင်း နိုင်ပါမယ်။

ဒါကြောင့် မြန်မာကျပ် လဲလှယ်နှုန်းကို မကိုင်မဖြစ် ကိုင်ရမှာဖြစ်ပေမယ့် အချိန်ယူပြီး လေးလေးနက်နက် စဉ်းစားစေချင်တယ်။ စလုပ်တဲ့ အစီအစဉ် Plan တွေမှာ အနဲဆုံး ၅နှစ် - ၁ဝနှစ် စီမံကိန်းနဲ့ လူငယ်တွေကို ပညာတော်သင်လွှတ်၊ IMF ၊ Wolrld Bank တို့မှာ လက်တွေ့လုပ်ပါစေ။ Capital market ငွေကြေး ဈေးကွက် ကို ကောင်းကောင်းနိုင်တာ အမေရိကန်ပြည်က Wall Street နဲ့ London Financial market ပါပဲ။

မြန်မာလူငယ်တွေ အတွေ့အကြုံရအောင် လူတော်တွေမွေးပြီး ဒီဈေးကွက်တွေမှာ အလုပ်လုပ်ကြရင်း အတွေအကြုံ ယူကြပါစေ။ လွန်ခဲ့တဲ့ အနှစ် ၂ဝ က တရုတ်ဗဟိုဘဏ်ကို ပဲ့ကိုင်သူ တွေနဲ့ ယခုပဲ့ကိုင်သူတွေ မတူကြတော့ပါ။ ယနေ တရုတ်ပညာရှင်တွေဟာ ကမ္ဘာ့အဆင့်အတန်းမီတဲ့ လူတော်ပညာရှင်တွေ။ အနောက်နိုင်ငံတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို နောကြေတဲ့သူတွေ။

တိန်လျောက်ပိန်ရဲ့ စကားတခွန်းကို သွားသတိရမိတယ်။ “When our thousands of Chinese students abroad return home, you will see how China will transform itself " တဲ့။ နိုင်ငံခြားမှာ ရောက်နေတဲ့ ထောင်ချီတဲ့ တရုတ်ကျောင်းသားတွေ ပြန်ရောက်လာရင် တရုတ်ပြည်ကြီး ဘယ်လို ပြောင်းလဲသွားမယ်ဆိုတာ မြင်ရပါလိမ့်မယ်တဲ့။ ပညာရှိတဲ့ ခေါင်းဆောင်ဆိုတာ ရေရှည်ကိုကြည့်တတ် တာကိုး။

အမေရိကန် ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌက ၂ဝ၁၃ ခုနှစ်အထိ အတိုးနှုန်းမမြင့်ပါဘူးလို့ ထုတ်ပြောပြီးပြီ။ ဒါ့အပြင်
အမေရိကန်မှာ အလုပ်လက်မဲ့ တွေဟာ ကိုးရာခိုင်နှုန်း ကျော်နေတာကို ခုထိလျော့မချနိုင်သေးဘူး။ အမေရိကန် အစိုးရရဲ့ စီးပွားရေးကိုင်တွယ်ပုံ မမှန်ကန်တဲ့အတွက် အမေရိကန်ကုမ္ပဏြီကီးတွေဟာ ရင်းနှီးငွေ ဒေါ်လာ ၁၆,ဝဝဝ ဘီလျံ (၁.၆ထရီလီယံ) ကို နိုင်ငံက ဆွဲထုတ်သွားကြတယ်။ ဘဏ်တွေနဲ့ ကုမ္ပဏီကြီးတွေက နောက်ထက် ၁ ထရီလီယံ ကျော်ကျော်ကို မသုံးဘဲ ငွေ သားအဖြစ် ကိုင်ထားကြတယ်။ အစိုးရက ယုံကြည်အောင် မစွမ်းဆောင်နိုင် လို့ဘဲ။

ဒါကြောင့် စီးပွာရေးတိုးတက်ဖို့ ငွေကြေးလည်ပတ်မှုမရှိတော့ အမေရိကန် စီးပွာရေးဟာ မကြီးထွားဘဲ၊ လမ်း
အလယ်မှာ တန့်နေတယ်။ ပြဿနာက ဗဟိုဘဏ်က အတိုးနှုန်း ထပ်လျော့ဖို့ကလည်း အဆုံးနား ကပ်နေပြီ။
ဒါကြောင့် အမေရိကန် ဗဟိုဘဏ်က ဦးနေဝင်းရဲ့ (ဝါဇီ) အတိုင်း ဒေါ်လာတွေ ရိုက်ထုတ်ရတယ်။ တခုပဲ
ကွာတာက အမေရိကန် ဗဟိုဘဏ် က Electronic Printing လို့ခေါ်တဲ့ ကွန်ပြူတာကတဆင့် ဖြန့်ဝေပေးတာ။
ဒါကို လှလှပပ နာမည်ပေးထားတယ်။ Quantitative Easing (QE)တဲ့။ ဒုတိယ အကြိမ် ရိုက်ထုတ်ပြီးပြီမို့ ( QEII ) လို့ခေါ်ပါတယ်။ ထူးမခြားနားမို့ နောက်ထပ် (QE III) လာဦးမယ်လို့ ပညာရှင်တွေက ထင်ကြေးပေးနေကြပါပြီ။

အရပ်သားစကားနဲ့ ပြောရရင် နောက် ၃ ၊ ၄ နှစ် ဒေါ်လာဈေး မတက်နိုင်ဘူးလို့ ထင်မိတယ်။ ဒါကြောင့် ငွေကြေး ကစားသမားတွေ ရန်ကရှောင်ရအောင် ကျပ်ကို အရှင်မထားဘဲ ဒေါ်လာနဲ့ ချိတ်ထားတာက လောလောဆယ် အန္တရာယ်နည်းမလားလို့ ထင်မိတယ်။ ကြားထဲမှာ လူငယ်၊ လူတော် ပညာရှင်လေးတွေကို မွေးစေချင်တယ်။ ရမည်းသင်း ပတ်လည်ဘော်လုံးပွဲမှာ နိုင်တာနဲ့ ကမ္ဘာ့ဘော်လုံးပွဲမှာ ဘယ်သွားပြိုင်နိုင်ဦးမှာလဲ။ မြောက်ကိုရီးယား
တွေလို ခွက်ခွက်လန် ရှုံးရချည်သေးရဲ့။

နိုင်ငံရေးခေါင်းဆောင်တွေ စီးပွားရေး နားလည်ဖို့ လိုပါတယ်

နောက်ဆုံးတော့ စီးပွားရေးပေါ်လစီ ကိုလည်း နိုင်ငံရေး ခေါင်းဆောင်တွေကပဲ ဆုံးဖြတ်ရသလို ၊ တာဝန်ရှိတာ
လည်း နိုင်ငံရေး ခေါင်းဆောင်တွေပါပဲ။ အမေရိကန် သမ္မတ အိုဘားမား ရာထူးယူတော့ စီးပွားရေး ကမောက် ကမ ဖြစ်ချိန်ကြီး။ အိုဘားမားဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးတောင် မလုပ်ခဲ့ဘူးပါ။ ဒါကြောင့် ဘဏ်တွေပြုတ်ရင် ဒို့စီးပွားရေးတော့ ရေစုံမျောရချည်ရဲ့ဆိုတဲ့ ခြိမ်းချောက်မှုကို ကြောက်ပြီး ဘဏ်တွေကို ပံ့ပိုးခဲ့တာ။

ဘဏ်တွေရဲ့ရမ်းကားမှုကြောင့် ဖြစ်ပေါ်ရတဲ့ စီးပွားရေးဒုက္ခကို ကယ်တင်ဖို့ ဘဏ်တွေကိုဝင်ကူ ငွေပုံအောခဲ့တယ်။ ဘဏ်တွေက ငွေရွှင်ပြီး ငွေပုံအပေါ်ထိုင်ပြီး ငွေချေးရမှာကို ငွေမချေးတော့၊ အမေရိကန်ကုမ္ပဏီတွေက ငွေမလည်၊ မတိုးတက်ဘဲ အလုပ်မပေးနိုင်တာကြောင့် အလုပ်လက်မဲ့နှုန်းဟာ ၉ ရာခိုင်နှုန်းက မကျနိုင်ဘူး။ တဘက်ကလည်း ဘုရ်အစိုးရ ဘဏ်တွေကို ထိန်းချုပ်မှု နည်းလို့ ဖြစ်ရတာဆိုပြီး ဝိုင်းအပြစ်တင်ကြတော့ အပြစ်ကင်းအောင် ထိန်းချုပ်မှုတွေကို တိုးချဲ့လိုက်တာ အမေရိကန် ကုမ္ပဏီတွေအတွက် လုပ်ငန်းစရိတ်တွေ တက်ကုန်ပြန်ရော။ ၂ဝ၁၂ ရွေးကောက်ပွဲက နောက်နှစ်ဆို ရောက်လာပြီ။ စီးပွားရေးဦးထောင်အောင် မလုပ်နိုင်ရင် အလုပ်လက်မဲ့နှုန်း မကျရင်၊ ပြန်လည်အရွေးခံရဖို့ မလွယ်လှပါ။

တရုတ်တွေကတော့ သူတို့ခေါင်းဆောင်တွေကို ပိုးမွေး
မြန်မာနိုင်ငံမှာ ဦးဘငြိမ်းလက်ထက် ကတည်း က စီးပွားရေး ပေါ်လစီတွေ ချမှတ်တဲ့ နေရာမှာ တိုင်းပြည် အထိ နာမယ် ၊ မနာဘူး၊ နောက် ဆက်တွဲ ဖြစ်ပေါ်နိုင်တဲ့ ပြဿနာတွေကို
ထည့်သွင်း စဉ်းစားတာထက်၊ ပေါ်လစီ ချမှတ် သူတွေ ဖြစ်လိုတာကို ဖြစ်သလို ချမှတ်ကြတဲ့ အကျင့်ဟာ အရိုးထိဆွဲနေကြတယ်။ သုံးဆွဲနေတဲ့ ငွေစက္ကူတချို့ တရားမဝင်တော့ ဘူးလို့ ကြေငြာရဲတာက သက်သေထူခဲ့ပြီပဲ
သလို မွေးတာကြောင့် စီးပွားရေးကို ကောင်းကောင်း ကျွမ်းကျင်ကြတယ်။ အမေရိကန်နည်းတူ Stimulus လို့ခေါ်တဲ့ ငွေပိုကို စီးပွားရေး ဈေးကွက်ထဲ ထည့်တာပဲ။
ဒါပေမယ့် တရုတ်ကြီးက ဆောက်လုပ်ရေး ပရောဂျက်တွေ၊
ပြည်နယ်အစိုးရတွေ အထဲ ထည့်ပြီး လူတွေ အလုပ်ရအောင်
လုပ်၊ သက်သာအောင် ဆောင်ရွက်ပေးတော့ တခါတည်း စီးပွားရေး ခေါင်းထောင်လာပြန်တယ်။

အရင်တပတ်ကပဲ ငွေကြေးဖေါင်းပွမှု ဖြစ်မှာစိုးလို့ ဘဏ်တွေ အရံရန်ပုံငွေ တိုးဖယ်ထားရမယ်ဆိုပြီး အမိန့်ထုတ်တာ ယွန်ဘီလျံ ၉ဝဝ ဖိုး လည်ပတ်ငွေက လျော့သွား တယ်လို့
ဝေါလ်စထိ ဂျာနယ် (Wall St Journal) က သတင်းမှာဖေါ်ပြထားပါတယ်။ ဒါ မက်ကရို (Macro) အဆင့်က
လှလှပပ ကိုင်တာပဲ။ ခေါင်းဆောင်တွေစီးပွားရေး နားလည်တာပါ။

မနှစ်က အရှေ့ဒါးဖို့စ် (Davos East) လို့ခေါ်တဲ့ စီးပွားရေး ခေါင်းဆောင် လူတော် (Elite) တွေဆုံတဲ့ အခမ်းအနား
မှာ သတင်းသမားတွေနဲ့ အမေးအဖြေလုပ်ခဲ့ရာ တရုတ်ဝန်ကြီးချုပ် ဖြေကြား သွားတာတွေဟာ သိပ္ပံပညာရှင် စတီပင်ဟောကင်း (Stephen Hawking) ရဲ့ ပို့ချမှုကို နားထောင်ရသလို တန်ဖိုး ရှိမှရှိပဲ။

လီကွမ်ယူဟာ စီးပွးရေး ကျွမ်းကျင်သလို မလေးရှားက မဟာသီဟာလည်း အင်မတန် တော်တဲ့ ခေါင်းဆောင် တယောက်ပါပဲ။ ၁၉၉၇ ခုနှစ် အာရှငွေကြေး ပြဿနာပေါ်တော့ မလေးရှားဝန်ကြီးချုပ် မဟာသီဟာ ကမ္ဘာ့ငွေကြေး
ဈေးကွက်ကို ကောင်းကောင်း နားလည်တဲ့ ပညာရှိ လူတော် Tan Sri Nor Mohamed Yakcop ကို ကမ္ဘာငွေ လဲလှယ်ဈေးကွက် Forex အကြောင်း အာဂျင်တီးနားမှာ အစည်းအဝေး တက်တုန်း ခေါ်ရှင်းပြခိုင်းတယ်။ ပြီးတော့ မင်းငါ့ကို အခုရှင်းပြတာ သွားပြီးရေးချေ ဆိုပြီး ခိုင်းလိုက်တယ်။ အဲဒီကစပြီး မလေးရှား ဝန်ကြီးချုပ် မဟာသီယာဟာ
ငွေကစားသူတွေကို ငွေပင်ငွေရင်း ထိန်းချုပ်မှု Capital Control နဲ့ ရအောင်ကိုင်သွားတယ်။ ဒီပညာရှင်ဟာလည်း
ပထမ အကြံပေးကနေ ဝန်ကြီး ဖြစ်လာတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီပညာရှင်၊ မလေးဝန်ကြီးချုပ်ကို ရေးးပြခဲ့တဲ့ စာစု ၄၅ခု ကို စာအုပ်အဖြစ် ပြန်ဖေါ်ပြထားတဲ့ Notes to the Prime Minister: The Untold Story of How Malaysia Beat the Currency Speculators ဆိုတဲ့စာအုပ် လောလောလတ်လတ် လွန်ခဲ့တဲ့အပတ်ကမှ ပူပူနွေးနွေး ထွက်လာပါတယ်။

ငွေကြေးဈေးကွက် ကိုစိတ်ဝင်စားသူများ၊ လေ့လာသူများ၊ ပေါ်လစီဆုံးးဖြတ်ရမယ့် လူကြီးမင်းများနဲ့ အကြံပေး ပုဂ္ဂိုလ်အားလုံး ဖတ်သင့်တဲ့ စာအုပ်လို့ သတင်းကောင်းပါးလိုက်ပါရစေ။

အိုင်အမ်အက် (IMF) ကိုဘာကြောင့် အကူအညီ တောင်းရတာလဲဆိုပြီး မေးခွန်း ထုတ်ချင်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ အာရှငွေငွေကြေး ပြဿနာ၊ မက်စီကို စီးပွားရေးပြဿနာ၊ ယနေ့ဂရိ၊ ကမ္ဘာမှာ ငွေကြေးပြဿနာ
ပေါ်တိုင်း IMF ကဝင်ကူရတာ ချည်းပါပဲ။ ဒါသူ့ရဲ့ တာဝန်ကိုး။ ဒါကြောင့် (IMF)ဟာ အတွေ့အကြုံရှိတယ်။
ငွေအင်အားတောင့်တယ်။ စာရေးသူ အမြင်အရ ငွေပင်ငွေရင်း ထိန်းချုပ်မှု Capital Control အတွက်လည်း အကြံဉာဏ် တောင်းသင့်တယ်။

တချို့ ငွေရှင်ကြေးရှင်တွေ၊ ကုမ္ပဏီကြီးတွေရဲ့ ဝင်ငွေဟာ မြန်မာနိုင်ငံလို ဆင်းရဲသား နိုင်ငံတွေရဲ့ ထွက်ကုန် ဝင်ငွေထက် ပိုကြတယ်။ ဒါကြောင့် အကယ်၍များ ဒင်းတို့ ငွေကြေးကစား တိုက်ခိုက်လာရင် မြန်မာနိုင်ငံမှာ
ခုခံနိုင်တဲ့ ဓနအင်အား မရှိဘူး။ IMF ရဲ့ အကူအညီ လိုလာလိမ့်မယ်။ တချိန်ထဲမှာ IMF က အကူအညီပေးဖို့ဆို ဒီမိုကရေစီ ရှိရဲ့လား၊ လွပ်လပ်ခွင့်ရှိရဲ့လား၊ ပွင့်လင်းမှုရှိရဲ့လားဆိုတဲ့ အချက်တွေကို သုံးသပ်လာလေ့ရှိတယ်။ ပိုမိုပွင့်လင်းတဲ့ ဒီမိုကရေစီကို ဦးတည်ဖို့ အခွင့်ကောင်းပါပဲ။

နိုင်ငံတခု စီးပွားရေးအောင်မြင်ဖို့ ဆိုတာ စီးပွားရေးအခြေခံ တွေရှိရပါမယ်။ ထို့အပြင် အခြေခံအဆာက်အအုံတွေ တည်ဆောက်ရပါမယ်။ ဦးနေဝင်းဟာ အင်စတီကျူးရှင်းလို့ခေါ်တဲ့ လူ့ဝန်းကျင်ရဲ့ အဆောက်အအုံဟူသမျှကို စစ်တပ်ကလွဲ၍ ကျန်တာတွေကို ဖျက်စီးခဲ့သလို၊ ဆိုရှယ်လစ်စီးပွားရေး တည်ဆောက်မှုကာလက အားလုံးကို
ပြည်သူပိုင် သိမ်းခဲ့တာကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေး အခြေခံ အုတ်မြစ်ဟူသမျှ ပျက်စီးခဲ့ရပါတယ်။

နိုင်ငံတိုင်းအတွက် အရေးအကြီးဆုံးက လူသားအရင်းအမြစ်လို့ ခေါ်တဲ့ စီးပွားရေးကို တည်ဆောက်မယ့် လူ တွေပဲ။ မြန်မာနိုင်ငံဟာ အကြောင်းကြောင်းကြောင့် ပညာတတ်တွေ၊ တိုင်းပြည်ကို အကျိုးပြုလိုသူတွေဟာ တိုင်းပြည်ကို စွန့်ခွာခဲ့ရတယ်။ ကမ္ဘာအနှံ့ပြန့်နေတဲ့ ဒီလူတွေဟာ ရပ်တည်နိုင်ဖို့ ကြိုးစားကြရင်း မျက်စိတွေပွင့်၊ ကမ္ဘာ့အမြင် အတွေ့အကြုံတွေ ရှိလာကြတယ်။ လူတိုင်းအတွက် မိမိမွေးဖွားရာ မိခင်တိုင်းပြည်ဆိုတာ တခုတည်းရှိတာပါ။ မိခင်တိုင်းပြည် တိုးတက်ဖို့ အစိုးရတဦးတည်းက မဆောင်ရွက်နိုင်ပါ။ လူတိုင်း ပါဝင်ပံ့ပိုးကြမှ အောင်မြင်ကြတာပါ။

စီးပွားရေးမှာ မုချဧကန် အမြတ်ရနိုင်မှာ စွန့်စားမည် ဆိုလျှင် ဘာမှလုပ် နိုင်စရာမရှိပါ။ မသေချာ၊ မရေရာတဲ့
ကြားက စွန့်စားရဲမှ “အမြတ်” ဆိုတာကို ခံစားနိုင်မှာပါ။ ငွေသား အကျိုးထက် ပြည်သူတွေရဲ့ အပြုံးကို မြင်ရခြင်း ကိုလည်း “အမြတ်” လို့ မသတ်မှတ်နိုင်ဘူးလား။ စဉ်းစားစရာပါ။

Ref:mizzimaburmese news
(အပိုင်း ၂ ကို ဆက်လက်ဖော်ပြပါမည်။)

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!