Popular Posts!

Wednesday, February 27, 2019

George Soros Sold Facebook, Netflix, and Goldman Stock Just Before They Tumbled

ဂျော့ဂ်ျ​ ဆိုးရော့စ်​ ကတော့ တက္ခနိုလိုဂျီ စတော့တွေကို ထုတ်​ရောင်းနေပြီ......


စတော့ရှယ်​ယာတန်​ဖိုးတွေ ထိုးကျနေချိန်​၌ ဆိုးရော့စ်​ကတော့ ဒေါ်လာ ၁၇သန်းထက်​ ပိုပြီး အရှုံးခံတော့မည်​ မဟုတ်​တော့ ဟု ဆိုကာ လက်​ထဲ ရှိတဲ့ Facebook,Netflix,Goldman Sachs တို့၏ စတော့ များကို ထုတ်​ရောင်းပစ်​သည်​။ ဈေးကွက်​ရေးရာ ကျွမ်းကျင်​သူများတို့က သုံးသပ်​ရာ၌ စတော့ဈေးတွေ အကျ မှာ ဆိုးရော့စ်​ က အခုလို ရောင်းတာနှင့်​တိုက်​ဆိုင်​နေခြင်းသည်​ ဈေးကွ က်​ ကို ပိုပြီး သွေးပျက်​စေနိုင်​ပြီး လူတွေက အရောင်းထိုင်​မှု့ ပို၍ တိုးလာနိုင်​ကြောင်း သုံးသပ်​ ယူဆ ထားကြသည်​။ အရင်​နေ့က ပိုစ့်​ မှာ ရေးခဲ့သလို ထိပ်​တန်းကုမ္ပဏီကြီး ၅ခုတို့၏စတော့ ဈေးကျ ဆင်းမှု့ ကြောင့်​ ဆုံးရှုံးမှု့တန်​ဖိုးဒေါ်လာ၁ ထရီလီယံ အထက်​ ရှိနေလို့Investorsတို့ကနောက်​ထပ်​ ဆက်​ကျမည့်​ အရေးကို စိုးရိမ်​ထိတ်​လန့်​နေကြသည်​။ 

ဒီနှစ်​ထဲ၌ တက္ခနိုလိုဂျီ ကုမ္ပဏီကြီးတွေ အတွက်​တော့ဂြိုလ်​ဆိုးဝင်​သလို ပင်​ ဖြစ်​နေကြသည်​။ 
  • နှစ်​အစကနေယခု အချိန်​အထိ Facebook ရှယ်​ယာ တန်​ဖိုးသည်​ ၂၀% အထိ အကျ ရှိနေသည်​။
  •  Goldman Sachs ရှယ်​ယာတန်​ဖိုးသည်​ ၁၅% အထိ အကျရှိနေသည်​။ 
  • Netflix ရှယ်​ယာ က အဆိုးဆုံးဖြစ်​နေပြီး၂၉% အထိ အကျ ပြနေသည်​။

စတော့ ဂုရု ကြီးတွေကတော့ ဆိုးရော့စ်​ လုပ်​ရပ်​ မှန်​ကန်​ကြောင်း ထောက်​ခံမှု့ လုပ်​ကြပြီး ဒီလူက ဒေါ်လာ ၁၇ .၇သန်း အရှူံးရှိမှု့ နှင့်​တင်​ စိတ်​အေးရပြီဖြစ်​ကြောင်းနှင့်​ နောက်​ထပ်​ ဒီ့ထက်​မက စတော့ တန်​ဖိုးများ ဆုံးရှုံးစ ရာ အနေအထား၌ ရှိနေကြောင်း အများစုက သုံးသပ်​ယူဆ ထားကြသည်​။ဟုတ်​ မဟုတ်​။ မှန်​၊ မမှန်​တော့မသိ။ ဆိုးရော့စ်​ ဆိုတဲ့လူက ပေါ့သေးသေးတော့မဟုတ်​။
  •  စတော့ ဈေးနှုန်းများထိုးကျမှု့ ၌ ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ်​ကြီး Jeff Bezosလည်းစက်​ကွင်းမလွတ်​နိုင်​ပေ။ စက်​တင်​ဘာနောက်​ပိုင်း ကနေ ကြည့်​ပါက ၎င်း၏ ဆုံးရှုံးတန်​ဖိုးစုစုပေါင်းသည်​ဒေါ်လာ ၄၂ဘီလီယံကျော်​ ရှိနေပါပြီတဲ့။ 
  • Facebook CEO MarkZuckerberg လည်းဇူလှိုင်​ လ  နောက်​ပိုင်း၌ ဒေါ်လာ ၃၄ဘီလီယံ ဆုံးရှုံး မှု့ ရှိနေရာကနေလက်​ရှိအချိန်​၌ ဒေါ်လာ ၅၂ဘီလီယံ ကျော်​အထိဆုံးရှုံးမှု့ ရှိနေသည်​တဲ့။
  • Google သူဌေး ၂ဦးဖြစ်​ကြတဲ့ Larry Page နှင့်​Sergey Brin တို့၏ ဆုံးရှုံးမှု့ တန်​ဖိုးသည်​ ဒေါ်လာ၂၀ဘီလီယံ ကျော်​အထိရှိနေသည်​။ Google ရှယ်​ယာဈေးနှူန်းများသည်​လည်း နှစိအစကနေ ယခု အချိန်​ကာလ အတွင်း၌ ၂၀% ထက်​မနည်းကျဆင်းနေပြီး၂၀၁၁နောက်​ပိုင်း အဆိုးဆုံး အနေအထား၌ ရှိနေပါသည်​။

ကမ္ဘာ့ အကြီးဆုံးစာရင်းဝင်​ ကော်​ပိုရေးရှင်းကြီးတခုဖြစ်​တဲ့ GE ကုမ္ပဏီသည်​လည်း အခြေအနေမကောင်း။ ၂၀၁၅ နှင့်​ ၂၀၁၇ ကာလအတွင်း၌ ရှယ်​ယာ Buybackလုပ်​နေရတာ ရှယ်​ယာဈေးနှုန်းဒေါ်လာ ၂၀နှင့်​ ၃၂ကြားမှာ စုစုပေါင်းဝယ်​ယူမှု့ တန်​ဖိုး ဒေါ်လာ ၄၀ဘီလီယံအထိ ရှိခဲ့ပြီး ဆက်​တိုက်​ဆိုသလို Share Buybackလုပ်​သည့်​တိုင်​ ရှယ်​ယာဈေးက တက်​မလာဘဲ လက်​ရှိ၌ ရှယ်​ယာတစောင်​ ကို ဒေါ်လာ ၇.၈၁၀န်းကျင်​သာ ရှိနေတော့သည်​။

GE ရဲ့ ကြွေးမြီကလည်းဒေါ်လာ ၁၀၀ဘီလီယံ ကျော်​အထိ တိုးလာခဲ့သည်​။ Share buybackလုပ်​ခြင်းဖြင့်​ ရှယ်​ယာဈေးနှုန်းကို မထိန်းထားနိုင်​ဘဲ ကြွေးမြီသာ တိုးလာခဲ့ သည်​။အဲဒီတော့ GE ကုမ္ပဏီကြီးပြိုလဲ သွားနိုင်​သည်​ အထိစိုးရိမ်​စရာ အနေအထားမျိုးတောင်​ ပြောလာကြသည်​။

အဲဒိတော့ အမေရိကန်​ စတော့ ဈေးကွက်​သည်​ အလွန်​တောင့်​တင်းခို​င်​မာမှု့ ရှိပြီး လူပုဂ္ဂိုလ်​ တဦးချင်းစီတို့ကလှုပ်​ခတ်​ ယိုင်​နဲ့အောင်​ လုပ်​လို့မရ ပါ ဟု ကျွန်ုပ်​အားအာဘော်​လွန်​ ဝေဖန်​သူများတို့ အတွက်​တော့လက်​ရှိဒေါ်နယ်​ထရမ့်​ နှင့်​ ရှီကျင့်​ဖျင်​တို့ မွှေ လိုက်​တာ ခပ်​ပါးပါးလေးဘဲ ရှိသေးတာကို လှုတ်​ခပ်​မှု့ ဆုံးရှူံးမှု့ ဒီလောက်​အထိ ရှိနေသည်​ကို ဆင်​ခြင်​ကြည့်​ကြပါ။

ကုန်​သွယ်​စစ်​ အကြောင်း ပြည်​တွင်းမီဒီယာတို့ထက်​စောလျင်​စွာ ရေးသား သည့်​အခါတုန်းကလည်းအစိုးရိမ်​လွန်​နေတာပါ။ ကုန်​သွယ်​စစ်​ က လေ ထဲတင်​ ပြီးမှာပါ ဆိုသည့်​ သူများလည်း လက်​ ရှိ အခြေအနေကိုရိပ်​မိလောက်​ရောပေါ့။ ဂျော့ဂ်ျ​ ဆိုးရော့စ်​တယောက်​ Facebook ရှယ်​ယာ အပါ အ၀င်​တက္ခနိုလိုဂျီ စတော့တွေ လိုက်​၀ယ်​နေတဲ့ အချိန်​တုန်းကလည်း အဲဒီလူက စတော့ဈေးကွက်​ အကျ ရိပ်​ရှိလာချိန်​မှာ အဆင်းကို ဘီးတပ်​ ပေးသည့်​ အနေဖြင့်​အစုလိုက်​ အပြုံလိုက်​ ပြန်​ရောင်းထုတ်​နိုင်​တယ်​လို့ ရေးသား ခဲ့ဖူးသည်​။ အဲတုန်းက လည်း ဝေဖန်​ခံရဖူးသည်​  ။
 ကဲ အခုတော့ ဆရာကြီးများ၊ဝေဖန်​ သူများ အနေဖြင့်​ အခုအခြေအနေကို ရိပ်​မိလောက်​လောက်​ရောပေါ့။

#KoNayNay





George Soros Sold Facebook, Netflix, and Goldman Stock Just Before They Tumbled



Billionaire investor and liberal activist George Soros has been known for investing moves that have succeeded wildly—and also for ones gone horribly wrong.

Chalk up three recent moves in his win column. 

Soros Fund Management, which Soros founded and chairs, exited social-network giant Facebook (FB) completely in the third quarter, while also slashing positions in Netflix stock (NFLX) and Goldman Sachs Groupstock (GS). Those three stocks have tumbled in the fourth quarter so far, with Facebook and Goldman setting new lows Tuesday. They are down almost 20% and 15%, respectively, so far this quarter. Highflying streaming-content giant Netflix has tumbled almost 29% since the end of September.

Soros saved a chunk of cash by selling: Barron’s estimates that, had he maintained positions in those stocks, he would have unrealized losses of about $17.7 million so far in the fourth quarter.


Soros Fund Management revealed the investment changes in a filing to the Securities and Exchange Commission last week. The firm declined to comment on its trades. The fact that Soros Fund Management sold its entire Facebook position doesn’t necessarily mean Soros isn’t still invested in the company through personal holdings or other means, or that his fund hasn’t bought any Facebook stock since the start of the fourth quarter. 

While selling Facebook, Netflix, and Goldman stock, Soros Fund Management initiated positions in Alibaba Group Holding (BABA) andMicron Technology (MU), according to the filing.



Soros Fund Management, which handles the Soros family’s money, owned 159,200 shares of Facebook at the end of the second quarter (a new purchase that quarter, as it didn’t own any Facebook stock at the end of the first), and sold them all by the end of the third quarter, which closed at the end of September. 

Facebook stock tumbled to an intraday low of $126.85 on Tuesday, a level the shares last traded at in January 2017.


Public criticism of Facebook has only increased since then, particularly following a Nov. 14 report by the New York Times that top executives Mark Zuckerberg and Sheryl Sandberg denied the impact of Russian election meddling on the site and sought to deflect criticism to the company’s rivals. The Times reported that those efforts included hiring a Republican opposition research firm to draw connections between Facebook critics and Soros, who is often a target of conservative ire—and of anti-Semitic smear campaigns. 

Faceook has pushed back against the Times report as inaccurate, taking particular exception to the characterization of its work with Definers, the opposition research firm.


“We’ve acknowledged publicly on many occasions—including before Congress—that we were too slow to spot Russian interference on Facebook, as well as other misuse,” the company said last week. “But in the two years since the 2016 Presidential election, we’ve invested heavily in more people and better technology to improve safety and security on our services.” 

Read more: Soros: Beware IT Monopolies Facebook, Google

Zuckerberg said in an interview with CNN on Tuesday. “A lot of the criticism around the biggest issues has been fair, but I do think that if we are going to be real, there is this bigger picture as well, which is that we have a different world view than some of the folks who are covering us,” he said.

Soros Fund Management sold all its Facebook stock before the end of the third quarter, prior to publication of the New York Times report. Following the report, the head of Soros’ Open Society Foundations criticized what it called “Facebook’s smear campaign” against Soros.

Soros Fund Management also sold 106,400 shares of Netflix in the third quarter, chopping its stake by 89%. Only 13,800 Netflix shares were left in Soros Fund Management’s hands at the end of September. Netflix stock began to slip in October on investor skepticism about future profitability.

Goldman Sachs stock has plunged since the Justice Department earlier this month revealed charges against two of the bank’s former employeesfor their roles in issuing bonds from 1Malaysia Development Bhd, or 1MDB, while still working for Goldman. The bank itself hasn’t been charged, but has warned investors that the investigation could result “in the imposition of significant fines, penalties, and other sanctions.” 

Soros Fund Management was already more than half out of its Goldman position before the 1MDB news broke. Soros Fund Management’s stake had shrunk to 28,206 Goldman shares at the end of September, from 64,814 shares at the end of June. 

American depositary receipts of Chinese web giant Alibaba slid 11.2% in the third quarter, pressured by the continuing trade dispute between the U.S. and China. At some point during that period, Soros Fund Management bought 91,200 of them. With still no end to the trade war in sight, Alibaba stock has slipped another 11% so far in the fourth quarter.

Soros Fund Management also bought 490,100 shares of chip maker Micron in the third quarter. Like Alibaba, Micron stock ended the third quarter in the red, and has continued to fall. Micron stock slid nearly 14% in the third quarter, and is down nearly 20% so far in the fourth quarter, as the demand outlook has worsened.

If Soros Fund Management still maintains those stakes in Alibaba and Micron, they are sporting a combined $6.2 million paper loss so far in the last quarter of 2018.

Ref:https://www.barrons.com/articles/george-soros-sold-facebook-stock-just-before-it-tumbled-1542801600

ဝါးကို မှိုမတက် ပိုးမထိုးအောင် ဘယ်လိုလုပ်ရမလဲ?

ဝါးကို မှိုမတက် ပိုးမထိုးအောင် ဘယ်လိုလုပ်ရမလဲ?

     25/02/2019 10:52 AM     




Photo - ဝါးများပိုးမထိုးအောင်ကာကွယ်ထားရှိပုံ (ဓာတ်ပုံ - U Khin Maung Fb Page)


ဝါးကို မှိုမတက် ပိုးမထိုးအောင် ဘယ်လိုလုပ်ရမလဲ လို့ မေးနေကြတဲ့ မိတ်ဆွေများအတွက် ဗဟုသုတရစေရန်အလိုငှာ လက်လမ်းမှီသလောက် နည်းလမ်းများကို ဝေမျှပေးလိုက်ပါတယ်ခင်ဗျ


၁) #Boric_Acid နှင့် Borax Powder ဖြင့် ဆေးစိမ်ခြင်း

×××××××××××××××××××××××××××××××××

အများအခေါ်အဝေါ် (လက်ချားအမူန့်) Boric powder နဲ့ Borax acid ကို ၁ ဆ နှင့် ၁ဆ ခွဲ ရောပြီး ၁ ပေါင်လျှင် ရေ၃ဂါလံ နှင့် ၅ ရက်ခန့်စိမ်ခြင်း ဖြင့် ဝါးများကို မိုမတက် ပိုးမထိုးအောင်ကာကွယ်နိုင်ပါတယ်။

ဝါးအတွင်းရှိ သကြားရည်သည် ရေထက်ပြစ်သည်။ ဝါးကို ကန်အတွင်း စိမ်ထားပါက သကြားရည်များထွက်ကာ အချဉ်ပေါက်လာသည်။ နောက်ထပ်တဖန်စိမ်သောအခါ အလျဉ်ရလာသောကြောင့် လေးရက်ခန့်ကြာလျှင် အချဉ် ပေါက်လာသည်။ ပိုးများကြိုက်သော သကြားဓါတ်များကုန်၍ ပိုးမစားကြောင်းသိရသည်။ ငွေကြေးသက်သာသော် လည်း ကြာကြာထားပါက အပုတ်နံ့ထွက်လာ၍ ရေအနည်းငယ်ချန်ကာ ရေလှဲလယ်သင့်သည်။


၂) #ပင်လယ်ရေတွင် စိမ်ပြီး နေလှမ်းအခြောက်ခံခြင်း 

××××××××××××××××××××××××××××××

စီးဆင်းနေသော ရေတွင် သုံးပတ်မှ တစ်လ အထိ စိမ်ထားပါက သကြားရည်နေရာတွင် ရေအစား ဝင်ရောက်သွားသည်။ ထိုကြောင့် ရေစိမ်ဝါးသည် ပိုးမစားကြောင်း တွေ့ရသည်။ ဝါးကို ရေစိမ်ပါက အရောင်ပြောင်းလဲစေသည်။ ရူပ နှင့် အားအင်ဆိုင်ရာများဆုံးရှုံးစေသောကြောင့် ခံနိုင်ရည်ကျဆင်းစေသည်။


၃) #ကြပ်တိုက်ခြင်း

×××××××××××

ဝါးကို ကြပ်တိုက်ခြင်းဖြင့်လည်း ကြာရှည်ခံအောင် ပြုလုပ်နိုင်သည်။ မှိုင်းတိုက်ခြင်း ၊ မီးရှို့ရန် မီးသွေး ၊ ထင်း ၊ ဂတ်(စ်) တို့ကိုအသုံးပြုနိုင်သည်။ မီးလောင်စာကြောင့် ဝါးသည် သိပ်သည်းလာပြီးပိုးမွှားအန္တာရာယ်ကာကွယ်နိုင်သည်။


၎) #တန်ဆောင်မုန်းလ (သို့) ဒီရေကျချိန်တွင် ဝါးကို ရွေးချယ်ခုတ်ခြင်း

××××××××××××××××××××××××××××××××

ဝါးသည် သဘာဝ နှင့် ဆက်စပ်မူအလွန်ရှိသည်။ ဒီရေ တက်လျှင် ဝါးပင်တွင် ရေများတက်ပြီး ဒီရေကျချိန်တွင် ဝါးပင်အတွင်းတွင် ရေများကျသွားတတ်သည်။ လ၏ဆွဲငင်အားဖြင့် မြေကြီးအတွင်းမှ အစာရည်က ဆွဲစုပ်ယူသည်။ လပြည့်ရက်တွင် ဝါးအဆစ်အတွင်း သကြားရည် ပြည့်နေတတ်သည်။ ထို့ကြောင့် လကွယ်ရက်(သို့) တန် ဆောင်မုန်းလတွင် ဝါးခုတ်ပါက ပိုးမွှားအန္တာရယ်သက်သာသည်။


၅) #နေရောင်မရှိချိန်တွင် ဝါးကို ရွေးချယ်ခုတ်ခြင်း 

×××××××××××××××××××××××××××××××

သစ်ပင်တို့၏ သဘာဝသည် အစာချက်ရန် နေရောင်လိုအပ်သည်။ ဝါးပင်သည်လည်း အစာမချက်သောနေရောင် မရှိသောအချိန်တွင် ခုတ်ယူပါက ပိုးစားသက်သာကြောင်းတွေ့ရသည်။


၆) #အပင်တွင် အပြတ် မခုတ်ပဲ အနည်းငယ်ချန်ကာ အရွက်ကျမှ သိမ်းခြင်း

××××××××××××××××××××××××××××××××

ကိုယ်ပိုင်စိုက်ခင်းဖြစ်ပါက သက်တမ်းမှန်သော ဝါးကိုရွေးချယ်ပါ။ အောက်ဆုံးအဆစ်မှ တစ်လက်မလောက်ချန်ထား၍ ပြတ်မသွားအောင် ခုတ်ပါ။ ခုတ်စာထွက်သွေားသောနေရာကို သပ်ခုထားပြီး တခြားအပင်ကို မှီထားပါ ။ ၂ ပတ် ၃ ပတ်ကြာသောအခါ သကြားရည်ထွက်သွားမည်။ ကျန်ရှိသော သကြားဓါတ်ကိုလည်း အရွက်များက အစာချက်၍ သကြားဓါတ်နည်းသွားမည်။ ဝါးအတွင်း ကျန်ရှိသောသကြားရည်သည်လည်း အချဉ်ပေါက်ပြီး အယ်(လ်)ကိုဟောသို့ပြောင်းကာ ပိုးမွှားများမကြိုက်တော့ပါ။ ယခုနည်းသည် အကောင်းဆုံး ဝါးခုတ်နည်း ဖြစ်ပါသည်။

အားလုံးအဆင်ပြေကြပါစေ

Source - ဆရာဝင်းကျော်ဦး။ လေးစားရမည့် ဝါးပင်တို့၏ သဘာဝ စာအုပ်မှ




Monday, February 25, 2019

CSR -Corporate social responsibility





သီလဝါကနေ ရန်ကုန်လေဆိပ်ကို taxi သမားက နိုင်ငံခြားသားကို ၇၀၀၀၀ကျပ်ဆိုပြီး ဂျင်းထည့်တယ်။

အွန်လိုင်း ရှော့ပင်းရောင်းတဲ့သူတွေက ၁၀၀၀ တန် ပစ္စည်းကို ၅၀၀၀ တင်ရောင်းတယ်။ ဒါ ပို့ခ မပါသေးဖူး။

ကင်မရာအဟောင်းရောင်းဝယ်တွေက အသစ်ဈေး တစ်သိန်းတန်လောက်ကို ကိုယ်က တစ်နှစ်လောက်သုံးပြီး ၉၀၀၀၀ ကျပ်ဆိုပြီး ပြန်ရောင်းတယ်။ သူတစ်နှစ်သုံးတာက သူပစ္စည်းဖို့ အရင်းကျေနေပြီ။

စားသောက်ဆိုင်တွေမှာ  အစားအသောက်တမျိုးမျိုးကို ၁၅၀၀ လောက်နဲ ရောင်းရင်တောင် အမြတ်ထွက်နေပြီကို သုံးလေးထောင် တင်ရောင်းတယ်။

မြေဈေးကွက်မှာလည်း ၅၀တန်မြေကွက်ကို ၁၅၀လောက်နဲ ပစ်ရောင်းကြတယ်။ အကျိုးဆောင်ဆိုသူများကလည်း ဈေးပိုရလေ သူတို့ အတွက် ပိုကျန်လေဆိုပြီး လောဘနဲ မတော်မတရား ဈေးတင်ပေးကြတယ်။

အဌားဆိုလည်း ကျပ်တစ်သိန်းတန် အခန်းကို တစ်သိန်းခွဲလောက်ရအောင် တင်ကြတယ်။ လိုအပ်ချက်များတော့ ဈေးတင်လည်း လာဌားမှာပဲ ဆိုပြီး လုပ်ကြတယ်။

အခု ရုပ်ရှင်ရိုက်တဲ့နေရာမှာဆိုလည်း ဘာထူးလဲ။ ဖြတ်လျောက်ခန်းတွက် တစ်နာရီ ဒေါ်လာ ၃၀ ပေးမယ်ဆိုတာ မြန်မာလက်ထဲရောက်တော့ တစ်နေ့ကို ကျပ်၁၅၀၀၀ ဖြစ်သွားတယ်။
ရိုက်ကွင်းပတ်လည်က ဆိုင်တွေ ဘယ်လောက်ရောင်းရလဲ မသိ။ ဆိုင်ပိက်ခ အနေနဲ တစ်ရက်ရောင်းရငွေ ကျပ်သိန်း၂၀ ဆိုပြီး ယူတယ်။ အခွန်တော့ ဆောင်ရဲ့လား မသိ။

ကုမ္ပဏီတွေဆိုလည်း ဘာထူးလဲ။ အစိုးရကို အခွန်ပေးရမှာ အသေကြောက်ပေမယ့် စားသုံးသူဆီက အမြတ် မတရားယူဖို့ ဝန်မလေးကြဖူး။
အစိုးရ ဝန်ထမ်းတွေလည်း ကိုယ့်ရဖို့ပဲ တွေးကြတာ များတယ်။ တင်ဒါခေါ်တဲ့ စနစ်တွေ သာချပြရရင် ဝန်ထမ်းတွေ အကုန်ပြုက်လောက်တယ်။

စည်းစောင့်စည်းမှုဆိုတာ မြန်မာပြည်မှာ ခပ်ရှားရှားရယ်။
ပြီးတော့ အမြတ်မတရားလိုချင်လွန်းကြပေမယ့် Service ဆိုတာ နားမလည်ဖူး။

သူများဆီက တခုခု ယူပြီးရင် ပြန်ပေးရမယ် ဆိုတာ နားမလည်ကြဖူး။ တန်ဖိုးဆိုတာ သူနေရာနဲ သူရှိတယ် ဆိုတာ လက်မခံလိုကြဘူး။ ဥပမာ ဖုန်းတစ်လုံးကို သိန်းကျော်ပေးပြီး ဝယ်ဖို့ ပြင်ကြပေမယ့် ပန်းချီကားတချပ်ကိုကျ သောင်းကဏန်းပေးရမှာ လက်တွန့်ကြတာမျိုး။

မြန်မာပြည်ဆိုင်အတော်များများက ဆိုင်ဝန်ထမ်းအများစုဟာ မျက်နှာထား တင်းတင်းပါ။ တောသားရုပ်ပေါက်ရင် ပိုဆီုးတယ်။
 တခါကလည်း ကင်မရာဆိုင် ကိုယ်ဝယ်ဖို့ မေးတာ မဝယ်နိင်ဖူး ထင်ပုံရပါတယ်။ မပြောချင်သလို ပြောချင်သလိုနဲဈေးပြောတယ်။ social မှာ တင်တာ တဈေး ကိုယ်မေးတဲ့ချိန်ကျ အမြင့်ဈေး တစ်ဈေး။

မြန်မာတွေလောက် လောဘကြီးတာ မြန်မာပဲ ရှိတယ်။
ရတဲ့ မတော်မတရား ပိုက်ဆံတွေနဲကျ နောင်ဘဝကောင်းအောင် ဆိုပြီး အလှူဒါနတွေ ပြုလိုက်ကြတာ မနည်းမနော။

CSR ဆိုတာ အခုမှ သဘောပေါက်ကြပေမယ့် မြန်မာကုမ္ပဏီ လုပ်ငန်း အများစုဟာ ဝန်ထမ်းတွေ ရှေ့ရေးကို ဘယ်သော်အခါမှ မစဉ်းစားပေးကြဘူး။

နိုင်ငံခြားကုမ္ပဏီကြီးတွေ လာတယ်။ လစာပေးရင် နိင်ငံတကာစနစ်အတိုင်း ထိုက်သင့်သလောက်ပေးတယ်။ ပြည်တွင်းကုမ္ပဏီတွေနဲ ပူးပေါင်းတယ်။ လစာဟာ အောက်ဆုံးအဆင့်ဖြစ်သွားတယ်။ ကိုယ့်မြန်မာ့အချင်းချင်း ပိုရစေဆိုတဲ့ စိက်ဓါက်လုံးဝမရှိကြဘူး။

မြန်မာပြည်က HR department က လူတွေကို မေးချင်တာ လခများများရတယ် ဆိုတာ ကိုယ့်အတွက်ပဲကြည့်ကြတာလားဆိုတာပဲ။ သင်တန်းတွေမှာတော့HR သင်ရိုးတွေဟာ တကယ့်ကို ကောင်းလိုက်တာ။ 
လက်တွေ့ အလုပ်ခွင်မှာ HR Department တွေဟာ HR သင်ရိုးကို လိုက်လုပ်တာ မရှိသလောက် ရှားတယ်။

အဲ ပြည်ပက ဘွဲ့ရလာလို့ မြန်မာပြည်မှာ အလုပ်လာလုပ်တယ်။ ဘာထူးလဲ။ ကိုယ့်လစာအမြင့်ရရှိရေးအတွက်သာ ကြည့်ပြီး တခြားသူဆို ဖိတွယ် နိပ်ကွပ်ဖို့ ချောင်းကြတယ်။
ပွဲတွေမှာ အဆင့်တန်းမြင့်မြင့်စကားလုံးအလှတွေ သုံးကြပေမယ့် သူတို့စိက်တွေဟာ အထင်းသားပေါ်လွင်နေရတော့ ကြည့်ပြီး သက်ပြင်းချမိတယ်။
အိုဘယ် မြန်မာပေါ့။

ပြည်ပမှာ အလုပ်လုပ်ပြီး စနစ်တကျ လုပ်တက်လာလို့ မြန်မာပြည်မှာ အလုပ်ပြန်လုပ်တယ်။ နိုင်ငံတကာစနစ်အတိုင်းကျင့်သုံးသမျဟာ ဒီရောက်ရင် မြန်မာမှု စစ်စစ် ဖြစ်သွားတယ်။ 

မတော်လောဘနဲ အကျဉ်းတန်စိက်ဆိုတာ made in Myanmar brand စစ်စစ် ဖြစ်လာနေတယ်။

ရေရှည်ကို ကြည့်ပြီး ဈေးရောင်းဖို့ထက် ရေတိုနဲ အမြတ်များများရဖို့ ကြံတယ်။ တနပ်စားလည်း အေးဆေး ဒီလောကမှာ အသက်ရှင်သန်နိင်တယ်။ နာမည်ပျက်ဆိုတာ မြန်မာ့စီးပွားရေးလောကမှာ ဟာသပျက်လုံးစကားလုံး တလုံးဖြစ်နေတယ်။

ဦးသူ လည်သူ စားစတမ်းနဲ အဖွဲ့အစည်းတွေ လူတွေဟာ သောက်ကျင့်ယုက်နည်း မျိုးစုံနဲ ကျင့်ကြံလာကြပြီး နိဗ္ဗာန်ရောက်ဖို့ဆုတောင်းနေကြတာ မြင်ရတော့ 

:) :) 

မောင်ချင်း(ဖီဆစ်)






"မူ"အလွန်ကောင်းတဲ့ ဂွန်ကယ်ညောင်း "Little for many, much for few"

"မူ"အလွန်ကောင်းတဲ့ ဂွန်ကယ်ညောင်း ■





နိုင်ငံတစ်နိုင်ငံမှာ မြေဈေးတွေ အလွန်ကြီးမြင့်လာခြင်းရဲ့ အကြောင်းရင်းဟာ ဆင်းရဲမွဲတေမှုကြောင့် ဖြစ်တယ်။

 ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်ရင် မြေဈေးတွေ ကျဆင်းသွားမယ်လို့ အချို့သော ပြည်သူများက ပြောကြပါတယ်။ 

အဲဒီစကားဟာ မမှားပေမယ့် အပြည့်အဝမှန်ကန်မှုတော့ မရှိပါဘူး။ လူ့အဖွဲ့အစည်းတစ်ရပ်မှာ လူနည်းစုလက်ထဲကို မြေတွေ များများရောက်ရှိနေပြီး လူများစုလက်ထဲမှာ နည်းနည်းရှိနေခြင်းဟာ မြေဈေးမြင့်တက်ခြင်းရဲ့ အဓိကအကြောင်းရင်းပဲ ဖြစ်ပါတယ်။  အဲဒါကို "Little for many, much for few" ဖြစ်စဉ်လို့ ပညာရှင်များက ဖွင့်ဆိုကြပါတယ်။ 
အဲဒီလိုဖြစ်ပေါ်ခြင်းရဲ့ ပင်မအကြောင်းတရားကို ရှာဖွေဆန်းစစ်ကြည့်ရင် အစိုးရရဲ့ မြေယာမူဝါဒနဲ့ မြေယာစီမံခန့်ခွဲမှု အားနည်းချက်များကြောင့်ဖြစ်ကြောင်း တွေ့ရှိနိုင်ပါတယ်။ 
ချမ်းသာကြွယ်ဝတဲ့ နိုင်ငံများမှာပင် အထက်ပါအားနည်းချက်များကို အကြောင်းပြုပြီး မြေဈေးကြီးမြင့်နေတာကို တွေ့မြင်နိုင်ပါတယ်။ 
ဒါကြောင့်မို့ အစိုးရတွေဟာ မြို့ပြဒေသမှာ မြေယာကို လူနည်းစုလက်ဝါးကြီးအုပ်ခြင်း (Land Grabbing)နဲ့ ဝယ်ယူဈေးကစားခြင်း (Speculation) မပြုလုပ်နိုင်ရန်အတွက် အများပြည်သူအကျိုးစီးပွားကို ဦးစားပေးတဲ့ မြေယာမူဝါဒများ ချမှတ်ပြီး ထိရောက်ကောင်းမွန်တဲ့ မြေယာအသုံးချမှုနဲ့ မြေယာစီမံခန့်ခွဲမှုလုပ်ငန်းများကို ဥပဒေနဲ့အညီ ဆောင်ရွက်ပေးကြရခြင်း ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ ၂၀၀၂ ခုနှစ် က ၆၉ ရာခိုင်နှုန်းသော မြေတွေဟာ စုစုပေါင်း လူဦးရေရဲ့ ၀ ဒသမ ၆ ရာခိုင်နှုန်းသာရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့လက်ထဲမှာ ရောက်ရှိနေကြောင်း သိရှိရပါတယ်။ 
၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်းမှာ အစိုးရရဲ့ အထက်ပါလုပ်ငန်းအစီအစဉ်များကြောင့် ၁၀ ရာခိုင်နှုန်းရှိတဲ့ မြေတွေဟာ ယခင် ၀ ဒသမ ၆ ရာခိုင်နှုန်းသာရှိတဲ့ လူနည်းစုရဲ့ ပိုင်ဆိုင်မှုလက်အတွင်းမှ လွတ်ကင်းသွားခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ 
အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေစဉ်မှာပဲ မြေဝယ်လှောင်မှုများကို နှိပ်ကွပ်ခြင်းနဲ့ မြေဈေးတည်ငြိမ်မှုရရှိစေခြင်း (Supressing Land Speculation and Stablizing Land Price)ဆိုတဲ့ လုပ်ငန်းနှစ်ရပ်ကို အစီအစဉ်များ ချမှတ်ဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်းလည်း တွေ့ရှိရပါတယ်။ 
အဲဒီလို မဆောင်ရွက်နိုင်သေးဘဲ မြေယာဖြည့်ဆည်းမှု (Land Supply) ပြုလုပ်ရန် မြို့မြေတိုးချဲ့ခြင်းနှင့် မြို့သစ်တည်ဆောက်ခြင်း (Site and Services Schenes)စတဲ့ လုပ်ငန်းများကို လုပ်ဆောင်ပေးမယ်ဆိုရင် မြေရရှိရေးအတွက် အခက်အခဲများစွာ ကြုံတွေ့ရမယ့်အပြင် S.O.C (Social OverheadCapital)လို့ခေါ်တဲ့ လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် ငွေလုံးငွေရင်းများကိုပါ အလွန်အကျွံ ကျခံဆောင်ရွက်ပေးရတဲ့အဖြစ်နဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီအနေအထားမှာ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုစနစ် (P.P.P)ကို ကျင့်သုံးရင်လည်း အကျိုးစီးပွားမျှတစွာ ခွဲဝေနိုင်ဖို့ အလွန်ခက်ခဲမှာ ဖြစ်ပါတယ်။ အကယ်၍ အဲဒီအခက်အခဲများကို ကျော်လွှားပြီး အကောင်အထည် ဖော်နိုင်ခဲ့တယ်ဆိုရင်လည်း ‘သမင်မွေးရင်း ကျားစားရင်း’ဆိုသလို မြေယာလက်ဝါးကြီးအုပ်မှုရဲ့ ဝါးမျိုမှုအောက်မှာ လူနည်းစုလက်ထဲကို မြေတွေများများရောက်ပြီး လူများစုလက်ထဲမှာ မြေနည်းနည်းသာ ကျန်တဲ့ ဖြစ်စဉ်က ပြန်လည်ခေါင်းထောင်လာဦးမှာ သေချာပါတယ်။

အဲဒီနေရာမှာ တောင်ကိုရီးယားနိုင်ငံရဲ့ အတွေ့အကြုံများကို လေ့လာတွေ့ရှိခဲ့သမျှ ဆွေးနွေးဖော်ပြလိုပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ၁၉၆၀ ခုနှစ်အလွန်မှစတင်ပြီး စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပါတယ်။ စက်မှုဖွံ့ဖြိုးမှုနဲ့ မြို့ပြကြီးထွားမှုဖြစ်စဉ်ဟာ ဆယ်စုနှစ်ကာလအတွင်း ယှဉ်တွဲဖြစ်ပေါ်လာပြီး မြေဈေးတွေ တရိပ်ရိပ် မြင့်တက်လာပါတယ်။ အစိုးရရဲ့ ငွေကြေးဖြည့်ဆည်းမှု (Money Supply) ပမာဏမြင့်တက်လာခဲ့ပြီး အဲဒီငွေကြေးအများစုဟာ မြေယာဈေးကွက်ထဲကို စီးဝင်လာတဲ့အတွက် မြေဈေးတွေ ပိုပြီးမြင့်တက်လာပါတယ်။ ၁၉၇၈ ခုနှစ်က စပြီး အရှေ့အလယ်ပိုင်းဒေသမှာ ဆောက်လုပ်ရေးလုပ်ငန်းများ အောင်မြင်ခဲ့တဲ့အတွက် ပြည်ပမှ နိုင်ငံခြားငွေများ စီးဝင်မှုများလည်း အလွန်မြင့်မားလာပါတယ်။ အကျိုးဆက်အဖြစ် ဆိုးလ်မြို့ရဲ့ မြေဈေးဟာ ၁၃၈ ရာခိုင်နှုန်းအထိ မြင့်မားလာပါတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ်မှာ ပြည်ပပို့ကုန်များ တိုးတက်လာခြင်းကြောင့် ကုန်သွယ်ရေးပိုငွေများစွာ ရရှိလာပြီး မြေဈေးတွေ တတိယအကြိမ် မြင့် တက်လာမှုနဲ့ တွေ့ကြုံရပြန်ပါ တယ်။ ၁၉၈၈ ခုနှစ်မှာ နိုင်ငံရဲ့ မြေ ၆၅ ဒသမ ၂ ရာခိုင်နှုန်းကို မြေပိုင်ရှင် ၅ ရာခိုင်နှုန်းကသာ လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားပါတယ်။ ၁၉၇၅ ခုနှစ်မှာ အမျိုးသား မြေတန်ဖိုး စုစုပေါင်းဟာ GDP တန်ဖိုးထက် ၁ ဒသမ ၉ ဆသာ မြင့်မားရာမှာ ၁၉၉၀ ပြည့်နှစ်မှာ ၉ ဒသမ ၆ ဆ မြင့်မားလာကြောင်း တွေ့ရှိရပါတယ်။

မြေဈေးကြီးမားလာတာနဲ့အမျှ မြေယာလျော်ကြေးငွေကို ကာလပေါက်ဈေးနဲ့ ပေးရတဲ့ နှုန်းထားတွေ မြင့်တက်လာပါတယ်။ အဲဒီအခါမှာ စုစုပေါင်း ဆောက်လုပ်မှု ကုန်ကျစရိတ်တွေ မြင့်တက်လာပြီး အိမ်ရာများရဲ့ ရောင်းဈေးနဲ့ ငှားရမ်းခနှုန်းတွေ မြင့်မားမှုကိုပါ ကြုံတွေ့ရပြန်ပါတယ်။ အထူးသဖြင့် ဝင်ငွေနည်းပြည်သူတွေနဲ့ ဝင်ငွေအလယ်အလတ်ပြည်သူတွေရဲ့ မိသားစုဝင်ငွေနဲ့ လက်လှမ်းမီနိုင်မှု (Affordablity) အတိုင်းအတာရဲ့ အပြင်ဘက်ကို ရောက်ရှိသွားပါတယ်။ အဲဒီအခါမှာ အလုပ်သမားများရဲ့ လုပ်အားခနှုန်းတွေကို မြှင့်တင်ပေးရပြန်တဲ့အတွက် ကုန်ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်လာပြန်ပါတယ်။ ဒီလိုနဲ့ တိုင်းပြည်ရဲ့ စီးပွားရေး (Macro Economy)ကို ထိခိုက်လာကြောင်း တွေ့ရှိရပါတယ်။ မြေယာ ဝယ်ရောင်းသူတွေဟာလည်း မြို့ပြင်မှာရှိတဲ့ လယ်မြေနဲ့ သစ်တောများကိုပါ ချဲ့ထွင်ဝယ်ယူလာကြပါတယ်။ နောက်ဆုံးတော့ မြို့မြေ၊ လယ်မြေဈေးတွေ စုပြုံတက်လာပြီး ဆင်းရဲချမ်းသာ ကွာဟမှုတွေ ပိုမိုကြီးထွားလာပါတော့တယ်။

အဲဒီအခါမှာ အစိုးရဟာ မြေယာကဏ္ဍမှာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးမြှင့်တင်ရေး (Toenhance Public Interest)ဆိုတဲ့ မူဝါဒကို ချမှတ်ကျင့်သုံးခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ အဲဒီမူဝါဒအရ မူလက မြေယာလွှဲ ပြောင်းရောင်းချမှုအပေါ် သမားရိုးကျ အခွန်ကောက်ခံမှုစနစ်ကို ပိုမိုထိရောက်အောင် ပြင်ဆင်ခဲ့ပါတယ်။ အဲဒီပြင်ဆင်ကျင့်သုံးတဲ့ အစီအစဉ်ကို ‘ဂွန်ကယ်ညောင်း’ (Gong-Kae-Nyom)လို့ အမည်ပေးခဲ့တာ တွေ့ရှိရပါတယ်။ အဓိပ္ပာယ်ကတော့ ‘ပြည်သူအကျိုးပြု မူဝါဒ’ (Public Concept) ဖြစ်ပါတယ်။ ဂွန်ကယ်ညောင်းရဲ့ အဓိကရည်ရွယ်ချက်က သာမန်ပြည်သူတို့ရဲ့ အိမ်ရာမြေပိုင်ဆိုင်မှု၊ လယ်ယာမြေပိုင်ဆိုင်မှုနဲ့ အသေး စားစက်မှုလုပ်ငန်းများအတွက် စက်ရုံမြေပိုင်ဆိုင်မှုများအပေါ် အခွန်ငွေနှုန်းထားကို တိုးမြှင့်မှုမပြုဘဲ မြေဈေးတက်ခြင်းကြောင့် ရရှိမယ့်အကျိုးအမြတ်ကို မျှော်ကိုးပြီး မလိုအပ်ဘဲ မြေယာတွေ အလွန်အကျွံ ပိုင်ဆိုင်ထားမှုများ (Unncessary and Excessive Land Holding) ကို အခွန်လက်နက်နဲ့ ဖြိုခွင်းရန် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

‘ဂွန်ကယ်ညောင်း’ မူဝါဒအရ ပထမဦးဆုံးခြေလှမ်းအဖြစ် လယ်ယာမြေများ လွှဲပြောင်းရောင်းချရာမှာ မြေတန်ဖိုးဖြတ်မှု လုပ်ထုံးလုပ်နည်းအသစ်များကို ချမှတ်ပေးခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ၈ နှစ်ကြာ အချိန်ယူပြီး တစ်နိုင်ငံလုံးရှိ မြေအမျိုးအစားအားလုံးရဲ့ ဧရိယာနဲ့ အမည်ပေါက်ပိုင်ရှင်များရဲ့ စာရင်းဇယားကို ပြုစုပြီး ကွန်ပျူတာနဲ့ မှတ်တမ်းတင်ခဲ့ကြောင်း သိရှိရပါတယ်။ လူတစ်ဦးရဲ့ အမည်နဲ့ တစ်နိုင်ငံလုံးမှာ မြေမည်မျှပိုင်ဆိုင်ကြောင်း စာရင်းတွေ ပေါ်ထွက်လာတဲ့အခါ အမြောက်အမြားပိုင်ဆိုင်သူများကို ရွေးထုတ်ပြီး ‘မြေအားလုံးပိုင်ဆိုင်မှုအပေါ် ကောက်ခံသည့်အခွန်’ (Comprehensive Land holding Tax)စနစ်ကို ကျင့်သုံးကောက်ခံခဲ့ပါတယ်။ မြေရှင်ကြီးများအပေါ် အခွန်ဝန်ထုပ်ဝန်ပိုး ပိလာစေရန် ရည်ရွယ်ကောက်ခံခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ပြည်သူတစ်ဦးချင်းအနေနဲ့ ထမ်းဆောင်ရမယ့် မြေပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အခွန်စနစ် (၃)မျိုးကိုလည်း သီးခြားပြဋ္ဌာန်းထားတာ တွေ့ရှိရပြန်ပါတယ်။

ပထမအမျိုးအစားက အိမ်ရာမြေပိုင်ဆိုင်မှုကို ကန့်သတ်ပြီး ပိုမိုတဲ့ မြေအတွက် အခွန်နှုန်း သီးခြားသတ်မှတ် ကောက်ခံခြင်းဖြစ်ပါတယ်။ အဲဒီအခွန်ကို ဆိုးလ်မြို့ အပါအဝင် မြို့ကြီး ၆ မြို့မှာပဲ ကောက်ခံတာ ဖြစ်ပါတယ်။ သတ်မှတ်တဲ့မြို့ကြီး ၆ မြို့မှာ နေထိုင်သော ပြည်သူတွေဟာ သက်ဆိုင်ရာ မြို့အတွင်း စုစုပေါင်း အိမ်ရာမြေအကျယ်အဝန်း ၆,၆၀၀ စတုရန်းပေထက် ပိုလျှင် အခွန်ဆောင်ရပါတယ်။ မြို့ရဲ့ ၂ နေရာ၊ ၃ နေရာမှာ မြေပိုင်ဆိုင်ထားရင်လည်း အားလုံးကို စုပေါင်းပြီး ၆,၆၀၀ အထိ ကင်းလွတ်ခွင့်ပြုပါတယ်။ ပိုမိုပိုင်ဆိုင်တဲ့ မြေတန်ဖိုးရဲ့ ၇ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအထိကို နှစ်စဉ် အခွန်ပေးသွင်းရပါတယ်။

လက်ထဲမှာ မြို့မြေတွေ အများကြီး ပိုင်ဆိုင်ထားခြင်းကို ဖြိုခွဲရန်ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းပြီးတဲ့ နောက် ၂ နှစ်တိတိ ကင်းလွတ်ခွင့် ပေးထားပါတယ်။ ၂ နှစ်ပြည့်ရင် အခွန်ပေးရတော့မှာကို ကြိုတင်သိရှိပြီး ရောင်းချရေးစီစဉ်နိုင်ရန် ဖြစ်ပါတယ်။ အမှန်တကယ်လည်း သတ်မှတ်တဲ့ မြို့ ၆ မြို့တွင်း မလိုအပ်ဘဲ မြေလှောင်ထားမှုတွေ လျော့ကျခဲ့တာ တွေ့ရှိရပါတယ်။

ဒုတိယအမျိုးအစားက ‘မြေ ဖွံ့ဖြိုးမှုအမြတ်အပေါ် စည်းကြပ်မှု’ (Land Development Charge)ဖြစ်ပါတယ်။ ဥပမာပြရရင် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးဟာ လယ်မြေကိုဝယ်ပြီး အိမ်ရာစီမံကိန်း (သို့မဟုတ်) စက်မှုမြေ တည်ထောင်အသုံးပြုခွင့်ရတယ်။ အဲဒီစီမံကိန်းအရ ဆောက်လုပ်ပြီးတဲ့အခါမှာ မြေတွေက ဈေးတက်သွားပါတယ်။ အဲဒီမြေကို အဆောက်အအုံ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရောင်းချတဲ့အခါမှာ ၎င်းရင်းနှီးထားတဲ့ စရိတ်အားလုံးနုတ်ပြီး စုစုပေါင်း ပိုမိုရရှိလာတဲ့အမြတ်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို အစိုးရကို ပေးသွင်းရပါတယ်။ သူဘယ်လောက်နဲ့ မြေဝယ်ထားတယ်ဆိုတဲ့ စာရင်းကို တာဝန်ရှိတဲ့ နယ်မြေအစိုးရအဖွဲ့အစည်းက မှတ်တမ်းတင်ထားရပါတယ်။ မြေကိုရင်းပြီး ဖွံ့ဖြိုးအောင် ဆောင်ရွက်ရာမှ မြေဈေးတက်လာခြင်းအတွက် အစိုးရက အမြတ် ၅၀ ရာခိုင်နှုန်းရယူတာ ဖြစ်ပါတယ်လို့ သိရှိရပါတယ်။ ဒီ ဥပဒေက လယ်ယာမြေတွေကို အသွင်ပြောင်းအသုံးချပြီး မြေလှောင်ဈေးကစားမှုများကို ထိန်းချုပ်တဲ့ ဥပဒေလည်းဖြစ်ပါတယ်။

တတိယအမျိုးအစားကတော့ ‘မြေဈေးတိုးမြင့်လာမှုအပေါ် အခွန်တောင်းခံခြင်း’ (Land ValueIncrement Tax) ဖြစ်ပါတယ်။ ဝယ်ယူပြီးအောင်းထားတဲ့ တစ္ဆေခြံ (Ghost Plot) သို့မဟုတ် (Idle Land)များကို ရည်ရွယ်တဲ့ ဥပဒေ ဖြစ်ပါတယ်။ အဲဒီမြေတွေဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း အမျိုးသားမြေယာဈေးနှုန်းထက် မြင့်မားလာရင် မြင့်တက်လာတဲ့ မြေတန်ဖိုးခြားနားငွေရဲ့ ၅၀ ရာခိုင်နှုန်းကို သီးခြားကောက်ခံခြင်း ဖြစ်ပါတယ်။ ဒီဥပဒေကြောင့် မြို့ပြတွေမှာ အိမ်ရာမြေကွက်လပ်တွေ လုံးဝကိုင်မထားရဲကြဘဲ ရရာဈေးနဲ့ ရောင်းထုတ်လာကြပြီး မြေဈေးကျဆင်းလာပါတယ်။ ဒါပေမယ့်​ ပြီးစလွယ်အိမ်တွေများစွာ ဆောက်လုပ်လာကြတဲ့ ဆိုးပြစ်ကိုလည်း တွေ့ရှိရပြန်ပါတယ်။ စံချိန်စံညွှန်းနဲ့အညီ ဆောက်လုပ်ရေးအတွက် စစ်ဆေးရတဲ့ အလုပ်တာဝန်တွေ ပိုမိုလာကြောင်းနဲ့ နောက်ဆက်တွဲ အမိန့်ညွှန်ကြားချက်တွေနဲ့ တားဆီးရကြောင်း သိရှိရပါတယ်။

ခြုံပြီးသုံးသပ်ကြည့်ရင် တောင်ကိုရီးယားနိုင်ငံဟာ ၁၉၉၆ ခုနှစ်အလွန်ကာလများမှ စတင်ပြီး မြို့ပြဈေးတွေနဲ့ လယ်ယာမြေဈေးတွေ ကျဆင်းလာခြင်းနဲ့ ဈေးနှုန်းတည်ငြိမ်မှုရှိခြင်း စတဲ့ အကျိုးတွေ ရရှိလာတာ တွေ့ရှိရပါတယ်။ ‘ဂွန်ကယ်ညောင်း’ မူအရ မြေအားလုံး ပိုင်ဆိုင်မှုအပေါ် အခွန်ကောက်ခြင်း (Comprehensive Hand-holding Tax)ဟာ တစ်နိုင်ငံလုံး ဖြန့်ကြက်ပြီး မြို့မြေ၊ လယ်မြေများ ဝယ်ယူပြီး လက်ဝါးကြီးအုပ်မှုကို ဖော်ထုတ်ဟန့်တားနိုင်ခဲ့တယ်။ လယ်လယ်ဝယ်ဝယ်တွေနဲ့ မြေရှင်းကြီးစနစ် ပုန်းလျှိုးကွယ်လျှိုး ပေါ်ထွန်းမလာနိုင်အောင် ထိရောက်စွာ တားဆီးနိုင်ခဲ့တယ်ဆိုတာကို အားကျဖွယ် မြင်တွေ့ခဲ့ရပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှု အများဆုံးဖြစ်တဲ့ မြို့ကြီး ၆ မြို့မှာ အိမ်ရာမြေပိုင်ဆိုင်မှု ကန့်သတ်တဲ့ (Urban Land Cieling Act)အရ စီးပွားရေးအရ အထူးအာရုံစိုက်ရမယ့် မြို့ကြီးတွေမှာ မြေဈေးကျအောင် ဆောင်ရွက်နိုင်ခဲ့ပြန်ပါတယ်။ ဖွံ့ဖြိုးမှုအပေါ် စည်းကြပ်မှု (Land Dev: Charges)အရ လယ်တွေဝယ်ပြီး အခြားနည်းအသုံးပြုသူတွေအနေနဲ့ အမြတ်အစွန်းရယူနိုင်ပေမယ့် ဖွံ့ဖြိုးရေးကြောင့် မြေဈေးတက်လာတဲ့အပေါ်မှာ အများပြည်သူပါ အကျိုးခံစားခွင့်ရရှိအောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရပါတယ်။ နောက်ဆုံး မြေကွက်လပ်တွေ ဝယ်ပြီး လှောင်ထားခြင်းကင်းအောင် (Land Price Incremental Tax)ဆိုတဲ့ အခွန်နဲ့ ဆောင်ရွက်နိုင်ခဲ့တာလည်း ထပ်မံတွေ့ရှိပြန်ပါတယ်။

စာရေးသူတို့နိုင်ငံမှာ မြို့မြေများ လက်ဝါးကြီးအုပ်ပိုင်ဆိုင်မှုအပြင် လယ်လယ်ဝယ်ဝယ်ဆိုတဲ့ လယ်ယာမြေတွေ ဧကပေါင်းများစွာ ဝယ်လှောင်ထားကြတဲ့ အလေ့အကျင့်တွေ ပျောက်ကွယ်အောင် ‘"မူ"အလွန်ကောင်းတဲ့ ဂွန်ကယ်ညောင်း’ကို နမူနာယူပြီး ဆောင်ရွက်နိုင်ကြရင် ကောင်းမယ်လို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ပါတယ် ...။

မြင့်​မိုရ်​​ဆွေ
Source: 7Day News
Via: Thandar Theint

မန္တလေးမြို့သို့ ဆိုက်ရောက်မည့် ကျည်ဆံရထားလမ်း စီမံကိန်း





ဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနံစိမ်း ပိုက်လိုင်းတို့ကို မြန်မာနိုင်ငံ အနောက်ဘက်ကမ်းခြေမှ တရုတ်နိုင်ငံ အရှေ့ဘက်ရှိ ယူနန်ပြည်နယ်သို့ သွယ်တန်းထားပြီး အသုံးပြုနေပြီ ဖြစ်သည်။

ဓာတ်ငွေ့ပိုက်လိုင်းသည် တရုတ်နိုင်ငံတွင်း၌ ခရီးဆန့်ရာ၌ အရှေ့ဘက်ကမ်းခြေရှိ ကွမ်တုံပြည်နယ်အထိ ရောက်သည်။ မြန်မာနိုင်ငံအတွင်း ပိုက်လိုင်းများ ဖြတ်သန်းသည့် နေရာဒေသများတွင် မငြိမ်မသက် ဖြစ်နေသည့်နေရာများလည်း ပါဝင်သော်လည်း တိုက်ခိုက်ဖျက်ဆီးခံရခြင်းမှ ယခုတိုင် ကင်းဝေးနေဆဲဖြစ်သည်။ မှတ်မှတ်ရရ ရှိနေသည်မှာ ပင်မဓာတ်အားလိုင်း တာဝါတိုင်အချို့သာ ဖောက်ခွဲဖျက်ဆီးခံရဖူးသည်။ ပိုက်လိုင်းတို့မှာ ဘေးမသီရန်မခ ရှိနေကြသည်။

ပည်ပပို့ကုန်သွင်းကုန် ရထားလမ်း
*****************************

ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် ယူနန်ပြည်နယ်မှ ကွမ်မိန်းတို့အကြား ရထားလမ်းတစ်ခု ဖောက်ရန် အစီအစဉ် ရှိထားသည်။ မြန်နှုန်းမြင့် high-speed ရထားလမ်းဖြစ်သည်။ အရှည် ကီလိုမီတာ ၁,၄၀၀ ၀န်းကျင် ရှိလိမ့်မည်ဟု ခန့်မှန်းရေးဆွဲထားသည်။ ထိုရထားလမ်းတွင် လူစီးရထားများအပြင် ကုန်တွဲရထားများလည်း ပြေးဆွဲမည်။ ကျောက်ဖြူဆိပ်ကမ်းတွင် ရေကြောင်းခရီးဖြင့် ရောက်ရှိလာသည့် ကွန်တိန်နာများကို ရထားပေါ်သို့ တင်ပြီး သယ်ယူမည်။ ထိုကွန်တိန်နာတို့သည် တရုတ်နိုင်ငံအတွက် သွင်းကုန်များကို သယ်ဆောင်ထားမည် ဖြစ်သည်။ တရုတ်နိုင်ငံမှ ပို့ကုန်များ ထည့်သွင်းထားသည့် ကွန်တိန်နာများသည်လည်း ကျောက်ဖြူဆိပ်ကမ်းသို့ အဆိုပါ ရထားလမ်းဖြင့် ကုန်တွဲရထားများက သယ်ဆောင်လာပေးကြမည်ဖြစ်သည်။ ထိုကွန်တိန်နာများကို ကျောက်ဖြူဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ကူးသင်္ဘောပေါ်သို့ တင်ပေးပြီး ကမ္ဘာ့ဈေးကွက်ထဲသို့ တင်ပို့မည် ဖြစ်သည်။ ဤသို့ဤနှယ် လမ်းပေါက်ခြင်းကြောင့် ရေကြောင်းဖြင့် တရုတ်ပြည်သို့ ရောက်ရှိရန် မာလက်ကာ ရေလက်ကြားအထိ သွားပြီးမှ တရုတ်ပြည်ဆီသို့ သွားရသည့် ခရီးတာကို လျှော့ချနိုင်မည် ဖြစ်သည်။ သို့ဖြစ်ရာ သယ်ယူပို့ဆောင်စရိတ် သက်သာမည်ဖြစ်သည့်အပြင် အချိန်ကုန်လည်း သက်သာမည် ဖြစ်သည်။

စီအမ်အီးစီ တရုတ်မြန်မာ စီးပွားရေးစကြ င်္ံ
**************************
အမြန်လမ်းစီမံကိန်းသည် ကျောက်ဖြူရှိ အထူးစီးပွားရေးဇုန် special economic zone (SEZ) နှင့် ချိတ်ဆက်ထားသည်။ ရထားလမ်းအပြင် မော်တော်ယာဉ်များ အထူးသဖြင့် ကုန်တင်ယာဉ်များအတွက် ကားလမ်းလည်း ပါဝင်မည်ဖြစ်သည်။ ယခုအခါ သုံးစွဲကြသည့် အသုံးအနှုန်းအရ ထိုလမ်းမကြီးသည် စီးပွားရေးစကြ င်္ံ ဟု ခေါ်ဝေါ်သည်။ တရုတ်မြန်မာ နှစ်နိုင်ငံကို သွယ်တန်းပေးထားသဖြင့် တရုတ်မြန်မာ စီးပွားရေးစကြ င်္ံ China-Myanmar Economic Corridor ဖြစ်သည်။ အတိုကေက်အားဖြင့် စီအမ်အီးစီ (CMEC) ဟု ခေါ်ဝေါ်သည်။ ဒေသတွင်းနှင့် ဒေသနယ်နိမိတ်၏ ဟိုမှာဘက်အထိ တွေးမျှော်ထားသော ရေရှည်မြော်မြင်မှုအရ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် မေလတွင် BRI Forum for International Cooperation ကို ဘီဂျင်းမြို့တော်တွင် ပထမအကြိမ်အဖြစ် ကျင်းပခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်း ၇၀ နှင့် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၃၀ မှ နိုင်ငံခေါင်းဆောင်များ၊ ကိုယ်စားလှယ်တော်များ တက်ရောက်ခဲ့ကြသည်။ လာမည့် ဧပြီလ ၂၀၁၈ ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပမည် ဖြစ်သည်။




ဤ စီအမ်အီးစီသည် အမေရိကန်ဒေါ်လာ တစ် ထရီလျံ ရင်းနှီးမြှုပ်နှံမည့်ဖြစ်သော ခါးပတ်နှင့်လမ်း ပဏမခြေလှမ်း ( Belt and Road Initiative ) ၏ အရေးပါသော အပိုင်းကဏ္ဍတစ်ခုဖြစ်သည်။ ဘီအာအိုင်ဟု အတိုကောက်ခေါ်ဝေါ်သည့် ခါးပတ်နှင့်လမ်း ပဏမခြေလှမ်းသည် ကုန်သွယ်ရေး မြှင့်တင်ရန်အတွက် ရထားလမ်းများ၊ ကားလမ်းများ ဖောက်လုပ်သွယ်တန်းမည့် ကွန်ရက်တစ်ခု ဖြစ်ပြီး ၎င်းတွင် နိုင်ငံတကာ ရေလမ်းခရီးလမ်းများလည်း ပေါင်းစပ်ချိတ်ဆက်ထားသည်။ ကွန်ရက်သည် အာရှ၊ အာဖရိကနှင့် ဥရောပရှိ နိုင်ငံပေါင်း ၆၀ ကျော်ကို ဖြန့်ကျက်ထားသော်လည်း ဗဟိုချက်မှာ တရုတ်နိုင်ငံ ဖြစ်သည်။ သို့ဖြစ်ရာ ဘီအာအိုင်ကို တရုတ်သမ္မတ ရှီကျင်းပင်က ကမကထပြုကာ အကောင်အထည်ဖော်နေသည်မှာ သဘာဝ ကျပေသည်။

ထောင်လိုက် ရှစ်သွယ် အလျားလိုက် ရှစ်သွယ်
**********************************

သမ္မတဦးသိန်းစိန် လက်ထက်တွင် ကချင်ပြည်နယ်၌ တရုတ်နိုင်ငံမှ ချေးငွေများဖြင့် ကျောထောက်နောက်ခံပြုကာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် ဆိုင်းငံ့ထားခဲ့သည်။ တရုတ်နိုင်ငံမှ ကျောထောက်နောက်ခံပြုသည့် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဖြစ်သော ယူနန်-ရခိုင်ကမ်းရိုးတန်း မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းအတွက် လက်မှတ်ရေးထိုးထားသော နားလည်မှုစာချွန်လွှာသည် ၂၀၁၄ ခုနှစ်တွင် သက်တမ်းကုန်ဆုံးခဲ့သည်။ အကောင်အထည်မဖော်ဖြစ်ခဲ့ချေ။ ထိုသို့ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် စီအမ်အီးစီကို နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ 
သို့ဖြစ်ရာ ကားလမ်းနှင့် ရထားလမ်း စီမံကိန်းများကို အနှေးနှင့်အမြန် အကောင်အထည်ဖော်မည်ဟု သိနိုင်ပေသည်။ ပထမအဆင့်အနေဖြင့် ယူနန်ပြည်နယ်မှ ရူလီမှ မန္တလေးအထိ ရထားလမ်းတစ်ခု ဖောက်မည်ဟု သိရသည်။ ထိုရထားလမ်းမှတစ်ဆင့် တရုတ်နိုင်ငံ ပြည်တွင်း ရထားလမ်းကွန်ရက်ကို အချိတ်အဆက် ပြုမည် ဖြစ်သည်။ တရုတ်ပြည်တွင်းရှိ မြို့ကြီးပြကြီးများကို ချိတ်ဆက်ပေးမည့် ကျည်ဆံရထား မြန်နှုန်းမြင့်ရထားလမ်းများကို အမျိုးသားစီမံကိန်းအဆင့်ဖြင့် အကောင်အထည်ဖော်နေသည်။ ထိုအစီအစဉ်ကို ထောင်လိုက်ရှစ်သွယ် အလျားလိုက်ရှစ်သွယ် 'Eight Vertical, Eight Horizontal' (八纵八横) စီမံကိန်းဟု အမည်ပေးထားသည်။ ရေရှည်မဟာဗျူဟာအရ အကောင်အထည်ဖော်ခြင်း ဖြစ်ပြီး ကျည်ဆံရထားလမ်း ၁၆ ခု ပါဝင်ရာ၌ မြောက်တောင် ပြေးသည့် ထောင်လိုက်ရှစ်လမ်း၊ အရှေ့အနောက် ပြေးသည့် အလျားလိုက် ရှစ်လမ်း ပါဝင်သည်။ ကွမ်မိန်းမြို့သည် ချုံကင်း-ကွမ်မိန်း မြန်နှုန်းမြင့် ရထားလမ်းမှ တစ်ဆင့် မြန်နှုန်းမြင့် ရထားလမ်းကွန်ရက်သို့ အချိတ်အဆက် ပြုထားသည်။ ကွမ်မိန်းမှ မြန်မာနိုင်ငံဘက်သို့ ဆန့်ထုတ်ရာ၌ ၃၂၈ ကီလိုမီတာ အကွာအဝေးရှိသည့် ကွမ်မိန်း-ဒါလီ မြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ်ပြီးစီးခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ရထားခရီးစဉ်များ စတင်ပြေးဆွဲခဲ့သည်။ ဒါလီမှ နယ်စပ်မြို့ဖြစ်သော ရူလီသို့ ၃၃၆ ကီလိုမီတာ အလျားရှိသည့် မြန်နှုန်းမြင့် ရထားလမ်းကို ၂၀၁၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ ၆ နှစ်ကြာမြင့်မည်ဟု လျာထားခဲ့သော်လည်း ယခုအခါ ၂၀၂၂ ခုနှစ်ကျမှ ပြီးစီးမည်ဟု ခန့်မှန်းထားသည်။

ရူလီမှ မန္တလေးသို့ မူဆယ်ကို ဖြတ်သန်းပြီး ဖောက်လုပ်မည့် ရထားလမ်းသည် အလျား ကီလိုမီတာ ၄၃၀ ရှိမည် ဖြစ်သည်။ အကယ်စင်စစ် မန္တလေးအထိ ပထမအဆင့်အနေဖြင့် အကောင်အထည်ဖော်ခြင်းသာဖြစ်ပြီး ၎င်းရထားလမ်းပိုင်းအနေဖြင့် တရုတ်နိုင်ငံအဖို့ အကျိုးကျေးဇူး အပြည့်အ၀ ရမည် မဟုတ်ချေ။ ကျောက်ဖြူအထိ ရထားလမ်းဖောက်ပြီးမှသာ ၎င်း၏ ပြည်ပ ပို့ကုန်သွင်းကုန်များကို ရထားဖြင့် သယ်ပို့နိုင်မည်ဖြစ်ပြီင်္း ရရှိမည့် အကျိုးကျေးဇူး ကြီးမားမည် ဖြစ်သည်။


ချေးငွေအတိုးနှုန်း
********
စီမံကိန်းကြီးများ အကောင်အထည်ဖော်နိုင်စေရန်အတွက် တရုတ်နိုင်ငံမှ ချေးငွေကို စီမံကိန်းအကောင်အထည် ဖော်မည့်နိုင်ငံက ရယူကြရသည်။ ထိုအခါ စီမံကိန်းတန်ဖိုးပမာဏနှင့် ချေးငွေအပေါ် ရယူသည့် အတိုးနှုန်းတို့သည် အရေးပါသည်။ ထိုသို့ အရေးပါသော်လည်း ချေးငွေအကြောင်း ပွင့်လင်းမြင်သာမှု နည်းပါးလေ့ရှိသည်။ သာဓကအားဖြင့် လာအို-တရုတ် ရထားလမ်း စီမံကိန်းကို အကောင်အထည်ဖော်ရန် လာအိုက တရုတ်နိုင်ငံထံမှ ချေးငွေကို ရယူခဲ့သည်။ နှစ် ၂၀ ကာလရှည် ချေးငွေဖြစ်ပြီး ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၄၈၀ ဖြစသည်။ တစ်နှစ်အတွက် အတိုးနှုန်းမှာ ၃ ရာခိုင်နှုန်းဖြစ်သည်။ ထိုအတိုးနှုန်းမှာ များနေသဖြင့် လာအိုမှ အတိုးနှုန်း လျှော့ပေးရန် ဆွေးနွေး ညှိနှိုင်းခဲ့သည်။ သဘောတူညီမှု ရရှိကြောင်းသာ ထုတ်ပြန်ခဲ့ပြီး နှုန်းမည်မျှဖြင့် သဘောတူကြသည်ကို ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ချေ။ 
မူလ၌ စီမံကိန်းပမာဏမှာ အမေရိကန်ဒေါ်လာ ၇ ဘီလျံဖြစ်ပြီး လာအိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထံမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးငွေ ရယူရမည်ဖြစ်သည်။ ဆွေးနွေးညှိနှိုင်းမှုများ ပြုခဲ့ကြပြီး စုစုပေါင်း ကုန်ကျစဂိတ် ပမာဏကို အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလျံဟု လျှော့ချသတ်မှတ်ခဲ့သည်။ သို့ဖြစ်ရာ လာအိုနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၄၈၀ ကို တရုတ်နိုင်ငံထံမှ ချေးငွေရယူပြီး ရင်းနှီင်္းမြှုပ်နှံရမည် ဖြစ်သည်။ ထို့အတွက် နှစ်တိုး ၃ ရာခိုင်နှုန်းသတ်မှတ်သဖြင့် များလွန်းသောကြောင့် ထပ်မံဆွေးနွေးညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ဒေသတွင်းရှိ နိုင်ငံများတွင် ရထားလမ်းစီမံကိန်းများ၊ အခြေခံအဆောက်အအုံ စီမံကိန်းများ အကောင်အထည်ဖော်နိုင်ဖို့ နှစ်ရှည်ချေးငွေ ပေးအပ်ရာ၌ ချေးငွေအများစုအတွက် နှစ်တိုးမှာ နှစ်ရာခိုင်နှုန်း ဖြစ်သည်။

အရင်းကြေရန် အချိန်ကြာ
*****
ရထားလမ်းတို့သည် လိုအပ်ချက်အရ ဖောက်လုပ်ကြရခြင်းဖြစ်ပြီး ပြန်ရသည့်ဝင်ငွေမှာ အရင်းကြေဖို့ ကာလကြာမြင့်သည့်သဘောသဘာဝ ရှိသည်။ ရင်းနှီးမြှုပ်နှံထားသော အရင်းအနှီး ပြန်ရဖို့ နှစ်ပေါင်း ၃၀ ၀န်းကျင်ကြာမြင့်လေ့ရှိသည်။ သို့သော် စီးပွားရေးကြီးထွားရန်အတွက် ရထားလမ်းဖြင့် ကုန်စည်ပို့ဆောင်ခြင်းက အထောက်အကူပြုပေးသည်။ ထိုသို့ အထောက်အကူ ဖြစ်စေရန် စီမံဆောင်ရွက်မှု ထိရောက်အကျိုးရှိစွာ လုပ်ကိုင်နိုင်ဖို့ အရေးကြီးသည်။ ထိုသို့ မပြုနိုင်လျှင် အရင်းကြေရန် အသာထား လက်ရှိရထားလမ်းကို အရည်အသွေး ကျဆင်းမသွားအောင် ထိန်းသိမ်းဖို့အတွက် ချေးငွေ ထပ်ယူရသည့် အဖြစ်သို့ ရောက်သွားလေ့ရှိသည်။

စီအမ်အီးစီ ဘီအာအိုင် စီမံကိန်းများ
********

မြန်မာနိုင်ငံတွင်း၌ တရုတ်နိုင်ငံမှ စီအမ်အီးစီ-ဘီအာအိုင် အစီအစဉ်အောက်တွင် အဆိုပြုထားသော စီမံကိန်း ၂၄ ခု ရှိပြီး ၉ ခုကို အရှိန်တင် ဆောင်ရွက်ကာ အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ထိုစီမံကိန်းများတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် Kyaukphyu Special Economic Zone ၊ ယူနန်ပြည်နယ်နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ နယ်စပ်ကုန်သွယ်ရေးဇုန်များ၊ ဧရိယာသည် စင်ကာပူနိုင်ငံ၏ ဧရိယာထက် နှစ်ဆကျယ်ဝန်းသည့် စီမံကိန်းတစ်ခုအဖြစ် ရန်ကုန်မြို့ တွင် အကောင်အထည်ဖော်မည့် မြို့တော်သစ် စီမံကိန်းတို့ ပါဝင်သည်။

Ref:https://www.industrialdirectory.com.mm/articles/item/1652-chinese-bullet-train.html


Myanmar the Missing Link from Western China to India’s N.E. States

By David DuByne, December 16, 2012

 

On Friday December 7, the Taiwan External Trade Development Council (TAITRA) hosted a regional China Cross Border Trade and Market Opportunities Conference. My focus was on the border crossing at Ruili in western Yunnan Province connecting through to Lashio and Shwebo in Myanmar. In the same slides I am about to show you below, I learned much more about China’s ambitious overland routes by rail and road throughout S.E. Asia with connections to the Indian sub-continent.

Iron Fangs

Referred to as “The Iron Fangs”, this vastly upgraded rail and road network will encircle all countries touching China’s southern border, with a center pivot point through Kunming. When construction is complete in 2015, roads will tie in deep sea ports throughout Myanmar, interlink Imphal in India’s N.E. Manipur State, plus crisscross all of S.E. Asia’s capitals. 

In the 21st century, a new phrase will be coined; “All roads lead to Kunming”, forget Rome!

A Far-Ranging View

A wider angle allows you to see the importance of Myanmar’s location more clearly. Take note that the planned amount of cargo flowing through Myanmar to India and the Middle East will rival that from Beijing and Tianjin which forwards goods to the US, Canada and Japan. *(English map translation by Editor Oilseedcrops.org)

Tianjin Port handled 453 million tonnes of cargo and 11.5 million TEU of containers in 2011, making it the world's fourth largest port by throughput tonnage, and the eleventh in container throughput.*(English map translation by Editor Oilseedcrops.org)

The port trades with more than 600 ports in 180 countries and territories around the world. It is served by over 115 regular container lines run by 60 liner companies. Capacity is still increasing at a high rate, with 550–600 Mt of throughput capacity expected by 2015. 

The expectation is that the Special Economic Zone (SEZ) ports at Sittwe and Kyaukpyu in Rakhine State, Myanmar will clear all goods produced in Chongqing, Chengdu and Yunnan Provinces in western China.

The changes are enormous, instead of shipping south out of Chongqing to Shanghai, middle river cities can ship up to Chongqing then deliver through Myanmar by rail or road.


Southern Silk Road Control

China’s blueprint includes complete control over the Southern Silk Road and all freight forwarding within S.E. Asia. Zhongguo's prize is the add-on of total area in the Indian subcontinent that will be accessible by new infrastructure and transit lines. A few overland road and rail lines will connect this area to China’s export market. Reduced shipping costs by at least $900 USD per container will make China made goods even more competitive in India, Bangladesh, Bhutan and Nepal. 

Roads through to Imphal in India’s N.E. States offer direct overland connections to India. This area has long sought independence from India. Impoverished, isolated and underdeveloped, this will also change the significance of what was once a backwater in India to a mega Inter-Asia freight forwarding transit center. 

The N.E. States have accused New Delhi of ignoring the issues concerning them and there is a feeling of second-class citizenship meted out to them by mainland Indians. This has led the peoples of these states to seek greater participation in self-governance resource usage, infrastructure improvements and hydro-electric dam building regulation. 

Only this little section of road needs to be completed for China to achieve its goal, the re-establishment of the Southern Silk Road.  In West Bengal the Siliguri Corridor connects India onward to Eurasia nut the connection at Imphal is essential. 

What was the Southern Silk Road?

During the Han Dynasty’s reign of Emperor Wudi (141BC–87BC) the Southern Silk Road was mainly composed of West Route (Maoniu Route) and East Route (Wuchi Route). The West Route originated from Chengdu, wandered through Sichuan Province via Ya'an City, Maoniu (Hanyuan), Qiongdu (Xichang), and took traders to Myanmar (Burma) by way of Dali, Baoshan and Tengchong.

Then its ancient trade route extended through to Juandu (India), Bangladesh and even the Middle East. The East Route was very narrow and had only five-feet wide, so it was also called 'Wuchi Route'. It began from Chengdu, passed through Yibin, Zhaotong, Qujing and reached Kunming, where one branched road went to Vietnam and the other one wound to Dali, joining the West Route. Now the roads are being widened to pass through Ruili.


China’s Vision 

The middle man for all freight throughout Asia, with the central hub being Kunming.

As you see in the maps above; there will be East, West and Central overland routes out of China, connecting through to the remainder of S.E. Asia’s largest cities, all the way south to Singapore. *(English map translation by Editor Oilseedcrops.org)

The East Line will originate in Nanning, Guangxi Province on the Vietnamese border and connect through Bangkok, Kuala Lampur and Singapore.*(English map translation by Editor Oilseedcrops.org)

Nanning to Hanoi or a spur line from Kunming to Hanoi, this will funnel transit through Chinese hands. To get to Myanmar’s ports and avoid the Malacca Straights you need to pass through Kunming. Landing ports in Vietnam or China, your choice.

From the Chinese border at Pingxiang porters can legally run 8000RMB of goods across the border by foot. They are termed “Ant Couriers”. This method of customs clearance and reloading a vehicle saves time. Walk 50 couriers over the border, reload onto a Vietnamese registered vehicle, and you are off in a fraction of the time than clearing a fully loaded truck from China into Vietnam. *(English map translation by Editor Oilseedcrops.org)

The Participants

Add some color to your day; these are the participants in the construction scheme.


 

Infrastructure:  Lack or Opportunity

Like all countries in the earliest stages of development, take Myanmar and Laos for example, they have very limited infrastructure. Now think back to America in 1849 or China in 1985. This is the same in terms of development. I believe the rate of construction will surpass the speed of China exponentially. What took China 35 years to do, Myanmar will do in eight.

Electricity is in short supply even in Yangon, most power in Myanmar is hydroelectric, and since there are dramatic differences in precipitation in different seasons, electricity supply is correspondingly unreliable. Monsoon season you have 24 hour power, but during the dry season you may get 4-6 hours of power per day. I was in Kathmandu, Nepal in 2010 and they had the exact set of similar circumstances with hydro-power and low water electrical generation problems. Kathmandu languishes in the dark 18 hours per day when there is no rain in autumn. 

Question: 

Where does your firm, company or agency fit in here? 

What product, service or parts do you offer to assist in the retro-fit of the country?


David DuByne is the Editor of Oilseedcrops.org and is also a media partner with Advantique Group who is the organizer of the Myanmar Private Sector Investment Summit (MPSIS) Jan 28-30, 2013 in Yangon, Myanmar. 

If you thought this article was informative, then you may enjoy another related article David DuByne wrote (Myanmar: Southeast Asia's “Last Frontier” for Investment) published by the Taipei American Chamber of Commerce Topics Magazine November, 2012.

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!